ဗဟုတုသ

ဒန့်သလွန်သီးစားရင် သင့်ခန္ဓာကိုယ်မှာ ဒါတွေဖြစ်မယ်

ဒန့်သလွန်သီးစားရင် သင့်ခန္ဓာကိုယ်မှာ ဒါတွေဖြစ်မယ်

==================
==================

ဒန့်သလွန်သီးက အစာအိမ်ရောဂါတွေကို ကုသရာမှာ အထူးထိရောက်ပါတယ်။

၁ – အသည်းကို ကာကွယ်ပေးတယ်

ဒန့်သလွန်သီးမှာ ဗီတာမင် စီ၊ ferulic အက်ဆစ်နဲ့ catechin တွေ ပါဝင်ပါတယ်။ ဆေးဝါးနဲ့ အခြားကိစ္စတွေကြောင့်ဖြစ်ပွားတဲ့ အသည်းထိခိုက်မှုကို မြန်မြန်ဆန်ဆန်ပြန်ကောင်းလာဖို့ ကူညီပေးပါတယ်။

၂ – ပိုးသတ်ပေးတယ်

ဒန့်သလွန်ရွက်ကို ဟင်းခါးအဖြစ် ချက်သောက်ရင် ဆေးဖက်ဝင်တယ်ဆိုတာ လူအများစု သိကြပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုးသတ်ပေးတဲ့ ပစ္စည်းတွေလည်းပါဝင်ပြီး ဗိုက်အောင့်စေတဲ့ ဝမ်းတွင်းပိုးတွေကို သေစေပါတယ်။

၃ – အသားအရေကောင်းစေတယ်

ဒန့်သလွန်သီးက လုပ်ထားတဲ့ အဆီဟာ အသားရေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အရေးအကြောင်းဖြစ်တာတွေကို သက်သာစေပါတယ်။ ပြဒါးနဲ့ ဓာတ်သတ္တုတွေကြောင့်ဖြစ်ပွားတဲ့ အသားအရေပျက်ဆီးမှုကို ဒန့်သလွန်သီးအဆီသုံးပြီး ကုလေ့ရှိပါတယ်။

၎ – အစာအိမ်ရောဂါတွေကို သက်သာစေတယ်

ဒန့်သလွန်သီးက အစာအိမ်ရောဂါတွေကို ကုသရာမှာ အထူးထိရောက်ပါတယ်။ ဝမ်းရောဂါဖြစ်ပွားမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

၅ – ဆံပင်သန်စေတယ်

နိုင်ငံအချို့မှာ ဒန့်သလွန်သီးဆီကို ဆံပင်သန်စွမ်းဖို့အတွက် လိမ်းကြပါတယ်။ ဦးရေပြားကို သန့်စင်စေရာမှာ အလွန်ကောင်းမွန်ပါတယ်။ နေရောင်ခြည်ကြောင့်ဖြစ်ပေါ်တဲ့ ဆံပင်ပျက်ဆီးမှုတွေကို ကာကွယ်ပေးပါတယ်။

Credit -copy

Leave a Reply

Your email address will not be published. Required fields are marked *