ကျန်းမာရေးဗဟုသုတ

တစ္ကိုယ္လံုး ေဖာေရာင္ေနပါလွ်င္

(Zawgyi)

တစ္ကိုယ္လုံး ေဖာရာင္ေနပါလွ်င္

အေဖာေရာဂါမွာ အသားအေရ ပြေရာင္းေရာင္းရွိၿပီး၊ အေရာင္မွာ အသားအေရ လိုသည္ထက္ ပိုတင္းေနျခင္းျဖစ္ပါသည္။အေဖာတြင္ အရက္ေဖာ၊ ေသြးေဖာ၊ ေလေဖာစသည္ျဖင့္ အမ်ိဳးမ်ိဳး ရွိေလရာသည္။ အေရာင္မွာ ထိခိုက္ဒဏ္ရာေၾကာင့္ ေရာင္ျခင္း၊ ဓာတ္ပ်က္၍ ေရာင္ျခင္း၊ ဥတုအဟာရဓာတ္ေၾကာင့္ ေရာင္ျခင္းဟူ၍ အမ်ိဳးမ်ိဳးရွိျပန္သည္။

တင္ျပလိုသည္မွာ အခ်ိဳ႕အေဖာအေရာင္သမားမ်ားသည္ ေရာဂါျဖစ္သည္ကို သိလွ်က္ မိသားစုအခက္အခဲ၊ ေငြေၾကးအခက္အခဲ၊ အမ်ိဳးမ်ိဳးေသာ အခက္အခဲအရ အိပ္ရာထက္ ပက္လက္လဲရင္း ေသဆုံးရျခင္းမ်ိဳး မၾကာခဏ ေတြ႕ဖူးပါ၍ ေငြေၾကးလည္းမကုန္ လမ္းေဘးၿခံစည္း႐ိုးမ်ားေပၚတြင္ အေလ့က်ေပါက္ေနတတ္ေသာ ေတာသပြတ္ခါးသီးအား သတိရေစရန္ ရည္႐ြယ္ေရးသားပါသည္။

သပြတ္ခါးသီးကို သုံးပိုင္းပိုင္း၍ ေရျဖင့္(၃)ခြက္(၁)ခြက္တင္ က်ိဳပါ။ (၁)ခြက္စာ တင္က်န္ခဲ့ေသာ သပြတ္ခါးသီးျပဳတ္ရည္ကို (၁)ရက္ခန႔္ အေအးခံရပါမည္။ ထိုအေအးခံထားေသာ ေဆးရည္ႏွင့္ ပ်ားရည္ကို ထမင္းစားဇြန္း(၁)ဇြန္းစာ ပမာဏျဖစ္ေအာင္ ဆတူစပ္ၿပီး နံနက္တစ္ဇြန္း၊ ညေနတစ္ဇြန္း ေသာက္ေပးရန္ျဖစ္သည္။ ဝမ္းသြားပါလိမ့္မည္။ ဝမ္းသုံးႀကိမ္ေလာက္ သြားၿပီးပါလွ်င္ ေရကိုဝေအာင္ခ်ိဳးၿပီး ထမင္းျဖဴကို ဆီ႐ႊဲ႐ြဲဆမ္း၍ စားေပးျခင္းျဖင့္ ဝမ္းလည္းရပ္သြားၿပီး အေဖာအေရာင္လည္း သက္သာေပ်ာက္ကင္းသြားမည္ျဖစ္ပါသည္။ ဝမ္းတြင္းသားဟူသမွ် ေရွာင္ၾကဥ္ရမည္ျဖစ္ပါသည္။

ဤေဆးၿမီးတိုကို နကၡတၱေရာင္ျခည္မဂၢဇင္းမွ ေဆာင္းပါးရွင္ ေမာင္ခင္သက္လႈိင္ ကေရးထားၿပီး ေဖာသလား ေရာင္သလားမွ ေကာက္ႏုတ္ေဖၚျပျခင္း ျဖစ္ပါသည္။ ေဖာေရာင္ေသာေဝဒနာျဖင့္ အေၾကာင္းေၾကာင္းေၾကာင့္ ေဆးဝါးမကုသဘဲ ရွိေနသူမ်ား အလြယ္တကူရရွိႏိုင္ေသာ သပြတ္ခါးသီး ေဆးနည္းေလးျဖင့္ စမ္းသပ္ကုသၾကည့္ပါက အရႈံးမရွိႏိုင္ပါ၍ ျပန္လည္ေရးသား ေဝငွမိပါသည္။

