စားကောင်းသောမှို၊ မစားကောင်းသောမှို၊ စားကောင်း/မကောင်း စမ်းသပ်ပုံ၊ မှိုဆိပ်ဖြေနည်း၊ မှိုနှင့်ဆေးဘက်ဝင်ပုံ

စားကောင်းသောမှို၊ မစားကောင်းသောမှို၊ စားကောင်း/မကောင်း စမ်းသပ်ပုံ၊ မှိုဆိပ်ဖြေနည်း၊ မှိုနှင့်ဆေးဘက်ဝင်ပုံ

(Unicode)

စားကောင်းသောမှိုနှင့် မစားကောင်းသောမှို အကြောင်း

မှိုသည် အများအားဖြင့် ပူနွေးသော ရာသီဥတုမှ စိုစွတ်ထိုင်းမှိုင်းသော မိုးဥတုသို့ အကူးတွင် သစ်ပင်၊ဝါးပင်၊ တောင်ပို့နှင့် အခြားမြေအချို့တွင် ပေါက်တတ်သည်။ မှိုကို ဟင်းချက်သောအခါ ငြုပ်သီးစပ်စပ်ကလေး ထည့်ချက်ခြင်း၊ ကန်စွန်း ရွက်များ စသည်ဖြင့် ထည့်ချက်လေ့ရှိကြသည်။ ငြုပ်သီး၊ ကန်စွန်းရွက် ထည့်ချက်ခြင်းမှာ မှိုတောက်ခြင်း အဆိပ်သင့်ခြင်းမှ ကင်းဝေးစေရန်ဖြစ်သည်။ ကောက်ရိုးမှိုသည် ရာသီမရွေး စိုက်ပျိုးနိုင်သဖြင့် ယခုအခါတွင် ကောက်ရိုးမှိုကို ရာသီမရွေး စားသုံးနိုင်သည်။

စားကောင်းသောမှိုများ

ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ ဖက်ဆွတ်မှို(မှိုဖြူလေး)၊ ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊ မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊ (မှို၏ထိပ်တွင် နက်သော အကွက်လေးရှိသည်။)၊ မြက်ကြားမှို၊ သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊ စသောမှိုများသည် စားကောင်းသော မှိုများဖြစ်သည်။

မစားကောင်းသောမှိုများ

ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသော မှိုများဖြစ်ကြသည်။ ထို့အပြင် အချို့မှိုများမှာ စားကောင်းသော မှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။

စမ်းသပ်ပုံ

၁။ မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့် ဖျစ်ကြည့်လျှင် ကြေမွသားလျှင် မစားကောင်းပါ။ စားကောင်းသော မှိုများသည် ကြေမွသွားခြင်း မရှိပါ။

၂။ မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်သောအခါ မည်းသွားလျှင် မစားရပါ။ စားကောင်းသော မှိုသည် ဆားထိရုံနှင့် မည်းသွားလေ့ မရှိပါ။

၃။ မှိုကိုလက်ဖြင့် ဖျစ်ကြည့်လျှင် သွေးရောင်ပြောင်းသွားလျှင် မစားကောင်းပါ။ စားကောင်းသော မှိုမှာ အရောင် မပြောင်းပါ။

၅။ မှိုကိုဓားဖြင့် ဖြတ်သောအခါ ပြာနှမ်းသွားလျှင် မစားရပါ။ စာကောင်းသော မှိုမှာ မပြာနှမ်းပါ။

၆။ မှိုကို ဆားရည်တွင် စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။ စားကောင်းသောမှိုမှာ မနက်ပါ။

၇။ အထူးသဖြင့် ခြေခြင်းပါသော မှိုများသည် မစားကောင်းပါ။ စားကောင်းသောမှိုမှာ ခြေခြင်းပါလေ့ မရှိပါ။

မှိုနှင့်ရောစပ် မစားကောင်းသော အစာများ

ကြက်ဟင်းခါးသီး၊ ကြက်ဥ၊ ခံသီး၊ ငှက်ပျောသီး၊ နို့အမျိုးမျိုး၊ ဖောင်စီးကဏန်း၊ ယုန်သား စသည်တို့ကို ရောစပ်၍ မစားရပါ။ မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့် မှိုတစ်နှစ် မျှစ်သုံးလ မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။

မှိုဟင်း မစားသင့်သော အခြားသူများ

ခြေအေး၍ အထက်သို့ အခိုးတက်ပြီး ဖြစ်တတ်သော နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေကျိမ်းသော ရောဂါ ရှိသူများသည် မစားသင့်ပါ။

မှိုဆိပ်ဖြေနည်း

မှိုဆိပ်တက်ရွေ့ တောက်ခဲ့လျှင် ထန်းလျှက်စားပေးပါ။ သံပုရာရည်ကို လျှက်ပေးပါ။ သို့မဟုတ် မှိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။ မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ်သားခန့် သွေးရွေ့တိုက်ပါ။ ကျီးအာမြစ်ကို ဆားနှင့်သွေးရွေ့ လျှာကိုပွတ်ပေးပါ။ အစာများ ပြန်အန်ကျလာမည်ဖြစ်သည်။ ထို့အပြင် ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေး တိုက်ပေးပါကလည်း မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

မှိုနှင့်ဆေးဝါး

ဝါးရုံနက် (သို့မဟုတ်) ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင် မှိုများကို ဖဲ့ယူူပြီး ရေစင်စွာဆေး၍ ထန်းလျှက် သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သော အလုံးလေးများ ပြုလုပ်ပြီး ကလေးငယ်များကို ကျွေးပါက ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။ ဝါးမှို ဆိုရာတွင် ကြခတ်ဝါးမှိုက ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစည်းတို့ လုံးဝမထိရန် သတိပြုရမည်။

Credit – တက္ကသိုလ် ခွန်အာကာ

(Zawgyi)
စားေကာင္းေသာမႈိႏွင့္ မစားေကာင္းေသာမႈိ အေၾကာင္း

မႈိသည္ အမ်ားအားျဖင့္ ပူေႏြးေသာ ရာသီဥတုမွ စိုစြတ္ထိုင္းမႈိင္းေသာ မိုးဥတုသို႔ အကူးတြင္ သစ္ပင္၊ဝါးပင္၊ ေတာင္ပို႔ႏွင့္ အျခားေျမအခ်ိဳ႕တြင္ ေပါက္တတ္သည္။ မႈိကို ဟင္းခ်က္ေသာအခါ ျငဳပ္သီးစပ္စပ္ကေလး ထည့္ခ်က္ျခင္း၊ ကန္စြန္း ႐ြက္မ်ား စသည္ျဖင့္ ထည့္ခ်က္ေလ့ရွိၾကသည္။ ျငဳပ္သီး၊ ကန္စြန္း႐ြက္ ထည့္ခ်က္ျခင္းမွာ မႈိေတာက္ျခင္း အဆိပ္သင့္ျခင္းမွ ကင္းေဝးေစရန္ျဖစ္သည္။ ေကာက္႐ိုးမႈိသည္ ရာသီမေ႐ြး စိုက္ပ်ိဳးႏိုင္သျဖင့္ ယခုအခါတြင္ ေကာက္႐ိုးမႈိကို ရာသီမေ႐ြး စားသုံးႏိုင္သည္။

စားေကာင္းေသာမႈိမ်ား

ေကာက္႐ိုးမႈိ၊ မႈိၾကက္ေတာင္၊ ငွက္ေပ်ာမႈိ၊ ေတာင္ပို႔မႈိ(ေျခတို၊ ေျခရွည္)၊ ဖက္ဆြတ္မႈိ(မႈိျဖဴေလး)၊ ၾကက္တူေ႐ြးမႈိ၊ မႈိသားပိုက္၊ မႈိဆန္ကြဲ၊ မႈိေက်ာက္ခဲ၊ မႈိေျခတံရွည္၊ မႈိနီ၊ မႈိျပင္းတြဲ၊ မႈိျဖဴ၊ မႈိအုန္းနက္၊ (မႈိ၏ထိပ္တြင္ နက္ေသာ အကြက္ေလးရွိသည္။)၊ ျမက္ၾကားမႈိ၊ သေျပမႈိ၊ ေျမပဲမႈိ၊ ဝါးမႈိ၊ ကိုင္းမႈိ၊ အင္မႈိ၊ ဆင္ေျခသည္းမႈိႏွင့္ သရက္မႈိ(မႈိေျခာက္မ်ားျပဳလုပ္သည္)၊ စေသာမႈိမ်ားသည္ စားေကာင္းေသာ မႈိမ်ားျဖစ္သည္။

မစားေကာင္းေသာမႈိမ်ား

ၾကက္ခူမႈိ၊ မႈိကြန္ျခာ၊ ေခြးေလးမႈိ၊ ႏွင့္ ႏြားေျခးမႈိတို႔သည္ မစားေကာင္းေသာ မႈိမ်ားျဖစ္ၾကသည္။ ထို႔အျပင္ အခ်ိဳ႕မႈိမ်ားမွာ စားေကာင္းေသာ မႈိျဖစ္ေသာ္လည္း အဆိပ္သင့္ေစသျဖင့္ စမ္းသပ္ၿပီးမွ ခ်က္စားသင့္သည္။

စမ္းသပ္ပုံ

၁။ မႈိမ်ားရရွိေသာအခါ အ႐ိုးကိုလက္ျဖင့္ ဖ်စ္ၾကည့္လွ်င္ ေၾကမြသားလွ်င္ မစားေကာင္းပါ။ စားေကာင္းေသာ မႈိမ်ားသည္ ေၾကမြသြားျခင္း မရွိပါ။

၂။ မႈိေပၚသို႔ ဆားအနည္းငယ္ ျဖဴးၾကည့္ေသာအခါ မည္းသြားလွ်င္ မစားရပါ။ စားေကာင္းေသာ မႈိသည္ ဆားထိ႐ုံႏွင့္ မည္းသြားေလ့ မရွိပါ။

၃။ မႈိကိုလက္ျဖင့္ ဖ်စ္ၾကည့္လွ်င္ ေသြးေရာင္ေျပာင္းသြားလွ်င္ မစားေကာင္းပါ။ စားေကာင္းေသာ မႈိမွာ အေရာင္ မေျပာင္းပါ။

၅။ မႈိကိုဓားျဖင့္ ျဖတ္ေသာအခါ ျပာႏွမ္းသြားလွ်င္ မစားရပါ။ စာေကာင္းေသာ မႈိမွာ မျပာႏွမ္းပါ။

၆။ မႈိကို ဆားရည္တြင္ စိမ္ၾကည့္ေသာအခါ နက္လာလွ်င္ မစားေကာင္းပါ။ စားေကာင္းေသာမႈိမွာ မနက္ပါ။

၇။ အထူးသျဖင့္ ေျချခင္းပါေသာ မႈိမ်ားသည္ မစားေကာင္းပါ။ စားေကာင္းေသာ မႈမွာ ေျချခင္းပါေလ့ မရွိပါ။

မႈိႏွင့္ေရာစပ္ မစားေကာင္းေသာ အစာမ်ား

ၾကက္ဟင္းခါးသီး၊ ၾကက္ဥ၊ ခံသီး၊ ငွက္ေပ်ာသီး၊ ႏို႔အမ်ိဳးမ်ိဳး၊ ေဖာင္စီးကဏန္း၊ ယုန္သား စသည္တို႔ကို ေရာစပ္၍ မစားရပါ။ မီးဖြားၿပီးစ အမ်ိဳးသမီးမ်ားအေနျဖင့္ မႈိတစ္ႏွစ္ မွ်စ္သုံးလ မစားသင့္ေၾကာင္း ေရွးလူႀကီးမ်ားက ေျပာေလ့ရွိသည္။

မႈိဟင္း မစားသင့္ေသာ အျခားသူမ်ား

ေျခေအး၍ အထက္သို႔ အခိုးတက္ၿပီး ျဖစ္တတ္ေသာ ႏွာပိတ္၊ ႏွာမႊန္ေရာဂါ၊ နား၊ မ်က္စိ၊ ေခါင္းကိုက္ေရာဂါ၊ ေခါင္းဦးေရက်ိမ္းေသာ ေရာဂါ ရွိသူမ်ားသည္ မစားသင့္ပါ။

မႈိဆိပ္ေျဖနည္း

မႈိဆိပ္တက္ေ႐ြ႕ ေတာက္ခဲ့လွ်င္ ထန္းလွ်က္စားေပးပါ။ သံပုရာရည္ကို လွ်က္ေပးပါ။ သို႔မဟုတ္ မႈိနတို႐ြက္စိမ္းရည္ကို တိုက္ေပးပါ။ မ႐ိုးေခၚ ျဖဴႀကီးအေခါက္ တစ္မတ္သားခန႔္ ေသြးေ႐ြ႕တိုက္ပါ။ က်ီးအာျမစ္ကို ဆားႏွင့္ေသြးေ႐ြ႕ လွ်ာကိုပြတ္ေပးပါ။ အစာမ်ား ျပန္အန္ က်လာမည္ျဖစ္သည္။ ထို႔အျပင္ ထန္းလွ်က္ျပဳတ္ရည္ ပူပူေႏြးေႏြး တိုက္ေပးပါကလည္း မႈိေတာက္ျခင္း အဆိပ္ျဖစ္ျခင္းမွ ကာကြယ္ႏိုင္သည္။

မႈိႏွင့္ေဆးဝါး

ဝါး႐ုံနက္ (သို႔မဟုတ္) ၾကခတ္ဝါး႐ုံ၏ ပင္ေျခမွေပါက္ေသာ ပန္းရင့္ေရာင္ မႈိမ်ားကို ဖဲ့ယူူၿပီး ေရစင္စြာေဆး၍ ထန္းလွ်က္ သို႔မဟုတ္ ပ်ားရည္ျဖင့္ ေသးငယ္ေသာ အလုံးေလးမ်ား ျပဳလုပ္ၿပီး ကေလးငယ္မ်ားကို ေကြၽးပါက ဝမ္းတြင္းရွိ သန္လုံး၊ သန္ျပားႏွင့္ တုတ္ေကာင္မ်ား ေနာက္တစ္ေန႔ဝမ္းသြားေသာအခါ အေထြးလိုက္ က်ဆင္းပါသည္။ ဝါးမႈိ ဆိုရာတြင္ ၾကခတ္ဝါးမႈိက ပိုေဆးဘက္ဝင္သည္။ သို႔ေသာ္ မႈိကို သံထည္ပစည္းတို႔ လုံးဝမထိရန္ သတိျပဳရမည္။

Credit – တကၠသိုလ္ ခြန္အာကာ

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top