ဗဟုတုသ

လမ်းပေါ်တွေ့တိုင်း မကောက်ယူသင့်သည့် ကောက်ရပစ္စည်း(၁၀)မျိုး

ကျွန်ုပ်တို့ဟာ တစ်ခါတစ်ရံ လမ်းပေါ်မှ လက်စွပ်၊ ပိုက်ဆံအိတ် အစရှိသည်တို့ကို ကောက်ရတတ်ကြပါတယ်။ ဤကဲ့သို့ ကောက်ယူကိုင်တွယ်မိခြင်းဟာ အခန့်မသင့်လျှင် ကျွန်ုပ်တို့ရဲ့ ကျန်းမားရေးနှင့် လူနေမှုဘဝများကို ထိခိုက်တတ်ကြောင်းလဲ သတိပြုကြရပါမယ်။

(၁) ပိုက်ဆံအိတ်

သင်ဟာ ရိုးသားစွာ ရဲလက်အပ်ရန် ရည်ရွယ်ချက်ဖြင့် ကောက်ယူခြင်း ဖြစ်နေစေကာမူ လှည့်ကွက်မိပြီး ‌သူခိုးဟုစွပ်စွဲခံရခြင်း၊ ငွေညှစ်ခံရခြင်းများနဲ့ ကြုံတွေ့နိုင်ပါတယ်။ ထို့ကြောင့် မဆင်မခြင် ကောက်ယူခြင်းမျိုးကို သတိပြုရပါမယ်။

(၂) တန်ဖိုးကြီး လက်ဝတ်လက်စားများ

ခေတ်ဟောင်းလှည့်ကွက်တစ်ခု ရှိတတ်ပါတယ်။ တစ်စုံတစ်ယောက်ဟာ လက်ဝတ်ရတနာ အတုတစ်ခုကို လမ်းပေါ်မှ ကောက်ရဟန်ဆောင်ကာ သင့်အား လိမ်ညာရောင်းချရန် ကြိုးစားတတ်ကြပါတယ်။

(၃) နားကျပ်များ

နားကျပ်များတွင် အသုံးပြုသော ရာဘာအစွပ်လေးများဟာ ဘတ်တီးရီးယား ပိုးမွှားများစွာ ခိုအောင်းနေနိုင်သောကြောင့် မဆင်မခြင် ကောက်ယူအသုံးမပြုသင့်ပါဘူး။

(၄) လက်နက်အနေဖြင့်အသုံးပြုထားသော ဓားနှင့်အခြားပစ္စည်းများ

တာဝန်ရှိရဲများနှင့် ပြသာနာ မဆက်နွယ်ချင်ရင်တော့ မတော်တဆမှု တစ်ခုခုမှ ရရှိလာသော ဓား၊ရိုင်ဖယ်သေနတ် စသော လက်နက်ပစ္စည်းများအပါအဝင် အခြားလှပသော မည်သည့်ပစ္စည်းမျိုး ဖြစ်စေ ဝေးဝေးရှောင်ရပါမယ်။ သင့်စပ်စုချင်စိတ်ကြောင့် မှုခင်းစုံစမ်းစစ်ဆေးချက်များမှာ သင့်လက်ဗွေရာကို အလွယ်တူ ရှာဖွေတွေ့ရှိသွားနိုင်ပါတယ်။

(၅) ဆက်သွယ်ရေးကိရိယာများ

Walkie-talkie ကဲ့သိုသော ဆက်သွယ်ရေးကိရိယာများဟာ သင့်ကိုဥပဒေဆိုင်ရာ အရာရှိများနှင့် ပဋိပက္ခများ ဖြစ်စေနိုင်ပါတယ်။ထို့ကြောင့် ထိုကဲ့သို့သော ကိရိယာများတွေ့ရှိရပါက တာဝန်ရှိသူဝန်ထမ်းများကို ဖြစ်စေ ၊ တာဝန်ကျရဲများကိုဖြစ်စေ အကြောင်းကြားသင့်ပါတယ်။

(၆) သံသယဖြစ်ဖွယ် စစ်ရေးသုံး ဖောက်ခွဲရေးပစ္စည်းများ

အဆိုပါပေါက်ကွဲစေနိုင်သော ပစ္စည်းများကို လယ်ကွင်းနှင့် တောတောင်များကြားမှာ တွေ့ရတတ်ပါတယ်။လယ်သမားများနှင့် ဥယျာဉ်မှူးများ အနေဖြင့် အထူးဂရုပြုရပါမယ်။ ထိတွေ့ ကိုင်တွယ်ခြင်းမျိုး မပြုလုပ်ပဲ တာဝန်ရှိရဲဝန်ထမ်းများနဲ့ စစ်တပ်ကို အမြန်ဆုံးအကြောင်းကြားရပါမယ်။

(၇) ရှေးဟောင်းပစ္စည်းနှင့် အကြွေစေ့များ

အချို့နိုင်ငံများဟာ ရှေးဟောင်းပစ္စည်းရှာဖွေခြင်းကို အထူးတားမြစ်ထားပါတယ်။(၂၀၁၃) ခုနှစ်မှ စတင်ကာ ရုရှားနိုင်ငံတွင် သတ္တုတူးဖော်ရှာဖွေရေးသမားများကို ဥပဒေချိုးဖောက်သူများ အဖြစ် သတ်မှတ်ထားပါတယ်။ နှစ်(၁၀၀)နှင့်အထက် သက်တမ်းရှိသောရှေးဟောင်းပစ္စည်းများကို ခွင့်ပြုချက်မရှိပဲ တူးဖော်စုဆောင်းခွင့်မရှိပါဘူး။ တစ်နည်းအားဖြင့် ယဉ်ကျေးမှုနှင့်အနုပညာလက်ရာ အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် တရားစွဲဆိုခံရမှာဖြစ်ပါတယ်။

(၈) ဆေးထိုးအပ်နှင့်ပင်အပ်များ

မည်သို့သောအခြေအနေ မည်သည့်နေရာတွင်ဖြစ်စေ ဆေးထိုးအပ်၊ ပြွန်နဲ့ ပင်အပ်များကို မကောက်ယူ မကိုင်တွယ်ရပါဘူး။ ရောဂါပေါင်းများစွာ ကူးစက်ခံနိုင်ချေ ရှိပါတယ်။

(၉) ဖုန်းဆင်းမ်ကဒ်များ

ပြစ်မှုကျူးလွန်ထားသူများ ၊ လိမ်လည်လှည့်စားသူများဟာ ဆင်းမ်ကဒ်အဟောင်းများကို လွှင့်ပစ်လေ့ရှိပါတယ်။ ထို့ကြောင့် ဆင်းမ်ကဒ်ဟောင်းများ ကောက်ယူမိခြင်းဟာ ပြသာနာများစွာနှင့် အမှုပတ်ခံရနိုင်ပါတယ်။

(၁၀) ငှက်ပေါက်စ၊ ဖြူးကောင်ငယ်လေးများ

ပျော်ပွဲစားခရီးများ ထွက်သည့်အခါ တောတွင်းသတ္တဝါလေးများနဲ့ တွေ့ဆုံရတတ်ပါတယ်။ တစ်ခါတစ်ရံ အသိုက်မှ ပြုတ်ကျနေသော ငှက်ပေါက်စလေးများကို တွေ့ရတဲ့အခါ ကောက်ယူမွေးစားခြင်းမျိုးများ မပြုလုပ်သင့်ပါဘူး။ ငှက်‌ပေါက်စလေးများဟာ ငှက်မိဘများရဲ့ အုပ်ထိန်းမှုနဲ့ ပိုးကောင်လေးများကို စားသောက်အသက်ရှင်ကြတာဖြစ်လို့ သင့်အိမ်မှာ ပြုစုပျိုးထောင်ဖို့ မဖြစ်နိုင်ပါဘူး။ လှပသော ပေါက်ဖက်နှင့် ဖြူးကောင်ငယ်လေးများဟာလည်း များစွာသော ရောဂါပိုးမွှားများကို သယ်ဆောင်လေ့ရှိသူတွေဖြစ်လို့ မကိုင်တွယ်သင့်ပါဘူး။

အခြားသော စာဖတ်ပရိတ်သတ်များအတွက် ထပ်လောင်း အကြံပြုလိုသည်များ ရှိရင်လည်း comment မှာ ရေးသားခဲ့နိုင်ပါတယ်။

Rft Brightside

Written One Daily Media

(Zawgyi)

ကြၽႏ္ုပ္တို႔ဟာ တစ္ခါတစ္ရံ လမ္းေပၚမွ လက္စြပ္၊ ပိုက္ဆံအိတ္ အစရွိသည္တို႔ကို ေကာက္ရတတ္ၾကပါတယ္။ ဤကဲ့သို႔ ေကာက္ယူကိုင္တြယ္မိျခင္းဟာ အခန႔္မသင့္လွ်င္ ကြၽႏ္ုပ္တို႔ရဲ႕ က်န္းမားေရးႏွင့္ လူေနမႈဘဝမ်ားကို ထိခိုက္တတ္ေၾကာင္းလဲ သတိျပဳၾကရပါမယ္။

(၁) ပိုက္ဆံအိတ္

သင္ဟာ ႐ိုးသားစြာ ရဲလက္အပ္ရန္ ရည္႐ြယ္ခ်က္ျဖင့္ ေကာက္ယူျခင္း ျဖစ္ေနေစကာမူ လွည့္ကြက္မိၿပီး ‌သူခိုးဟုစြပ္စြဲခံရျခင္း၊ ေငြညႇစ္ခံရျခင္းမ်ားနဲ႔ ႀကဳံေတြ႕ႏိုင္ပါတယ္။ ထို႔ေၾကာင့္ မဆင္မျခင္ ေကာက္ယူျခင္းမ်ိဳးကို သတိျပဳရပါမယ္။

(၂) တန္ဖိုးႀကီး လက္ဝတ္လက္စားမ်ား

ေခတ္ေဟာင္းလွည့္ကြက္တစ္ခု ရွိတတ္ပါတယ္။ တစ္စုံတစ္ေယာက္ဟာ လက္ဝတ္ရတနာ အတုတစ္ခုကို လမ္းေပၚမွ ေကာက္ရဟန္ေဆာင္ကာ သင့္အား လိမ္ညာေရာင္းခ်ရန္ ႀကိဳးစားတတ္ၾကပါတယ္။

(၃) နားက်ပ္မ်ား

နားက်ပ္မ်ားတြင္ အသုံးျပဳေသာ ရာဘာအစြပ္ေလးမ်ားဟာ ဘတ္တီးရီးယား ပိုးမႊားမ်ားစြာ ခိုေအာင္းေနႏိုင္ေသာေၾကာင့္ မဆင္မျခင္ ေကာက္ယူအသုံးမျပဳသင့္ပါဘူး။

(၄) လက္နက္အေနျဖင့္အသုံးျပဳထားေသာ ဓားႏွင့္အျခားပစၥည္းမ်ား

တာဝန္ရွိရဲမ်ားႏွင့္ ျပသာနာ မဆက္ႏြယ္ခ်င္ရင္ေတာ့ မေတာ္တဆမႈ တစ္ခုခုမွ ရရွိလာေသာ ဓား၊႐ိုင္ဖယ္ေသနတ္ စေသာ လက္နက္ပစၥည္းမ်ားအပါအဝင္ အျခားလွပေသာ မည္သည့္ပစၥည္းမ်ိဳး ျဖစ္ေစ ေဝးေဝးေရွာင္ရပါမယ္။ သင့္စပ္စုခ်င္စိတ္ေၾကာင့္ မႈခင္းစုံစမ္းစစ္ေဆးခ်က္မ်ားမွာ သင့္လက္ေဗြရာကို အလြယ္တူ ရွာေဖြေတြ႕ရွိသြားႏိုင္ပါတယ္။

(၅) ဆက္သြယ္ေရးကိရိယာမ်ား

Walkie-talkie ကဲ့သိုေသာ ဆက္သြယ္ေရးကိရိယာမ်ားဟာ သင့္ကိုဥပေဒဆိုင္ရာ အရာရွိမ်ားႏွင့္ ပဋိပကၡမ်ား ျဖစ္ေစႏိုင္ပါတယ္။ထို႔ေၾကာင့္ ထိုကဲ့သို႔ေသာ ကိရိယာမ်ားေတြ႕ရွိရပါက တာဝန္ရွိသူဝန္ထမ္းမ်ားကို ျဖစ္ေစ ၊ တာဝန္က်ရဲမ်ားကိုျဖစ္ေစ အေၾကာင္းၾကားသင့္ပါတယ္။

(၆) သံသယျဖစ္ဖြယ္ စစ္ေရးသုံး ေဖာက္ခြဲေရးပစၥည္းမ်ား

အဆိုပါေပါက္ကြဲေစႏိုင္ေသာ ပစၥည္းမ်ားကို လယ္ကြင္းႏွင့္ ေတာေတာင္မ်ားၾကားမွာ ေတြ႕ရတတ္ပါတယ္။လယ္သမားမ်ားႏွင့္ ဥယ်ာဥ္မႉးမ်ား အေနျဖင့္ အထူးဂ႐ုျပဳရပါမယ္။ ထိေတြ႕ ကိုင္တြယ္ျခင္းမ်ိဳး မျပဳလုပ္ပဲ တာဝန္ရွိရဲဝန္ထမ္းမ်ားနဲ႔ စစ္တပ္ကို အျမန္ဆုံးအေၾကာင္းၾကားရပါမယ္။

(၇) ေရွးေဟာင္းပစၥည္းႏွင့္ အေႂကြေစ့မ်ား

အခ်ိဳ႕ႏိုင္ငံမ်ားဟာ ေရွးေဟာင္းပစၥည္းရွာေဖြျခင္းကို အထူးတားျမစ္ထားပါတယ္။(၂၀၁၃) ခုႏွစ္မွ စတင္ကာ ႐ုရွားႏိုင္ငံတြင္ သတၱဳတူးေဖာ္ရွာေဖြေရးသမားမ်ားကို ဥပေဒခ်ိဳးေဖာက္သူမ်ား အျဖစ္ သတ္မွတ္ထားပါတယ္။ ႏွစ္(၁၀၀)ႏွင့္အထက္ သက္တမ္းရွိေသာ ေရွးေဟာင္း ပစၥည္းမ်ားကို ခြင့္ျပဳခ်က္မရွိပဲ တူးေဖာ္စုေဆာင္းခြင့္မရွိပါဘူး။ တစ္နည္းအားျဖင့္ ယဥ္ေက်းမႈႏွင့္အႏုပညာလက္ရာ အေမြအႏွစ္မ်ားကို ဖ်က္ဆီးမႈျဖင့္ တရားစြဲဆိုခံရမွာျဖစ္ပါတယ္။

(၈) ေဆးထိုးအပ္ႏွင့္ပင္အပ္မ်ား

မည္သို႔ေသာအေျခအေန မည္သည့္ေနရာတြင္ျဖစ္ေစ ေဆးထိုးအပ္၊ ႁပြန္နဲ႔ ပင္အပ္မ်ားကို မေကာက္ယူ မကိုင္တြယ္ရပါဘူး။ ေရာဂါေပါင္းမ်ားစြာ ကူးစက္ခံႏိုင္ေခ် ရွိပါတယ္။

(၉) ဖုန္းဆင္းမ္ကဒ္မ်ား

ျပစ္မႈက်ဴးလြန္ထားသူမ်ား၊ လိမ္လည္လွည့္စားသူမ်ားဟာ ဆင္းမ္ကဒ္အေဟာင္းမ်ားကို လႊင့္ပစ္ေလ့ရွိပါတယ္။ ထို႔ေၾကာင့္ ဆင္းမ္ကဒ္ေဟာင္းမ်ား ေကာက္ယူမိျခင္းဟာ ျပသာနာမ်ားစြာႏွင့္ အမႈပတ္ခံရႏိုင္ပါတယ္။

(၁၀) ငွက္ေပါက္စ၊ ျဖဴးေကာင္ငယ္ေလးမ်ား

ေပ်ာ္ပြဲစားခရီးမ်ား ထြက္သည့္အခါ ေတာတြင္းသတၱဝါေလးမ်ားနဲ႔ ေတြ႕ဆုံရတတ္ပါတယ္။ တစ္ခါတစ္ရံ အသိုက္မွ ျပဳတ္က်ေနေသာ ငွက္ေပါက္စေလးမ်ားကို ေတြ႕ရတဲ့အခါ ေကာက္ယူေမြးစားျခင္းမ်ိဳးမ်ား မျပဳလုပ္သင့္ပါဘူး။ ငွက္‌ေပါက္စေလးမ်ားဟာ ငွက္မိဘမ်ားရဲ႕ အုပ္ထိန္းမႈနဲ႔ ပိုးေကာင္ေလးမ်ားကို စားေသာက္အသက္ရွင္ၾကတာျဖစ္လို႔ သင့္အိမ္မွာ ျပဳစုပ်ိဳးေထာင္ဖို႔ မျဖစ္ႏိုင္ပါဘူး။ လွပေသာ ေပါက္ဖက္ႏွင့္ ျဖဴးေကာင္ငယ္ေလးမ်ားဟာလည္း မ်ားစြာေသာ ေရာဂါပိုးမႊားမ်ားကို သယ္ေဆာင္ေလ့ရွိသူေတြျဖစ္လို႔ မကိုင္တြယ္သင့္ပါဘူး။

အျခားေသာ စာဖတ္ပရိတ္သတ္မ်ားအတြက္ ထပ္ေလာင္း အႀကံျပဳလိုသည္မ်ား ရွိရင္လည္း comment မွာ ေရးသားခဲ့ႏိုင္ပါတယ္။

Rft Brightside

Written One Daily Media

Leave a Reply

Your email address will not be published. Required fields are marked *