ဗဟုတုသ
ပိုက်ဆံအိတ်ကို ဘယ်လိုအရောင်ကိုင်ရမလဲ မကြာခဏမေးလာတဲ့သူတွေအတွက် ပိုက်ဆံအိတ်မှာ ဒီလို အယူအဆလေးတွေ ရှိပါတယ်။
ပိုက်ဆံအိတ်ကို ဘယ်လိုအရောင်ကိုင်ရမလဲ မကြာခဏမေးလာတဲ့သူတွေအတွက် ပိုက်ဆံအိတ်မှာ ဒီလို အယူအဆလေးတွေ ရှိပါတယ်။
ရွှေရောင်က-ရွှေငွေ ဥစ္စာ မြဲစေပါတယ်။
အပြာရောင်က -ဝင်တာလွယ်ပြီး ထွက်တာလည်း လွယ်ပါတယ်။
အနီရောင်က -များများဝင်တယ် မြန်မြန်ထွက်တယ်။
အဖြူရောင်က -လာဘ် တိတ်တယ်။
ပန်းရောင်က -ပီယကောင်းတယ်။
အညိုရောင်၊ အစိမ်းရောင် ၊ ကော်ဖီရောင်၊ ခရမ်းရောင်၊ အနက်ရောင် စတဲ့ အရောင်တွေကလာဘ်ရွှင်ပြီး ငွေမြဲတယ်။
ပိုက်ဆံအိတ်ကို မကြာခဏ လဲပေးပါ။ သိမ်းလည်းမထားပါနဲ့။ ဟောင်းစုတ်ရင် မသုံးပါနဲ့။ Second hand ပိုက်ဆံအိတ်များ ဝယ်ယူအသုံးမပြုပါနဲ့။ ပိုက်ဆံအိတ် ထားရန်နေရာ တိတိကျကျ သတ်မှတ်ထားပါ။ ကြမ်းပြင်ပေါ် မချပါနဲ့။ မလိုသောစာရွက်၊ ဘောက်ချာ၊ လိပ်စာကတ်များ၊ ငွေစက္ကူအလွန်စုတ်ပြတ်နေတာများ မထားပါနဲ့။ ငွေစက္ကူစုတ်များ သပ်သပ် စာအိတ်နဲ့ထားပါ။
မကြာခဏ အထဲက ငွေနဲ့ပစ္စည်းများ ထုပ်ပြီး သန့်ရှင်းရေး လုပ်ပါ။ ကရဝေးရွက် တစ်ရွက်လည်း ထည့်ထားပါ။ ငွေ လုံးဝမရှိသည့် အခြေအနေအထိ မထားပါနဲ့။ ပိုက်ဆံအိတ် ဘာရောင်ကိုင်ရမလဲ မကြာခဏ မေးလာတဲ့သူတွေအတွက် အသုံးတည့်မယ် ထင်ပါတယ်နော်။
ကဲ အားလုံးပဲ ပိုက်ဆံအိတ်ထဲမှာ ငွေအပြည့် ထည့်ထားနိုင်ကြပါစေရှင်။
Credit-Original Uploader
(Zawgyi)
Leave a Reply
Your email address will not be published. Required fields are marked *