ဗဟုတုသ

သေရင်အေးတယ်မထင်နဲ့ 

သေရင်အေးတယ်မထင်နဲ့ 
——————-
တစ်ချို့က သေလည်းအေးတာပဲဆိုပြီး သေတာကို
လယ်လွယ်လေးပြောတတ်ကြတယ်

ဒီတစ်ဘဝတည်း ရှိတာဆိုရင်လည်းမှန်တာပေါ့

ဘုရားရှင်လက်ထက်က ခိုးမှု့နဲ့ သေဒဏ်ချထားတဲ့
လူငယ်တစ်ယောက်ကို လမ်းလေးခွဆုံမှာ လူအများ
မြင်သာအောင် ခြေတွေ လက်တွေကို သံတွေနဲ့ 
ရိုက်ပြီး ကားစင်တင်ထားတယ် သွေးသံတရဲရဲနဲ့ ပေါ့
မနက်မိုးလင်းရင်လည်း အသတ်ခံရတော့မှာ

ကဲ ခြေတွေလက်တွေကို သံတွေနဲ့ ရိုက်ပြီး
ကားစင်တင်ထားတဲ့ဒုက္ခကိုမျက်စိထဲ မြင်အောင်
ကြည့်ကြပေါ့ ဘယ်လောက်ဆိုးလိုက်မလဲလို့ 
အဲဒါကိုတွေ့ မြင်ရတဲ့သူတွေကလည်း
ဒီလူငယ်လေးမြန်မြန်သေရင်ဝဋ်ကျွတ်မယ်
ထင်ကြတာပေါ့

ညဘက်ကျတော့ သူ့ အရင်အသတ်ခံရတဲ့
ဦးလေးဖြစ်သူကရောက်လာပြီး ပြောတယ်
တူလေး မင်း အသက်ရှင်နိုင်အောင် ကြိုးစား
ပါတဲ့ မင်းအခုခံနေရတဲ့ ဒုက္ခဟာ ဘာမှမဟုတ်သေးပါဘူး မင်းသေပြီးသွားရမဲ့
အပါယ်ဒုက္ခက ဒီ့ထက်အဆပေါင်းများစွာ
ဆိုးလှပါတယ် ဒါ့ကြောင်းမင်းအသက်ဆက်ရှင်နိုင်
သလောက်ကို ကြိုးစားပါတဲ့ လာအားပေးပါတယ်

ဗုဒ္ဓကလည်းအပါယ်လေးဘုံရဲ့ ဒုက္ခဟာ
ဟောလို့ မကုန်နိုင်အောင်ကို ကြီးကျယ်လှတယ်တဲ့

လူတစ်ယောက်သေရင်ကောင်းတဲ့ဆီရောက်ဖို့ နဲ့ 
သုဂတိဘုံရောက်ဖို့ ကို လက်သည်းခွံမြေမှုန့် 
ဥပမာနဲ့ ဟောထားဘူးပါတယ်

သေပြီးသုဂတိဘုံရောက်ဖို့ ကမလွယ်ကူလှပါဘူး

ကဲ ဒါဆိုရင်

စိတ်ညစ်လို့ သေခြင်းတရားကို
လွယ်လွယ်ထင်နေသူတွေ
သေချင်သေးလားဆိုတာ စဉ်းစားပေါ့

ဦးမြင့်ခိုင်.. ..

Share..’

Leave a Reply

Your email address will not be published. Required fields are marked *