ဗဟုတုသ

ေဆးေသာက္လွ်င္ ဒါေတြသတိထားပါ

(Zawgyi)

ေဆးေသာက္လွ်င္_ဒါေတြသတိထားပါ

ေဆး ေသာက္လွ်င္ ေရႏွင့္ေသာက္သည္ကို မသိသူမရွိေပ။ သို႔ေသာ္ ဤလြယ္ကူ၍ အေရးႀကီးေသာကြင္းဆက္ကို လူတို႔ေမ့ေလ်ာ့သည့္အတြက္ ေဆးအာနိသင္ ရသင့္သေလာက္ မရသည့္အျပင္ အစာမ်ိဳႁပြန္ကို ထိခိုက္ႏိုင္သည္။ ေဆးျပားသည္ သာမန္အားျဖင့္ အဓိကေဆးမႈန႔္ႏွင့္ ပုံသြင္းမႈန႔္ (ေကာ္မႈန႔္၊ သၾကား စသည္) တို႔ကို ဖိ၍ ပုံသြင္းထားျခင္းျဖစ္သည္။

ေဆး အာနိသင္ ျမန္၊ ေႏွး၊ ျပင္း၊ ေပ်ာ့သည္ အဓိက ေဆး မႈန႔္၏ အစာအိမ္ အူလမ္းေၾကာင္း တေလွ်ာက္ စုပ္ယူခံရမႈ အျမန္ႏႈန္းေပၚတြင္ မူတည္သည္။ ေဆးျပားသည္ ေသြးအတြင္းသို႔ စုပ္ယူမခံရမီ အစာအိမ္ႏွင့္ အူလမ္းေၾကာင္းတြင္ ေသးငယ္ေသာ၊ ေထာင္ေသာင္းမကေသာ အမႈန႔္ငယ္မ်ားအျဖစ္ ကြဲေၾကသြားၿပီး အရည္ထဲ ေပ်ာ္ဝင္ေနမွ ေသြးထဲစုပ္ယူခံႏိုင္မည္။ ေဆးေသာက္ၿပီးေရမ်ားမ်ားေသာက္မွ ေသြးထဲသို႔ စုပ္ယူခံရမႈ ပိုမိုျမန္ဆန္မည္။

ထို႔ေၾကာင့္ ေဆးမေသာက္မီ ေရေႏြးေႏြးတခြက္ေသာက္ျခင္းျဖင့္ အစာလမ္းေၾကာင္းကို စိုစြတ္ေစႏိုင္သည္။ ၿပီးမွ ေဆးကို ေရမ်ားမ်ားႏွင့္ ေသာက္ျခင္းျဖင့္ အာနိသင္ ျမန္ဆန္ထက္ျမက္ေစႏိုင္မည္။ ေရေသာက္နည္းလွ်င္ ေဆးျပား၊ ေဆးေတာင့္တို႔သည္ အစာမ်ိဳႁပြန္၊ အစာအိမ္နံရံတြင္ ကပ္ေနႏိုင္ၿပီး ထိခိုက္ဒဏ္ရာရေစႏိုင္သည္။ ( ဥပမာ-အက္စ္ပရင္၊ ပ႐ိုဖင္၊ အကိုက္အခဲ ေပ်ာက္ေဆးမ်ိဳးစုံ၊ ပရီႏိုစလုံးေဆး၊ ကင္ဆာေရာဂါကု ႐ူဘီဒိုမိုက္ဆင္ စသည္တို႔ျဖစ္သည္)။

(လွဲလ်က္မေသာက္ရ)

ေဆးေသာက္သည့္အခါ မတ္တတ္ရပ္လ်က္ သို႔မဟုတ္-ထိုင္လ်က္ ေဆးေသာက္ရမည္။ လွဲလ်က္ ေဆး မေသာက္ရ။ေဆး ေသာက္ၿပီး ခ်က္ခ်င္း မလွဲရ။ အနည္းဆုံး ၃-မိနစ္၊ ၅-မိနစ္ ဆက္လက္ထိုင္ေနသင့္သည္။ နာတာရွည္ ေရာဂါသည္ႏွင့္ အစာမ်ိဳ ခက္ခဲသူမ်ားသည္ ေဆးအရည္ကို ေသာက္သင့္သည္။

(အိပ္ခါနီး ေသာက္လွ်င္)

အိပ္ခါနီး ေဆးေသာက္ရန္ လိုအပ္လွ်င္ ေဆးေသာက္ၿပီး၂-မိနစ္၊ ၃-မိနစ္ခန႔္ သြားလာလႈပ္ရွားၿပီးမွ အိပ္သင့္သည္။

(ႏြားႏို႔ႏွင့္မေသာက္သင့္)

ေဆးကို ႏြားႏို႔ႏွင့္ မေသာက္သင့္ပါ။ ႏြားႏို႔သည္ ပ႐ိုတင္းဓာတ္နဲ႔ ဖက္တီးအက္စစ္ပါသည့္အတြက္ ေဆးမႈန႔္ေလးမ်ား၏ ပတ္ပတ္လည္တြင္ အေမွးပါးတထပ္ ျဖစ္ေပၚအုပ္ေဆာင္းထားတတ္သည္။ ထို႔ျပင္ ႏြားႏို႔တြင္ ႂကြယ္ဝစြာပါဝင္ေသာ ကယ္လ္စီယမ္ဓာတ္၊ မီးစုန္းဓာတ္၊ သံဓာတ္တို႔သည္လည္း အခ်ိဳ႕ေဆးဝါးပစၥည္းမ်ားႏွင့္ ဓာတ္ျပဳႏိုင္ၿပီး ေပ်ာ္ဝင္ရန္ ခက္ခဲေသာ ဆားမ်ားအျဖစ္သို႔ ဓာတ္ေျပာင္းလဲသြားႏိုင္ပါသည္။ ထို႔ျပင္ ဟင္းရည္၊ လက္ဖက္ရည္၊ ေကာ္ဖီ၊ ေရေႏြးၾကမ္း၊ အခ်ိဳရည္၊ ဘိလပ္ရည္တို႔ႏွင့္ ေဆးကို မေသာက္ရ။ ေရေႏြးေႏြးႏွင့္သာ ေသာက္သင့္ပါသည္။

ဆာလ္ဖာေဆးဝါးေသာက္လွ်င္

ေက်ာက္တည္ျခင္းမွ ကာကြယ္ရန္ အထူးသျဖင့္ ေရမ်ားမ်ားပိုေသာက္ရမည္။ အနည္းဆုံး ေရတပုလင္းခြဲခန႔္ (၁၅၀၀-မီလီမီတာ) ထိုေန႔တြင္ ေသာက္ရမည္။ သို႔မွသာ ေသြးက်ဲ၊ ဆီး႐ႊင္၊ ေက်ာက္ကပ္ကာကြယ္ရာ ေရာက္မည္။ အကိုက္အခဲေပ်ာက္ေဆး၊ အဖ်ားက်ေဆးမ်ား ေသာက္လွ်င္လည္း ေရမ်ားမ်ားေသာက္ရန္ လိုအပ္သည္။ သို႔မွသာ ကိုယ္ပူက်ၿပီး
ေခြၽးမ်ားမ်ား ထြက္ေသာအခါ ေရွာ့ခ္ျဖစ္ျခင္းမွ ကာကြယ္ႏိုင္မည္။ သို႔ေသာ္ မည္သည့္ေဆးကို ေသာက္သည္ျဖစ္ေစ ေရမ်ားမ်ားေသာက္ရမည္ဟူ၍ကား မဟုတ္ေပ။

အခ်ိဳ႕ ေခ်ာင္းဆိုးေပ်ာက္ေဆးသည္ ေသာက္ၿပီး ၅-မိနစ္ခန႔္ၾကာမွ ေရေသာက္ရသည္။ ထို႔ေၾကာင့္ ေဆးအာနိသင္ေကာင္းေစရန္ ေဆးေပးသူကို ေဆးေသာက္ရမည့္အခ်ိန္၊ နည္းလမ္းတို႔ကို ေသခ်ာေမးျမန္းၿပီး မွတ္သားလိုက္နာရမည္ ျဖစ္ပါသည္။

ေလးစားစြာျဖင့္

Phyu_Sin_Yatanar

Credit – ပါေမာကၡေဒၚခင္ျဖဴ (ျမင္းၿခံ)

(Unicode)

ဆေးသောက်လျှင်_ဒါတွေသတိထားပါ

ဆေး သောက်လျှင် ရေနှင့်သောက်သည်ကို မသိသူမရှိပေ။ သို့သော် ဤလွယ်ကူ၍ အရေးကြီးသောကွင်းဆက်ကို လူတို့မေ့လျော့သည့်အတွက် ဆေးအာနိသင် ရသင့်သလောက် မရသည့်အပြင် အစာမျိုပြွန်ကို ထိခိုက်နိုင်သည်။ ဆေးပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့် (ကော်မှုန့်၊ သကြား စသည်) တို့ကို ဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။

ဆေး အာနိသင် မြန်၊ နှေး၊ ပြင်း၊ ပျော့သည် အဓိက ဆေး မှုန့်၏ အစာအိမ် အူလမ်းကြောင်း တလျှောက် စုပ်ယူခံရမှု အမြန်နှုန်းပေါ်တွင် မူတည်သည်။ ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သေးငယ်သော၊ ထောင်သောင်းမကသော အမှုန့်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ သွေးထဲစုပ်ယူခံနိုင်မည်။ ဆေးသောက်ပြီးရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမှု ပိုမိုမြန်ဆန်မည်။

ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတခွက်သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကို ရေများများနှင့် သောက်ခြင်းဖြင့် အာနိသင် မြန်ဆန်ထက်မြက်စေနိုင်မည်။ ရေသောက်နည်းလျှင် ဆေးပြား၊ ဆေးတောင့်တို့သည် အစာမျိုပြွန်၊ အစာအိမ်နံရံတွင် ကပ်နေနိုင်ပြီး ထိခိုက်ဒဏ်ရာရစေနိုင်သည်။ ( ဥပမာ-အက်စ်ပရင်၊ ပရိုဖင်၊ အကိုက်အခဲ ပျောက်ဆေးမျိုးစုံ၊ ပရီနိုစလုံးဆေး၊ ကင်ဆာရောဂါကု ရူဘီဒိုမိုက်ဆင် စသည်တို့ဖြစ်သည်)။

(လှဲလျက်မသောက်ရ)

ဆေးသောက်သည့်အခါ မတ်တတ်ရပ်လျက် သို့မဟုတ်-ထိုင်လျက် ဆေးသောက်ရမည်။ လှဲလျက် ဆေး မသောက်ရ။ဆေး သောက်ပြီး ချက်ချင်း မလှဲရ။ အနည်းဆုံး ၃-မိနစ်၊ ၅-မိနစ် ဆက်လက်ထိုင်နေသင့်သည်။ နာတာရှည် ရောဂါသည်နှင့် အစာမျို ခက်ခဲသူများသည် ဆေးအရည်ကို သောက်သင့်သည်။

(အိပ်ခါနီး သောက်လျှင်)

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး၂-မိနစ်၊ ၃-မိနစ်ခန့် သွားလာလှုပ်ရှားပြီးမှ အိပ်သင့်သည်။

(နွားနို့နှင့်မသောက်သင့်)

ဆေးကို နွားနို့နှင့် မသောက်သင့်ပါ။ နွားနို့သည် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်စစ်ပါသည့်အတွက် ဆေးမှုန့်လေးများ၏ ပတ်ပတ်လည်တွင် အမှေးပါးတထပ် ဖြစ်ပေါ်အုပ်ဆောင်းထားတတ်သည်။ ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာပါဝင်သော ကယ်လ်စီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်တို့သည်လည်း အချို့ဆေးဝါးပစ္စည်းများနှင့် ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသော ဆားများအဖြစ်သို့ ဓာတ်ပြောင်းလဲသွားနိုင်ပါသည်။ ထို့ပြင် ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အချိုရည်၊ ဘိလပ်ရည်တို့နှင့် ဆေးကို မသောက်ရ။ ရေနွေးနွေးနှင့်သာ သောက်သင့်ပါသည်။

ဆာလ်ဖာဆေးဝါးသောက်လျှင်

ကျောက်တည်ခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများပိုသောက်ရမည်။ အနည်းဆုံး ရေတပုလင်းခွဲခန့် (၁၅၀၀-မီလီမီတာ) ထိုနေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ၊ ဆီးရွှင်၊ ကျောက်ကပ်ကာကွယ်ရာ ရောက်မည်။ အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများ သောက်လျှင်လည်း ရေများများသောက်ရန် လိုအပ်သည်။ သို့မှသာ ကိုယ်ပူကျပြီး
ချွေးများများ ထွက်သောအခါ ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်။ သို့သော် မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများသောက်ရမည်ဟူ၍ကား မဟုတ်ပေ။

အချို့ ချောင်းဆိုးပျောက်ဆေးသည် သောက်ပြီး ၅-မိနစ်ခန့်ကြာမှ ရေသောက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ကောင်းစေရန် ဆေးပေးသူကို ဆေးသောက်ရမည့်အချိန်၊ နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်

Phyu_Sin_Yatanar

Credit – ပါမောက္ခဒေါ်ခင်ဖြူ (မြင်းခြံ)

Leave a Reply

Your email address will not be published. Required fields are marked *