ကွမ်းအရမ်းကြိုက်၊ စားသူများအတွက် ကွမ်းယာဖြတ်ဆေး (မိမိလက်တွေ့)

ကွမ်းအရမ်းကြိုက်၊ စားသူများအတွက် ကွမ်းယာဖြတ်ဆေး (မိမိလက်တွေ့)

[Zawgyi version]

ကြမ္းစားသူမ်ားအတြက္ ကြမ္းယာျဖတ္ေဆး မိမိလက္ေတြ႕

ျမန္မာလူမ်ိဳး ေတာ္ေတာ္မ်ားမ်ား ကြမ္းအလြန္ႀကိဳက္ၾက၏။ ေခတ္ကာလအရ က်န္းမာေရးေတြ႕ရွိခ်က္မ်ား၌ ကြမ္းသမားအခ်ိဳ႕ ကင္ဆာ ျဖစ္ေနၾကေလသည္။ ကြမ္းႀကိဳက္သူမ်ားတြင္ မိမိကိုယ္တိုင္လည္း ပါ၏။ တစ္ေန႔ ၂၀၀၀ က်ပ္ဖိုးေလာက္ ကုန္ပါသည္။ အခ်ိဳ႕ဆိုလွ်င္ တစ္ေန႔ ၅၀၀၀ က်ပ္ေလာက္ ကုန္သည္ဟုလည္း ဆိုသည္။

ကြမ္းသီး၊ ကြမ္း႐ြက္၊ ထုံး၊ ေဆး႐ြက္ႀကီးမွ စကာ ကြမ္းယာေဆး အမ်ိဳးမ်ိဳး ကိုေျပာင္း၍ စားသုံးမိ၏။ ၉၂။ ဆာဂါ။ ပါရာဂ်က္။ ၁၆၂။ စီကနဲ အမ်ိဳးမ်ိဳး အဖုံဖုံ ႏွပ္ေဆးလည္း စုံျပန္သည္။ အတိအက် မရွိေသာ ထုံးစပ္နည္းႏွင့္ အတူ ကြမ္းသီးစိတ္ မႈိတက္သည္လည္း ပါေပလိမ့္မည္။ အခ်ိဳ႕ ကြမ္းယာဆိုင္တို႔ကလည္း သန႔္သန႔္ျပန႔္ျပန႔္ ေရာင္းခ်သည္လည္း ရွိ၏။

တင္ျပလိုသည္မွာ ယခုေနာက္ပိုင္း ကြမ္းယာေၾကာင့္ ကင္ဆာ အေတာ္မ်ားမ်ား ျဖစ္ေနၾကသည္ဆိုေသာ သတင္းမ်ားႏွင့္အတူ လက္ေတြ႕ ပတ္ဝန္းက်င္တြင္ ပါးစပ္၊ လွ်ာ၊ ပါးေစာင္ကင္ဆာ ျဖစ္ေနၾကသည္ကို ကိုယ္တိုင္ ျမင္ေတြ႕ေနရျခင္း ျဖစ္ေတာ့သည္။

ထိုေၾကာင့္ ကြမ္းျဖတ္ခ်င္လွပါသည္။ ခက္သည္က ထမင္းစားၿပီးသည္ႏွင့္ ကြမ္းတစ္ယာ ငုံရလွ်င္ ျပည့္စုံသြားသည္။ လက္ဖက္ရည္ပဲ ေသာက္ေသာက္။ မုန႔္ဟင္းခါး စားစား။ ဘာပဲစားစား စားၿပီးတိုင္း ကြမ္းမစားရပါလွ်င္ အဆင္မေျပ ခံတြင္းတစ္ခုလုံး ေနမထိ ထိုင္မထိ ခ်ဥ္သလိုလို ခြၽဲသလို ဒုကၡမ်ိဳး ကြမ္းသမားတိုင္း ႀကဳံရသည္ခ်ည္းသာ။ ထိုအျဖစ္က ကြမ္းႀကိဳက္သူတိုင္း သိ၏။

ႏွစ္ေပါင္းမ်ားစြာ စြဲလန္းႏွစ္ၿခိဳက္ေသာ ကြမ္းကို မည္သို႔ ျဖတ္မည္နည္း။ ထိုျပင္ လူၾကားထဲ ကြမ္းေၾကာင့္ အခက္ေတြ႕ရတတ္သည္။ သြားမ်ားသည္လည္း နီရာကညစ္ အမည္းဂ်ိဳးႏွစ္တို႔ ကပ္ေနျပန္သည္။

ထိေရာက္ေသာ ကြမ္းျဖတ္နည္းေလးအား တင္ျပလိုပါသည္။

၁။ ျဖတ္ခ်င္ေသာ စိတ္ဆႏၵရွိရန္ အထူးလိုျခင္း

၂။ ေဆးမင္းရာဇာ (ေဆးဘုရင္) ပင္မွ အ႐ြက္စိမ္းကို အသုံးျပဳရန္

၃။ အ႐ြက္မွာ အနံ႔အေတာ္ျပင္းၿပီး စိမ္းေ႐ြပါသည္။ ထမင္းစားၿပီးတိုင္း လက္ဖက္ရည္ ေသာက္ၿပီးတိုင္း ကြမ္းယာ စားခ်င္လိုေသာ ဆႏၵရွိေလတိုင္း ေဆးမင္းရာဇာ႐ြက္ (၂) ႐ြက္ကို လွ်ာေပၚတင္ ႀကိတ္ဝါးၿပီးပါးေစာင္တြင္ ငုံထားပါ။ ကြမ္းစားခ်င္ေသာ စိတ္ေပ်ာက္ကြယ္ၿပီး ေနထိုင္ႏိုင္ျခင္း ျဖစ္ပါလိမ့္မည္။

၄။ အ႐ြက္ရည္ကို ၿမိဳခ်လည္း ရပါသည္။ ေထြးထုတ္လည္း ျဖစ္ပါသည္။ အနံ႔ဆိုးပါသည္ လက္ေတြ႕ စမ္းၾကည့္ပါ။

၅။ (၅) ရက္ေလာက္သာ တင္ျပပါနည္းကို စိတ္ယုံၾကည့္ခ်က္ျဖင့္ လုပ္ေဆာင္လိုက္ပါ ကြမ္းအမွန္ ျပတ္ပါေၾကာင္း။

လိုသူယူသုံး ေစတနာအၿပဳံးျဖင့္

ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

Credit – ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)

[Unicode version]

ကွမ်းစားသူများအတွက် ကွမ်းယာဖြတ်ဆေး မိမိလက်တွေ့

မြန်မာလူမျိုး တော်တော်များများ ကွမ်းအလွန်ကြိုက်ကြ၏။ ခေတ်ကာလအရ ကျန်းမာရေးတွေ့ရှိချက်များ၌ ကွမ်းသမားအချို့ ကင်ဆာ ဖြစ်နေကြလေသည်။ ကွမ်းကြိုက်သူများတွင် မိမိကိုယ်တိုင်လည်း ပါ၏။ တစ်နေ့ ၂၀၀၀ ကျပ်ဖိုးလောက် ကုန်ပါသည်။ အချို့ဆိုလျှင် တစ်နေ့ ၅၀၀၀ ကျပ်လောက် ကုန်သည်ဟုလည်း ဆိုသည်။

ကွမ်းသီး၊ ကွမ်းရွက်၊ ထုံး၊ ဆေးရွက်ကြီးမှ စကာ ကွမ်းယာဆေး အမျိုးမျိုး ကိုပြောင်း၍ စားသုံးမိ၏။ ၉၂။ ဆာဂါ။ ပါရာဂျက်။ ၁၆၂။ စီကနဲ အမျိုးမျိုး အဖုံဖုံ နှပ်ဆေးလည်း စုံပြန်သည်။ အတိအကျ မရှိသော ထုံးစပ်နည်းနှင့် အတူ ကွမ်းသီးစိတ် မှိုတက်သည်လည်း ပါပေလိမ့်မည်။ အချို့ ကွမ်းယာဆိုင်တို့ကလည်း သန့်သန့်ပြန့်ပြန့် ရောင်းချသည်လည်း ရှိ၏။

တင်ပြလိုသည်မှာ ယခုနောက်ပိုင်း ကွမ်းယာကြောင့် ကင်ဆာ အတော်များများ ဖြစ်နေကြသည်ဆိုသော သတင်းများနှင့်အတူ လက်တွေ့ ပတ်ဝန်းကျင်တွင် ပါးစပ်၊ လျှာ၊ ပါးစောင်ကင်ဆာ ဖြစ်နေကြသည်ကို ကိုယ်တိုင် မြင်တွေ့နေရခြင်း ဖြစ်တော့သည်။

ထိုကြောင့် ကွမ်းဖြတ်ချင်လှပါသည်။ ခက်သည်က ထမင်းစားပြီးသည်နှင့် ကွမ်းတစ်ယာ ငုံရလျှင် ပြည့်စုံသွားသည်။ လက်ဖက်ရည်ပဲ သောက်သောက်။ မုန့်ဟင်းခါး စားစား။ ဘာပဲစားစား စားပြီးတိုင်း ကွမ်းမစားရပါလျှင် အဆင်မပြေ ခံတွင်းတစ်ခုလုံး နေမထိ ထိုင်မထိ ချဉ်သလိုလို ချွဲသလို ဒုက္ခမျိုး ကွမ်းသမားတိုင်း ကြုံရသည်ချည်းသာ။ ထိုအဖြစ်က ကွမ်းကြိုက်သူတိုင်း သိ၏။

နှစ်ပေါင်းများစွာ စွဲလန်းနှစ်ခြိုက်သော ကွမ်းကို မည်သို့ ဖြတ်မည်နည်း။ ထိုပြင် လူကြားထဲ ကွမ်းကြောင့် အခက်တွေ့ရတတ်သည်။ သွားများသည်လည်း နီရာကညစ် အမည်းဂျိုးနှစ်တို့ ကပ်နေပြန်သည်။

ထိရောက်သော ကွမ်းဖြတ်နည်းလေးအား တင်ပြလိုပါသည်။

၁။ ဖြတ်ချင်သော စိတ်ဆန္ဒရှိရန် အထူးလိုခြင်း

၂။ ဆေးမင်းရာဇာ (ဆေးဘုရင်) ပင်မှ အရွက်စိမ်းကို အသုံးပြုရန်

၃။ အရွက်မှာ အနံ့အတော်ပြင်းပြီး စိမ်းရွေပါသည်။ ထမင်းစားပြီးတိုင်း လက်ဖက်ရည် သောက်ပြီးတိုင်း ကွမ်းယာ စားချင်လိုသော ဆန္ဒရှိလေတိုင်း ဆေးမင်းရာဇာရွက် (၂) ရွက်ကို လျှာပေါ်တင် ကြိတ်ဝါးပြီးပါးစောင်တွင် ငုံထားပါ။ ကွမ်းစားချင်သော စိတ်ပျောက်ကွယ်ပြီး နေထိုင်နိုင်ခြင်း ဖြစ်ပါလိမ့်မည်။

၄။ အရွက်ရည်ကို မြိုချလည်း ရပါသည်။ ထွေးထုတ်လည်း ဖြစ်ပါသည်။ အနံ့ဆိုးပါသည် လက်တွေ့ စမ်းကြည့်ပါ။

၅။ (၅) ရက်လောက်သာ တင်ပြပါနည်းကို စိတ်ယုံကြည့်ချက်ဖြင့် လုပ်ဆောင်လိုက်ပါ ကွမ်းအမှန် ပြတ်ပါကြောင်း။

လိုသူယူသုံး စေတနာအပြုံးဖြင့်

ရဲမျိုးသူ(ဗောဓိမြိုင်)

Credit – ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top