ဗဟုတုသ

မုန်လာဥနီဖျော်ရည်

မုန်လာဥနီဖျော်ရည်
လက်ဆတ်သည့် သစ်သီးဖျော်ရည်များသည် ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ် သည်ဟု လက်ခံကာ အသီးဖျော်ရည်ကို သောက်သုံးသူများ တိုးပွားလျက်ရှိပါသည်။ ကျန်းမာရေး အတွက် သောက်ကြသည့် သစ်သီးဖျော်ရည်များထဲတွင် မုန်လာဥနီဖျော်ရည်လည်း ပါဝင်သည်။ မုန်လာဥနီထဲတွင် အသားဓာတ်၊ အဆီဓာတ်၊ ကစီဓာတ်၊ အမျှင်များ၊ ဗီတာမင်အေ၊ စီ၊ကေ၊ ဘီ နှင့် ပိုတက်စီယမ်ဓာတ်တို့ ကြွယ်ဝစွာ ပါရှိသည်။
မုန်လာဥထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများပါသည့်အတွက် ကင်ဆာရောဂါ၊ အထူး သဖြင့် အစာအိမ်ကင်ဆာဖြစ်ပွားမှုကို သိသိသာသာ လျော့ချပေးနိုင်ကြောင်း တွေ့ရသည်။
မုန်လာဥနီ၏အစွမ်းသည် သွေးဖြူဥကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်နိုင်ကြောင်း တွေ့ရ သဖြင့် အနာဂါတ်တွင် သွေးဖြူဥကင်ဆာကုထုံးထဲတွင် မုန်လာဥနီ ပါဝင်လာဖွယ်ရှိသည်။ ရင်သား ကင်ဆာကြောင့် ဆေးကုသမှုခံယူထားသည့် လူနာများသည် မုန်လာဥနီဖျော်ရည် မှန်မှန်သောက်ပါ က ကင်ဆာပြန်ဖြစ်ရန် အခွင့်အလန်းကို လျော့ချပေးနိုင်သည်။
မုန်လာဥနီတွင်ပါသည့် ဗီတာမင်စီက အဆုတ်နှင့် လေပြွန်ချောင်းပိတ်သည့် ရောဂါများ သက်သာစေရန် အထောက်အကူပေးသည်။ ဗီတာမင်အေလည်း ပါသည့်အတွက် မုန်လာဥနီသည် မျက်စိကိုအားကောင်းစေသည်။ သို့သော် မုန်လာဥနီကို ဖျော်ရည်အဖြစ်သာ သောက်ပါက အမျှင်ဓာတ် ကို များများမရရှိနိုင်ပေ။
မုန်လာဥနီကို အလွန်အကျွံစားမိပါက အသားရောင်ကို ၀ါဖန့်ဖန့်ဖြစ်စေနိုင်သည့် အတွက် တန်ဆေး၊ လွန်ဘေးဆိုသည့် စကားကို မမေ့သင့်။ အသီးဖျော်ရည်သောက်နေသော် လည်း နေ့စဉ်စားသောက်ရမည့် အသားထဲတွင် အခြားဟင်းသီးဟင်းရွက်များကိုလည်း မျှတ အောင် စားပေးရပါမည်။
Ref : Medical News to day

Leave a Reply

Your email address will not be published. Required fields are marked *