ဗဟုတုသ

ထောပတ်သီးကြိုက်တက်ရင်တော့ ဒါလေးတွေ မဖြစ်မနေသိထားပါ

ထောပတ်သီးကြိုက်တက်ရင်တော့ ဒါလေးတွေ မဖြစ်မနေသိထားပါ

ထောပတ်သီးကို… အနာကင်းစွာမှည့်ရန်နှင့် မှည့်နေသောထောပတ်သီးများအား ထားသိုနည်း

၁။ ရေ လုံးဝ(လုံးဝ) မထိပါနဲ့ ဒါထောပတ်သီးစားသူတိုင်း သိထားရမဲ့အချက်ပါနော် ( ရေလုံးဝမထိရပါဘူး။)

အညှာထဲရေဝင်ရင် အမျှင်မဲတွေပေါ်လာပြီး ပုတ်တတ်ပါတယ်။ တကယ်လို့ ဘုရားကပ်မယ်၊ လက်ဆောင်ပေးမှာမို့ လှချင်တယ်ဆိုရင်တော့ tissue အစိုနဲ့သုတ်ပြီး၊ အဝတ်ခြောက်ဖြင့်သေချာစွာ သုပ်ပေးပါရှင့်။

သူ့အရောင်အလိုလို တက်လာပါမယ်။ တချို့ရောင်းတန်းတွေမှာ အသီးကို ပြောင်လက်နေအောင် သုတ်ထားတာက အသီးအမှည့်နားက အသားနဲ့ ပြန်သုတ်တာပါ။ အသီးကြောတင်းပြီး စားမကောင်းတော့ပါ။

၂။ အမြန်မှည့်ရန် ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့ သတင်းစာနဲ့ တလုံးချင်းပတ်။ နေလုံ လေလုံတဲ့ ဂျပ်ဖာထဲထည့်ထားပါ။ ဖာထဲ ငှက်ပျောသီးအမှည့် ၁ လုံးထည့်ထားပါ။ အသီးအရမ်းစိမ်းရင် ၃ ရက်။ မစိမ်းရင် ၂ ရက် လုံးဝ မဖွင့်ပါနဲ့။ ချိန်ဆဖွင့်ပါ။ ဆန်အိုးထဲ မထားရပုတ်လွယ်သည်။

၃။ အမှည့်မလွန်ပါနဲ့ အညှာလေး ဖယ်ကြည့်လို့ အဝါရောင်သန်းနေ နည်းနည်းအိရင်ရပါပီ။ ဒီနေ့မှာ တလုံးမှည့်တယ်။ စားမှာက ၂လုံး နောက်ရက်မှ ၂ လုံး တခါတည်းစားမယ်။ မရပါဘူးနော်၊ အမှည့်လွန်ရင် ဘယ်အသီးမှ စားမရသလို ပစ်ရပါလိမ့်မယ်။ မာယာများတဲ့ ထောပတ်သီးကို သေချာဂရုစိုက်စားပါက အကောင်းဆုံး အရသာ ရပါမယ်နော်။

၄။ မှည့်နေသော အသီးအား ကြာကြာထားနည်း- ဒါကတော့ မခက်ခဲပါဘူး။ ဗူးသန့်သန့် ဇွန်းသန့်သန့်နဲ့ ရေခဲသေတ္တာရှိရင် ok ပါတယ်။ မှည့်နေတဲ့ အသီးတွေကို ဗူးတခုထဲ ဇွန်းလေးနဲ့သေချာခြစ်ချ သိပ်သိပ်လေးလုပ် အဖုံးလေးဖုံးပြီး ရေခဲထဲထည့်ထားရင် ကြာကြာထားစားလို့ရပါတယ်။

အဓိက လေလုံနေဖို့ပါ။ စားခါနီး အပေါ်ယံလွှာလေးမဲ နေရင်တောင် ဇွန်းလေးနဲ့ အသာဖယ်ပီး လိုသလိုအသုံးပြုရုံပါရှင့်။ မနက်က တခြမ်းစားတယ် တခြမ်းကျန်တာ ညနေမှ စားမယ်ဆိုရင်တော့ ကျန်တခြမ်းပေါ် ဆီလေးသုတ်ထားပါနော့။

၅။ ထောပတ်သီးရွေးရင် အခွံဝင်းလက်နေတာရွေးပါ။ အရောင်မဲတာ စိမ်းတာ ညိုတာ ကိစ္စမရှိပါ။ အရောင်မွဲနေတာ မှိုရောင်အဖြူပွင့်နေတာ မကောင်းပါ။ ချက်ချင်းစားချင်ရင် အသီးတလုံးလုံးကို အသာဖျစ်ကြည့်ပါ အနည်းငယ်အိရင် အကောင်းဆုံးပါ။

မာတောင်နေရင် တရက်နှစ်ရက်သုံးရက်လောက် စောင့်ရပါမယ်။ ဖျစ်ကြည့်လို့ အိဝင်သွားရင် ချက်ခြင်းဖျော်/စားဖို့ အသင့်ဖြစ်နေပါပြီ။ သို့မဟုတ် အမှည့်လွန် ပျက်ပါတော့မယ်။

ချက်ခြင်းမစားဘဲ လက်ဆောင်ပေးဖို့ရွေးမယ်ဆိုရင် အညှာဖုသီးလေးကို ချွေချကြည့်ရင် အတွင်းထဲမှာ စိမ်းနေရင် လတ်ဆတ်ပါတယ်။ မဲနေခြောက်နေရင် သိပ်မလတ်ဆတ်ပါ။

အခုဆိုရင် အကို အမနဲ့ fri တို့လဲ အဆင်ပြေမယ်ထင်ပါတယ်။ တခြားသိချင်တာများရှိရင် မန့်မှာမေးပေးပါရှင် အဓိက က အသီး ကို ရေထိရင် ပုတ်ဖို့ 99%သေချာပါပီရှင့် အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကျပါစေ။

share from: nalonetardiary

(Zawgyi)

ေထာပတ္သီးႀကိဳက္တက္ရင္ေတာ့ ဒါေလးေတြ မျဖစ္မေနသိထားပါ

ေထာပတ္သီးကို… အနာကင္းစြာမွည့္ရန္ႏွင့္ မွည့္ေနေသာေထာပတ္သီးမ်ားအား ထားသိုနည္း

၁။ ေရ လုံးဝ(လုံးဝ) မထိပါနဲ႔ ဒါေထာပတ္သီးစားသူတိုင္း သိထားရမဲ့အခ်က္ပါေနာ္ ( ေရလုံးဝမထိရပါဘူး။)

အညႇာထဲေရဝင္ရင္ အမွ်င္မဲေတြေပၚလာၿပီး ပုတ္တတ္ပါတယ္။ တကယ္လို႔ ဘုရားကပ္မယ္၊ လက္ေဆာင္ေပးမွာမို႔ လွခ်င္တယ္ဆိုရင္ေတာ့ tissue အစိုနဲ႔သုတ္ၿပီး၊ အဝတ္ေျခာက္ျဖင့္ေသခ်ာစြာ သုပ္ေပးပါရွင့္။

သူ႔အေရာင္အလိုလို တက္လာပါမယ္။ တခ်ိဳ႕ေရာင္းတန္းေတြမွာ အသီးကို ေျပာင္လက္ေနေအာင္ သုတ္ထားတာက အသီးအမွည့္နားက အသားနဲ႔ ျပန္သုတ္တာပါ။ အသီးေၾကာတင္းၿပီး စားမေကာင္းေတာ့ပါ။

၂။ အျမန္မွည့္ရန္ ေထာပတ္သီးကို အျမန္မွည့္ခ်င္ရင္ေတာ့ သတင္းစာနဲ႔ တလုံးခ်င္းပတ္။ ေနလုံ ေလလုံတဲ့ ဂ်ပ္ဖာထဲထည့္ထားပါ။ ဖာထဲ ငွက္ေပ်ာသီးအမွည့္ ၁ လုံးထည့္ထားပါ။ အသီးအရမ္းစိမ္းရင္ ၃ ရက္။ မစိမ္းရင္ ၂ ရက္ လုံးဝ မဖြင့္ပါနဲ႔။ ခ်ိန္ဆဖြင့္ပါ။ ဆန္အိုးထဲ မထားရပုတ္လြယ္သည္။

၃။ အမွည့္မလြန္ပါနဲ႔ အညႇာေလး ဖယ္ၾကည့္လို႔ အဝါေရာင္သန္းေန နည္းနည္းအိရင္ရပါပီ။ ဒီေန႔မွာ တလုံးမွည့္တယ္။ စားမွာက ၂လုံး ေနာက္ရက္မွ ၂ လုံး တခါတည္းစားမယ္။ မရပါဘူးေနာ္၊ အမွည့္လြန္ရင္ ဘယ္အသီးမွ စားမရသလို ပစ္ရပါလိမ့္မယ္။ မာယာမ်ားတဲ့ ေထာပတ္သီးကို ေသခ်ာဂ႐ုစိုက္စားပါက အေကာင္းဆုံး အရသာ ရပါမယ္ေနာ္။

၄။ မွည့္ေနေသာ အသီးအား ၾကာၾကာထားနည္း- ဒါကေတာ့ မခက္ခဲပါဘူး။ ဗူးသန႔္သန႔္ ဇြန္းသန႔္သန႔္နဲ႔ ေရခဲေသတၱာရွိရင္ ok ပါတယ္။ မွည့္ေနတဲ့ အသီးေတြကို ဗူးတခုထဲ ဇြန္းေလးနဲ႔ေသခ်ာျခစ္ခ် သိပ္သိပ္ေလးလုပ္ အဖုံးေလးဖုံးၿပီး ေရခဲထဲထည့္ထားရင္ ၾကာၾကာထားစားလို႔ရပါတယ္။

အဓိက ေလလုံေနဖို႔ပါ။ စားခါနီး အေပၚယံလႊာေလးမဲ ေနရင္ေတာင္ ဇြန္းေလးနဲ႔ အသာဖယ္ပီး လိုသလိုအသုံးျပဳ႐ုံပါရွင့္။ မနက္က တျခမ္းစားတယ္ တျခမ္းက်န္တာ ညေနမွ စားမယ္ဆိုရင္ေတာ့ က်န္တျခမ္းေပၚ ဆီေလးသုတ္ထားပါေနာ့။

၅။ ေထာပတ္သီးေ႐ြးရင္ အခြံဝင္းလက္ေနတာေ႐ြးပါ။ အေရာင္မဲတာ စိမ္းတာ ညိဳတာ ကိစၥမရွိပါ။ အေရာင္မြဲေနတာ မႈိေရာင္အျဖဴပြင့္ေနတာ မေကာင္းပါ။ ခ်က္ခ်င္းစားခ်င္ရင္ အသီးတလုံးလုံးကို အသာဖ်စ္ၾကည့္ပါ အနည္းငယ္အိရင္ အေကာင္းဆုံးပါ။

မာေတာင္ေနရင္ တရက္ႏွစ္ရက္သုံးရက္ေလာက္ ေစာင့္ရပါမယ္။ ဖ်စ္ၾကည့္လို႔ အိဝင္သြားရင္ ခ်က္ျခင္းေဖ်ာ္/စားဖို႔ အသင့္ျဖစ္ေနပါၿပီ။ သို႔မဟုတ္ အမွည့္လြန္ ပ်က္ပါေတာ့မယ္။

ခ်က္ျခင္းမစားဘဲ လက္ေဆာင္ေပးဖို႔ေ႐ြးမယ္ဆိုရင္ အညႇာဖုသီးေလးကို ေခြၽခ်ၾကည့္ရင္ အတြင္းထဲမွာ စိမ္းေနရင္ လတ္ဆတ္ပါတယ္။ မဲေနေျခာက္ေနရင္ သိပ္မလတ္ဆတ္ပါ။

အခုဆိုရင္ အကို အမနဲ႔ fri တို႔လဲ အဆင္ေျပမယ္ထင္ပါတယ္။ တျခားသိခ်င္တာမ်ားရွိရင္ မန႔္မွာေမးေပးပါရွင္ အဓိက က အသီး ကို ေရထိရင္ ပုတ္ဖို႔ 99%ေသခ်ာပါပီရွင့္ အားလုံးပဲ စိတ္ခ်မ္းသာ ကိုယ္က်န္းမာက်ပါေစ။

share from: nalonetardiary

Leave a Reply

Your email address will not be published. Required fields are marked *