ကိုယ်တိုင်လုပ်ပြီး စိတ်ချလက်ချစားဖို့ စားတော်ပဲပြုတ်လုပ်နည်း

ကိုယ်တိုင်လုပ်ပြီး စိတ်ချလက်ချစားဖို့ စားတော်ပဲပြုတ်လုပ်နည်း

[Zawgyi version]

စားေတာ္ပဲျပဳတ္နည္း

လြယ္လြယ္ကူကူ ႐ိုး႐ိုးရွင္းရွင္းပါပဲ။ အရင္ဆုံး ေရေႏြးနဲ႔ ေရေအးကို ၾကက္သီးေႏြးေလး ေရာစပ္ပါ။ ေရထဲ လက္ႏွစ္ၾကည့္လိုက္ရင္ ကိုယ့္လက္အပူခံႏိုင္တဲ့ အေနအထားေလးေပါ့။ ၿပီးရင္ အဲ့ဒီေရထဲ စားေတာ္ပဲကို ၃နာရီၾကာေအာင္ ေရစိမ္ပါ။

၃နာရီျပည့္ရင္ ဆယ္ၿပီး စကာေလးနဲ႔ ေရစစ္ၿပီး အေပၚက အဝတ္ပါးေလး အုပ္ထားပါ။ မနက္တႀကိမ္ ညတႀကိမ္ ေရေလာင္းေပးပါ။ ေနာက္ေန႔ဆို ပဲေညာွင့္ေလးေတြ ေပါက္လာပါၿပီ။ ဒါဆို ပဲျပဳတ္လို႔ ရပါၿပီ။


ေရေႏြးကို အရင္ဆုံး ဆူေအာင္ တည္ပါ။ မုန႔္လုပ္ ထန္းလ်က္အညိဳ ၂ခဲ ေရေႏြးထဲေပ်ာ္သြားေအာင္ ေမႊေပးၿပီးရင္ ပဲထည့္ျပဳတ္ပါ။ ဆားေဆာ္ဒါ လဖက္ရည္ ဇြန္းတဝက္ ထည့္ပါ။ သၾကား ဟင္းစားဇြန္း တဝက္ထည့္ပါ။ ဆီ ဟင္းစားဇြန္း ၁ဇြန္းေလာက္ ထည့္ပါ။ ဆား ဇြန္းဖ်ားနဲ႔ နည္းနည္းထည့္ပါ။ ပဲနဲ႔ေရကို အတိျဖစ္ေအာင္ ထည့္ပါ။ ေရပို မထည့္မိပါေစနဲ႔။ ေရခမ္းလာရင္ တခ်ိဳ႕က ပဲကို စကာနဲ႔ စစ္ၿပီး ေရေႏြးေငြ႕နဲ႔ ျပန္တည္ၾကတယ္။

ေရခမ္းသြားရင္ ထမင္းအိုးႏွပ္သလို မီးေအးနဲ႔ ေရခမ္းအေငြ႕ထြက္ေအာင္ ထားပါတယ္။ စိတ္ထဲ ပိုေမႊးတယ္လို႔ ထင္တယ္။ ပဲကို ေပါင္းအိုးခြက္နဲ႔ ၂ခြက္ဆို အမ်ားႀကီးရပါတယ္။ ပဲျပဳတ္ေနစဥ္ ဇြန္းနဲ႔ မေမႊနဲ႔ေနာ္။ ပဲကမက်က္ပဲ ဆတ္ေတာက္ႀကီး ျဖစ္တတ္ပါတယ္။

Credit – Pan Kankayae

[Unicode version]

စားတော်ပဲပြုတ်နည်း

လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက်အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။

၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။ နောက်နေ့ဆို ပဲညောှင့်လေးတွေ ပေါက်လာပါပြီ။ ဒါဆို ပဲပြုတ်လို့ ရပါပြီ။

ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ။ သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။

ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော်။ ပဲကမကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။

Credit – Pan Kankayae

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top