ဗဟုတုသ

ခုလိုအချိန်မှာ ငွေမကိုင်ထားချင်လို့ တိုက်ခန်းဝယ်မယ်ဆိုရင်

ခုလိုအချိန်မှာ ငွေမကိုင်ထားချင်လို့ တိုက်ခန်းဝယ်မယ်ဆိုရင်

ကန်ထရိုက်တိုက် ဝယ်ရင် မိုးတွင်းကိုဝယ်..မိုးတွင်းဆိုရင် နံရံရေစိမ့်တာ သိနိုင်တယ်။ အပေါ် ဆုံးထပ်ကို ဝယ်ရင် မျက်နှာကျက်ကနေ ရေ ယို မယို စစ်ရမယ်၊ မိုးတွင်းတော့ သိသာပေမယ့် နွေဆို မသိနိုင်ဘူး။ ဘေးလှေခါးလား၊ အလယ်လှေခါးနဲ့ နှစ်ခန်းတွဲ ရင်ခွဲလား ကြည့်ရမယ်။ နှစ်ခန်းတွဲ ရင်ခွဲတိုက်တွေရဲ့ အပေါ်ဆုံးအလွှာမှာ အလယ်မြင်းမိုကို အုတ်စီထားသလား..ဒါမှမဟုတ် သံဇကာ ကာထားသလားကြည့်ရမယ်။ နို့မိုဆို တစ်ဘက်ခန်းနဲ့ တဘက်ခန်း မျက်နှာကျက်ကနေ ကူးနိုင်တမို့ လုံခြုံမှု မရှိနိုင်ဘူး။

နောက်ဖေးမိလ္လာကန်တွေ အနံ့ထွက်ပိုက် (ခေါ်) လေပိုက် တပ်ဆင်ထားမှုလည်း စစ်ဆေးရမယ်။ အနံထွက်ပိုက် လေပိုက် တပ်ဆင်ထားမှု စံနစ်မကျရင် မိလ္လာနံ့တွေ အခန်းထဲ ဝင်လာနိုင်တယ်။ နောက်ဖေးအရေးပေါ် လှေကားကတော့ အာစီတွေ ချည်းပါပဲ။ ဒါပေမယ့် လက်ရန်းတွေက စတီးလား ဟော်လိုလား ကြည့်ရမယ်။ စတီးဆို မဆွေးဘူး ဟော်လိုဆိုရင် သံချေးကိုက် ပြီးဆွေးမယ်..နောက်ဖေး အဝတ်လှမ်းတဲ့အခါ အရေးပေါ် လှေကားက မဖြစ်မနေ ဆင်းရတဲ့အခါ လက်ရန်းဆွေးနေရင် အန္တရာယ် ရှိ တယ်။

မြေညီစက်ခန်းက ရေလှောင်ကန် ရေလုံမလုံလည်း စုံစမ်းရမယ်။ ရေမလုံလို့တော့ လုံးဝမဝယ်နဲ့၊ တစ်ချို့ စေတနာပါတဲ့ကန်ထရိုက်တွေက မြေအောက်ရေလှောင်ကန်ကို ကြွေပြားပါ ကပ်ပေးတာ၊ ရေကန်ဆိုတာ ပုံမှန် ရေလှယ်ဆေးကြောရတော့ ကြွေပြားကပ်တာ ကောင်းပါ တယ်။

နောက်ရေလှောင်ကန်အဖုံး၊ အဖုံး အနားကွပ်က ၆လက်္မလောက် မြင့်ထားရတယ်၊ ရေမော်တာ ရေစုပ်ပိုက်က ရေထွက်ပေါက်ကို ၂လက်မ ပိုက် ၆လက်မလောက် စွပ်ပြီး မဆလာနဲ့ ပိတ်ထားရတယ်၊ ရေကန် ရေပြည့်လို့ ရေလျှံရင် ရေကန် အဖုံးစလပ်က မကောင်းတဲ့ရေတွေ ကန်ထဲ မကျတော့ဘူး၊ အပြင်ဘက်ကိုလည်း ရေဆင်းကောင်းအောင် လျှောစောက် လုပ် မလုပ် ကြည့်ရတယ်။

လူနေပြီးသား တိုက်ကို ဝယ်တဲ့အခါ တိုက်ဆောက်လုပ်တဲ့ ရာဇဝင်ကို မသိနိုင်ပေမယ့် ခန့်မှန်းလို့တော့ ရပါတယ်။ ဘေးဝဲယာ၊ ရှေ့နောက် စောင်းမ စောင်းမျက်မြင်နဲ့ ခန့်မှန်းပေါ့၊ နောက် မြေညီတိုင်(Column)အရွယ်အစားကို ကြည့်၊ တစ်ချို့ ၅ထပ် ၆ထပ်တိုက်တွေ မြေညီတိုင်က 9″×12″အရွယ် တွေ လုပ်ထားတာ၊ နံရံတွေအက်ကွဲမှု ရှိ မရှိလည်း မျက်မြင်နဲ့လေ့လာလို့ရပါတယ်။

၆ထပ် တိုက် တစ် လုံး တွေ့ဘူးတယ်။ အုတ်စီပြီး ရှေ့ကို ငိုက်သွားလို့ အပေါ်ဆုံး ပါရာပတ်ကနေ ကြိုးဆွဲပြီး ပလာစတာလုပ်လိုက်တာ တစ် တိုက်လုံး စကွဲယားကျ ဖြစ်သွားတယ်။ အတွင်းကော်လာတွပါ လိုက်ချောပြစ်ရတာပေါ့။ နောက်တိုက်တစ်လုံးကျတော့ အရှေ့နောက် Level တိုက်တာ ၉”လောက် ကွာနေလို့ ညီအောင် ပြန်ခင်းတာတွေ့ တယ်၊ အဲ့တော့ တိုက်က ဝန်ပိုတွေ များလာတာပေါ့။

ကွန် ဒိုမဟုတ်ပဲ ရိုးရိုးဖေါင်ဒေးရှင်းတိုက်တွေ ဝယ်ရင် သေချာနားလည်တဲ့ သူနဲ့ဝယ်မှ။ မင်္ဂလာတောင်ညွန့်ထဲမှာ တိုက်တစ်လုံး မြေထဲကြွံ ဝင်သွားတာ မြေညီတစ်ထပ်လုံး မြေထဲရောက်သွားတယ်။ အခုကန်ထရိုက်တိုက်တွေ ဆောက်နေတာ အင်ဂျင်နီယာ မပါဘူး၊ အင်ဂျင်နီယာဆိုတာ လက်မှတ်ထိုးရုံပဲ၊ ပန်းရံ လက်သမားတွေကပဲ ဦးစီးနေတာ၊ သံချောင်းရယ် ကျောက်ရယ် သဲရယ် ဘိလပ်မြေရယ် တွေ့ရင် အာစီဖြစ်တာပဲဆိုတဲ့ အသိစွဲနေကြတာ။ ၆လွှာ အပေါ် ဆုံးထပ်ကို သိန်း၃၀၀ လောက်ပေးဝယ်ရတာ၊ သိန်း၃၀၀ ဆိုတာ ပလုံသွားရင် ပြန်ရှာလို့မလွယ်တဲ့ ခေတ်ကြီးမှာ တိုက်ခန်းဝယ်မယ်ဆို သေသေချာချာ စဉ်းစားပေါ့။

ပြီးစလွယ်ဆောက်တဲ့ ကန်ထရိုက်တွေ အနေနဲ့ မကျေနပ်လည်း မတတ်နိုင်ဘူး၊ အမြတ်ကို အဓိကမထားပဲ လူပေါင်းများစွာရဲ့ဘဝ၊ အသက်တွေ၊ ချွေးနည်းစာတွေကို မသမာတဲ့နည်းနဲ့ မဖျက်စီးပါနဲ့ မရယူပါနဲ့၊ ဆရာဝန်မှားရင် အသက်တစ်ချောင်းပဲ ဆုံးရှုံးမယ်ကန်ထရိုက် ပြီးစလွယ်လုပ်ရင် အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ဆုံးရှုံးမယ်။ အင်ဂျင်နီယာအစား ကန်ထရိုက်လို့ ဘာဖြစ်လို့ပြော ရတာလည်းဆိုတော့ အင်ဂျင်နီယာ တာဝန်ယူရတဲ့ တိုက်က ကွန်ဒိုကလွဲ ရင် မရှိသလောက်ပဲ မို့လို့ပါ။

Credit-Original Uploader

(Zawgyi)

ခုလိုအခ်ိန္မွာ ေငြမကိုင္ထားခ်င္လို႔ တိုက္ခန္းဝယ္မယ္ဆိုရင္

ကန္ထ႐ိုက္တိုက္ ဝယ္ရင္ မိုးတြင္းကိုဝယ္..မိုးတြင္းဆိုရင္ နံရံေရစိမ့္တာ သိႏိုင္တယ္။ အေပၚ ဆုံးထပ္ကို ဝယ္ရင္ မ်က္ႏွာက်က္ကေန ေရ ယို မယို စစ္ရမယ္၊ မိုးတြင္းေတာ့ သိသာေပမယ့္ ေႏြဆို မသိႏိုင္ဘူး။ ေဘးေလွခါးလား၊ အလယ္ေလွခါးနဲ႔ ႏွစ္ခန္းတြဲ ရင္ခြဲလား ၾကည့္ရမယ္။ ႏွစ္ခန္းတြဲ ရင္ခြဲတိုက္ေတြရဲ႕ အေပၚဆုံးအလႊာမွာ အလယ္ျမင္းမိုကို အုတ္စီထားသလား..ဒါမွမဟုတ္ သံဇကာ ကာထားသလားၾကည့္ရမယ္။ ႏို႔မိုဆို တစ္ဘက္ခန္းနဲ႔ တဘက္ခန္း မ်က္ႏွာက်က္ကေန ကူးႏိုင္တမို႔ လုံၿခဳံမႈ မရွိႏိုင္ဘူး။

ေနာက္ေဖးမိလႅာကန္ေတြ အနံ႔ထြက္ပိုက္ (ေခၚ) ေလပိုက္ တပ္ဆင္ထားမႈလည္း စစ္ေဆးရမယ္။ အနံထြက္ပိုက္ ေလပိုက္ တပ္ဆင္ထားမႈ စံနစ္မက်ရင္ မိလႅာနံ႔ေတြ အခန္းထဲ ဝင္လာႏိုင္တယ္။ ေနာက္ေဖးအေရးေပၚ ေလွကားကေတာ့ အာစီေတြ ခ်ည္းပါပဲ။ ဒါေပမယ့္ လက္ရန္းေတြက စတီးလား ေဟာ္လိုလား ၾကည့္ရမယ္။ စတီးဆို မေဆြးဘူး ေဟာ္လိုဆိုရင္ သံေခ်းကိုက္ ၿပီးေဆြးမယ္..ေနာက္ေဖး အဝတ္လွမ္းတဲ့အခါ အေရးေပၚ ေလွကားက မျဖစ္မေန ဆင္းရတဲ့အခါ လက္ရန္းေဆြးေနရင္ အႏၲရာယ္ ရွိ တယ္။

ေျမညီစက္ခန္းက ေရေလွာင္ကန္ ေရလုံမလုံလည္း စုံစမ္းရမယ္။ ေရမလုံလို႔ေတာ့ လုံးဝမဝယ္နဲ႔၊ တစ္ခ်ိဳ႕ ေစတနာပါတဲ့ကန္ထ႐ိုက္ေတြက ေျမေအာက္ေရေလွာင္ကန္ကို ေႂကြျပားပါ ကပ္ေပးတာ၊ ေရကန္ဆိုတာ ပုံမွန္ ေရလွယ္ေဆးေၾကာရေတာ့ ေႂကြျပားကပ္တာ ေကာင္းပါ တယ္။

ေနာက္ေရေလွာင္ကန္အဖုံး၊ အဖုံး အနားကြပ္က ၆လက္ၼေလာက္ ျမင့္ထားရတယ္၊ ေရေမာ္တာ ေရစုပ္ပိုက္က ေရထြက္ေပါက္ကို ၂လက္မ ပိုက္ ၆လက္မေလာက္ စြပ္ၿပီး မဆလာနဲ႔ ပိတ္ထားရတယ္၊ ေရကန္ ေရျပည့္လို႔ ေရလွ်ံရင္ ေရကန္ အဖုံးစလပ္က မေကာင္းတဲ့ေရေတြ ကန္ထဲ မက်ေတာ့ဘူး၊ အျပင္ဘက္ကိုလည္း ေရဆင္းေကာင္းေအာင္ ေလွ်ာေစာက္ လုပ္ မလုပ္ ၾကည့္ရတယ္။

လူေနၿပီးသား တိုက္ကို ဝယ္တဲ့အခါ တိုက္ေဆာက္လုပ္တဲ့ ရာဇဝင္ကို မသိႏိုင္ေပမယ့္ ခန႔္မွန္းလို႔ေတာ့ ရပါတယ္။ ေဘးဝဲယာ၊ ေရွ႕ေနာက္ ေစာင္းမ ေစာင္းမ်က္ျမင္နဲ႔ ခန႔္မွန္းေပါ့၊ ေနာက္ ေျမညီတိုင္(Column)အ႐ြယ္အစားကို ၾကည့္၊ တစ္ခ်ိဳ႕ ၅ထပ္ ၆ထပ္တိုက္ေတြ ေျမညီတိုင္က 9″×12″အ႐ြယ္ ေတြ လုပ္ထားတာ၊ နံရံေတြအက္ကြဲမႈ ရွိ မရွိလည္း မ်က္ျမင္နဲ႔ေလ့လာလို႔ရပါတယ္။

၆ထပ္ တိုက္ တစ္ လုံး ေတြ႕ဘူးတယ္။ အုတ္စီၿပီး ေရွ႕ကို ငိုက္သြားလို႔ အေပၚဆုံး ပါရာပတ္ကေန ႀကိဳးဆြဲၿပီး ပလာစတာလုပ္လိုက္တာ တစ္ တိုက္လုံး စကြဲယားက် ျဖစ္သြားတယ္။ အတြင္းေကာ္လာတြပါ လိုက္ေခ်ာျပစ္ရတာေပါ့။ ေနာက္တိုက္တစ္လုံးက်ေတာ့ အေရွ႕ေနာက္ Level တိုက္တာ ၉”ေလာက္ ကြာေနလို႔ ညီေအာင္ ျပန္ခင္းတာေတြ႕ တယ္၊ အဲ့ေတာ့ တိုက္က ဝန္ပိုေတြ မ်ားလာတာေပါ့။

ကြန္ ဒိုမဟုတ္ပဲ ႐ိုး႐ိုးေဖါင္ေဒးရွင္းတိုက္ေတြ ဝယ္ရင္ ေသခ်ာနားလည္တဲ့ သူနဲ႔ဝယ္မွ။ မဂၤလာေတာင္ၫြန႔္ထဲမွာ တိုက္တစ္လုံး ေျမထဲႄကြံ ဝင္သြားတာ ေျမညီတစ္ထပ္လုံး ေျမထဲေရာက္သြားတယ္။ အခုကန္ထ႐ိုက္တိုက္ေတြ ေဆာက္ေနတာ အင္ဂ်င္နီယာ မပါဘူး၊ အင္ဂ်င္နီယာဆိုတာ လက္မွတ္ထိုး႐ုံပဲ၊ ပန္းရံ လက္သမားေတြကပဲ ဦးစီးေနတာ၊ သံေခ်ာင္းရယ္ ေက်ာက္ရယ္ သဲရယ္ ဘိလပ္ေျမရယ္ ေတြ႕ရင္ အာစီျဖစ္တာပဲဆိုတဲ့ အသိစြဲေနၾကတာ။ ၆လႊာ အေပၚ ဆုံးထပ္ကို သိန္း၃၀၀ ေလာက္ေပးဝယ္ရတာ၊ သိန္း၃၀၀ ဆိုတာ ပလုံသြားရင္ ျပန္ရွာလို႔မလြယ္တဲ့ ေခတ္ႀကီးမွာ တိုက္ခန္းဝယ္မယ္ဆို ေသေသခ်ာခ်ာ စဥ္းစားေပါ့။

ၿပီးစလြယ္ေဆာက္တဲ့ ကန္ထ႐ိုက္ေတြ အေနနဲ႔ မေက်နပ္လည္း မတတ္ႏိုင္ဘူး၊ အျမတ္ကို အဓိကမထားပဲ လူေပါင္းမ်ားစြာရဲ႕ဘဝ၊ အသက္ေတြ၊ ေခြၽးနည္းစာေတြကို မသမာတဲ့နည္းနဲ႔ မဖ်က္စီးပါနဲ႔ မရယူပါနဲ႔၊ ဆရာဝန္မွားရင္ အသက္တစ္ေခ်ာင္းပဲ ဆုံးရႈံးမယ္ကန္ထ႐ိုက္ ၿပီးစလြယ္လုပ္ရင္ အသက္ေပါင္းမ်ားစြာ ဘဝေပါင္းမ်ားစြာ ဆုံးရႈံးမယ္။ အင္ဂ်င္နီယာအစား ကန္ထ႐ိုက္လို႔ ဘာျဖစ္လို႔ေျပာ ရတာလည္းဆိုေတာ့ အင္ဂ်င္နီယာ တာဝန္ယူရတဲ့ တိုက္က ကြန္ဒိုကလြဲ ရင္ မရွိသေလာက္ပဲ မို႔လို႔ပါ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *