ဗဟုတုသ

** အိပ်မပျော်သောရောဂါ (Insomnia) နှင့် အာယုဗ္ဗေဒဆေးပညာ **

** အိပ်မပျော်သောရောဂါ (Insomnia) နှင့် အာယုဗ္ဗေဒဆေးပညာ **

အိပ်မပျော်သောရောဂါဟာ အိပ်စက်ချိန်မလုံလောက်လို့ ပဲဖြစ်ပါတယ်။သာမန်အားဖြင့်တော့ အသက်အရွယ်အလိုက်အိပ်စက်မှု အချိန်ကွဲပြားပါတယ်။ငယ်ရွယ်စဉ်မှာတော့ အိပ်စက်မှုကြာချိန်ဟာ ၆နာရီနဲ့ ၈နာရီကြားရှိမယ်ဆိုရင်လုံလောက်ပါတယ်။ အသက်အရွယ်ရလာတာနဲ့ အမျှ လေဒေါသ (Vata dosha) လွှမ်းမိုးလာတဲ့အတွက် အိပ်စက်ချိန်လည်း လျော့ကျလို့ လာပါတယ်။

#အိပ်မပျော်စေသောအကြောင်းများ

1. လေဒေါသဖောက်ပြန်ခြင်း Ayurvedic medicine

2. အဖျားကြီးခြင်း

3. ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း

4. စိတ်ပိုင်းဆိုင်ရာအခြေအနေများ ( စိုးရိမ်ပူပန်မှုလွန်ကဲခြင်း/စိတ်ဖိစီးမှုများခြင်း/
စိတ်ထိခိုက်ခြင်း/စိတ်အားငယ်ခြင်းစသည် )

5. လက်ဖက်ရည်/ကော်ဖီ အလွန်အကျွံသောက်သုံးခြင်း

6. လေ့ကျင့်ခန်းမပြုလုပ်ခြင်း

7. ဆေးရွက်ကြီးနှင့် ဆက်စပ်ပစ္စည်းများ(ဆေးလိပ် ကွမ်း)/စိတ်ကြွဆေးသုံးစွဲခြင်း/မူးယစ်ဆေးသုံးစွဲခြင်း

8. အိပ်စက်မှုအနေအထားမမှန်ခြင်း နှင့်နေရာမကောင်းခြင်း

#လိုက်နာရန် –

လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ပါ။ (ပြေးခြင်း/လမ်းလျှောက်ခြင်း/စက်ဘီးစီးခြင်း/ရေကူးခြင်း)

နေ့ ခင်းအိပ်စက်ခြင်းကိုရှောင်ကျဉ်ပါ။

နှမ်းဆီ သို့  ဆေးဖက်ဝင်အဆီတစ်မျိုးလိမ်ကျံ၍ကုသမှုခံယူပါ ( Abyanga treatment )

တိုင်းရင်းဆေးဆရာဝန်များထံတွင်ဦးခေါင်းအဆီလောင်းခြင်း(သိရောဓာရ)ကုသမှုခံယူရန် သင့်/မသင့်အကြံဥာဏ်တောင်းခံပါ။

#အိပ်စက်ခြင်းကိုအားပေးသောဆေးပင်များ

လင်းနေပင် Acorus calamus
Celastrus paniculatus
Jatamansi
Brahmi
Gotu cola
Skullcap
Valerian

#အိပ်စက်မှုအတွက် Diet အာဟာရ

ချိုသော ချဉ်သော ငန်သောအရသာများစားသုံးပေးပါ။
Cheeseချိစ့်စားပါ။
နွားနို့ သောက်ပါ။
ထောပတ်စားပေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *