ပူလွန်းလို့ မနေနိုင်ရင် မီတာခ သက်သာအောင် အဲကွန်းဖွင့်နည်း

ပူလွန်းလို့ မနေနိုင်ရင် မီတာခ သက်သာအောင် အဲကွန်းဖွင့်နည်း

ပူလွန်းလို့ မနေနိုင်ရင် မီတာခ သက်သာအောင် အဲကွန်းဖွင့်နည်း

အဲကွန်း Remote Control ကနေ အပူချိန်ကို အနိမ့်ဆုံးဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက် ထားလိုက်ရင် ၂၅ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့လေတွေ ထွက်လာမယ်၊ အခန်းလည်းမြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။အမှန်က လုံးဝ မဟုတ်ပါဘူး။ အဲကွန်းက ထွက်လာတဲ့ လေဟာ ကိုယ်ထားထားတဲ့ အပူချိန်နဲ့ မဆိုင်ဘဲ တစ်သမတ်တည်းပါ။ ဒါဟာအဲကွန်းတစ်ခု ဘယ်လိုအလုပ်လုပ်လဲ မသိလို့ ဖြစ်ပါတယ်။လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီး အလွယ်ပဲ ပြောလိုက်ပါတော့မယ်။ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့ Split Type Air Conditioner တွေမှာ Indoor Unit နဲ့ Outdoor Unit ရယ်နှစ်ပိုင်းပါဝင်ပါတယ်။

အဓိက အနေနဲ့ Indoor Unit မှာ Evaporator နဲ့ Outdoor Unit မှာ Compressor နဲ့ Condenser တွေ ပါဝင်ပါတယ်။Evaporator ဟာ လေထုထဲက ရေငွေ့တွေကို ဖယ်ရှားဖို့ ဖြစ်ပြီး Compressor နဲ့ Condenser တွေက လေထဲက အပူတွေကို ဖယ်ရှားပြီး လေကို အေးမြသွားအောင် လုပ်ပေးဖို့ ဖြစ်ပါတယ်။အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းက လေကို စုပ်ယူလိုက်ပါတယ်။ အဲဒီလေထဲမှာ ပါလာတဲ့ ရေငွေ့တွေကို Evaporator လို့ခေါ်တဲ့ကိရိယာနဲ့ ဖယ်ရှားပြီး အဲကွန်းက ရေတွေ တတောက်တောက် ကျတာဟာ အဲဒီလို ဖယ်ရှားခံရတဲ့ အခန်းတွင်း လေထုထဲက ရေငွေ့တွေပါပဲ) ခြောက်သွေ့သွားတဲ့ လေကို Compressor နဲ့ Condenser တွေကို ဖြတ်သန်စေပြီး

အေးမြခြောက်သွေ့တဲ့ လေကို ပြန်မှုတ်သွင်းလိုက်ပါတယ်။ဥပမာ အပြင်မှာ ၃၅ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၅ ဒီဂရီ ဆက်တင်လုပ်ထားမယ် ဆိုရင် ၂၅ ဒီဂရီကို မရောက်မချင်း အဲကွန်းဟာ အခန်းတွင်းမှာရှိတဲ့ လေထုကို စုပ်ယူလိုက်၊ လေထဲက ရေငွေ့နဲ့ အပူကို ဖယ်ရှားပြီး အေးမြတဲ့ လေကို အခန်းတွင်းကို ပြန်မှုတ်သွင်းလိုက်နဲ့ အခန်းတွင်းက အပူချိန်ကို တဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။ ဒီနည်းနဲ့ အခန်းတွင်း အပူချိန် ကျဆင်းလာတာဟာ သုံးစွဲသူ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်ပြီ ဆိုတာကို အဲကွန်းရဲ့ အာရုံခံစနစ်က သိလိုက်တာနဲ့ အဲကွန်းကို ခဏလောက် ရပ်ထားလိုက်ပါတယ်။ စက်ရပ်တာ ကြာလာလို့ အခန်းတွင်းအပူချိန်က ၂၅ ဒီဂရီ ထက် ပြန်မြင့်တက်လာမှ အဲကွန်းက အလုပ် ပြန်လုပ်ပါတယ်။ဒီတော့ အပြင်က ၃၅ ဒီဂရီ အပူချိန်မျိုးကို ကိုယ့်အိမ်တွင်းမှာ မခံစားနိုင်လို့ အေးမြလာအောင် ၂၅ ဒီဂရီပဲ ထားသူနဲ့ ၁၆ ဒီဂရီ ထားသူ ဓာတ်အားသုံးစွဲမှုချင်း လုံးဝ မတူတော့ပါဘူး။အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ ချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။

အဆင်ပြေသည့်တိုင်အောင် ၁၆ ဒီဂရီ မရောက်မချင်း အဲကွန်းဟာ မနားတမ်း အလုပ်လုပ်ရတဲ့အတွက် မီတာအရမ်းစားသလို စက်အပေါ်မှာလည်း ဝန်ပိစေပြီး သုံးစွဲနိုင်တဲ့ သက်တမ်း တိုတောင်းစေ (ပျက်လွယ်ခြင်းကို ဆိုလို) ပါတယ်။ပြီးတော့ ကိုယ့်အခန်းတွင်းမှာ ၁၆ တို့ ၁၈ ဒီဂရီတို့ ဖြစ်နေဖို့ တကယ်ရော လိုအပ်ရဲ့လားလို့ပြန်သုံးသပ်သင့်ပါတယ်။လူ့အရေပြားဟာ အပူချိန် ၂၅ ဒီဂရီလောက်အထိ သက်သောင့်သက်သာ ရှိရှိ နေနိုင်တာမို့ အဲကွန်းကို ၂၅ ဒီဂရီမှာ ဆက်တင်လုပ်ထားခြင်းဟာ ကိုယ့်အိမ်ခန်းထဲ ရေခဲတိုက် ဖန်တီးထားခြင်းထက် မီတာခကို များစွာ သက်သာစေသလို…င်ပအပူချိန်နဲ့ များစွာ ကွာတဲ့ အခန်းတွင်း အပူချိန်မှာ အသားကျသွားပြီ ဖြစ်တဲ့ ရေခဲတိုက်သမားများထက် ပြင်ပ အပူချိန်ကို ပိုပြီး ခံနိုင်ရည် ရှိတဲ့အပြင် အတွင်း အပြင် အပူ အအေးကွာခြားလွန်းလို့ အခန်းပြင်ထွက်တာနဲ့ လေပူမိပြီး ရှော့ခ် ဖြစ်နိုင်တဲ့ အန္တရာယ်ကနေလည်း အတိုင်းအတာ တစ်ခုအထိ ကင်းဝေးစေနိုင်ပါတယ်။လေတိုက်နှုန်းဟာလည်း Feels-like Temperature ကို သက်ရောက်တာကြောင့် ပန်ကာလည်ပတ်နှုန်း များရင် ပိုအေးတယ် ထင်ပြီး တစ်ဆုံးတင်ထားကြတာ များကြပါတယ်။ ပန်ကာလည်နှုန်း မြင့်လေ မီတာစားနှုန်း မြင့်လေမို့ စဖွင့်ဖွင့်ချင်း Fan Speed ကို တင်ချင် တင်ပြီး အေးလာတာနဲ့ အနိမ့်ဆုံးမှာ ပြန် ချထားခြင်းဟာလည်း ကျန်းမာရေးအတွက်ရော မီတာခ သက်သာရေးအတွက်ရော အထောက်အကူ ဖြစ်စေပါတယ်။ချမ်းသာတဲ့ ဥရောပနိုင်ငံတွေ၊ မြောက်အမေရိက နိုင်ငံတွေ၊ အာရှက ဂျပန်တို့ ကိုရီးယားတို့ဟာ အလွန်အေးတဲ့နိုင်ငံတွေ ဖြစ်လို့ သူတို့ နိုင်ငံသားတွေဟာ အပူကို အရမ်းကြောက်ပါတယ်။ ဒါပေမဲ့ သူတို့ဆီက ဘတ်စ်ကားတွေ၊ လေယာဉ်ပျံတွေ၊ ရုံးတွေ ကျောင်းတွေမှာ နွေရာသီမှာတောင် အဲကွန်းကို အပူချိန် ၂၅ ဒီဂရီလောက်မှာပဲ ချိန်ထား လုပ်ထားပါတယ်။

ရုံးခန်းတွေ အိမ်တွေမှာလည်း အဲကွန်းကို ၁၆ ဒီဂရီအထိ အနိမ့်ဆုံးထားပြီး တောင်ကြီး ကလော ရာသီဥတုမျိုးကို ဖန်တီးထားကြပါတယ်။အမေရိကားရောက် သူငယ်ချင်းတစ်ယောက်က လှမ်းပြောပါတယ်။ သူတို့ဆီမှာက ပူလို့ အေးလို့ ဆိုပြီး တော်တန်ရုံ အဲကွန်းကို မသုံးကြဘဲ မီတာခကို ချွေတာကြတယ်တဲ့။ ဖွံ့ဖြိုးပြီး နိုင်ငံတွေကို အရာရာ နတ်ဘုံနတ်နန်းလို့ ထင်နေပေမဲ့ တကယ်က မဟုတ်ပါဘူး။ သူတို့မှာလည်း သူတို့ရတဲ့ လခနဲ့ လူနေမှု စရိတ်ကြီးမြင့်ခြင်း ဒဏ်ကို ခံနိုင်အောင် စစ်စစ်စီစီ ချွေချွေတာတာ သုံးကြရတာပါ။ အမှန်က လူ့အရေပြားဟာ ၂၀ နဲ့ ၂၅ ဒီဂရီ စင်တီဂရိတ် ကြားက အပူချိန်မှာ နေလို့ ထိုင်လို့ အကောင်းဆုံးပါ။ဒီတော့ အဲကွန်းကို ဖွင့် တဲ့အခါမှာ ၂၅ ဒီဂရီမှာ အပူချိန်ကို ထိန်းညှိထားလိုက်ခြင်းဟာ မီတာခ အရမ်းသက်သာသွားသလို ကျန်းမာရေးကိုလည်း မထိခိုက်စေတော့ပါဘူး။

အဲကွန်းကို တောက်လျှောက်သုံးပြီး မီတာခကို ဒီထက် လျှော့ချချင်သေးတယ် ဆိုရင်လည်း ရပါသေးတယ်။ ဒီနေရာမှာ အဲကွန်းရဲ့ လုပ်ဆောင်ချက် နှစ်ခုထဲမှာ…Compressor နဲ့ Condenser တွေဟာ လေရဲ့ ပကတိ အပူချိန်ကို ဖယ်ရှားပြီး အေးမြအောင် လုပ်ပေးသလို Evaporator က လေထုထဲက ရေငွေ့ကို ဖယ်ရှားပြီး အခန်းထဲ ကဘအပူတွေကို ဖယ်ပေးတာပါ.အခုခေတ် အဲကွန်းတွေမှာ Cool Mode သာမက Dry Mode ဆိုတာပါ ပါပါတယ်။Cool Mode မှာ Evaporator Compressor နဲ့ Condenser တွေ အားလုံး အလုပ်လုပ်ပြီး အခန်းတွင်းက လေကို အေးမြစေပါတယ်။Dry Mode မှာတော့ လေထုထဲက ရေငွေ့ကို ဖယ်ရှားပေးဖို့ Evaporator သာ အလုပ်လုပ်တဲ့အတွက် ဓာတ်အားသုံးစွဲမှု ပိုနည်းပါတယ်။ဒီတော့ အခုလို အပူချိန် သိပ်မမြင့်လှသော်လည်း ပူအိုက်စွတ်စိုထိုင်းမှိုင်းတဲ့ မိုးရာသီမှာ အဲကွန်းကို Cool Mode နဲ့ မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီလောက်မှာ ထားပြီး Fan Speed ကိုလည်း လျှော့ပြီး သုံးမယ် ဆိုရင်…အခန်းတွင်း ရေငွေ့ပါဝင်နှုန်းကို လျှော့ချပေးတဲ့အတွက် အခန်းတွင်းမှာ မှိုမတက်ခြင်း၊ ရောဂါပိုးမွှားတွေ မပေါက်ပွါးနိုင်ခြင်းရေငွေ့နည်းပြီး ခြောက်သွေ့သွားတဲ့လေဟာ လူ့အရေပြားက ချွေးတွေကို အလွယ်တကူ အငွေ့ပြန်စေလို့ အေးမြမှုကို Cool Mode နဲ့ အအေးခံထားသည့်အလား ခံစားရ စေခြင်း၂၅ ဒီဂရီလည်း ဖြစ်ပြန် Dry Mode လည်း ဖြစ်ပြန်လို့ မီတာခ သက်သာခြင်း စတဲ့ အကျိုးတွေကို ခံစားရမှာ ဖြစ်ကြောင်း လက်တွေ့ နှိုင်းယှဉ် စမ်းသပ်နိုင်စေဖို့ စိုးလျှပ်စစ်မှ မျှဝေလိုက်ရပါတယ်.အဲယားကွန်းကို 16 မှာထားတာရင်လဲ ဒီလေပဲ30 မှာထားလဲ ဒီလေပဲထွက်ပါတယ်နော်.အလုပ်လုပ်ချိန်ပိုကြာသွားလို့ ပိုအေးတာပါ.အခြားသော လျှပ်စစ်ပစ္စည်းတွေကိုလည်း အထာသိပြီး သတိထား အသုံးပြုရင် လျှပ်စစ်ကို ချွေတာနိုင်ပါလိမ့်မယ်။ အသေအချာ ရှင်းပြပေးတဲ့ ကိုရွှေယုကို ကျေးဇူးတင်ပါတယ်။

Credit-SOE Electronic

Via Sayar U Myo Thein

(Zawgyi)

ပူလြန္းလို႔ မေနႏိုင္ရင္ မီတာခ သက္သာေအာင္ အဲကြန္းဖြင့္နည္း

အဲကြန္း Remote Control ကေန အပူခ်ိန္ကို အနိမ့္ဆုံးျဖစ္တဲ့ ၁၆ သို႔မဟုတ္ ၁၈ ဒီဂရီေလာက္ ထားလိုက္ရင္ ၂၅ ဒီဂရီမွာ ထားတာထက္ ပိုေအးတဲ့ေလေတြ ထြက္လာမယ္၊ အခန္းလည္းျမန္ျမန္ ပိုေအးမယ္လို႔ လူအမ်ားစုက ထင္ၾကပါတယ္။အမွန္က လုံးဝ မဟုတ္ပါဘူး။ အဲကြန္းက ထြက္လာတဲ့ ေလဟာ ကိုယ္ထားထားတဲ့ အပူခ်ိန္နဲ႔ မဆိုင္ဘဲ တစ္သမတ္တည္းပါ။ ဒါဟာအဲကြန္းတစ္ခု ဘယ္လိုအလုပ္လုပ္လဲ မသိလို႔ ျဖစ္ပါတယ္။လူအမ်ားနားလည္ေအာင္ Technical Terms ေတြကို ေရွာင္ၿပီး အလြယ္ပဲ ေျပာလိုက္ပါေတာ့မယ္။ဒီေခတ္မွာ အသုံးအမ်ားဆုံး ျဖစ္တဲ့ Split Type Air Conditioner ေတြမွာ Indoor Unit နဲ႔ Outdoor Unit ရယ္ႏွစ္ပိုင္းပါ၀င္ပါတယ္။

အဓိက အေနနဲ႔ Indoor Unit မွာ Evaporator နဲ႔ Outdoor Unit မွာ Compressor နဲ႔ Condenser ေတြ ပါဝင္ပါတယ္။Evaporator ဟာ ေလထုထဲက ေရေငြ႕ေတြကို ဖယ္ရွားဖို႔ ျဖစ္ၿပီး Compressor နဲ႔ Condenser ေတြက ေလထဲက အပူေတြကို ဖယ္ရွားၿပီး ေလကို ေအးျမသြားေအာင္ လုပ္ေပးဖို႔ ျဖစ္ပါတယ္။အဲကြန္းရဲ႕ Indoor Unit ဟာ အခန္းတြင္းက ေလကို စုပ္ယူလိုက္ပါတယ္။ အဲဒီေလထဲမွာ ပါလာတဲ့ ေရေငြ႕ေတြကို Evaporator လို႔ေခၚတဲ့ကိရိယာနဲ႔ ဖယ္ရွားၿပီး အဲကြန္းက ေရေတြ တေတာက္ေတာက္ က်တာဟာ အဲဒီလို ဖယ္ရွားခံရတဲ့ အခန္းတြင္း ေလထုထဲက ေရေငြ႕ေတြပါပဲ) ေျခာက္ေသြ႕သြားတဲ့ ေလကို Compressor နဲ႔ Condenser ေတြကို ျဖတ္သန္ေစၿပီး

ေအးျမေျခာက္ေသြ႕တဲ့ ေလကို ျပန္မႈတ္သြင္းလိုက္ပါတယ္။ဥပမာ အျပင္မွာ ၃၅ ဒီဂရီ ရွိေနခ်ိန္ အခန္းတြင္းမွာ အဲကြန္းကို ၂၅ ဒီဂရီ ဆက္တင္လုပ္ထားမယ္ ဆိုရင္ ၂၅ ဒီဂရီကို မေရာက္မခ်င္း အဲကြန္းဟာ အခန္းတြင္းမွာရွိတဲ့ ေလထုကို စုပ္ယူလိုက္၊ ေလထဲက ေရေငြ႕နဲ႔ အပူကို ဖယ္ရွားၿပီး ေအးျမတဲ့ ေလကို အခန္းတြင္းကို ျပန္မႈတ္သြင္းလိုက္နဲ႔ အခန္းတြင္းက အပူခ်ိန္ကို တျဖည္းျဖည္း က်ဆင္းလာေစၿပီး ေအးျမလာေစပါတယ္။ ဒီနည္းနဲ႔ အခန္းတြင္း အပူခ်ိန္ က်ဆင္းလာတာဟာ သုံးစြဲသူ သတ္မွတ္ထားတဲ့ အပူခ်ိန္ကို ေရာက္ၿပီ ဆိုတာကို အဲကြန္းရဲ႕ အာ႐ုံခံစနစ္က သိလိုက္တာနဲ႔ အဲကြန္းကို ခဏေလာက္ ရပ္ထားလိုက္ပါတယ္။ စက္ရပ္တာ ၾကာလာလို႔ အခန္းတြင္းအပူခ်ိန္က ၂၅ ဒီဂရီ ထက္ ျပန္ျမင့္တက္လာမွ အဲကြန္းက အလုပ္ ျပန္လုပ္ပါတယ္။ဒီေတာ့ အျပင္က ၃၅ ဒီဂရီ အပူခ်ိန္မ်ိဳးကို ကိုယ့္အိမ္တြင္းမွာ မခံစားႏိုင္လို႔ ေအးျမလာေအာင္ ၂၅ ဒီဂရီပဲ ထားသူနဲ႔ ၁၆ ဒီဂရီ ထားသူ ဓာတ္အားသုံးစြဲမႈခ်င္း လုံးဝ မတူေတာ့ပါဘူး။အခန္းတြင္း အပူခ်ိန္ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ ခ်ဖို႔ဟာ အဲကြန္းတစ္လုံးအတြက္ ခက္ခဲပါတယ္။

အဆင္ေျပသည့္တိုင္ေအာင္ ၁၆ ဒီဂရီ မေရာက္မခ်င္း အဲကြန္းဟာ မနားတမ္း အလုပ္လုပ္ရတဲ့အတြက္ မီတာအရမ္းစားသလို စက္အေပၚမွာလည္း ဝန္ပိေစၿပီး သုံးစြဲႏိုင္တဲ့ သက္တမ္း တိုေတာင္းေစ (ပ်က္လြယ္ျခင္းကို ဆိုလို) ပါတယ္။ၿပီးေတာ့ ကိုယ့္အခန္းတြင္းမွာ ၁၆ တို႔ ၁၈ ဒီဂရီတို႔ ျဖစ္ေနဖို႔ တကယ္ေရာ လိုအပ္ရဲ႕လားလို႔ျပန္သုံးသပ္သင့္ပါတယ္။လူ႔အေရျပားဟာ အပူခ်ိန္ ၂၅ ဒီဂရီေလာက္အထိ သက္ေသာင့္သက္သာ ရွိရွိ ေနႏိုင္တာမို႔ အဲကြန္းကို ၂၅ ဒီဂရီမွာ ဆက္တင္လုပ္ထားျခင္းဟာ ကိုယ့္အိမ္ခန္းထဲ ေရခဲတိုက္ ဖန္တီးထားျခင္းထက္ မီတာခကို မ်ားစြာ သက္သာေစသလို…င္ပအပူခ်ိန္နဲ႔ မ်ားစြာ ကြာတဲ့ အခန္းတြင္း အပူခ်ိန္မွာ အသားက်သြားၿပီ ျဖစ္တဲ့ ေရခဲတိုက္သမားမ်ားထက္ ျပင္ပ အပူခ်ိန္ကို ပိုၿပီး ခံႏိုင္ရည္ ရွိတဲ့အျပင္ အတြင္း အျပင္ အပူ အေအးကြာျခားလြန္းလို႔ အခန္းျပင္ထြက္တာနဲ႔ ေလပူမိၿပီး ေရွာ့ခ္ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ကေနလည္း အတိုင္းအတာ တစ္ခုအထိ ကင္းေဝးေစႏိုင္ပါတယ္။ေလတိုက္ႏႈန္းဟာလည္း Feels-like Temperature ကို သက္ေရာက္တာေၾကာင့္ ပန္ကာလည္ပတ္ႏႈန္း မ်ားရင္ ပိုေအးတယ္ ထင္ၿပီး တစ္ဆုံးတင္ထားၾကတာ မ်ားၾကပါတယ္။ ပန္ကာလည္ႏႈန္း ျမင့္ေလ မီတာစားႏႈန္း ျမင့္ေလမို႔ စဖြင့္ဖြင့္ခ်င္း Fan Speed ကို တင္ခ်င္ တင္ၿပီး ေအးလာတာနဲ႔ အနိမ့္ဆုံးမွာ ျပန္ ခ်ထားျခင္းဟာလည္း က်န္းမာေရးအတြက္ေရာ မီတာခ သက္သာေရးအတြက္ေရာ အေထာက္အကူ ျဖစ္ေစပါတယ္။ခ်မ္းသာတဲ့ ဥေရာပႏိုင္ငံေတြ၊ ေျမာက္အေမရိက ႏိုင္ငံေတြ၊ အာရွက ဂ်ပန္တို႔ ကိုရီးယားတို႔ဟာ အလြန္ေအးတဲ့ႏိုင္ငံေတြ ျဖစ္လို႔ သူတို႔ ႏိုင္ငံသားေတြဟာ အပူကို အရမ္းေၾကာက္ပါတယ္။ ဒါေပမဲ့ သူတို႔ဆီက ဘတ္စ္ကားေတြ၊ ေလယာဥ္ပ်ံေတြ၊ ႐ုံးေတြ ေက်ာင္းေတြမွာ ေႏြရာသီမွာေတာင္ အဲကြန္းကို အပူခ်ိန္ ၂၅ ဒီဂရီေလာက္မွာပဲ ခ်ိန္ထား လုပ္ထားပါတယ္။

႐ုံးခန္းေတြ အိမ္ေတြမွာလည္း အဲကြန္းကို ၁၆ ဒီဂရီအထိ အနိမ့္ဆုံးထားၿပီး ေတာင္ႀကီး ကေလာ ရာသီဥတုမ်ိဳးကို ဖန္တီးထားၾကပါတယ္။အေမရိကားေရာက္ သူငယ္ခ်င္းတစ္ေယာက္က လွမ္းေျပာပါတယ္။ သူတို႔ဆီမွာက ပူလို႔ ေအးလို႔ ဆိုၿပီး ေတာ္တန္႐ုံ အဲကြန္းကို မသုံးၾကဘဲ မီတာခကို ေခြၽတာၾကတယ္တဲ့။ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြကို အရာရာ နတ္ဘုံနတ္နန္းလို႔ ထင္ေနေပမဲ့ တကယ္က မဟုတ္ပါဘူး။ သူတို႔မွာလည္း သူတို႔ရတဲ့ လခနဲ႔ လူေနမႈ စရိတ္ႀကီးျမင့္ျခင္း ဒဏ္ကို ခံႏိုင္ေအာင္ စစ္စစ္စီစီ ေခြၽေခြၽတာတာ သုံးၾကရတာပါ။ အမွန္က လူ႔အေရျပားဟာ ၂၀ နဲ႔ ၂၅ ဒီဂရီ စင္တီဂရိတ္ ၾကားက အပူခ်ိန္မွာ ေနလို႔ ထိုင္လို႔ အေကာင္းဆုံးပါ။ဒီေတာ့ အဲကြန္းကို ဖြင့္ တဲ့အခါမွာ ၂၅ ဒီဂရီမွာ အပူခ်ိန္ကို ထိန္းညႇိထားလိုက္ျခင္းဟာ မီတာခ အရမ္းသက္သာသြားသလို က်န္းမာေရးကိုလည္း မထိခိုက္ေစေတာ့ပါဘူး။

အဲကြန္းကို ေတာက္ေလွ်ာက္သုံးၿပီး မီတာခကို ဒီထက္ ေလွ်ာ့ခ်ခ်င္ေသးတယ္ ဆိုရင္လည္း ရပါေသးတယ္။ ဒီေနရာမွာ အဲကြန္းရဲ႕ လုပ္ေဆာင္ခ်က္ ႏွစ္ခုထဲမွာ…Compressor နဲ႔ Condenser ေတြဟာ ေလရဲ႕ ပကတိ အပူခ်ိန္ကို ဖယ္ရွားၿပီး ေအးျမေအာင္ လုပ္ေပးသလို Evaporator က ေလထုထဲက ေရေငြ႕ကို ဖယ္ရွားၿပီး အခန္းထဲ ကဘအပူေတြကို ဖယ္ေပးတာပါ.အခုေခတ္ အဲကြန္းေတြမွာ Cool Mode သာမက Dry Mode ဆိုတာပါ ပါပါတယ္။Cool Mode မွာ Evaporator Compressor နဲ႔ Condenser ေတြ အားလုံး အလုပ္လုပ္ၿပီး အခန္းတြင္းက ေလကို ေအးျမေစပါတယ္။Dry Mode မွာေတာ့ ေလထုထဲက ေရေငြ႕ကို ဖယ္ရွားေပးဖို႔ Evaporator သာ အလုပ္လုပ္တဲ့အတြက္ ဓာတ္အားသုံးစြဲမႈ ပိုနည္းပါတယ္။ဒီေတာ့ အခုလို အပူခ်ိန္ သိပ္မျမင့္လွေသာ္လည္း ပူအိုက္စြတ္စိုထိုင္းမႈိင္းတဲ့ မိုးရာသီမွာ အဲကြန္းကို Cool Mode နဲ႔ မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီေလာက္မွာ ထားၿပီး Fan Speed ကိုလည္း ေလွ်ာ့ၿပီး သုံးမယ္ ဆိုရင္…အခန္းတြင္း ေရေငြ႕ပါဝင္ႏႈန္းကို ေလွ်ာ့ခ်ေပးတဲ့အတြက္ အခန္းတြင္းမွာ မႈိမတက္ျခင္း၊ ေရာဂါပိုးမႊားေတြ မေပါက္ပြါးႏိုင္ျခင္းေရေငြ႕နည္းၿပီး ေျခာက္ေသြ႕သြားတဲ့ေလဟာ လူ႔အေရျပားက ေခြၽးေတြကို အလြယ္တကူ အေငြ႕ျပန္ေစလို႔ ေအးျမမႈကို Cool Mode နဲ႔ အေအးခံထားသည့္အလား ခံစားရ ေစျခင္း၂၅ ဒီဂရီလည္း ျဖစ္ျပန္ Dry Mode လည္း ျဖစ္ျပန္လို႔ မီတာခ သက္သာျခင္း စတဲ့ အက်ိဳးေတြကို ခံစားရမွာ ျဖစ္ေၾကာင္း လက္ေတြ႕ ႏႈိင္းယွဥ္ စမ္းသပ္ႏိုင္ေစဖို႔ စိုးလွ်ပ္စစ္မွ မွ်ေဝလိုက္ရပါတယ္.အဲယားကြန္းကို 16 မွာထားတာရင္လဲ ဒီေလပဲ30 မွာထားလဲ ဒီေလပဲထြက္ပါတယ္ေနာ္.အလုပ္လုပ္ခ်ိန္ပိုၾကာသြားလို႔ ပိုေအးတာပါ.အျခားေသာ လွ်ပ္စစ္ပစၥည္းေတြကိုလည္း အထာသိၿပီး သတိထား အသုံးျပဳရင္ လွ်ပ္စစ္ကို ေခြၽတာႏိုင္ပါလိမ့္မယ္။ အေသအခ်ာ ရွင္းျပေပးတဲ့ ကိုေ႐ႊယုကို ေက်းဇူးတင္ပါတယ္။

Credit-SOE Electronic

Via Sayar U Myo Thein

Leave a Reply

Your email address will not be published. Required fields are marked *

Back To Top