ငါးရံ့ခြောက်ကိုဖုတ်တဲ့နည်းလေး သိချင်တယ်ဆိုလို့

ငါးရံ့ခြောက်ကိုဖုတ်တဲ့နည်းလေး သိချင်တယ်ဆိုလို့

ငါးခြောက်ပြားကိုမဖုတ်ခင်အရင်ပေါင်းလိုက်ပါတယ် ငါးခြောက်ကမာနေတော့ရေစိမ်လိုက်ထုလိုက်ဖုတ်လို က်လုပ်နေရင်အချိန်ကြာလို့.ပီးတော့အသားတွေကြေ ကုန်တာများလို့နှမြောလို့…

ဒယ်နီပေါ်မှာပေါင်းခံအိုးတင်ပီးငါးခြောက်ပြားကိုခဏပေါင်းလိုက်တယ် အသားလေးတွေအနည်းငယ်ပျော့သယောင်ဖြစ်လာပီဆို..အသားပြားလေးတွေကို..ကျည်ပွေ့နဲ့သာသာလေးထုပီးမွပေးလိုက်ပီးမှ မီးအေးအေးနဲ့ ကင်ပေးလိုက်တာ…

ထပ်ပြီး ထုစရာမလိုတော့နည်းနည်းလေးကြွပ်ပီးမွှေးလာရင်လက်နဲ့အသာလေးဆွဲဖွလိုက်ရုံပဲ။ ပြီးရင်ဆီလေးစိမ်လိုက်ရုံခဏခဏမထုရတော့အသား တွေလည်းမကြေတော့အလေလွင့်လည်းနည်းတယ်.

စားရတာလည်းမွမွလေးနဲ့အားလုံးကျက်တယ်။ ငါးခြောက်က အကင်မတတ်ရင်အသားတွေကြေကုန်တာနဲ့အလေလွင့်တွေများလို့ဒီနည်းလေးနဲ့ကင်ကြည့်နော်..မကပ်အိုးရှိရင်လည်းကင်လို့ရပါတယ်နော်…

တစ်ချို့က ထမင်းပေါင်းအိုးထဲထမင်းမကျက်ခင်ထည့်ပေါင်းကြတယ်အဲလို ဆိုထမင်းမှာငါးခြောက်အနံ့တွေစွဲကုန်လို့သပ်သပ်ပေါင်းတာပါ…

အားလုံးအဆင်ပြေကြပါစေနော်…

Credit: Original Uploader

(Zawgyi)

ငါးေျခာက္ျပားကိုမဖုတ္ခင္အရင္ေပါင္းလိုက္ပါတယ္ ငါးေျခာက္ကမာေနေတာ့ေရစိမ္လိုက္ထုလိုက္ဖုတ္လို က္လုပ္ေနရင္အခ်ိန္ၾကာလို႔.ပီးေတာ့အသားေတြေၾက ကုန္တာမ်ားလို႔ႏွေျမာလို႔…

ဒယ္နီေပၚမွာေပါင္းခံအိုးတင္ပီးငါးေျခာက္ျပားကိုခဏေပါင္းလိုက္တယ္ အသားေလးေတြအနည္းငယ္ေပ်ာ့သေယာင္ျဖစ္လာပီဆို..အသားျပားေလးေတြကို..က်ည္ေပြ႕နဲ႔သာသာေလးထုပီးမြေပးလိုက္ပီးမွ မီးေအးေအးနဲ႔ ကင္ေပးလိုက္တာ…

ထပ္ၿပီး ထုစရာမလိုေတာ့နည္းနည္းေလးႂကြပ္ပီးေမႊးလာရင္လက္နဲ႔အသာေလးဆြဲဖြလိုက္႐ုံပဲ။ ၿပီးရင္ဆီေလးစိမ္လိုက္႐ုံခဏခဏမထုရေတာ့အသား ေတြလည္းမေၾကေတာ့အေလလြင့္လည္းနည္းတယ္.

စားရတာလည္းမြမြေလးနဲ႔အားလုံးက်က္တယ္။ ငါးေျခာက္က အကင္မတတ္ရင္အသားေတြေၾကကုန္တာနဲ႔အေလလြင့္ေတြမ်ားလို႔ဒီနည္းေလးနဲ႔ကင္ၾကည့္ေနာ္..မကပ္အိုးရွိရင္လည္းကင္လို႔ရပါတယ္ေနာ္…

တစ္ခ်ိဳ႕က ထမင္းေပါင္းအိုးထဲထမင္းမက်က္ခင္ထည့္ေပါင္းၾကတယ္အဲလို ဆိုထမင္းမွာငါးေျခာက္အနံ႔ေတြစြဲကုန္လို႔သပ္သပ္ေပါင္းတာပါ…

အားလုံးအဆင္ေျပၾကပါေစေနာ္…

Credit: Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top