ဗဟုတုသ

မျက်စိရေတိမ်ရောဂါနှင့်လက်ဘက်ရည်

မျက်စိရေတိမ်ရောဂါနှင့်လက်ဘက်ရည်
ရေတိမ်ရောဂါသည် မျက်စိအမြင်အာရုံကြောကို ထိခိုက်ပြီး အမြင်အာရုံကို ဒုက္ခပေးသည့် ရောဂါတစ်မျိုး ဖြစ်သည်။ အသက်ကြီးသူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူများ၊ အ၀လွန်သူ များတွင် အဖြစ်များလေ့ရှိသည်။
ရေတိမ်ရောဂါသည် လက်ဘက်ရည်ကြမ်း ပုံမှန်သောက်သူများတွင် အဖြစ်နည်းကြောင်း လေ့လာစမ်းသပ်မှု တစ်ခုကဖော်ပြခဲ့သည်။ စမ်းသပ်မှုအရ လက်ဘက်ရည်သောက်သူများထဲမှာပင် လက်ဘက်ရည်အပူသောက်သူက အအေးသောက်သူထက် ရေတိမ်ရောဂါ အဖြစ်နည်းကြောင်း တွေ့ရသည်။ လက်ဘက်ထဲတွင် ပါဝင်သည့် ဖလေပိုင်နွိုက် flavonuid ခေါ် ဒြပ်ပေါင်းတစ်မျိုးသည် အာရုံကြောပျက်စီးခြင်းမှ ကာကွယ်နိုင်သည့် အစွမ်းသတ္တိရှိသည်။
သို့သော် ဤစမ်းသပ်မှုမှာ ကနဦးတွေ့ရှိချက်များသာဖြစ်၍ လက်ဘက်ရည်ကြမ်း အပူ သောက်ခြင်းသည် ရေတိမ်ရောဂါကို ကာကွယ်ပေးနိုင်သည်ဟု တထစ်ချပြောနိုင်ရန်မှာ စောနေပါ သေးသည်။ စမ်းသပ်မှု အများအပြား ထပ်မံပြုလုပ်ပြီးမှသာ ဤအချက်ကို အတည်ပြုနိုင်မည်ဖြစ် သည်။
သင်သည် လက်ဘက်ရည်ပူပူကို နှစ်သက်သူဖြစ်ပါက ပုံမှန်ဆက်လက်သောက်သုံးခြင်းဖြင့် မည်သို့မျှ အကျိုးမယုတ်နိုင်ပေ။
Ref: British Journal of Ophthalmology

Leave a Reply

Your email address will not be published. Required fields are marked *