လိုသူယူသုံး ေစတနာအၿပဳံးျဖင့္ စိတ္႐ႊင္လန္းၾကပါေစ…။

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

(Unicode)

တစ်ကိုယ်လုံး ဖောရာင်နေပါလျှင်

အဖောရောဂါမှာ အသားအရေ ပွရောင်းရောင်းရှိပြီး၊ အရောင်မှာ အသားအရေ လိုသည်ထက် ပိုတင်းနေခြင်းဖြစ်ပါသည်။အဖောတွင် အရက်ဖော၊ သွေးဖော၊ လေဖောစသည်ဖြင့် အမျိုးမျိုး ရှိလေရာသည်။ အရောင်မှာ ထိခိုက်ဒဏ်ရာကြောင့် ရောင်ခြင်း၊ ဓာတ်ပျက်၍ ရောင်ခြင်း၊ ဥတုအဟာရဓာတ်ကြောင့် ရောင်ခြင်းဟူ၍ အမျိုးမျိုးရှိပြန်သည်။

တင်ပြလိုသည်မှာ အချို့အဖောအရောင်သမားများသည် ရောဂါဖြစ်သည်ကို သိလျှက် မိသားစုအခက်အခဲ၊ ငွေကြေးအခက်အခဲ၊ အမျိုးမျိုးသော အခက်အခဲအရ အိပ်ရာထက် ပက်လက်လဲရင်း သေဆုံးရခြင်းမျိုး မကြာခဏ တွေ့ဖူးပါ၍ ငွေကြေးလည်းမကုန် လမ်းဘေးခြံစည်းရိုးများပေါ်တွင် အလေ့ကျပေါက်နေတတ်သော တောသပွတ်ခါးသီးအား သတိရစေရန် ရည်ရွယ်ရေးသားပါသည်။

သပွတ်ခါးသီးကို သုံးပိုင်းပိုင်း၍ ရေဖြင့်(၃)ခွက်(၁)ခွက်တင် ကျိုပါ။ (၁)ခွက်စာ တင်ကျန်ခဲ့သော သပွတ်ခါးသီးပြုတ်ရည်ကို (၁)ရက်ခန့် အအေးခံရပါမည်။ ထိုအအေးခံထားသော ဆေးရည်နှင့် ပျားရည်ကို ထမင်းစားဇွန်း(၁)ဇွန်းစာ ပမာဏဖြစ်အောင် ဆတူစပ်ပြီး နံနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း သောက်ပေးရန်ဖြစ်သည်။ ဝမ်းသွားပါလိမ့်မည်။ ဝမ်းသုံးကြိမ်လောက် သွားပြီးပါလျှင် ရေကိုဝအောင်ချိုးပြီး ထမင်းဖြူကို ဆီရွှဲရွဲဆမ်း၍ စားပေးခြင်းဖြင့် ဝမ်းလည်းရပ်သွားပြီး အဖောအရောင်လည်း သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။ ဝမ်းတွင်းသားဟူသမျှ ရှောင်ကြဉ်ရမည်ဖြစ်ပါသည်။

ဤဆေးမြီးတိုကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းမှ ဆောင်းပါးရှင် မောင်ခင်သက်လှိုင် ကရေးထားပြီး ဖောသလား ရောင်သလားမှ ကောက်နုတ်ဖေါ်ပြခြင်း ဖြစ်ပါသည်။ ဖောရောင်သောဝေဒနာဖြင့် အကြောင်းကြောင်းကြောင့် ဆေးဝါးမကုသဘဲ ရှိနေသူများ အလွယ်တကူရရှိနိုင်သော သပွတ်ခါးသီး ဆေးနည်းလေးဖြင့် စမ်းသပ်ကုသကြည့်ပါက အရှုံးမရှိနိုင်ပါ၍ ပြန်လည်ရေးသား ဝေငှမိပါသည်။

လိုသူယူသုံး စေတနာအပြုံးဖြင့် စိတ်ရွှင်လန်းကြပါစေ…။

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *