ဂရန်မြေဝယ်ရင် ဘာတွေဆောင်ရွက်ရမလဲဆိုတာ

ဂရန်မြေဝယ်ရင် ဘာတွေဆောင်ရွက်ရမလဲဆိုတာ

ဂရန်မြေဝယ်ရင် ဘာတွေဆောင်ရွက်ရမလဲဆိုတာ မသိသေးတဲ့မိတ်ဆွေများ သိနိုင်အောင် ထပ်မံဖော်ပြပေးလိုက်ပါတယ်။

ဂရန်မြေ တရားဝင် ဝယ်ယူနည်းနှင့် ရာဖြတ်တင်နည်း..

ဂရန်မြေ ဝယ်ယူလျှင် အောက်ပါအဆင့်များ လုပ်ဆောင်မှ ပြည့်စုံပါတယ်။

အရောင်းအဝယ်စရန်ကြီး(စရန်ငွေ) မပေးမီ (၃)ဆင့် လုပ်ဆောင်ရပါမည်။

၁။ ဘယ်လောက်ပင်ရင်းနှီးကြပါစေ ဂရန်မိတ္တူကိုယူ၍ စည်ပင်/ထွေအုပ် စတဲ့ ဌာနတွေမှာ စစ်ဆေးပါ။

၂။ စရန်ကြီးပေးခါနီး မူရင်းဂရန်ကိုမြင်တွေ့ရမှသာ စရန်ချပါ။

၃။ စရန်ချပြီးသည်နှင့် တပြိုင်နက် နိုင်ငံပိုင်သတင်းစာတွင် ကန့်ကွက်ရန် ရှိ/မရှိ ကြော်ငြာထည့်ပါ။

အောက်က ၄-မျိုးရမှ ငွေအ​ပြေချေပါ-

၁။ အရောင်းအဝယ် ပြုလုပ်ရန်အတွက် ထုတ်ယူထားသော မြေပုံမြေရာဇဝင်။

၂။ မူရင်းဂရန် အမည်ပေါက်ထံမှ SP။

၃။ မူရင်းဂရန်နှင့် ဆက်စပ်စာချုပ်များ။

၄။ မြေကွက်နှင့် တိုက် လက်ရောက်ရယူပါ။

ဝယ်ယူပြီးနောက် ၃-ဆင့်-

၁။ တန်ဘိုးလျော့ချုပ်သည့် စာချုပ်တစ်ဆောင်နှင့် မြေပုံမြေရာဇဝင်ကို “ရာဖြတ်” တင်ပါ။

၂။ “ရာဖြတ်” ၏၊ သတ်မှတ်တန်ဖိုးအရ “အခွန်တော်ခေါင်း” နှင့် “မှတ်ပုံတင်ကြေး” တို့ဖြင့်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပါ။

၃။ အားလုံးပြီးမှ မြို့တော်စည်ပင်/ခရိုင်​ထွေအုပ်တွင် “ဂရန်” နှင့် “မြေကွက်” အမည်ပြောင်းပါ။

ဒီနေရာမှာ မြေကွက်နဲ့ ပတ်သက်လို့ မြို့မြေ မြေတန်ဘိုးကို ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်သလဲ၊ သတ်မှတ်သည့် မြေတန်ဘိုး၏ ဘယ်နှစ်ရာခိုင်နှုန်းကို (အခွန်တံဆိပ်ခေါင်းနှင့် မှတ်ပုံတင်ခ) အတွက် ပေးဆောင်ရသလဲဆိုတာ သိထားသင့်ပါတယ်။

အခွန်ဆောင်ဖို့အတွက် မြေတန်ဘိုးကို သတ်မှတ်တဲ့အခါ ဘိုးဘပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ လိုင်စင်မြေရယ်လို့ အမျိုးအစားခွဲခြင်းမဟုတ်ပါဘူး။ မြေတည်ရှိရာ ရပ်ကွက်၊ လမ်းအခြေအနေ၊ မြေအနိမ့်အမြင့်၊ လမ်းမ၊ လမ်းကျယ်၊ လမ်းသေး၊ လမ်းမွှာ၊ ကတ္တရာလမ်း၊ ကွန်ကရစ်လမ်း၊ မြေလမ်း၊ လမ်းရှိ အဆောက်အအုံများ၏ အခြေအနေ၊ ပတ်ဝန်းကျင်အခြေအနေ၊ စီးပွါးရေးဖွံ့ဖြိုးမှု နယ်မြေ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ မြို့ပြဖွံဖြိုးမှု အခြေအနေ စသည်တို့အပေါ် သုံးသပ်ပြီး ဇုံနယ်များ ခွဲရပါတယ်။ ရပ်ကွက်လိုက် လမ်းအလိုက် ဇုံနှုန်းများ သတ်မှတ်ရပါတယ်။ တစ်စတုရန်းပေလျှင် မည်မျှ စသည်ဖြင့်ပေါ့။

လေ့လာချင်ပါက ရန်ကုန် ပန်းဆိုးတန်း လမ်းဘေးမှာ ရန်ကုန်မြို့တော်၏ မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်၊ လမ်းအလိုက် ဇုံအလိုက် တန်ဘိုးနှုန်း စာရင်းများ ထုတ်ပြန်သတ်မှတ်ထားသည့် စာအုပ်ကို အလွယ်တကူ ဝယ်ယူ ရရှိနိုင်ပါတယ်။ အခြားမြို့များမှာလည်း ထိုကဲ့သို့ ဇုံနှုန်းမြေတန်ဘိုးများကို ပြုစု ထားရပါတယ်။ ပြုစုပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ယူထားရပါတယ်။ သိချင်ရင် သက်ဆိုင်ရာ အစိုးရအဖွဲ့၊ အာဏာပိုင်အဖွဲ့၊ စည်ပင်ကော်မတီ၊ ​အိုးအိမ်ဦးစီး ဌာနများမှာ သွားရောက် မေးမြန်း ကြည့်ရှု နိုင်ပါတယ်။ ဘာကြောင့် မြေတန်ဘိုးကို ဇုံနယ်အလိုက် ရပ်ကွက်လိုက် လမ်းအလိုက် ဆောင်ရွက် ထားရလဲဆိုတော့ မရွှေ့ မပြောင်းနိုင်သော ပစ္စည်းများ ရောင်းဝယ် လွှဲပြောင်းမှုများမှာ တန်ဘိုး စိစစ်ရသည့် ကာလတန်ဘိုး စိစစ်သတ်မှတ်ရေးအဖွဲ့များထံ တင်ပြရောက်ရှိလာတဲ့ မြေ အလွှဲ အပြောင်း စာချုပ်များအတွက် ထမ်းဆောင်ရမည့် တံဆိပ်ခွန်နှင့် အခြား အခွန်များအတွက် ယင်းစာရင်းကို အခြေခံပြီး သတ်မှတ်နိုင်ရန် ဖြစ်ပါတယ်။ ရှေ့တွင် အရောင်းအဝယ်ပြုခဲ့သည့် မှတ်တမ်းများအရလည်း ဇုံတန်ဘိုးကို ပြုပြင် ပြောင်းလဲ ပေးရပါတယ်။ တသမတ်တည်း အသေ မဟုတ်ပါဘူး။ နှစ်အလိုက် ပြုစုကြတာ များပါတယ်။ ဒါက တန်ဘိုးဖြတ်မှု ဖြစ်ပါတယ်။

အိမ်မြေ ဝယ်ခွန်အတွက် ရာဖြတ်တင်ပုံ တင်နည်းကို ဖော်ပြပေးပါမယ်။

ရာဖြတ်တန်ဖိုး မသိပဲ အခွန်ဆောင်လို့ မရပါဘူး။ ဒါကြောင့်….

(၄)လအတွင်း ချုပ်ဆိုထားသော အရောင်း အဝယ်စာချုပ် (မူရင်းနှင့်မိတ္တူ)

(၁)နှစ်အတွင်း ရေးဆွဲထားသော ရောင်း/ဝယ်အတွက် မြေပုံမြေရာဇဝင်(၁၀၅/၁၀၆)။

အမည်ပေါက်မှ ရောင်းချခြင်း (သို့) မှတ်ပုံတင် ဆက်စပ်စာချုပ်များ။

ရှေ့/နောက်/ညာ မြေကွက်ဓာတ်ပုံ(၁)စုံ။

ဝယ်ယူသူ၏ အိမ်ထောင်စုစာရင်း (မူရင်းနှင့် မိတ္တူ )။

ဝယ်ယူသူက အိမ်မြေ လက်ခံရရှိပြီးကြောင်း ဝန်ခံချက်။

တင်ပြချက်အားလုံး မှန်ကန်ကြောင်းဝန်ခံချက်။

အထက်ပါ အချက်များဖြင့် ကာလတန်ဖိုး စီစစ်ရေးအဖွဲသို့ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေကို တရားဝင် ဝယ်ယူဖို့အတွက် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ စာချုပ်မှတ်ပုံတင် ရပါတယ်။ အခွန်တံဆိပ်ခေါင်း များစွာကို ကပ်ရပါတယ်။ ရာဖြတ်လို့ခေါ်တဲ့ “ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ တန်ဖိုးရဲ့ ၄ % ဖိုးဝယ်ယူပြီး ကပ်ရပါတယ်။ အရင်က ဒီထက်ပိုပါတယ်။ အိမ်ခြံမြေဝယ်ရင် ဝယ်ယူမည့်ပစ္စည်းအတွက် “ရာဖြတ်” သတ်မှတ်ဈေးအတိုင်း သင့်မှာ “ငွေဖြူ” ရှိရင် သက်သာပါမယ်။

ငွေဖြူဆိုတာက ဝင်ငွေရလမ်းဖော်ပြနိုင်သောငွေ (သို့) အခွန်စည်းကြပ်ပြီးဖြစ်သောငွေကို ဆိုလိုပါတယ်။ ဒီလို ငွေဖြူမရှိရင် သိန်း ၁၀၀၀ အောက်- ၃%၊ သိန်း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန်း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန်း ၃၀၀၀၀ အထက်- ၃၀% တို့ကို “ဝယ်ခွန်” အဖြစ်ပေးဆောင်ရမည်လို့ အခွန်ဥပဒေမှာ ပြဌာန်းထားပါကြောင်း။

Credit -U Myo Min Htun

(Zawgyi)

ဂရန္ေျမဝယ္ရင္ ဘာေတြေဆာင္႐ြက္ရမလဲဆိုတာ မသိေသးတဲ့မိတ္ေဆြမ်ား သိႏိုင္ေအာင္ ထပ္မံေဖာ္ျပေပးလိုက္ပါတယ္။

ဂရန္ေျမ တရားဝင္ ဝယ္ယူနည္းႏွင့္ ရာျဖတ္တင္နည္း..

ဂရန္ေျမ ဝယ္ယူလွ်င္ ေအာက္ပါအဆင့္မ်ား လုပ္ေဆာင္မွ ျပည့္စုံပါတယ္။

အေရာင္းအဝယ္စရန္ႀကီး(စရန္ေငြ) မေပးမီ (၃)ဆင့္ လုပ္ေဆာင္ရပါမည္။

၁။ ဘယ္ေလာက္ပင္ရင္းႏွီးၾကပါေစ ဂရန္မိတၱဴကိုယူ၍ စည္ပင္/ေထြအုပ္ စတဲ့ ဌာနေတြမွာ စစ္ေဆးပါ။

၂။ စရန္ႀကီးေပးခါနီး မူရင္းဂရန္ကိုျမင္ေတြ႕ရမွသာ စရန္ခ်ပါ။

၃။ စရန္ခ်ၿပီးသည္ႏွင့္ တၿပိဳင္နက္ ႏိုင္ငံပိုင္သတင္းစာတြင္ ကန္႔ကြက္ရန္ ရွိ/မရွိ ေၾကာ္ျငာထည့္ပါ။

ေအာက္က ၄-မ်ိဳးရမွ ေငြအ​ေျပေခ်ပါ-

၁။ အေရာင္းအဝယ္ ျပဳလုပ္ရန္အတြက္ ထုတ္ယူထားေသာ ေျမပုံေျမရာဇဝင္။

၂။ မူရင္းဂရန္ အမည္ေပါက္ထံမွ SP။

၃။ မူရင္းဂရန္ႏွင့္ ဆက္စပ္စာခ်ဳပ္မ်ား။

၄။ ေျမကြက္ႏွင့္ တိုက္ လက္ေရာက္ရယူပါ။

ဝယ္ယူၿပီးေနာက္ ၃-ဆင့္-

၁။ တန္ဘိုးေလ်ာ့ခ်ဳပ္သည့္ စာခ်ဳပ္တစ္ေဆာင္ႏွင့္ ေျမပုံေျမရာဇဝင္ကို “ရာျဖတ္” တင္ပါ။

၂။ “ရာျဖတ္” ၏၊ သတ္မွတ္တန္ဖိုးအရ “အခြန္ေတာ္ေခါင္း” ႏွင့္ “မွတ္ပုံတင္ေၾကး” တို႔ျဖင့္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုပါ။

၃။ အားလုံးၿပီးမွ ၿမိဳ႕ေတာ္စည္ပင္/ခ႐ိုင္​ေထြအုပ္တြင္ “ဂရန္” ႏွင့္ “ေျမကြက္” အမည္ေျပာင္းပါ။

ဒီေနရာမွာ ေျမကြက္နဲ႔ ပတ္သက္လို႔ ၿမိဳ႕ေျမ ေျမတန္ဘိုးကို ဘယ္လိုစံႏႈန္းေတြနဲ႔ သတ္မွတ္သလဲ၊ သတ္မွတ္သည့္ ေျမတန္ဘိုး၏ ဘယ္ႏွစ္ရာခိုင္ႏႈန္းကို (အခြန္တံဆိပ္ေခါင္းႏွင့္ မွတ္ပုံတင္ခ) အတြက္ ေပးေဆာင္ရသလဲဆိုတာ သိထားသင့္ပါတယ္။

အခြန္ေဆာင္ဖို႔အတြက္ ေျမတန္ဘိုးကို သတ္မွတ္တဲ့အခါ ဘိုးဘပိုင္ေျမ၊ ဂရန္ေျမ၊ ပါမစ္ေျမ၊ လိုင္စင္ေျမရယ္လို႔ အမ်ိဳးအစားခြဲျခင္းမဟုတ္ပါဘူး။ ေျမတည္ရွိရာ ရပ္ကြက္၊ လမ္းအေျခအေန၊ ေျမအနိမ့္အျမင့္၊ လမ္းမ၊ လမ္းက်ယ္၊ လမ္းေသး၊ လမ္းမႊာ၊ ကတၱရာလမ္း၊ ကြန္ကရစ္လမ္း၊ ေျမလမ္း၊ လမ္းရွိ အေဆာက္အအုံမ်ား၏ အေျခအေန၊ ပတ္ဝန္းက်င္အေျခအေန၊ စီးပြါးေရးဖြံ႕ၿဖိဳးမႈ နယ္ေျမ၊ ဆက္သြယ္ေရးလမ္းေၾကာင္း၊ ၿမိဳ႕ျပဖြံၿဖိဳးမႈ အေျခအေန စသည္တို႔အေပၚ သုံးသပ္ၿပီး ဇုံနယ္မ်ား ခြဲရပါတယ္။ ရပ္ကြက္လိုက္ လမ္းအလိုက္ ဇုံႏႈန္းမ်ား သတ္မွတ္ရပါတယ္။ တစ္စတုရန္းေပလွ်င္ မည္မွ် စသည္ျဖင့္ေပါ့။

ေလ့လာခ်င္ပါက ရန္ကုန္ ပန္းဆိုးတန္း လမ္းေဘးမွာ ရန္ကုန္ၿမိဳ႕ေတာ္၏ ၿမိဳ႕နယ္အလိုက္၊ ရပ္ကြက္အလိုက္၊ လမ္းအလိုက္ ဇုံအလိုက္ တန္ဘိုးႏႈန္း စာရင္းမ်ား ထုတ္ျပန္သတ္မွတ္ထားသည့္ စာအုပ္ကို အလြယ္တကူ ဝယ္ယူ ရရွိႏိုင္ပါတယ္။ အျခားၿမိဳ႕မ်ားမွာလည္း ထိုကဲ့သို႔ ဇုံႏႈန္းေျမတန္ဘိုးမ်ားကို ျပဳစု ထားရပါတယ္။ ျပဳစုၿပီး သက္ဆိုင္ရာ အစိုးရအဖြဲ႕ကို တင္ျပၿပီး အတည္ျပဳခ်က္ယူထားရပါတယ္။ သိခ်င္ရင္ သက္ဆိုင္ရာ အစိုးရအဖြဲ႕၊ အာဏာပိုင္အဖြဲ႕၊ စည္ပင္ေကာ္မတီ၊ ​အိုးအိမ္ဦးစီး ဌာနမ်ားမွာ သြားေရာက္ ေမးျမန္း ၾကည့္ရႈ ႏိုင္ပါတယ္။ ဘာေၾကာင့္ ေျမတန္ဘိုးကို ဇုံနယ္အလိုက္ ရပ္ကြက္လိုက္ လမ္းအလိုက္ ေဆာင္႐ြက္ ထားရလဲဆိုေတာ့ မေ႐ႊ႕ မေျပာင္းႏိုင္ေသာ ပစၥည္းမ်ား ေရာင္းဝယ္ လႊဲေျပာင္းမႈမ်ားမွာ တန္ဘိုး စိစစ္ရသည့္ ကာလတန္ဘိုး စိစစ္သတ္မွတ္ေရးအဖြဲ႕မ်ားထံ တင္ျပေရာက္ရွိလာတဲ့ ေျမ အလႊဲ အေျပာင္း စာခ်ဳပ္မ်ားအတြက္ ထမ္းေဆာင္ရမည့္ တံဆိပ္ခြန္ႏွင့္ အျခား အခြန္မ်ားအတြက္ ယင္းစာရင္းကို အေျခခံၿပီး သတ္မွတ္ႏိုင္ရန္ ျဖစ္ပါတယ္။ ေရွ႕တြင္ အေရာင္းအဝယ္ျပဳခဲ့သည့္ မွတ္တမ္းမ်ားအရလည္း ဇုံတန္ဘိုးကို ျပဳျပင္ ေျပာင္းလဲ ေပးရပါတယ္။ တသမတ္တည္း အေသ မဟုတ္ပါဘူး။ ႏွစ္အလိုက္ ျပဳစုၾကတာ မ်ားပါတယ္။ ဒါက တန္ဘိုးျဖတ္မႈ ျဖစ္ပါတယ္။

အိမ္ေျမ ဝယ္ခြန္အတြက္ ရာျဖတ္တင္ပုံ တင္နည္းကို ေဖာ္ျပေပးပါမယ္။

ရာျဖတ္တန္ဖိုး မသိပဲ အခြန္ေဆာင္လို႔ မရပါဘူး။ ဒါေၾကာင့္….

(၄)လအတြင္း ခ်ဳပ္ဆိုထားေသာ အေရာင္း အဝယ္စာခ်ဳပ္ (မူရင္းႏွင့္မိတၱဴ)

(၁)ႏွစ္အတြင္း ေရးဆြဲထားေသာ ေရာင္း/ဝယ္အတြက္ ေျမပုံေျမရာဇဝင္(၁၀၅/၁၀၆)။

အမည္ေပါက္မွ ေရာင္းခ်ျခင္း (သို႔) မွတ္ပုံတင္ ဆက္စပ္စာခ်ဳပ္မ်ား။

ေရွ႕/ေနာက္/ညာ ေျမကြက္ဓာတ္ပုံ(၁)စုံ။

ဝယ္ယူသူ၏ အိမ္ေထာင္စုစာရင္း (မူရင္းႏွင့္ မိတၱဴ )။

ဝယ္ယူသူက အိမ္ေျမ လက္ခံရရွိၿပီးေၾကာင္း ဝန္ခံခ်က္။

တင္ျပခ်က္အားလုံး မွန္ကန္ေၾကာင္းဝန္ခံခ်က္။

အထက္ပါ အခ်က္မ်ားျဖင့္ ကာလတန္ဖိုး စီစစ္ေရးအဖြဲသို႔ တင္ျပေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အိမ္ၿခံေျမကို တရားဝင္ ဝယ္ယူဖို႔အတြက္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္႐ုံးမွာ စာခ်ဳပ္မွတ္ပုံတင္ ရပါတယ္။ အခြန္တံဆိပ္ေခါင္း မ်ားစြာကို ကပ္ရပါတယ္။ ရာျဖတ္လို႔ေခၚတဲ့ “ကာလတန္ဖိုး စိစစ္ေရးအဖြဲ႕က သတ္မွတ္ေပးတဲ့ တန္ဖိုးရဲ႕ ၄ % ဖိုးဝယ္ယူၿပီး ကပ္ရပါတယ္။ အရင္က ဒီထက္ပိုပါတယ္။ အိမ္ၿခံေျမဝယ္ရင္ ဝယ္ယူမည့္ပစၥည္းအတြက္ “ရာျဖတ္” သတ္မွတ္ေဈးအတိုင္း သင့္မွာ “ေငြျဖဴ” ရွိရင္ သက္သာပါမယ္။

ေငြျဖဴဆိုတာက ဝင္ေငြရလမ္းေဖာ္ျပႏိုင္ေသာေငြ (သို႔) အခြန္စည္းၾကပ္ၿပီးျဖစ္ေသာေငြကို ဆိုလိုပါတယ္။ ဒီလို ေငြျဖဴမရွိရင္ သိန္း ၁၀၀၀ ေအာက္- ၃%၊ သိန္း ၁၀၀၀-၃၀၀၀ အထိ- ၅%၊ သိန္း ၃၀၀၀-၃၀၀၀၀ အထိ- ၁၀%၊ သိန္း ၃၀၀၀၀ အထက္- ၃၀% တို႔ကို “ဝယ္ခြန္” အျဖစ္ေပးေဆာင္ရမည္လို႔ အခြန္ဥပေဒမွာ ျပဌာန္းထားပါေၾကာင္း။

Credit -U Myo Min Htun

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top