ဗဟုတုသ

အမေရိကန် သမ္မတတစ်ယောက် လုပ်ခွင့်မရှိသော အရာများအကြောင်း

(Unicode)
အမေရိကန် သမ္မတတစ်ယောက် လုပ်ခွင့်မရှိသောအရာများ

အမေရိကန်သမ္မတဆိုတာ သူ့နိုင်ငံမှာတင်မက ကမ္ဘာတစ်ဝန်းမှာပါ လုပ်ပိုင်ခွင့် အလွန်မြင့်မားသူပါ။ ဒါပေမယ့် အမေရိကန်သမ္မတတစ်ယောက်ရဲ့ တစ်ကိုယ်ရည် လွတ်လပ်ခွင့်တွေကိုတော့ အမျိုးမျိုး တားမြစ် ကန့်သတ်ထားတာကို တွေ့ရပါတယ်။

Secret Service ကို အသိမပေးဘဲ ဖုန်းပြောလို့မရပါဘူး။ ကျွန်တော်တို့ကတော့ သူငယ်ချင်းတွေ၊ မိသားစုဝင် တွေကို ဖုန်းပြောချင်ရင် ဟန်းဖုန်းဆွဲထုတ်ပြီးပြောရုံပါပဲ။ အမေရိကန်သမ္မတကတော့ အထူးဖုန်းလိုင်းကိုပဲ အသုံးပြုခွင့်ရှိပါတယ်။ သမ္မတရဲ့ဖုန်းခေါ်ဆိုမှု၊ ဗီဒီယိုချက်တင်ခေါ်ဆိုမှုတွေအားလုံးရဲ့လုံခြုံရေးကို Secret Service က နက်နက်ရှိုင်းရှိုင်းကို လုံခြုံရေးယူထားပါတယ်။ ရုပ်ရှင်ရုံကိုသွားပြီး ရုပ်ရှင်ကြည့်ခွင့် မရှိပါဘူး။ သမ္မတပဲ၊ သူကြည့်ချင်တဲ့ ရုပ်ရှင်ကို အိမ်ဖြူတော်ကို ယူလာပေးမှာပေါ့။ အိမ်ဖြူတော်ထဲက အထူးရုပ်ရှင်ခန်းမမှာပဲ ကြည့်လို့ရပါတယ်။ သာမန်လူတွေလို မိန်းမရေ၊ ရုပ်ရှင် သွားကြည့်ရအောင်ဟေ့ ဆိုပြီး သမ္မတကြီး ထွက်သွားလို့မရပါဘူး။

ညစာထွက်စားချင်တိုင်း စားလို့မရပါဘူး။ သမ္မတကြီး ညစာထွက်စားတော့မယ်ဆိုရင် Secret Service က အဲဒီဆိုင်ကို လုံခြုံရေး ကြိုယူရပါမယ်။ အဲဒါ ရက်နဲ့ချီပြီး ကြာနိုင်ပါတယ်။ ဒါ့အပြင် အစားအသောက်တွေ ဘေးကင်းမကင်း မြည်းစမ်းပေးမယ့် အမြည်းတော် မရှိရင်လည်း အပြင်မှာ စားခွင့်မရှိပါဘူး။

ကားမောင်းခွင့်မရှိပါဘူး။ သမ္မတကြီးရဲ့ စီးတော်ယာဉ်ဟာ အထူးပြုလုပ်ထားတဲ့ ကားဖြစ်ပါတယ်။ အဲဒီကားကို အထူးလေ့ကျင့်ထားတဲ့ ယာဉ်မောင်းကပဲ မောင်းနှင်ခွင့်ရှိပါတယ်။ အရေးပေါ် အခြေအနေ အရပ်ရပ်မှာ ဘယ်လိုတုန့်ပြန်ရမယ်၊ ဘယ်လိုမောင်းရမယ်၊ အန္တရာယ်ကြားက ဘယ်လိုရုန်းထွက်ရမယ် အစရှိတာတွေကို အစွမ်းကုန်လေ့ကျင့်ထားတဲ့ ယာဉ်မောင်းကပဲ မောင်းရပါမယ်။ သမ္မတကြီးက လမ်းလျှောက်လို့ရပါတယ်။ စက်ဘီးစီးလို့ ရပါတယ်။ အခြားစက်တပ်ယာဉ်တွေကို မောင်းနှင်ခွင့် မရှိပါဘူး။ အမေရိကန်သမ္မတွေက သမ္မရာထူးကို စွန့်ခွာပြီးရင်တောင် ကားကို လွတ်လပ်စွာမောင်းနှင်ခွင့် မရှိပါဘူး။ Secret Service က သတ်မှတ်ထားတဲ့နေရာမှာပဲ အပျော်တမ်းမောင်းရတာပါ။ တစ်နည်းအားဖြင့် အမေရိကန်သမ္မတဖြစ်ပြီဆိုရင် သင့် ကားမောင်းနှင်ခွင့်ကို အမြဲတမ်းအတွက် စွန့်လွှတ်လိုက်ရတာနဲ့ အတူတူပါပဲ။

ကလေးတွေရဲ့ကျောင်းကပွဲတွေ၊ အားကစားပွဲတွေကို မတက်ရပါဘူး။ သား၊ သမီးတွေရဲ့ကျောင်းကပွဲတွေ၊ ဆုပေးပွဲတွေ၊ အားကစားပွဲတွေကို မိဘအနေနဲ့သွားပြီး အားပေးရတာ၊ အော်ဟစ်ရတာ၊ လက်ခုပ်တီးရတာ၊ ဒေါနဲ့မောနဲ့ ဝင်အော်ရတာ တကယ်အမှတ်ရစရာလေးပါ။ သို့သော် အမေရိကန်သမ္မတမှာ ဒါတွေကို လုပ်ပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့်လည်း အိမ်ဖြူတော်ဝင်းထဲမှာ ကျောင်းရှိပါတယ်။ သမ္မတရဲ့သား၊ သမီးတွေက အဲဒီကျောင်းမှာ တက်ကြပါတယ်။ ဘာကြောင့် လည်းဆိုတော့ သမ္မတသား၊သမီးတွေသာ ကျောင်းကိုကိုယ်တိုင်သွားတက်ရင် လုံခြုံရေးပေးဖို့က လုံးဝမလွယ်လို့ပါ။ သို့သော် သမ္မတိုင်းတော့ မဟုတ်ဘူးပေါ့။ အချို့သမ္မတတွေလည်း ကလေးကို ကျောင်းပို့ခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။

ဆိုရှယ်မီဒီယာတွေ၊ နည်းပညာတွေကို မသုံးရပါဘူး။ အိုဘားမားကို သူ့ Blackberry ဆက်မသုံးဖို့နဲ့ ထရမ့်ကို သူ့ Twitter ဆက်မသုံးဖို့ အကြံပြုခဲ့ပြီး ပြောမရတဲ့အဆုံး အတတ်နိုင်ဆုံးလျှော့သုံးဖို့၊ သုံးစွဲတဲ့ အင်တာနက်လိုင်း မှန်သမျှကိုလည်း Secrete Service က လုံခြုံရေးယူဖို့ လုပ်ခဲ့ရပါတယ်။ ဒါ့အပြင် အမေရိကန်သမ္မတတွေဟာ ဆိုရှယ်မီဒီယာမှာ လူတစ်ယောက်ကို Block ခွင့်မရှိပါဘူး။ အဲဒါ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့နေရာလို့ အမေရိကန်တွေက မြင်ပါတယ်။

အရပ်ဖက် လေကြောင်းတွေကို စီးလို့မရပါဘူး။ သမ္မတစီးဖို့ Air Force One ရှိပါတယ်။ ဒါပဲစီးရမှာပါ။ သွားချင်ရာကို သွားဖို့ လေယာဉ်လက်မှတ်ဝယ်၊ ဗီဇာရိုက်၊ ပတ်စပို့လုပ်၊ လေဆိပ်ကိုသတင်းပို့၊ ဒါတွေကို သမ္မတအနေနဲ့ လုပ်ခွင့်မရှိပါဘူး။ ဘယ်သွားသွား Air Force 1 နဲ့ပဲ သွားရပါမယ်။ Air Force One နဲ့ပဲ သွားရမယ်ဆိုလို့ Air Force One ဆိုတာ လေယာဉ်တစ်စီးပဲလို့ မထင်လိုက်ပါနဲ့။ သမ္မတစီးတဲ့လေယာဉ်ကို Air Force One လို့ခေါ်တာပါ။

ပြူတင်းပေါက် ဖွင့်ခွင့်မရှိပါ။ အိမ်ဖြူတော်၊ ရုံးခန်း၊ ဘယ်အခန်းပဲဖြစ်ဖြစ် ပြူတင်းပေါက်ဖွင့်ခွင့် မရှိပါဘူး။ ကားစီးရင်လည်း ကားပြူတင်းပေါက်ကို ဖွင့်ခွင့်မရှိပါဘူး။ လုံခြုံရေးအရပါ။ မီရှဲအိုဘားမားဟာ သူ့ရဲ့ နောက်ဆုံး နေ့တွေမှာ အိမ်ဖြူတော်ရဲ့ပြူတင်းပေါက်ကို ခဏလေးဖွင့်ပြီး အပြင်လောကကြီးကို အားပါးတရ ကြည့်ချင်လိုက်တာလို့ ပြောခဲ့ဖူးပါတယ်။ တစ်ခါတုန်းက သူတို့ Camp David ကိုသွားတော့ ပျော်အောင်လုပ်ပေးတဲ့အနေနဲ့ လုံခြုံရေး အကြီးအကဲက မီရှဲရဲ့ကားတံခါးမှန်ကို ၅ မိနစ်လောက် ဖွင့်ခွင့်ပေးခဲ့ဖူးပါတယ်။

ရုံးခန်းသန့်ရှင်းရေး လုပ်ခွင့်မရှိပါဘူး။ ကျွန်တော်တို့လို စားပွဲသုတ်၊ မျက်စိရှုပ်တဲ့ ပစ္စည်းတွေ၊ အမှိုက်တွေ၊ စက္ကူတွေကို လုံးခြေပြီးပစ်လို့မရပါဘူး။ ရုံးခန်းထဲက စက္ကူတစ်ပိုင်းစီကို အထူးလေ့ကျင့်ထားတဲ့အဖွဲ့က သေသေချာချာစိစစ်ပြီးတော့မှ ဖျက်ဆီးပါတယ်။ ဒါ့အပြင် ဒစ်ဂျစ်တယ်နည်းပညာနဲ့လည်း သမ္မတက ကိုယ်တိုင်ရှင်းခွင့်မရှိပါဘူး။ ဥပမာ email ထဲက စာတစ်စောင်ကို delete လုပ်ခွင့် မရှိပါဘူး။ သက်ဆိုင်ရာက စိစစ်ပြီးမှသာ delete လုပ်မှာဖြစ်ပါတယ်။ သို့သော် သမ္မတက သမ္မတပါပဲ။

တားမြစ်ထားတဲ့ကိစ္စတွေကို သမ္မတက အရမ်းကိုလုပ်ချင်နေတယ်ဆိုရင်တော့ Secret Service က အတတ်နိုင်ဆုံး လုံခြုံရေးယူပြီး ခွင့်ပြုပေးရပါတယ်။ ဥပမာ သမ္မတက သူ့သမီးလေးဖျားနေလို့ အိမ်ကို ပြန်ချင်တယ်၊ လမ်းတလျှောက်မှာ လုံခြုံရေးမလုပ်ရသေးဘူး၊ သို့သော် သမ္မတက အခုပဲပြန်မယ်ဆိုပြီး ဂျီကျရင်တော့ Secret Service က တရားဝင် လုံခြုံရေးအကူအညီတွေကိုခေါ်ပြီး လမ်းတလျှောက် သမ္မတကြီးနဲ့သူ့မိသားစုကို ကာကွယ်သွားမှာပါ။ အမေရိကန် သမ္မတဟာ Secret Service ရဲ့တားမြစ်ချက်ကို သူ့အာဏာနဲ့ပယ်နိုင်ပေမယ့် Secret Service ရဲ့အကာအကွယ်ကို မယူဘဲ ဘယ်ကိုမှ သွားခွင့် မရှိပါဘူး။ ဥပဒေနဲ့ တားမြစ်ထားပါကြောင်း အမေရိကန်သမ္မတတစ်ယောက် သူ့ရဲ့နေ့စဉ်ဘဝမှာ လုပ်ချင်ရာ လုပ်ခွင့်မရှိတာလေးတွေကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

Credit – TMK(သမန်းကျား) ရတနာပုံနေ့စဉ်

via – သုတဇုန်

(Zawgyi)
အေမရိကန္ သမၼတတစ္ေယာက္ လုပ္ခြင့္မရွိေသာအရာမ်ား

အေမရိကန္သမၼတဆိုတာ သူ႔ႏိုင္ငံမွာတင္မက ကမာၻတစ္ဝန္းမွာပါ လုပ္ပိုင္ခြင့္ အလြန္ျမင့္မားသူပါ။ ဒါေပမယ့္ အေမရိကန္သမၼတတစ္ေယာက္ရဲ႕ တစ္ကိုယ္ရည္ လြတ္လပ္ခြင့္ေတြကိုေတာ့ အမ်ိဳးမ်ိဳး တားျမစ္ ကန႔္သတ္ထားတာကို ေတြ႕ရပါတယ္။

Secret Service ကို အသိမေပးဘဲ ဖုန္းေျပာလို႔မရပါဘူး။ ကြၽန္ေတာ္တို႔ကေတာ့ သူငယ္ခ်င္းေတြ၊ မိသားစုဝင္ ေတြကို ဖုန္းေျပာခ်င္ရင္ ဟန္းဖုန္းဆြဲထုတ္ၿပီးေျပာ႐ုံပါပဲ။ အေမရိကန္သမၼတကေတာ့ အထူးဖုန္းလိုင္းကိုပဲ အသုံးျပဳခြင့္ရွိပါတယ္။ သမၼတရဲ႕ဖုန္းေခၚဆိုမႈ၊ ဗီဒီယိုခ်က္တင္ေခၚဆိုမႈေတြအားလုံးရဲ႕လုံၿခဳံေရးကို Secret Service က နက္နက္ရႈိင္းရႈိင္းကို လုံၿခဳံေရးယူထားပါတယ္။ ႐ုပ္ရွင္႐ုံကိုသြားၿပီး ႐ုပ္ရွင္ၾကည့္ခြင့္ မရွိပါဘူး။ သမၼတပဲ၊ သူၾကည့္ခ်င္တဲ့ ႐ုပ္ရွင္ကို အိမ္ျဖဴေတာ္ကို ယူလာေပးမွာေပါ့။ အိမ္ျဖဴေတာ္ထဲက အထူး႐ုပ္ရွင္ခန္းမမွာပဲ ၾကည့္လို႔ရပါတယ္။ သာမန္လူေတြလို မိန္းမေရ၊ ႐ုပ္ရွင္ သြားၾကည့္ရေအာင္ေဟ့ ဆိုၿပီး သမၼတႀကီး ထြက္သြားလို႔မရပါဘူး။

ညစာထြက္စားခ်င္တိုင္း စားလို႔မရပါဘူး။ သမၼတႀကီး ညစာထြက္စားေတာ့မယ္ဆိုရင္ Secret Service က အဲဒီဆိုင္ကို လုံၿခဳံေရး ႀကိဳယူရပါမယ္။ အဲဒါ ရက္နဲ႔ခ်ီၿပီး ၾကာႏိုင္ပါတယ္။ ဒါ့အျပင္ အစားအေသာက္ေတြ ေဘးကင္းမကင္း ျမည္းစမ္းေပးမယ့္ အျမည္းေတာ္ မရွိရင္လည္း အျပင္မွာ စားခြင့္မရွိပါဘူး။

ကားေမာင္းခြင့္မရွိပါဘူး။ သမၼတႀကီးရဲ႕ စီးေတာ္ယာဥ္ဟာ အထူးျပဳလုပ္ထားတဲ့ ကားျဖစ္ပါတယ္။ အဲဒီကားကို အထူးေလ့က်င့္ထားတဲ့ ယာဥ္ေမာင္းကပဲ ေမာင္းႏွင္ခြင့္ရွိပါတယ္။ အေရးေပၚ အေျခအေန အရပ္ရပ္မွာ ဘယ္လိုတုန႔္ျပန္ရမယ္၊ ဘယ္လိုေမာင္းရမယ္၊ အႏၲရာယ္ၾကားက ဘယ္လို႐ုန္းထြက္ရမယ္ အစရွိတာေတြကို အစြမ္းကုန္ေလ့က်င့္ထားတဲ့ ယာဥ္ေမာင္းကပဲ ေမာင္းရပါမယ္။ သမၼတႀကီးက လမ္းေလွ်ာက္လို႔ရပါတယ္။ စက္ဘီးစီးလို႔ ရပါတယ္။ အျခားစက္တပ္ယာဥ္ေတြကို ေမာင္းႏွင္ခြင့္ မရွိပါဘူး။ အေမရိကန္သမၼေတြက သမၼရာထူးကို စြန႔္ခြာၿပီးရင္ေတာင္ ကားကို လြတ္လပ္စြာေမာင္းႏွင္ခြင့္ မရွိပါဘူး။ Secret Service က သတ္မွတ္ထားတဲ့ေနရာမွာပဲ အေပ်ာ္တမ္းေမာင္းရတာပါ။ တစ္နည္းအားျဖင့္ အေမရိကန္သမၼတျဖစ္ၿပီဆိုရင္ သင့္ ကားေမာင္းႏွင္ခြင့္ကို အၿမဲတမ္းအတြက္ စြန႔္လႊတ္လိုက္ရတာနဲ႔ အတူတူပါပဲ။

ကေလးေတြရဲ႕ေက်ာင္းကပြဲေတြ၊ အားကစားပြဲေတြကို မတက္ရပါဘူး။ သား၊ သမီးေတြရဲ႕ေက်ာင္းကပြဲေတြ၊ ဆုေပးပြဲေတြ၊ အားကစားပြဲေတြကို မိဘအေနနဲ႔သြားၿပီး အားေပးရတာ၊ ေအာ္ဟစ္ရတာ၊ လက္ခုပ္တီးရတာ၊ ေဒါနဲ႔ေမာနဲ႔ ဝင္ေအာ္ရတာ တကယ္အမွတ္ရစရာေလးပါ။ သို႔ေသာ္ အေမရိကန္သမၼတမွာ ဒါေတြကို လုပ္ပိုင္ခြင့္မရွိပါဘူး။ ဒါေၾကာင့္လည္း အိမ္ျဖဴေတာ္ဝင္းထဲမွာ ေက်ာင္းရွိပါတယ္။ သမၼတရဲ႕သား၊ သမီးေတြက အဲဒီေက်ာင္းမွာ တက္ၾကပါတယ္။ ဘာေၾကာင့္ လည္းဆိုေတာ့ သမၼတသား၊သမီးေတြသာ ေက်ာင္းကိုကိုယ္တိုင္သြားတက္ရင္ လုံၿခဳံေရးေပးဖို႔က လုံးဝမလြယ္လို႔ပါ။ သို႔ေသာ္ သမၼတိုင္းေတာ့ မဟုတ္ဘူးေပါ့။ အခ်ိဳ႕သမၼတေတြလည္း ကေလးကို ေက်ာင္းပို႔ခဲ့ဖူးတဲ့ သာဓကေတြ ရွိပါတယ္။

ဆိုရွယ္မီဒီယာေတြ၊ နည္းပညာေတြကို မသုံးရပါဘူး။ အိုဘားမားကို သူ႔ Blackberry ဆက္မသုံးဖို႔နဲ႔ ထရမ့္ကို သူ႔ Twitter ဆက္မသုံးဖို႔ အႀကံျပဳခဲ့ၿပီး ေျပာမရတဲ့အဆုံး အတတ္ႏိုင္ဆုံးေလွ်ာ့သုံးဖို႔၊ သုံးစြဲတဲ့ အင္တာနက္လိုင္း မွန္သမွ်ကိုလည္း Secrete Service က လုံၿခဳံေရးယူဖို႔ လုပ္ခဲ့ရပါတယ္။ ဒါ့အျပင္ အေမရိကန္သမၼတေတြဟာ ဆိုရွယ္မီဒီယာမွာ လူတစ္ေယာက္ကို Block ခြင့္မရွိပါဘူး။ အဲဒါ လြတ္လပ္စြာ ေျပာဆိုခြင့္ရွိတဲ့ေနရာလို႔ အေမရိကန္ေတြက ျမင္ပါတယ္။

အရပ္ဖက္ ေလေၾကာင္းေတြကို စီးလို႔မရပါဘူး။ သမၼတစီးဖို႔ Air Force One ရွိပါတယ္။ ဒါပဲစီးရမွာပါ။ သြားခ်င္ရာကို သြားဖို႔ ေလယာဥ္လက္မွတ္ဝယ္၊ ဗီဇာ႐ိုက္၊ ပတ္စပို႔လုပ္၊ ေလဆိပ္ကိုသတင္းပို႔၊ ဒါေတြကို သမၼတအေနနဲ႔ လုပ္ခြင့္မရွိပါဘူး။ ဘယ္သြားသြား Air Force 1 နဲ႔ပဲ သြားရပါမယ္။ Air Force One နဲ႔ပဲ သြားရမယ္ဆိုလို႔ Air Force One ဆိုတာ ေလယာဥ္တစ္စီးပဲလို႔ မထင္လိုက္ပါနဲ႔။ သမၼတစီးတဲ့ေလယာဥ္ကို Air Force One လို႔ေခၚတာပါ။

ျပဴတင္းေပါက္ ဖြင့္ခြင့္မရွိပါ။ အိမ္ျဖဴေတာ္၊ ႐ုံးခန္း၊ ဘယ္အခန္းပဲျဖစ္ျဖစ္ ျပဴတင္းေပါက္ဖြင့္ခြင့္ မရွိပါဘူး။ ကားစီးရင္လည္း ကားျပဴတင္းေပါက္ကို ဖြင့္ခြင့္မရွိပါဘူး။ လုံၿခဳံေရးအရပါ။ မီရွဲအိုဘားမားဟာ သူ႔ရဲ႕ ေနာက္ဆုံး ေန႔ေတြမွာ အိမ္ျဖဴေတာ္ရဲ႕ျပဴတင္းေပါက္ကို ခဏေလးဖြင့္ၿပီး အျပင္ေလာကႀကီးကို အားပါးတရ ၾကည့္ခ်င္လိုက္တာလို႔ ေျပာခဲ့ဖူးပါတယ္။ တစ္ခါတုန္းက သူတို႔ Camp David ကိုသြားေတာ့ ေပ်ာ္ေအာင္လုပ္ေပးတဲ့အေနနဲ႔ လုံၿခဳံေရး အႀကီးအကဲက မီရွဲရဲ႕ကားတံခါးမွန္ကို ၅ မိနစ္ေလာက္ ဖြင့္ခြင့္ေပးခဲ့ဖူးပါတယ္။

႐ုံးခန္းသန႔္ရွင္းေရး လုပ္ခြင့္မရွိပါဘူး။ ကြၽန္ေတာ္တို႔လို စားပြဲသုတ္၊ မ်က္စိရႈပ္တဲ့ ပစၥည္းေတြ၊ အမႈိက္ေတြ၊ စကၠဴေတြကို လုံးေျခၿပီးပစ္လို႔မရပါဘူး။ ႐ုံးခန္းထဲက စကၠဴတစ္ပိုင္းစီကို အထူးေလ့က်င့္ထားတဲ့အဖြဲ႕က ေသေသခ်ာခ်ာစိစစ္ၿပီးေတာ့မွ ဖ်က္ဆီးပါတယ္။ ဒါ့အျပင္ ဒစ္ဂ်စ္တယ္နည္းပညာနဲ႔လည္း သမၼတက ကိုယ္တိုင္ရွင္းခြင့္မရွိပါဘူး။ ဥပမာ email ထဲက စာတစ္ေစာင္ကို delete လုပ္ခြင့္ မရွိပါဘူး။ သက္ဆိုင္ရာက စိစစ္ၿပီးမွသာ delete လုပ္မွာျဖစ္ပါတယ္။ သို႔ေသာ္ သမၼတက သမၼတပါပဲ။

တားျမစ္ထားတဲ့ကိစၥေတြကို သမၼတက အရမ္းကိုလုပ္ခ်င္ေနတယ္ဆိုရင္ေတာ့ Secret Service က အတတ္ႏိုင္ဆုံး လုံၿခဳံေရးယူၿပီး ခြင့္ျပဳေပးရပါတယ္။ ဥပမာ သမၼတက သူ႔သမီးေလးဖ်ားေနလို႔ အိမ္ကို ျပန္ခ်င္တယ္၊ လမ္းတေလွ်ာက္မွာ လုံၿခဳံေရးမလုပ္ရေသးဘူး၊ သို႔ေသာ္ သမၼတက အခုပဲျပန္မယ္ဆိုၿပီး ဂ်ီက်ရင္ေတာ့ Secret Service က တရားဝင္ လုံၿခဳံေရးအကူအညီေတြကိုေခၚၿပီး လမ္းတေလွ်ာက္ သမၼတႀကီးနဲ႔သူ႔မိသားစုကို ကာကြယ္သြားမွာပါ။ အေမရိကန္ သမၼတဟာ Secret Service ရဲ႕တားျမစ္ခ်က္ကို သူ႔အာဏာနဲ႔ပယ္ႏိုင္ေပမယ့္ Secret Service ရဲ႕အကာအကြယ္ကို မယူဘဲ ဘယ္ကိုမွ သြားခြင့္ မရွိပါဘူး။ ဥပေဒနဲ႔ တားျမစ္ထားပါေၾကာင္း အေမရိကန္သမၼတတစ္ေယာက္ သူ႔ရဲ႕ေန႔စဥ္ဘဝမွာ လုပ္ခ်င္ရာ လုပ္ခြင့္မရွိတာေလးေတြကို ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။

Credit – TMK(သမန္းက်ား) ရတနာပုံေန႔စဥ္

via – သုတဇုန္

Leave a Reply

Your email address will not be published. Required fields are marked *