မအောင်မြင်သော ဈေးဆိုင်များ၏ အလွဲများ

မအောင်မြင်သော ဈေးဆိုင်များ၏ အလွဲများ

(၁) ဖွင့်လှစ်ရောင်းချသည့် နေရာနှင့် ကုန်စည် လိုက်လျောညီထွေ မှုမရှိခြင်း။ ဥပမာ – ဆောက်လုပ်ရေးပစ္စည်းဆိုင်အား လမ်းကြိုလမ်းကြား ဖွင့်ထားခြင်း။ တန်ဖိုးကြီးပစ္စည်း အရောင်းဆိုင်အား ဆင်းရဲသား လက်လုပ်လက်စား ရပ်ကွက်မှာ ဖွင့်လှစ်ခြင်း။

(၂) ပြောဆိုဆက်ဆံရေး ညံဖျင်းခြင်း စိတ်မရှည်ခြင်း၊ ရှင်းမပြချင်ခြင်း၊ တစ်ခုမှ နှစ်ခု မပြလိုခြင်း။ ဒီဟာက ဈေးကြီးတယ် စသဖြင့် ဈေးဝယ်အား နှိမ့်ချပြောဆိုခြင်း။

(၃) ဈေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်း

(၄) မိမိရောင်းချသော ကုန်စည်များအား မိမိကိုယ်တိုင် ထဲထဲဝင်ဝင် သိနားလည်မှု မရှိခြင်း။

(၅) ဈေးဝယ်သူမှ မြင်နိုင်သောနေရာတွင် အချိန်ပြည့်မနေထိုင်ခြင်း။ ဆိုင်ပစ်၍ အနီးအပါးသွားရောက် စကားစမြည် ပြောဆိုနေခြင်း။ အခြားအလုပ် တခုခုလုပ်ကိုင်နေခြင်း။ TV ကြည့်နေခြင်း။

(၆) လွှဲအပ်ထားသော ဝန်ထမ်းထားရှိပါက ဝန်ထမ်းအား ကြပ်မတ်စစ်ဆေးမှု မပြုခြင်း။ ဝန်ထမ်းများ အားလပ်နေသော အချိန်များတွင် လုပ်ငန်းအကြောင်း နားလည်သထက် နားလည်စေရန် သင်ကြား ပြသပေးမှု၊ လေ့ကျင့်ပေးမှု မရှိခြင်း။

(၇) စာရင်းအင်း မထားရှိခြင်း၊ သို့မဟုတ် စာရင်းအင်း အချိန်မှန်မှန်မပြုလုပ်ခြင်း။

(၈) ဒေသအတွင်းရှိ ရပ်ကွက်အတွင်းရှိ အခြားသော အရောင်းဆိုင်များ၏ အခြေအနေ လုပ်ပုံကိုင်ပုံအား လေ့လာမှု မပြုခြင်း။

(၉) ဈေးဝယ်များ (တနည်း) ဝယ်ယူသူများ၏ အသံများ တောင်းဆိုချက်များကို လျစ်လျူရှုခြင်း။ မည်သည့်ကုန်စည်ကို အမေးအမြန်းများနေသည်ကို မှတ်သားမထားခြင်း။

(၁၀) မိမိသာ မှန်သည်ဟု ထင်မြင်ခြင်း။ မိမိ၏ စီးပွားရေးမှာ အတန်ငယ် တိုးတက်မှု ရသည်ကိုပင်လျှင် ရောင့်ရဲနေခြင်း။ အနာဂါတ်ကို မျော်မှန်းကြည့်ရှုမှု မပြုလုပ်ခြင်း။ နောင်ဖြစ်လာမည့် ဈေးကွက် အနေအထားကို သိရှိရန် လေ့လာမှု၊ ဆင်ခြင်သုံးသပ်မှု မပြုလုပ်ခြင်း။

(၁၁) ပြိုင်ဘက်များကို အထင်အမြင်သေးခြင်း။

(၁၂) မတော်တဆ ပေါ်ပေါက်လာနိုင်သည့် ပြဿနာအမျိုးမျိုးအတွက် အရံငွေကြေး စုဆောင်းမှု မရှိခြင်း။

(၁၃) ပိုမိုစုံလင်သော ကုန်စည်များကို ရောင်းချပေးနိုင်စေရေး အသစ်အသစ်သော လက်ကား ရောင်းချသူများကို ရှာဖွေမှု မရှိခြင်း။

(၁၄) ရောင်းပြီးကုန်စည်များ၊ ကျန်ရှိကုန်စည်များ၊ ရောင်းအားကျနေသော ကုန်စည်များ၊ ရောင်းအား အသွက်ဆုံး ကုန်စည်များစသည့် ကုန်စည်နှင့် ဆိုင်သော အချက်အလက်များအား စုဆောင်းပြုစု ထားရှိမှု မရှိခြင်း။

(၁၅) ရောင်းမထွက်သော Expire ဖြစ်နေသော ကုန်စည်များ ကုန်စည် အဟောင်းများကို ဖယ်ထားခြင်း ရှင်းလင်းခြင်းမရှိဘဲ ဝယ်သူအား ဇွတ်ထိုးထည့်ပေးခြင်း။

(၁၆) မိမိဆိုင်မှ ဝယ်ယူသူများအား ရောင်းပြီးလျှင်ပြီးရော နောက်ပြန်လှည့် ကြည့်ရှုမှုမရှိခြင်း။ after sales service မရှိခြင်း။ စေတနာ နည်းပါးခြင်း စသည်တို့ ဖြစ်ပါသည်။

Credit – Ko Zaw Htoo

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top