ဗဟုတုသ

ငွေရှာပါ … ငွေမရှိရင်ဆွေမျိုးတောင် သူစိမ်းဖြစ်တယ် (အဆုံးထိဖတ်ကြည့်ပါ)

ငွေမရှိရင်ဆွေမျိုးတောင် သူစိမ်းဖြစ်တယ်။ ငွေရှိရင်သူစိမ်းတောင် ဆွေမျိုးဖြစ်တယ်။ ငွေရှိအောင်ကြိုးစားပါ။ မရှိခင်မှာ ချွေတာပါ။ ရှိလာတဲ့အခါ စည်းကမ်းရှိပါ။ ငွေရှာပြီး မချွေတာရင်သေအောင်ရှာ မကြီးပွားပါဘူး။ ငွေနဲ့ပတ်သက်လာရင်ကျန်းမာရေးနှင့် ပညာရေးကလွဲပြီးလိုတာထက် ပိုမသုံးပါနဲ့။ လူမသေ ငွေမရှားဆိုတဲ့အတိုင်းလူတစ်ယောက် အသက်ရှင်နိုင်ရန်အတွက်ငွေကိုနှမျှောနေလို့မရပါဘူး။ ပညာရဲရင့် ပွဲလယ်တင့်ဆိုတဲ့အတိုင်းပညာတတ်ဖြစ်ရန် ငွေကိုနှမျှောနေလို့မရပါဘူး။

အရာရာတိုင်းကိုငွေနဲ့ဝယ်လို့ မရပေမယ့်နေရာတော်တော်များများက ငွေမပါရင် မပြီးသလောက်ပါပဲ။ နောက်ဆုံး ဆေးရုံပေါ်ကလူနာအသက်ကယ်ဆေးထိုးဖို့အတွက် ငွေမပါရင်မပြီးပါဘူး။ ရရစားစားဝါးဝါးမျိုမျိုစုမထားလို့ငါးပြားမပိုဒုက္ခတွေ့မှပေးကြပါဆိုသေခါးနီးငိုချည်းမျက်ရည်ယို။ လူတွေဟာကိုယ့်ကိုကူညီဖို့မွေးဖွားလာကြတာမဟုတ်ပါဘူး။ သူများအကူညီကို မမျှော်လင့်ပါနဲ့။ ကိုယ့်အားကိုယ်ကိုးပါ။ကြိုးစားတိုးပွားနိုင်ကြပါစေ။

ကဗျာလမ်းညွှန်စာပေချစ်သူများကို အစဉ်လေးစားလျှက်

Credit: Original Uploader

(Zawgyi)

ေငြမရွိရင္ေဆြမ်ိဳးေတာင္ သူစိမ္းျဖစ္တယ္။ ေငြရွိရင္သူစိမ္းေတာင္ ေဆြမ်ိဳးျဖစ္တယ္။ ေငြရွိေအာင္ႀကိဳးစားပါ။ မရွိခင္မွာ ေခြၽတာပါ။ ရွိလာတဲ့အခါ စည္းကမ္းရွိပါ။ ေငြရွာၿပီး မေခြၽတာရင္ေသေအာင္ရွာ မႀကီးပြားပါဘူး။ ေငြနဲ႔ပတ္သက္လာရင္က်န္းမာေရးႏွင့္ ပညာေရးကလြဲၿပီးလိုတာထက္ ပိုမသုံးပါနဲ႔။ လူမေသ ေငြမရွားဆိုတဲ့အတိုင္းလူတစ္ေယာက္ အသက္ရွင္ႏိုင္ရန္အတြက္ေငြကိုႏွေမွ်ာေနလို႔မရပါဘူး။ ပညာရဲရင့္ ပြဲလယ္တင့္ဆိုတဲ့အတိုင္းပညာတတ္ျဖစ္ရန္ ေငြကိုႏွေမွ်ာေနလို႔မရပါဘူး။

အရာရာတိုင္းကိုေငြနဲ႔ဝယ္လို႔ မရေပမယ့္ေနရာေတာ္ေတာ္မ်ားမ်ားက ေငြမပါရင္ မၿပီးသေလာက္ပါပဲ။ ေနာက္ဆုံး ေဆး႐ုံေပၚကလူနာအသက္ကယ္ေဆးထိုးဖို႔အတြက္ ေငြမပါရင္မၿပီးပါဘူး။ ရရစားစားဝါးဝါးမ်ိဳမ်ိဳစုမထားလို႔ငါးျပားမပိုဒုကၡေတြ႕မွေပးၾကပါဆိုေသခါးနီးငိုခ်ည္းမ်က္ရည္ယို။ လူေတြဟာကိုယ့္ကိုကူညီဖို႔ေမြးဖြားလာၾကတာမဟုတ္ပါဘူး။ သူမ်ားအကူညီကို မေမွ်ာ္လင့္ပါနဲ႔။ ကိုယ့္အားကိုယ္ကိုးပါ။ႀကိဳးစားတိုးပြားႏိုင္ၾကပါေစ။

ကဗ်ာလမ္းၫႊန္စာေပခ်စ္သူမ်ားကို အစဥ္ေလးစားလွ်က္

Credit: Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *