ဗဟုတုသ

မိမိဆိုင်ကယ် အင်ဂျင်ကောင်းပြီး ရေရှည်အစီးခံဖို့အတွက် လိုက်နာရမယ့်အချက်လေးတွေ

Brand New ဆိုင်ကယ်တိုင်း အင်ဂျင်ကျင့်ပေးရပါတယ်-

ဆင်ပေါက်စလေးတစ်ကောင် မွေးပြီး လသားအရွယ်မှာတင် သွားနိုင်အောင် ခိုင်းတာလုပ်တတ်အောင် လေ့ကျင့်ပေးရသလိုပဲ ဆိုင်ကယ်တစ်စီးမှာလည်း စတင်ဝယ်ယူခါစ Brand New ဆိုင်ကယ်ရဲ့ အင်ဂျင်ကို လေ့ကျင့်ပေးရပါတယ်။ သက်ရှိသတ္တဝါမဟုတ်ဘူး စက်ပစ္စည်း ငါခိုင်းရင် ခိုင်းသလို လုပ်ပေးမှ ငါမောင်းချင်သလို မောင်းမှာပဲ ဆိုတဲ့စိတ်ရှိနေရင်တော့ သင့်ဆိုင်ကယ်ရဲ့ အင်ဂျင်သက်တမ်းဟာ ကြာရှည်ခံမှာ မဟုတ်သလို ငွေကြေးပေါင်း သိန်းချီပေးပြီး ဝယ်ရကျိုးလည်း နပ်မှာ မဟုတ်ပါဘူး။ နောက်ဆက်တွဲအနေနဲ့ ပြင်ဆင်စရိတ်တွေပါ ကပ်ပါလာမှာဖြစ်ပါတယ်။

စတင်ဝယ်ယူခါစ Brand New ဆိုင်ကယ်ရဲ့ အင်ဂျင်သက်တမ်းကြာရှည်ခံချင်တယ်ဆိုရင် စတင်မောင်းချိန်ကတည်းက လအနည်းကြာသည်အထိ အရှိန်ပြင်းပြင်း မောင်းတာထက် သာမန်အရှိန်နှုန်းသာရှိတဲ့ ကီလိုအနည်းငယ်ပဲ မောင်းနှင်ဖို့လိုပါတယ်။ နာမည်ရ Brand တွေရဲ့ Techanical ပညာရှင်တွေ သတ်မှတ်ထားတာကတော့ စတင်ဝယ်ယူခါစမှာ ကီလို 0 ရှိတာကြောင့် ကီလို 0 ကနေ 160 ကီလိုမီတာအတွင်းဆိုရင် တစ်နာရီကို ၃၅ ကီလိုမီတာအမြန်နှုန်းနဲ့သာ အသုံးပြုမောင်းနင်သင့်ပြီး ကီလို 160 မှ 800 ကီလိုမီတာအတွင်းဆိုရင်တော့ တစ်နာရီ ၄၅ ကီလိုမီတာ အမြန်နှုန်းနဲ့ပဲ မောင်းနှင်သင့်တယ်လို့ အကြံပြုထားကြပါတယ်။

အဲဒီလိုပဲ ဒိုင်ခွက်မှာ ပြသပေးနေတဲ့ ကီလို 800 အတွင်းကနေ 1600 အတွင်းဆိုရင် တစ်နာရီ ၅၅ ကီလိုမီတာအမြန်နှုန်းနဲ့သာ မောင်းနှင်သင့်သလို ကီလို 1600 အတွင်းကာလထိ High Way ထွက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုရင် High Way သွားပြီဆိုကတည်းက ဘယ်သူမဆို အမြန်ရောက်ချင်ကြတာဖြစ်လို့ ဒိုင်ခွက်မှာပြနေတဲ့ ကီလိုမီတာ အမြန်နှုန်းကို သတိမပြုတော့ဘဲ လမ်းကောင်းရင် ကောင်းသလို ယာဉ်ကြောရှင်းရင် ရှင်းသလို အမြန်မောင်းနှင်တတ်ကြတာကြောင့် Service ကျွမ်းကျင်ပညာရှင်တွေက အခုလို သတိပေးထားတာပဲဖြစ်ပါတယ်။

အင်ဂျင်ကျင့်ရမယ့် ကီလို 1600 ကာလအတွင်းမှာ အကယ်၍ ကီလိုအလိုက် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခဲ့မယ်ဆိုရင် လပိုင်းအနည်းငယ်အတွင်းမှာပဲ အင်ဂျင်စက်သံနဲ့ အိပ်ဇောကနေ ထွက်လာတဲ့ အသံဟာ ဆူဆူညံညံတွေ ထွက်ပေါ်လာတတ်ပါတယ်။တချို့ Honda ဆိုင်ကယ် Brand New ဝယ်စီးပြီး လအနည်းငယ်အတွင်းမှာ စက်သံဆူညံနေလို့ဆိုတဲ့ ပြဿနာရဲ့ အရင်းအမြစ်က အင်ဂျင်ကျင့်ရမယ့် ကာလမှာ မြန်နှုန်းမြင့်မောင်းမိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်ကယ်ချစ်သူတွေအနေနဲ့ အင်ဂျင်ကျင့်ရမယ့်ကာလ ကီလို 1600 အတွင်းမှာ High Way ထွက်တာမျိုးမလုပ်ဘဲ သူ့သတ်မှတ်ကီလိုအလိုက် အမြန်နှုန်းကို အတိုင်းအတာတစ်ခုအထိသာ မောင်းနှင်ဖို့ တိုက်တွန်းချင်ပါတယ်။

အရည်အသွေးမီ အင်ဂျင်ဝိုင်ကို ထည့်ပါဆိုင်ကယ် Brand New စဝယ်ပြီဆိုတာနဲ့ တချို့က ဆိုင်ကယ်မှာပါတဲ့ အင်ဂျင်မှာပါရှိပြီးသား အင်ဂျင်ကျင့်ဆီကို ၅ ရက်(သို့) တစ်ပတ်ခန့် စီးနင်းခိုင်းတာလည်းရှိသလို တချို့ဝပ်ရှော့ဆရာတွေက အင်ဂျင်ဝိုင်အသစ်တစ်ဘူးကို ချက်ချင်းလဲပေးလိုက်တာလည်း ရှိပါတယ်။ အကောင်းဆုံးက အင်ဂျင်မှာ Original ပါရှိတဲ့ အင်ဂျင်ကျင့်ဆီဟာ ကျင့်ဆီလို့ သတ်မှတ်တာကြောင့် High Way သွားတာမျိုးမဟုတ်ခဲ့ရင် တစ်ပတ်ခန့် စီးနင်းပြီးမှ အင်ဂျင်ဝိုင်အသစ်တစ်ဘူးကို လဲလှယ်သင့်ပါတယ်။

အင်ဂျင်ဝိုင်အသစ်တစ်ဘူးရဲ့ ဆီအရည်အသွေးနဲ့ Original ကျင့်ဆီရဲ့ ဆီအရည်အသွေး မတူသလို ကျင့်ဆီဟာ ကျင့်ဆီလို့ သတ်မှတ်တာကြောင့် တစ်ပတ်ခန့်စီးနင်း အင်ဂျင်ကျင့်ခိုင်းပြီးမှ အင်ဂျင်ဝိုင်အသစ်တစ်ဘူးကို လဲလှယ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ အဲဒီလိုပဲ အင်ဂျင်ဝိုင်အသစ်တစ်ဘူး လဲလှယ်တဲ့အခါမှာလည်း ဈေးနှုန်းချိုသာတာထက် အရည်အသွေးကောင်းတဲ့ ကုမ္ပဏီတွေကနေ တိုက်ရိုက်ရောင်းချတဲ့ဆိုင် ဒါမှမဟုတ် ကုမ္ပဏီတွေရဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေမှာသာ ဝယ်ယူသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် လက်ရှိ မြန်မာပြည်မှာ အင်ဂျင်ဝိုင်အမျိုးအစားပေါင်း မရေမတွက်နိုင်အောင် ထွက်ရှိနေသလို နာမည်ရ Brand တွေအတိုင်း နာမည်တူနဲ့ တံဆိပ်တုတွေထွက်ရှိနေတာကြောင့် ကုမ္ပဏီရဲ့ အရောင်းကိုယ်စားလှယ်ဆိုင်တွေနဲ့ ယုံကြည်စိတ်ချရတဲ့ ဆိုင်တွေမှာသာ အရည်အသွေးမီ အင်ဂျင်ဝိုင်ကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

မိုင်းလစ်ကြိုးတပ်စီးပြီး ကီလို ၃၀၀၀ ပြည့်တိုင်း အင်ဂျင်ဝိုင်တစ်ခါ လဲလှယ်ပါ။ ဘယ်ဆိုင်ကယ်ပဲစီးစီး စတင်ဝယ်ယူကတည်းက နှစ်မည်မျှကြာနေပါစေ မိုင်းလစ်ကြိုးတပ်စီးဖို့လိုသလို ကီလို ၃၀၀၀ ပြည့်တိုင်း အင်ဂျင်ဝိုင်တစ်ခါလဲလှယ်ဖို့လိုပါတယ်။ တချို့က သုံးလတစ်ခါ အင်ဂျင်ဝိုင်လဲလှယ်ရမယ်၊ နှစ်လတစ်ခါ အင်ဂျင်လဲလှယ်ရမယ်ဆိုတဲ့ အယူအဆဟာ မှားယွင်းနေပြီး ဒိုင်ခွက်မှာပြသနေတဲ့ ကီလိုမီတာကိုကြည့်ပြီး ကီလို ၃၀၀၀ ပြည့်တိုင်း အင်ဂျင်ဝိုင်တစ်ခါလဲလှယ်ဖို့လိုပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး ဖွံ့ဖြိုးပြီး ပြည်ပနိုင်ငံအချို့မှာတော့ ကီလို ၅၀၀၀(သို့) ကီလို ၆၀၀၀ ပြည့်မှ အင်ဂျင်ဝိုင်တစ်ကြိမ်လဲလှယ်ကြပေမဲ့ မြန်မာနိုင်ငံရဲ့ လမ်းအနေအထား၊ သုံးစွဲမှုအခြေအနေ ကွာခြားမှုတွေကြောင့် အကြမ်းဖျဉ်း ကီလို ၃၀၀၀ ပြည့်တိုင်း လဲလှယ်သင့်တယ်လို့ အကြံပြုရခြင်းပဲဖြစ်ပါတယ်။

လီဗာဆောင့်ဆွဲပြီး မောင်းထွက်တာမျိုး မလုပ်ပါနဲ့-

ပန့်စနစ်နဲ့ အလုပ်လုပ်တာမျိုးမဟုတ်တဲ့ Manual ဂီယာသုံး ဆိုင်ကယ်တွေမှာတော့ လီဗာဆောင့်ဆွဲတဲ့အခါတွေမှာ ဂီယာနံပါတ်နိမ့်ရင် ဆောင့်ထွက်တာမျိုးရှိတတ်ပေမယ့် ဂီယာနံပါတ် 4 လို ဂီယာမြင့်ဖြစ်နေရင် လီဗာ ရုတ်တရက်ဆွဲလိုက်ရင်တောင် ဆောင့်ထွက်တာ အလွန်နည်းပါးလှပါတယ်။ ပန့်စနစ်နဲ့အလုပ်လုပ်တာ မဟုတ်တဲ့အတွက် ဂီယာမြင့်မှာ လီဗာ ရုတ်တရက်ဆောင့်ဆွဲလိုက်ရင် စက်သံဝပ်သွားတာကလွဲပြီး အမြန်ထထွက်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် EFI Type (PGM-FI) သုံး Honda, YAMAHA စတဲ့ ဆိုင်ကယ်တွေမှာတော့ လီဗာဆောင့်ဆွဲလိုက်ရင် ဆွဲလိုက်သလို ထထွက်သွားတတ်ပါတယ်။

အခုခေတ်မှာ အထူးသဖြင့် Honda Click, Scoopyi စီးတဲ့ လူငယ်တွေမှာ စထွက်ချိန်ကတည်းက လီဗာကို တောက်လျှောက်တင်ပြီး ပြန်မလျှော့တော့ဘဲ အချိန်ကြာပြီး အရှိန်ပြင်းနဲ့ မောင်းနှင်ကြတာတွေတွေ့နေရပါတယ်။ အဲဒီလို လီဗာကို ရုတ်တရက်တင် ဆောင့်ထွက်ပြီး လီဗာပြန်မလျှော့ပေးခြင်းဟာ အချိန်ကြာလာတာနဲ့အမျှ အင်ဂျင်ကနေ ထုတ်ပေးတဲ့ ကရိုင်းရှုပ်နဲ့ဆက်ထားတဲ့ ၆ လုံးဘောတို့၊ ဂါပနာရှူးတို့ ပတ်သားကြိုးတို့၊ ကရောင်းအုံထဲက ပင်နယံတို့ စတဲ့အစိတ်အပိုင်းတွေ ပျက်စီးစေနိုင်ပါတယ်။ ပျက်စီးစေနိုင်တယ်ဆိုတဲ့နေရာမှာ ချက်ခြင်းကြီး ပျက်စီးသွားမှာမျိုးမဟုတ်ဘဲ ရေရှည်မှာ အထိနာလာတာနဲ့အမျှ အင်ဂျင်ရုန်းအားဆွဲအားတွေမှာ ကျဆင်းစေနိုင်ပါတယ်။

ဆိုင်ကယ်တစ်စီးရဲ့ အင်ဂျင်သက်တမ်း ပုံမှန်ထိန်းသိမ်းပြီး မောင်းရင် ငါးနှစ်ခံမယ်ဆိုရင် လီဗာဆောင့်ဆွဲပြီး ပြန်မလျှော့ဘဲ အရှိန်ပြင်းမောင်းတဲ့ဆိုင်ကယ်ဟာ ၃ နှစ်ခွဲဝန်းကျင်ဆိုရင်ကို အင်ဂျင် အနည်းငယ်ကျနေတတ်ပါတယ်။ အဲဒီလို အင်ဂျင်ရုန်းအားဆွဲအား ကျဆင်းသွားပြီဆိုရင် သင့်အနေနဲ့ ပြန်ရောင်းချိန်မှာ မိုဒယ်တူ၊ အမျိုးအစားတူဆိုင်ကယ်တွေထက်ကို အနည်းဆုံး တစ်သိန်းကနေ သုံးသိန်းကြား ဈေးနှိမ်ခံရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် သင့်ဆိုင်ကယ်အင်ဂျင်သက်တမ်း ကြာရှည်ခံချင်တယ်ဆိုရင် လီဗာဆောင့်ဆွဲပြီး ထွက်တာမျိုးတွေ၊ လီဗာတင်ထားပြီး လီဗာပြန်မလျှော့ဘဲ တောက်လျှောက်အရှိန်ပြင်းမောင်းနှင်တာမျိုးတွေ ရှောင်ကြဉ်ဖို့လိုပါတယ်။

ရှေ့မှာပြောပြခဲ့တဲ့ Brand New စတင်ဝယ်ယူချိန်ကတည်းက အင်ဂျင်ကျင့်ရမယ့်ကာလမှာ ကီလိုမီတာအလိုက်ဂရုပြုမောင်းနှင်မယ်၊ အရည်အသွေးမီ အင်ဂျင်ဝိုင်ကို ပုံမှန်လဲလှယ်မယ်၊ လီဗာဆောင့်ဆွဲပြီး အရှိန်ပြင်းမောင်းထွက်တာမျိုးတွေ ရှောင်ကြဉ်မယ်စတဲ့ လိုက်နာဖွယ်ရာတွေကိုသာ ကျင့်သုံးသွားမယ်ဆိုရင် သင့်ဆိုင်ကယ် အင်ဂျင်သက်တမ်း ကြာရှည်ခံစေမှာဖြစ်သလို Brand အလိုက် စက်ရုံတွေက သတ်မှတ်ထားတဲ့ သက်တမ်းအပြည့် စီးနင်းနိုင်မှာဖြစ်ပါတယ်။

ဆိုင်ကယ်အင်ဂျင်သက်တမ်းလည်း ကြာရှည်ခံမယ်၊ ပျက်စီးမှုလည်း နည်းပါးပြီဆိုရင် သင့်အတွက် ပြန်ရောင်းချိန်မှာ ဈေးကောင်းရရှိစေမှာဖြစ်သလို ပြင်ဆင်ရမှုနည်းပါးတာနဲ့အမျှ ကုန်ကျစရိတ်ပါ သက်သာစေမှာဖြစ်ပါတယ်။ ငွေကြေးကုန်ကျမှုနည်းပါးတာနဲ့အမျှ ဆိုင်ကယ်နေ့စဉ်အသုံးပြုနေတဲ့ သင့်အတွက် ဘယ်နေရာ ဘယ်ခရီးသွားသွား စိတ်ချမ်းသာမှုရနေစေမှာ ဧကန်ပါပဲ။

Credit-Original Uploader

(Zawgyi)

Brand New ဆိုင္ကယ္တိုင္း အင္ဂ်င္က်င့္ေပးရပါတယ္-

ဆင္ေပါက္စေလးတစ္ေကာင္ ေမြးၿပီး လသားအ႐ြယ္မွာတင္ သြားႏိုင္ေအာင္ ခိုင္းတာလုပ္တတ္ေအာင္ ေလ့က်င့္ေပးရသလိုပဲ ဆိုင္ကယ္တစ္စီးမွာလည္း စတင္ဝယ္ယူခါစ Brand New ဆိုင္ကယ္ရဲ႕ အင္ဂ်င္ကို ေလ့က်င့္ေပးရပါတယ္။ သက္ရွိသတၱဝါမဟုတ္ဘူး စက္ပစၥည္း ငါခိုင္းရင္ ခိုင္းသလို လုပ္ေပးမွ ငါေမာင္းခ်င္သလို ေမာင္းမွာပဲ ဆိုတဲ့စိတ္ရွိေနရင္ေတာ့ သင့္ဆိုင္ကယ္ရဲ႕ အင္ဂ်င္သက္တမ္းဟာ ၾကာရွည္ခံမွာ မဟုတ္သလို ေငြေၾကးေပါင္း သိန္းခ်ီေပးၿပီး ဝယ္ရက်ိဳးလည္း နပ္မွာ မဟုတ္ပါဘူး။ ေနာက္ဆက္တြဲအေနနဲ႔ ျပင္ဆင္စရိတ္ေတြပါ ကပ္ပါလာမွာျဖစ္ပါတယ္။

စတင္ဝယ္ယူခါစ Brand New ဆိုင္ကယ္ရဲ႕ အင္ဂ်င္သက္တမ္းၾကာရွည္ခံခ်င္တယ္ဆိုရင္ စတင္ေမာင္းခ်ိန္ကတည္းက လအနည္းၾကာသည္အထိ အရွိန္ျပင္းျပင္း ေမာင္းတာထက္ သာမန္အရွိန္ႏႈန္းသာရွိတဲ့ ကီလိုအနည္းငယ္ပဲ ေမာင္းႏွင္ဖို႔လိုပါတယ္။ နာမည္ရ Brand ေတြရဲ႕ Techanical ပညာရွင္ေတြ သတ္မွတ္ထားတာကေတာ့ စတင္ဝယ္ယူခါစမွာ ကီလို 0 ရွိတာေၾကာင့္ ကီလို 0 ကေန 160 ကီလိုမီတာအတြင္းဆိုရင္ တစ္နာရီကို ၃၅ ကီလိုမီတာအျမန္ႏႈန္းနဲ႔သာ အသုံးျပဳေမာင္းနင္သင့္ၿပီး ကီလို 160 မွ 800 ကီလိုမီတာအတြင္းဆိုရင္ေတာ့ တစ္နာရီ ၄၅ ကီလိုမီတာ အျမန္ႏႈန္းနဲ႔ပဲ ေမာင္းႏွင္သင့္တယ္လို႔ အႀကံျပဳထားၾကပါတယ္။

အဲဒီလိုပဲ ဒိုင္ခြက္မွာ ျပသေပးေနတဲ့ ကီလို 800 အတြင္းကေန 1600 အတြင္းဆိုရင္ တစ္နာရီ ၅၅ ကီလိုမီတာအျမန္ႏႈန္းနဲ႔သာ ေမာင္းႏွင္သင့္သလို ကီလို 1600 အတြင္းကာလထိ High Way ထြက္တာမ်ိဳးေတြ မလုပ္သင့္ပါဘူး။ ဘာလို႔လဲဆိုရင္ High Way သြားၿပီဆိုကတည္းက ဘယ္သူမဆို အျမန္ေရာက္ခ်င္ၾကတာျဖစ္လို႔ ဒိုင္ခြက္မွာျပေနတဲ့ ကီလိုမီတာ အျမန္ႏႈန္းကို သတိမျပဳေတာ့ဘဲ လမ္းေကာင္းရင္ ေကာင္းသလို ယာဥ္ေၾကာရွင္းရင္ ရွင္းသလို အျမန္ေမာင္းႏွင္တတ္ၾကတာေၾကာင့္ Service ကြၽမ္းက်င္ပညာရွင္ေတြက အခုလို သတိေပးထားတာပဲျဖစ္ပါတယ္။

အင္ဂ်င္က်င့္ရမယ့္ ကီလို 1600 ကာလအတြင္းမွာ အကယ္၍ ကီလိုအလိုက္ သတ္မွတ္အျမန္ႏႈန္းထက္ ေက်ာ္လြန္ေမာင္းႏွင္ခဲ့မယ္ဆိုရင္ လပိုင္းအနည္းငယ္အတြင္းမွာပဲ အင္ဂ်င္စက္သံနဲ႔ အိပ္ေဇာကေန ထြက္လာတဲ့ အသံဟာ ဆူဆူညံညံေတြ ထြက္ေပၚလာတတ္ပါတယ္။တခ်ိဳ႕ Honda ဆိုင္ကယ္ Brand New ဝယ္စီးၿပီး လအနည္းငယ္အတြင္းမွာ စက္သံဆူညံေနလို႔ဆိုတဲ့ ျပႆနာရဲ႕ အရင္းအျမစ္က အင္ဂ်င္က်င့္ရမယ့္ ကာလမွာ ျမန္ႏႈန္းျမင့္ေမာင္းမိတာေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆိုင္ကယ္ခ်စ္သူေတြအေနနဲ႔ အင္ဂ်င္က်င့္ရမယ့္ကာလ ကီလို 1600 အတြင္းမွာ High Way ထြက္တာမ်ိဳးမလုပ္ဘဲ သူ႔သတ္မွတ္ကီလိုအလိုက္ အျမန္ႏႈန္းကို အတိုင္းအတာတစ္ခုအထိသာ ေမာင္းႏွင္ဖို႔ တိုက္တြန္းခ်င္ပါတယ္။

အရည္အေသြးမီ အင္ဂ်င္ဝိုင္ကို ထည့္ပါဆိုင္ကယ္ Brand New စဝယ္ၿပီဆိုတာနဲ႔ တခ်ိဳ႕က ဆိုင္ကယ္မွာပါတဲ့ အင္ဂ်င္မွာပါရွိၿပီးသား အင္ဂ်င္က်င့္ဆီကို ၅ ရက္(သို႔) တစ္ပတ္ခန႔္ စီးနင္းခိုင္းတာလည္းရွိသလို တခ်ိဳ႕ဝပ္ေရွာ့ဆရာေတြက အင္ဂ်င္ဝိုင္အသစ္တစ္ဘူးကို ခ်က္ခ်င္းလဲေပးလိုက္တာလည္း ရွိပါတယ္။ အေကာင္းဆုံးက အင္ဂ်င္မွာ Original ပါရွိတဲ့ အင္ဂ်င္က်င့္ဆီဟာ က်င့္ဆီလို႔ သတ္မွတ္တာေၾကာင့္ High Way သြားတာမ်ိဳးမဟုတ္ခဲ့ရင္ တစ္ပတ္ခန႔္ စီးနင္းၿပီးမွ အင္ဂ်င္ဝိုင္အသစ္တစ္ဘူးကို လဲလွယ္သင့္ပါတယ္။

အင္ဂ်င္ဝိုင္အသစ္တစ္ဘူးရဲ႕ ဆီအရည္အေသြးနဲ႔ Original က်င့္ဆီရဲ႕ ဆီအရည္အေသြး မတူသလို က်င့္ဆီဟာ က်င့္ဆီလို႔ သတ္မွတ္တာေၾကာင့္ တစ္ပတ္ခန႔္စီးနင္း အင္ဂ်င္က်င့္ခိုင္းၿပီးမွ အင္ဂ်င္ဝိုင္အသစ္တစ္ဘူးကို လဲလွယ္ေပးဖို႔ တိုက္တြန္းခ်င္ပါတယ္။ အဲဒီလိုပဲ အင္ဂ်င္ဝိုင္အသစ္တစ္ဘူး လဲလွယ္တဲ့အခါမွာလည္း ေဈးႏႈန္းခ်ိဳသာတာထက္ အရည္အေသြးေကာင္းတဲ့ ကုမၸဏီေတြကေန တိုက္႐ိုက္ေရာင္းခ်တဲ့ဆိုင္ ဒါမွမဟုတ္ ကုမၸဏီေတြရဲ႕ အေရာင္းကိုယ္စားလွယ္ဆိုင္ေတြမွာသာ ဝယ္ယူသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ လက္ရွိ ျမန္မာျပည္မွာ အင္ဂ်င္ဝိုင္အမ်ိဳးအစားေပါင္း မေရမတြက္ႏိုင္ေအာင္ ထြက္ရွိေနသလို နာမည္ရ Brand ေတြအတိုင္း နာမည္တူနဲ႔ တံဆိပ္တုေတြထြက္ရွိေနတာေၾကာင့္ ကုမၸဏီရဲ႕ အေရာင္းကိုယ္စားလွယ္ဆိုင္ေတြနဲ႔ ယုံၾကည္စိတ္ခ်ရတဲ့ ဆိုင္ေတြမွာသာ အရည္အေသြးမီ အင္ဂ်င္ဝိုင္ကို ေ႐ြးခ်ယ္ ဝယ္ယူသင့္ပါတယ္။

မိုင္းလစ္ႀကိဳးတပ္စီးၿပီး ကီလို ၃၀၀၀ ျပည့္တိုင္း အင္ဂ်င္ဝိုင္တစ္ခါ လဲလွယ္ပါ။ ဘယ္ဆိုင္ကယ္ပဲစီးစီး စတင္ဝယ္ယူကတည္းက ႏွစ္မည္မွ်ၾကာေနပါေစ မိုင္းလစ္ႀကိဳးတပ္စီးဖို႔လိုသလို ကီလို ၃၀၀၀ ျပည့္တိုင္း အင္ဂ်င္ဝိုင္တစ္ခါလဲလွယ္ဖို႔လိုပါတယ္။ တခ်ိဳ႕က သုံးလတစ္ခါ အင္ဂ်င္ဝိုင္လဲလွယ္ရမယ္၊ ႏွစ္လတစ္ခါ အင္ဂ်င္လဲလွယ္ရမယ္ဆိုတဲ့ အယူအဆဟာ မွားယြင္းေနၿပီး ဒိုင္ခြက္မွာျပသေနတဲ့ ကီလိုမီတာကိုၾကည့္ၿပီး ကီလို ၃၀၀၀ ျပည့္တိုင္း အင္ဂ်င္ဝိုင္တစ္ခါလဲလွယ္ဖို႔လိုပါတယ္။ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ၿပီး ဖြံ႕ၿဖိဳးၿပီး ျပည္ပႏိုင္ငံအခ်ိဳ႕မွာေတာ့ ကီလို ၅၀၀၀(သို႔) ကီလို ၆၀၀၀ ျပည့္မွ အင္ဂ်င္ဝိုင္တစ္ႀကိမ္လဲလွယ္ၾကေပမဲ့ ျမန္မာႏိုင္ငံရဲ႕ လမ္းအေနအထား၊ သုံးစြဲမႈအေျခအေန ကြာျခားမႈေတြေၾကာင့္ အၾကမ္းဖ်ဥ္း ကီလို ၃၀၀၀ ျပည့္တိုင္း လဲလွယ္သင့္တယ္လို႔ အႀကံျပဳရျခင္းပဲျဖစ္ပါတယ္။

လီဗာေဆာင့္ဆြဲၿပီး ေမာင္းထြက္တာမ်ိဳး မလုပ္ပါနဲ႔-

ပန႔္စနစ္နဲ႔ အလုပ္လုပ္တာမ်ိဳးမဟုတ္တဲ့ Manual ဂီယာသုံး ဆိုင္ကယ္ေတြမွာေတာ့ လီဗာေဆာင့္ဆြဲတဲ့အခါေတြမွာ ဂီယာနံပါတ္နိမ့္ရင္ ေဆာင့္ထြက္တာမ်ိဳးရွိတတ္ေပမယ့္ ဂီယာနံပါတ္ 4 လို ဂီယာျမင့္ျဖစ္ေနရင္ လီဗာ ႐ုတ္တရက္ဆြဲလိုက္ရင္ေတာင္ ေဆာင့္ထြက္တာ အလြန္နည္းပါးလွပါတယ္။ ပန႔္စနစ္နဲ႔အလုပ္လုပ္တာ မဟုတ္တဲ့အတြက္ ဂီယာျမင့္မွာ လီဗာ ႐ုတ္တရက္ေဆာင့္ဆြဲလိုက္ရင္ စက္သံဝပ္သြားတာကလြဲၿပီး အျမန္ထထြက္သြားမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ EFI Type (PGM-FI) သုံး Honda, YAMAHA စတဲ့ ဆိုင္ကယ္ေတြမွာေတာ့ လီဗာေဆာင့္ဆြဲလိုက္ရင္ ဆြဲလိုက္သလို ထထြက္သြားတတ္ပါတယ္။

အခုေခတ္မွာ အထူးသျဖင့္ Honda Click, Scoopyi စီးတဲ့ လူငယ္ေတြမွာ စထြက္ခ်ိန္ကတည္းက လီဗာကို ေတာက္ေလွ်ာက္တင္ၿပီး ျပန္မေလွ်ာ့ေတာ့ဘဲ အခ်ိန္ၾကာၿပီး အရွိန္ျပင္းနဲ႔ ေမာင္းႏွင္ၾကတာေတြေတြ႕ေနရပါတယ္။ အဲဒီလို လီဗာကို ႐ုတ္တရက္တင္ ေဆာင့္ထြက္ၿပီး လီဗာျပန္မေလွ်ာ့ေပးျခင္းဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် အင္ဂ်င္ကေန ထုတ္ေပးတဲ့ က႐ိုင္းရႈပ္နဲ႔ဆက္ထားတဲ့ ၆ လုံးေဘာတို႔၊ ဂါပနာရႉးတို႔ ပတ္သားႀကိဳးတို႔၊ ကေရာင္းအုံထဲက ပင္နယံတို႔ စတဲ့အစိတ္အပိုင္းေတြ ပ်က္စီးေစႏိုင္ပါတယ္။ ပ်က္စီးေစႏိုင္တယ္ဆိုတဲ့ေနရာမွာ ခ်က္ျခင္းႀကီး ပ်က္စီးသြားမွာမ်ိဳးမဟုတ္ဘဲ ေရရွည္မွာ အထိနာလာတာနဲ႔အမွ် အင္ဂ်င္႐ုန္းအားဆြဲအားေတြမွာ က်ဆင္းေစႏိုင္ပါတယ္။

ဆိုင္ကယ္တစ္စီးရဲ႕ အင္ဂ်င္သက္တမ္း ပုံမွန္ထိန္းသိမ္းၿပီး ေမာင္းရင္ ငါးႏွစ္ခံမယ္ဆိုရင္ လီဗာေဆာင့္ဆြဲၿပီး ျပန္မေလွ်ာ့ဘဲ အရွိန္ျပင္းေမာင္းတဲ့ဆိုင္ကယ္ဟာ ၃ ႏွစ္ခြဲဝန္းက်င္ဆိုရင္ကို အင္ဂ်င္ အနည္းငယ္က်ေနတတ္ပါတယ္။ အဲဒီလို အင္ဂ်င္႐ုန္းအားဆြဲအား က်ဆင္းသြားၿပီဆိုရင္ သင့္အေနနဲ႔ ျပန္ေရာင္းခ်ိန္မွာ မိုဒယ္တူ၊ အမ်ိဳးအစားတူဆိုင္ကယ္ေတြထက္ကို အနည္းဆုံး တစ္သိန္းကေန သုံးသိန္းၾကား ေဈးႏွိမ္ခံရေတာ့မွာျဖစ္ပါတယ္။ ဒါေၾကာင့္ သင့္ဆိုင္ကယ္အင္ဂ်င္သက္တမ္း ၾကာရွည္ခံခ်င္တယ္ဆိုရင္ လီဗာေဆာင့္ဆြဲၿပီး ထြက္တာမ်ိဳးေတြ၊ လီဗာတင္ထားၿပီး လီဗာျပန္မေလွ်ာ့ဘဲ ေတာက္ေလွ်ာက္အရွိန္ျပင္းေမာင္းႏွင္တာမ်ိဳးေတြ ေရွာင္ၾကဥ္ဖို႔လိုပါတယ္။

ေရွ႕မွာေျပာျပခဲ့တဲ့ Brand New စတင္ဝယ္ယူခ်ိန္ကတည္းက အင္ဂ်င္က်င့္ရမယ့္ကာလမွာ ကီလိုမီတာအလိုက္ဂ႐ုျပဳေမာင္းႏွင္မယ္၊ အရည္အေသြးမီ အင္ဂ်င္ဝိုင္ကို ပုံမွန္လဲလွယ္မယ္၊ လီဗာေဆာင့္ဆြဲၿပီး အရွိန္ျပင္းေမာင္းထြက္တာမ်ိဳးေတြ ေရွာင္ၾကဥ္မယ္စတဲ့ လိုက္နာဖြယ္ရာေတြကိုသာ က်င့္သုံးသြားမယ္ဆိုရင္ သင့္ဆိုင္ကယ္ အင္ဂ်င္သက္တမ္း ၾကာရွည္ခံေစမွာျဖစ္သလို Brand အလိုက္ စက္႐ုံေတြက သတ္မွတ္ထားတဲ့ သက္တမ္းအျပည့္ စီးနင္းႏိုင္မွာျဖစ္ပါတယ္။

ဆိုင္ကယ္အင္ဂ်င္သက္တမ္းလည္း ၾကာရွည္ခံမယ္၊ ပ်က္စီးမႈလည္း နည္းပါးၿပီဆိုရင္ သင့္အတြက္ ျပန္ေရာင္းခ်ိန္မွာ ေဈးေကာင္းရရွိေစမွာျဖစ္သလို ျပင္ဆင္ရမႈနည္းပါးတာနဲ႔အမွ် ကုန္က်စရိတ္ပါ သက္သာေစမွာျဖစ္ပါတယ္။ ေငြေၾကးကုန္က်မႈနည္းပါးတာနဲ႔အမွ် ဆိုင္ကယ္ေန႔စဥ္အသုံးျပဳေနတဲ့ သင့္အတြက္ ဘယ္ေနရာ ဘယ္ခရီးသြားသြား စိတ္ခ်မ္းသာမႈရေနေစမွာ ဧကန္ပါပဲ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *