ဗဟုတုသ

“သင့်မွေးရက်က ပြောတဲ့ သင့် အကြောင်း” ( အရမ်းမှန် ပါတယ် )

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန်သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာမလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကိုစိတ်ရင်း အားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အဝတ်အစားများကိုရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အဝတ် အစား မဝယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘဝကိုသက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက် ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့် အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။သို့သော် သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကိုလိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေမျိုးကိုပါလက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမထက် အပြင်မှာ ပျော်မွေ့သူဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန်မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်းအသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင်သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန် မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်းအသင်းများက မြှောက်ပင့် ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

၄။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဉာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ်သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ်သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျားလိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အဝတ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူတစ်ဦး အဖြစ် သတ် မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့်စကားပြောဆိုရန် ဝန်လေးတတ်သည်အပေါင်း အသင်း ပေါင်းရာတွင် လူရွေးပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုး သူဖြစ်သည်။ တစုံတစ်ယောက်မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာအတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေပေးအပ်သော်လည်း ကိုယ့်အပေါ်မှာမည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာနေထိုင်လေ့ရှိပြီး ဘဝမှာ ကံကောင်းသူတစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ရှိပြီးပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာ နေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေးကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင်ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ဝါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်းဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူဖြစ်သည်။

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကိုအမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူလည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူးဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိအစွန်းရှိလာပြီဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့် အလုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ်ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည်။

Credit: Original Uploader

(Zawgyi)

၁။ အကယ္၍ သင့္ေမြးရက္သည္ ေခြး ျဖစ္ပါက အလြန္သစၥာရွိၿပီး သေဘာေကာင္းသူ ျဖစ္သည္။ သင္၏ သစၥာရွိမႈကို လုံးဝ သံသယ ျဖစ္စရာမလိုေပ။ အလုပ္ႏွင့္ ပတ္သက္ၿပီး ႐ိုးသား ေျဖာင့္မတ္ကာ အလုပ္ကို ေလးစားသူ ျဖစ္ၿပီး ပင္ကိုစိတ္ရင္း အားျဖင့္လည္း ႐ိုးသားသူတစ္ဦး ျဖစ္သည္။ အမ်ားတကာႏွင့္ ဆက္ဆံရာတြင္ မိမိကိုယ္မိမိ ႐ိုက်ိဳး၊ ႏွိမ့္ခ်ဆက္ဆံတတ္သူလည္း ျဖစ္သည္။ ထို႔ေၾကာင့္ မိတ္ေတြအေပါင္းအသင္းမ်ား အလယ္တြင္ အားလုံး၏ ခ်စ္ခင္မႈကို ရယူႏိုင္စြမ္း ရွိၿပီး ဝတ္စားဆင္ယင္မႈႏွင့္ ပတ္သက္၍လည္း လိုက္ဖက္သည့္ အဝတ္အစားမ်ားကိုေ႐ြးခ်ယ္တတ္သည္။ အသစ္အဆန္းကို မက္ေမာတတ္သူ ျဖစ္သျဖင့္ ေခတ္ေပၚ အဝတ္ အစား မဝယ္ႏိုင္သည့္ အခါမ်ားတြင္ စိတ္ဓါတ္က်ေလ့ ရွိသည္။ ဘဝကိုသက္သက္သာသာ ေက်ာ္ျဖတ္သူမ်ား ျဖစ္ၿပီး အေပါင္းအသင္းမ်ား အလယ္တြင္ ထင္ေပၚ ေက်ာ္ၾကားသူလည္း ျဖစ္သည္။ သိကၡာရွိေသာ အေပါင္း အသင္းမ်ားႏွင့္သာ ေပါင္းသင္းေလ့ ရွိသူလည္း ျဖစ္သည္။

