မိုးရွာနေချိန်၊ လျှပ်စီးမိုးကြိုးလက်နေချိန်မှာ မိုဘိုင်းဖုန်းအသုံးပြုရင် အန္တရာယ်ရှိတယ်ဆိုတာ မှားပါတယ်

မိုးရွာနေချိန်၊ လျှပ်စီးမိုးကြိုးလက်နေချိန်မှာ မိုဘိုင်းဖုန်းအသုံးပြုရင် အန္တရာယ်ရှိတယ်ဆိုတာ မှားပါတယ်

[Unicode version]

မိုးကြိုးလျှပ်စီးနဲ့ မိုဘိုင်းဖုန်း

မုန်တိုင်းကျနေချိန်၊ လျှပ်စီးမိုးကြိုးလက်နေချိန်မှာ မိုဘိုင်းဖုန်းအသုံးပြုရင် အန္တရာယ်ရှိတယ်ဆိုတာ မှားပါတယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူတွေပြောကြားချက်အရ-

အိမ်အပြင်ဘက်မှာရှိနေပြီး

– ကုန်းမြေမြင့်တွေ၊

– ကွင်းပြင်တွေ၊

– ရေရှိတဲ့နေရာအနီး၊

– ကြီးမားတဲ့ သတ္တုတိုင်/သတ္တုအဆောက်အဦအနီး (တာဝါတိုင်/သတ္တုလျှပ်စစ်တိုင် စသည်) သို့မဟုတ် – သစ်ပင်ကြီးတွေရဲ့အနီးမှာရှိနေတဲ့ *ဘယ်သူမဆို* မိုးကြိုးလျှပ်စီးအန္တရာယ် ပိုရှိပါတယ်။

ဒီအချက်တွေက လျှပ်စီးမုန်တိုင်းဖြစ်ရင် မိုဘိုင်းဖုန်း အသုံးပြုတာထက်ပိုပြီး အန္တရာယ်ဖြစ်စေတဲ့ အချက်တွေပါပဲ။ မိုဘိုင်းဖုန်းမှာ လျှပ်စစ် စီးကူးစေနိုင်တဲ့ သတ္တုတွေ အများကြီးပါတာကြောင့် အိမ်အပြင်ဘက်မှာ အသုံးပြုခဲ့ရင် အဲ့ဒီသတ္တုတွေက လျှပ်စီးမိုးကြိုးကို ဖမ်းယူနိုင်တယ်လို့ လူတချို့က ထင်မြင်ယူဆကြပါတယ်။

တကယ်တော့ မိုဘိုင်းဖုန်းဟာ စွမ်းအင်(ဗို့အား)နည်းတဲ့ ပစ္စည်းသာဖြစ်ပြီး မိုးကြိုးကို ဖမ်းယူပစ်ခတ်ခံရစေနိုင်လောက်တဲ့ သွင်ပြင်ပစ္စည်း ဘာတစ်ခုမှ မပါရှိပါဘူး။ ၂၀၀၆ ခုနှစ်မှာ ကမ္ဘာတဝှမ်းမှာရှိတဲ့ မီဒီယာတွေ(ဘီဘီစီသတင်းဌာနနဲ့ ဗြိတိသျှ ဆေးပညာဂျာနယ်)က ဒီကိစ္စကို စိတ်ဝင်တစားရှိခဲ့ကြတာကြောင့် အမေရိကန် သမုဒ္ဒရာနှင့် လေထုတိုင်းတာရေး ညွှန်ကြားရေးဌာန (US National Oceanic and Atmospheric Administration) (NOAA) က `မိုဘိုင်းဖုန်း သယ်ယူကိုင်ဆောင်တဲ့ လူတွေဟာ *မိုဘိုင်းဖုန်းကြောင့်* မိုးကြိုးလျှပ်စီးပစ်ခတ်တာ မခံရနိုင်ပါဘူး´ လို့ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ဆဲလ်ဖုန်းတွေ၊ သေးငယ်တဲ့လျှပ်စစ်ပစ္စည်းတွေ၊ လက်ဝတ်ရတနာ ကျောက်မျက် စတာတွေက မိုးကြိုးလျှပ်စီးကို ဆွဲမယူ၊ ဖမ်းမယူနိုင်ပါဘူး။ အဲ့ဒီ ဘယ်အရာကမှ မိုးကြိုးကို မဆွဲခေါ်နိုင်ပါဘူး… မိုးကြိုးက ရှည်ထွက်နေတဲ့၊ ပတ်ဝန်းကျင်ထက် မြင့်တက်နေတဲ့ အရာတွေကိုသာ ပစ်ခတ်တာပါ ” လို့ အမေရိကန် သမုဒ္ဒရာနှင့် လေထုဖိအားတိုင်းတာရေး ညွှန်ကြားရေးဌာနရဲ့ အမျိုးသား မိုးလေဝသနှင့်လျှပ်စီးမိုးကြိုး ကျွမ်းကျင်ပညာရှင် ဂျွန် ဂျင်ဆီးနီးယပ်စ် (John Jensenius) ကပြောပါတယ်။ “လူတွေက အချိန်နဲ့ နေရာ မှားယွင်းတဲ့ နေရာကိုရောက်နေလို့ မိုးကြိုးပစ်ခံကြရတာပါ… နေရာမှားတယ်ဆိုတာက အိမ်အပြင်ရဲ့ ဘယ်နေရာကိုပဲဖြစ်ဖြစ် ရောက်နေတာပါ… အချိန်မှားတယ်ဆိုတာက ဘယ်အချိန်ပဲဖြစ်ဖြစ် မိုးကြိုးမုန်တိုင်း ဖြစ်နေတဲ့အချိန် အနီးအနားကိုရောက်နေကြလို့ပါ…” လို့ သူက ဆက်ပြောပါတယ်။

ဒီ မိုဘိုင်းဖုန်းကြောင့် မိုးကြိုးပစ်ခံရတယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ကစခဲ့ပြီး အင်တာနက် သတင်းအမှားကြောင့် ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အခုတော့ မြို့ပြဒဏ္ဏာရီ တစ်ခုအဖြစ်ပဲ မှတ်မိစေပါတော့တယ်။ ဆေးပညာရှင်တစ်ဦးကလည်း ဒီသတင်းအမှားကြီးကို ကောင်းကောင်းသတိထားမိတာကြောင့်မို့ သေချာထောက်ပြခဲ့ပါတယ်… ချီကာဂိုမှာရှိတဲ့ Illnois တက္ကသိုလ်၊ အရေးပေါ်ဆေးပညာနှင့် ဇီဝအင်ဂျင်နီယာဌာနက တွဲဖက်ပါမောက္ခ ဒေါက်တာ မေရီအန်း ကူးပါး(Dr. Mary Ann Cooper- Associate Professor, Departments of Emergency Medicine and Bioengineering, University of Illinois in Chicago)က သူ့ရဲ့ မိုးကြိုးဒဏ်ရာ(paper on lightening Injury) စာတမ်းမှာ ဒီအချက်အလက်တွေကို ထောက်ပြခဲ့တာပါ။

“ဆေးပညာစာပေတွေနဲ့ ဆေးပညာလက်တွေ့လုပ်ဆောင်မှုတွေဟာ သတင်းအချက်အလက်တွေကို မှားယွင်း အဓိပ္ပါယ်ကောက်ယူမှုတွေ ဒါမှမဟုတ် မှားယွင်းရည်ညွှန်းမှုတွေ၊ မှားယွင်းဖတ်မှတ်မှုတွေလို ယုံမှားဒဏ္ဏာရီတွေကို အလှပဆုံး ဖြေရှင်းနိုင်ပါတယ်… နောက်ပြီး အဲ့ဒီအရာတွေကိုလည်း စမ်းသပ်စစ်ဆေးစရာမလိုဘဲ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်ပြနိုင်ပါတယ်…”

လေ့လာတွေ့ရှိရတဲ့ဒဏ်ရာအမျိုးအစားတွေကိုလည်း ကောင်းကောင်းနားလည် သိရှိပြီးဖြစ်တယ်လို့လည်း ဒေါက်တာမေရီအန်းကူးပါးက ပြောပြီး ဒီလိုဆက်လက်ထောက်ပြပါတယ်… “ဆဲလ်ဖုန်းတွေမှာ ဘယ်လို မိုးကြိုးလျှပ်စီးအန္တရာယ်မှ မရနိုင်ပါဘူး။ ဆဲလ်ဖုန်းအသုံးပြုနေတုန်း မိုးကြိုးအပစ်ခံရတဲ့ လူတွေရှိတယ်လို့ မှတ်တမ်းတွေအများကြီးရှိပေမယ့်အဲ့ဒီမှတ်တမ်းတွေဟာ နေရာအနှံ့မှာ ဆဲလ်ဖုန်း အသုံးပြုနေသူတွေ အများကြီးရှိနေတယ်ဆိုတာကိုပဲ ကိုယ်စားပြုဖော်ပြနိုင်ပါတယ်။ ဒီလို ဖုန်းအသုံးပြုရင်း မိုးကြိုးအပစ်ခံရတယ် ဆိုတာဟာ အဲ့ဒီအသုံးပြုသူဟာ ရာသီဥတုအခြေအနေကို သတိမမူမိတဲ့ သူတွေပဲဖြစ်ပြီး သူတို့ရဲ့ဖုန်းသက်သက်ကိုတော့ မိုးကြိုးလျှပ်စီးက ဘာမှ မလုပ်နိုင်ပါဘူး…”

“မိုးကြိုးလျှပ်စီးဟာ ကြိုးဖုန်းတွေကိုပဲ သက်ရောက်ထိခိုက်စေတာဖြစ်ပြီး မိုဘိုင်းဖုန်းတွေကိုတော့ ဘာမှ မဖြစ်စေပါဘူး” လို့ ဒေါက်တာမေရီက ရှင်းလင်းပြောကြားပါတယ်။

သြစတေးလျ မိုးကြိုးကာကွယ်ရေးစံနှုန်း

(Australian Lightning Protection Standard)

`မုန်တိုင်းတိုက်နေတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေကို မသုံးရဘူးဆိုတာ မမှန်ပါဘူး´ လို့ သြစတေးလျ မိုးကြိုးကာကွယ်ရေး စံနှုန်းက အကြံပြုပါတယ်… ၂၀၀၆ ခုနှစ်မှတ်တမ်းအရ ဗြိတိသျှဆေးပညာဂျာနယ်ဟာ မုန်တိုင်းတိုက်နေတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေ မသုံးသင့်ဘူးလို့ မှားယွင်းဖော်ပြခဲ့ဖူးပါတယ်… ဒီစံနှုန်းကတော့ အဲ့ဒီလိုမှားယွင်းတဲ့ အကြံပေးချက်တွေကို လုံးဝမပေးပါဘူး။(AS/NZS 1768-2003)

စံနှုန်းအကြံပေးတာက လူတွေကို မိုးကြိုးမုန်တိုင်းတိုက်ခတ်စဉ်မှာ ကြိုးဖုန်းတွေကို လုံးဝအသုံးမပြုဘဲ မိုဘိုင်းဖုန်းတွေကိုပဲ အသုံးပြုဖို့ပဲ ဖြစ်ပါတယ်… ဘာလို့လဲဆိုတော့ ကြိုးဖုန်းတွေဟာ မိုးကြိုးအန္တရာယ်ရှိပြီး ထိခိုက်စေနိုင်တယ်ဆိုတာ ကောင်းကောင်း သိရှိထားလို့ပဲဖြစ်ပါတယ်။တကယ့် အန္တရာယ်များတဲ့ အချက်ကတော့ တစ်ယောက်ယောက်ကို မိုးကြိုးမုန်တိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ရင် လူတွေဟာ အရေးပေါ်ဌာနကိုဆက်သွယ်ဖို့အတွက် မိုဘိုင်းဖုန်း ကိုယ့်ဆီမှာရှိမနေတာပဲဖြစ်ပါတယ်။

Credit – Dr.Nay Linn Aung (Pyaw Bwe)

[Zawgyi version]

မိုးႀကိဳးလွ်ပ္စီးနဲ႔ မိုဘိုင္းဖုန္း

မုန္တိုင္းက်ေနခ်ိန္၊ လွ်ပ္စီးမိုးႀကိဳးလက္ေနခ်ိန္မွာ မိုဘိုင္းဖုန္းအသုံးျပဳရင္ အႏၲရာယ္ရွိတယ္ဆိုတာ မွားပါတယ္။ ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္ တာဝန္ရွိသူေတြေျပာၾကားခ်က္အရ-

အိမ္အျပင္ဘက္မွာရွိေနၿပီး

– ကုန္းေျမျမင့္ေတြ၊

– ကြင္းျပင္ေတြ၊

– ေရရွိတဲ့ေနရာအနီး၊

– ႀကီးမားတဲ့ သတၱဳတိုင္/သတၱဳအေဆာက္အဦအနီး (တာဝါတိုင္/သတၱဳလွ်ပ္စစ္တိုင္ စသည္) သို႔မဟုတ္ – သစ္ပင္ႀကီးေတြရဲ႕အနီးမွာရွိေနတဲ့ *ဘယ္သူမဆို* မိုးႀကိဳးလွ်ပ္စီးအႏၲရာယ္ ပိုရွိပါတယ္။

ဒီအခ်က္ေတြက လွ်ပ္စီးမုန္တိုင္းျဖစ္ရင္ မိုဘိုင္းဖုန္း အသုံးျပဳတာထက္ပိုၿပီး အႏၲရာယ္ျဖစ္ေစတဲ့ အခ်က္ေတြပါပဲ။ မိုဘိုင္းဖုန္းမွာ လွ်ပ္စစ္ စီးကူးေစႏိုင္တဲ့ သတၱဳေတြ အမ်ားႀကီးပါတာေၾကာင့္ အိမ္အျပင္ဘက္မွာ အသုံးျပဳခဲ့ရင္ အဲ့ဒီသတၱဳေတြက လွ်ပ္စီးမိုးႀကိဳးကို ဖမ္းယူႏိုင္တယ္လို႔ လူတခ်ိဳ႕က ထင္ျမင္ယူဆၾကပါတယ္။

တကယ္ေတာ့ မိုဘိုင္းဖုန္းဟာ စြမ္းအင္(ဗို႔အား)နည္းတဲ့ ပစၥည္းသာျဖစ္ၿပီး မိုးႀကိဳးကို ဖမ္းယူပစ္ခတ္ခံရေစႏိုင္ေလာက္တဲ့ သြင္ျပင္ပစၥည္း ဘာတစ္ခုမွ မပါရွိပါဘူး။ ၂၀၀၆ ခုႏွစ္မွာ ကမာၻတဝွမ္းမွာရွိတဲ့ မီဒီယာေတြ(ဘီဘီစီသတင္းဌာနနဲ႔ ၿဗိတိသွ် ေဆးပညာဂ်ာနယ္)က ဒီကိစၥကို စိတ္ဝင္တစားရွိခဲ့ၾကတာေၾကာင့္ အေမရိကန္ သမုဒၵရာႏွင့္ ေလထုတိုင္းတာေရး ၫႊန္ၾကားေရးဌာန (US National Oceanic and Atmospheric Administration) (NOAA) က `မိုဘိုင္းဖုန္း သယ္ယူကိုင္ေဆာင္တဲ့ လူေတြဟာ *မိုဘိုင္းဖုန္းေၾကာင့္* မိုးႀကိဳးလွ်ပ္စီးပစ္ခတ္တာ မခံရႏိုင္ပါဘူး´ လို႔ တရားဝင္ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

“ဆဲလ္ဖုန္းေတြ၊ ေသးငယ္တဲ့လွ်ပ္စစ္ပစၥည္းေတြ၊ လက္ဝတ္ရတနာ ေက်ာက္မ်က္ စတာေတြက မိုးႀကိဳးလွ်ပ္စီးကို ဆြဲမယူ၊ ဖမ္းမယူႏိုင္ပါဘူး။ အဲ့ဒီ ဘယ္အရာကမွ မိုးႀကိဳးကို မဆြဲေခၚႏိုင္ပါဘူး… မိုးႀကိဳးက ရွည္ထြက္ေနတဲ့၊ ပတ္ဝန္းက်င္ထက္ ျမင့္တက္ေနတဲ့ အရာေတြကိုသာ ပစ္ခတ္တာပါ ” လို႔ အေမရိကန္ သမုဒၵရာႏွင့္ ေလထုဖိအားတိုင္းတာေရး ၫႊန္ၾကားေရးဌာနရဲ႕ အမ်ိဳးသား မိုးေလဝသႏွင့္လွ်ပ္စီးမိုးႀကိဳး ကြၽမ္းက်င္ပညာရွင္ ဂြၽန္ ဂ်င္ဆီးနီးယပ္စ္ (John Jensenius) ကေျပာပါတယ္။ “လူေတြက အခ်ိန္နဲ႔ ေနရာ မွားယြင္းတဲ့ ေနရာကိုေရာက္ေနလို႔ မိုးႀကိဳးပစ္ခံၾကရတာပါ။ ေနရာမွားတယ္ဆိုတာက အိမ္အျပင္ရဲ႕ ဘယ္ေနရာကိုပဲျဖစ္ျဖစ္ ေရာက္ေနတာပါ… အခ်ိန္မွားတယ္ဆိုတာက ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ မိုးႀကိဳးမုန္တိုင္း ျဖစ္ေနတဲ့အခ်ိန္ အနီးအနားကိုေရာက္ေနၾကလို႔ပါ…” လို႔ သူက ဆက္ေျပာပါတယ္။

ဒီ မိုဘိုင္းဖုန္းေၾကာင့္ မိုးႀကိဳးပစ္ခံရတယ္ဆိုတဲ့ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္လာတာဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ ကစခဲ့ၿပီး အင္တာနက္ သတင္းအမွားေၾကာင့္ ျဖစ္လာခဲ့တာျဖစ္ပါတယ္။ အခုေတာ့ ၿမိဳ႕ျပဒဏၰာရီ တစ္ခုအျဖစ္ပဲ မွတ္မိေစပါေတာ့တယ္။ ေဆးပညာရွင္တစ္ဦးကလည္း ဒီသတင္းအမွားႀကီးကို ေကာင္းေကာင္းသတိထားမိတာေၾကာင့္မို႔ ေသခ်ာေထာက္ျပခဲ့ပါတယ္… ခ်ီကာဂိုမွာရွိတဲ့ Illnois တကၠသိုလ္၊ အေရးေပၚေဆးပညာႏွင့္ ဇီဝအင္ဂ်င္နီယာဌာနက တြဲဖက္ပါေမာကၡ ေဒါက္တာ ေမရီအန္း ကူးပါး(Dr. Mary Ann Cooper- Associate Professor, Departments of Emergency Medicine and Bioengineering, University of Illinois in Chicago)က သူ႔ရဲ႕ မိုးႀကိဳးဒဏ္ရာ(paper on lightening Injury) စာတမ္းမွာ ဒီအခ်က္အလက္ေတြကို ေထာက္ျပခဲ့တာပါ။

“ေဆးပညာစာေပေတြနဲ႔ ေဆးပညာလက္ေတြ႕လုပ္ေဆာင္မႈေတြဟာ သတင္းအခ်က္အလက္ေတြကို မွားယြင္း အဓိပၸါယ္ေကာက္ယူမႈေတြ ဒါမွမဟုတ္ မွားယြင္းရည္ၫႊန္းမႈေတြ၊ မွားယြင္းဖတ္မွတ္မႈေတြလို ယုံမွားဒဏၰာရီေတြကို အလွပဆုံး ေျဖရွင္းႏိုင္ပါတယ္… ေနာက္ၿပီး အဲ့ဒီအရာေတြကိုလည္း စမ္းသပ္စစ္ေဆးစရာမလိုဘဲ က်ယ္က်ယ္ျပန႔္ျပန႔္ ဆက္လက္ေဆာင္႐ြက္ျပႏိုင္ပါတယ္…”

ေလ့လာေတြ႕ရွိရတဲ့ဒဏ္ရာအမ်ိဳးအစားေတြကိုလည္း ေကာင္းေကာင္းနားလည္ သိရွိၿပီးျဖစ္တယ္လို႔လည္း ေဒါက္တာေမရီအန္းကူးပါးက ေျပာၿပီး ဒီလိုဆက္လက္ေထာက္ျပပါတယ္… “ဆဲလ္ဖုန္းေတြမွာ ဘယ္လို မိုးႀကိဳးလွ်ပ္စီးအႏၲရာယ္မွ မရႏိုင္ပါဘူး။ ဆဲလ္ဖုန္းအသုံးျပဳေနတုန္း မိုးႀကိဳးအပစ္ခံရတဲ့ လူေတြရွိတယ္လို႔ မွတ္တမ္းေတြအမ်ားႀကီးရွိေပမယ့္အဲ့ဒီမွတ္တမ္းေတြဟာ ေနရာအႏွံ႔မွာ ဆဲလ္ဖုန္း အသုံးျပဳေနသူေတြ အမ်ားႀကီးရွိေနတယ္ဆိုတာကိုပဲ ကိုယ္စားျပဳေဖာ္ျပႏိုင္ပါတယ္။ ဒီလို ဖုန္းအသုံးျပဳရင္း မိုးႀကိဳးအပစ္ခံရတယ္ ဆိုတာဟာ အဲ့ဒီအသုံးျပဳသူဟာ ရာသီဥတုအေျခအေနကို သတိမမူမိတဲ့ သူေတြပဲျဖစ္ၿပီး သူတို႔ရဲ႕ဖုန္းသက္သက္ကိုေတာ့ မိုးႀကိဳးလွ်ပ္စီးက ဘာမွ မလုပ္ႏိုင္ပါဘူး…”

“မိုးႀကိဳးလွ်ပ္စီးဟာ ႀကိဳးဖုန္းေတြကိုပဲ သက္ေရာက္ထိခိုက္ေစတာျဖစ္ၿပီး မိုဘိုင္းဖုန္းေတြကိုေတာ့ ဘာမွ မျဖစ္ေစပါဘူး” လို႔ ေဒါက္တာေမရီက ရွင္းလင္းေျပာၾကားပါတယ္။

ၾသစေတးလ် မိုးႀကိဳးကာကြယ္ေရးစံႏႈန္း

(Australian Lightning Protection Standard)

`မုန္တိုင္းတိုက္ေနတဲ့အခ်ိန္မွာ မိုဘိုင္းဖုန္းေတြကို မသုံးရဘူးဆိုတာ မမွန္ပါဘူး´ လို႔ ၾသစေတးလ် မိုးႀကိဳးကာကြယ္ေရး စံႏႈန္းက အႀကံျပဳပါတယ္… ၂၀၀၆ ခုႏွစ္မွတ္တမ္းအရ ၿဗိတိသွ်ေဆးပညာဂ်ာနယ္ဟာ မုန္တိုင္းတိုက္ေနတဲ့အခ်ိန္မွာ မိုဘိုင္းဖုန္းေတြ မသုံးသင့္ဘူးလို႔ မွားယြင္းေဖာ္ျပခဲ့ဖူးပါတယ္… ဒီစံႏႈန္းကေတာ့ အဲ့ဒီလိုမွားယြင္းတဲ့ အႀကံေပးခ်က္ေတြကို လုံးဝမေပးပါဘူး။(AS/NZS 1768-2003)

စံႏႈန္းအႀကံေပးတာက လူေတြကို မိုးႀကိဳးမုန္တိုင္းတိုက္ခတ္စဥ္မွာ ႀကိဳးဖုန္းေတြကို လုံးဝအသုံးမျပဳဘဲ မိုဘိုင္းဖုန္းေတြကိုပဲ အသုံးျပဳဖို႔ပဲ ျဖစ္ပါတယ္… ဘာလို႔လဲဆိုေတာ့ ႀကိဳးဖုန္းေတြဟာ မိုးႀကိဳးအႏၲရာယ္ရွိၿပီး ထိခိုက္ေစႏိုင္တယ္ဆိုတာ ေကာင္းေကာင္း သိရွိထားလို႔ပဲျဖစ္ပါတယ္။တကယ့္ အႏၲရာယ္မ်ားတဲ့ အခ်က္ကေတာ့ တစ္ေယာက္ေယာက္ကို မိုးႀကိဳးမုန္တိုင္းေၾကာင့္ ထိခိုက္ဒဏ္ရာရခဲ့ရင္ လူေတြဟာ အေရးေပၚဌာနကိုဆက္သြယ္ဖို႔အတြက္ မိုဘိုင္းဖုန္း ကိုယ့္ဆီမွာရွိမေနတာပဲျဖစ္ပါတယ္။

Credit – Dr.Nay Linn Aung (Pyaw Bwe)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top