၂။ အကယ္၍ သင့္ေမြးေန႔သည္ ႂကြက္ ျဖစ္ပါက သင္သည္ အေပါင္းအသင္းမ်ားအားေနာက္ေျပာင္တတ္သူ ျဖစ္သည္။ ေပ်ာ္႐ႊင္တတ္ေသာ အေငြ႕အသက္မ်ား သင့္မ်က္ဝန္းတြင္ ေတြ႕ျမင္ေနရသည့္ အတြက္ လူတိုင္းကို ဆြဲေဆာင္ႏိုင္စြမ္း ရွိသည္။ထို႔ေၾကာင့္ လူအမ်ားက သင္ႏွင့္ ေပါင္းသင္းရန္ လိုလားၾကၿပီး လူစုံသည့္ ပြဲလမ္း သဘင္မ်ားတြင္လည္း သင္ရွိေနေစရန္ လိုလားၾကသည္။သို႔ေသာ္ သင္သည္ စိတ္ဆတ္သူ ျဖစ္သည္။ သင္ႏွင့္ စကားေျပာရန္ အေပါင္းအသင္းမ်ားက စကားလုံးကို ေ႐ြးခ်ယ္ေျပာမွသာ ျဖစ္သည္။စကား အမွားမခံ။ တစ္စုံတေယာက္က စကားမွား ေျပာမိလွ်င္လည္း ခြင့္လႊတ္ႏိုင္စြမ္း မရွိသူ ျဖစ္သည္။

၃။ အကယ္၍ သင့္ေမြးေန႔သည္ ျခေသၤ့ ျဖစ္ပါက သင္သည္ ျခေသၤ့၏ သေဘာထားႏွင့္ ဆန႔္က်င္စြာ ၿငိမ္းခ်မ္းေရးကိုလိုလား ႏွစ္သက္သူ ျဖစ္သည္။ ရန္ကို ေရွာင္ရွားေလ့ ရွိၿပီး တင္းမာမႈ အေျခအေနမ်ိဳးကိုပါလက္မခံတတ္သူ ျဖစ္သည္။ အိမ္တြင္းမထက္ အျပင္မွာ ေပ်ာ္ေမြ႕သူျဖစ္ၿပီး တစ္ေနရာတည္းတြင္ ၾကာရွည္ ေနရန္မလိုလားသူလည္း ျဖစ္သည္။ ေမြးရာပါ ေခါင္းေဆာင္ ဗီဇ ရွိသူ ျဖစ္သည္။လုပ္ငန္းခြင္တြင္ အေပါင္းအသင္းမ်ားအား အလုပ္ တြင္က်ယ္ေစရန္ နည္းပရိယာယ္ ႂကြယ္ဝစြာျဖင့္ စည္း႐ုံး သိမ္းသြင္းႏိုင္သူလည္း ျဖစ္သည္။ သူတပါး၏ ခ်စ္ခင္ ျမတ္ႏိုးမႈကို လိုလားၿပီး တစုံတစ္ေယာက္က ကိုယ့္ကို ဂ႐ုစိုက္ၿပီ ဆိုလွ်င္ ကိုယ္က သူဂ႐ုစိုက္တာထက္ အဆေပါင္း မ်ားစြာ တုံ႔ျပန္ မႈ ေပးသည္။ စိတ္သေဘာ ေကာင္းလြန္းျခင္းေၾကာင့္ အေပါင္းအသင္းမ်ားက ေျမႇာက္ပင့္ ခိုင္းေစတတ္သည္ကို အထူး သတိျပဳပါ။

၄။ အကယ္၍ သင့္ေမြးေန႔သည္ ေၾကာင္ ျဖစ္ပါက သင္သည္ အလြန္အမင္း ခ်စ္ခင္ဖြယ္ ေကာင္းသူ ျဖစ္သည္။ တခါတရံတြင္ လိုအပ္သည္ထက္ ပိုၿပီး ရွက္ေနတတ္သည္။ ျဖတ္ထိုးဉာဏ္ ရွိသည္။ တစ္ေယာက္တည္း ၿငိမ္ၿငိမ္သက္သက္ ေနရသည္ကို ပိုၿပီး လိုလားသည္။ အရာရာကို ေစ့ေစ့စပ္စပ္သိလိုစိတ္ ျပင္းျပၿပီး တစ္စုံတစ္ခုကို ေလ့လာၿပီ ဆိုလွ်င္ ေရဆုံးေရဖ်ားလိုက္တတ္သည္။ ပုံမွန္အေနအထားျဖင့္ သင္သည္ ေအးေဆးတည္ၿငိမ္သူ ျဖစ္သည္။ သို႔ေသာ္ အေျခအေနအရ လိုအပ္လာပါက မီးေတာင္ တစ္ခု ေပါက္ကြဲသလို ေပါက္ကြဲႏိုင္စြမ္း ရွိသူ လည္းျဖစ္သည္။ ေခတ္မီ အဝတ္အစားမ်ားကို ႏွစ္သက္သည္။ ပတ္ဝန္းက်င္မွ မိတ္ေဆြမ်ားက သင့္အား ေခတ္မီသူတစ္ဦး အျဖစ္ သတ္ မွတ္ထားၾကသည္။ ပတ္ဝန္းက်င္ႏွင့္ ေရာေထြးေနတတ္ေသာ္လည္း သူစိမ္းမ်ား ႏွင့္စကားေျပာဆိုရန္ ဝန္ေလးတတ္သည္အေပါင္း အသင္း ေပါင္းရာတြင္ လူေ႐ြးေပါင္းတတ္သူ တစ္ဦးလည္း ျဖစ္သည္။

၅။ အကယ္၍ သင္၏ ေမြးရက္သည္ လိပ္ ျဖစ္ပါက သင္သည္ အရာရာကို အေကာင္းျမင္တတ္သူ တစ္ဦး ျဖစ္ၿပီး စိတ္ႏွလုံးေကာင္း ရွိသူျဖစ္သည္။ သင္၏ ၾကင္နာမႈမ်ားကို သင့္ပတ္ဝန္းက်င္က အၿမဲတေစ ဂ႐ုျပဳမိၾကၿပီး ကိုယ္တိုင္က ၿငိမ္းခ်မ္းေရးကို ျမတ္ႏိုး သူျဖစ္သည္။ တစုံတစ္ေယာက္မွားေနသည္ကို ျမင္ဦးေတာ့ ျပဳျပင္ေပးရန္ ဝန္ေလးသူ ျဖစ္သည္။ မည္သူႏွင့္မွ် ထိပ္တိုက္ ရင္ဆိုင္မႈ မျပဳလို။ ထို႔ေၾကာင့္ ပတ္ဝန္းက်င္မွ မိတ္ေဆြမ်ားက သင့္အား ခ်စ္ခင္ၾကသည္။ လူတစ္ဦးတစ္ေယာက္ အေၾကာင္းကိုမွ ေနာက္ကြယ္မွာအတင္းမေျပာတတ္။ မည္သူ႔ ေပၚမဆို ခ်စ္ခင္မႈေတြေပးအပ္ေသာ္လည္း ကိုယ့္အေပၚမွာမည္သူကမွ် တုံ႔ျပန္မႈမရွိ။ အရာရာမွာ ရက္ေရာသူ တစ္ဦး ျဖစ္သည္။

၆။ အကယ္၍ သင့္ေမြးေန႔သည္ ခ်ိဳးငွက္ ျဖစ္ပါက သင္သည္ ေပ်ာ္႐ႊင္စြာေနထိုင္ေလ့ရွိၿပီး ဘဝမွာ ကံေကာင္းသူတစ္ဦးလည္း ျဖစ္သည္။ ပတ္ဝန္းက်င္အေျခအေနက မည္သို႔ပင္ ျဖစ္ေစကာမူ ေပ်ာ္႐ႊင္ေနေလ့ရွိၿပီးပတ္ဝန္းက်င္၏ ဂယက္႐ိုက္မႈႏွင့္ ကင္းကြာ ေနတတ္သည္။ ေရာက္ေလရာတိုင္းမွာ ကိုယ့္ ေပ်ာ္႐ႊင္မႈေတြကို မွ်ေဝတတ္သူ ျဖစ္သည္။ အေပါင္းအသင္းမ်ား ၾကားတြင္ ကိုယ္က ေခါင္းေဆာင္ ျဖစ္သည္။ မိတ္ေဆြမ်ား အေရးႀကဳံတိုင္း ႏွစ္သိမ့္ အားေပးတတ္သူလည္း ျဖစ္သည္။ အေပၚစီး ဆက္ဆံမႈကို မလိုလား။ ဤသို႔ ဆက္ဆံတတ္သူ မ်ားႏွင့္ ေဝးေအာင္ ေနတတ္သည္။ လုပ္ငန္းခြင္တြင္ စနစ္တက် လုပ္ကိုင္ ေဆာင္႐ြက္တတ္သည္။ အထူး သတိျပဳရန္မွာ သင္သည္ ခ်စ္လြယ္တတ္သူ တစ္ဦး ျဖစ္သည္။

၇။ အကယ္၍ သင္သည္ က်ားသစ္နက္ တစ္ဦး ျဖစ္ပါက လွ်ိဳ႕ဝွက္တတ္သူ တစ္ဦး ျဖစ္သည္။ ပတ္ဝန္းက်င္ဖိအားေတြ မည္မွ်ပင္ မ်ားျပားေစကာမူ အလြယ္တကူ ေျဖရွင္းႏိုင္စြမ္း ရွိသည္။ တခါတရံတြင္ အေပါင္းအသင္း မ်ားႏွင့္ အတင္းေျပာရ သည္ကို ဝါသနာ ပါသည္။ ဆႏၵရွိသည့္အတိုင္းျဖစ္ေအာင္ ႀကိဳးစားတတ္ေသာ္လည္း သင့္ ဆႏၵမွာ ရံဖန္ရံခါတြင္ လက္ေတြ႕ျဖစ္ႏိုင္စြမ္း မရွိ။ ယင္းကဲ့သို႔ေသာ အေျခအေနတြင္ မိတ္ေဆြ အခ်ိဳ႕နဲ႔ဆက္ဆံေရး ပ်က္ျပားတတ္သည္။ အခက္အခဲ ႀကဳံေတြ႕ေနရေသာ မိတ္ေဆြမ်ားကို ကူညီတတ္သူျဖစ္သည္။

၈။ အကယ္၍ သင့္ေမြးေန႔သည္ ေမ်ာက္ ျဖစ္ပါက စိတ္မရွည္၊ တက္ႂကြမႈ လြန္ကဲသူ ျဖစ္သည္။ အရာရာကိုအျမန္ဆုံး ၿပီးေျမာက္လိုသူ ျဖစ္သည္။ ႐ိုးသားေသာ ႏွလုံးသားပိုင္ရွင္ ျဖစ္ၿပီး အမ်ား၏ အာ႐ုံ စိုက္မႈကို ခံယူလိုသူလည္း ျဖစ္သည္။ မိမိ လုံၿခဳံမႈကို အထူးဂ႐ုစိုက္တတ္သူ တစ္ဦးျဖစ္ၿပီး ကိုယ့္ဂုဏ္သတင္းႏွင့္ ပတ္သက္၍ အၿငိအစြန္းရွိလာၿပီဆိုလွ်င္ လူတိုင္းကို လိုက္ၿပီး ေျဖရွင္းတတ္သူ ျဖစ္သည္။ ထို႔ေၾကာင့္ မည္သည့္ အလုပ္ကိုမဆို စမလုပ္ခင္ ကတည္းက သတိႀကီးစြာထားတတ္သူမ်ား ျဖစ္သည္။ ဆဌမ အာ႐ုံ၏ ႏႈိးေဆာ္မႈေၾကာင့္ အႏၲရာယ္က်ေရာက္ျခင္းမွ ကင္းေဝးတတ္သည္။ ေငြေၾကးကို တန္ဖိုးထားတတ္သူ မ်ားလည္းျဖစ္တတ္သည္။

Credit: Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *