ခရမ်းချဉ်သီး တစ်လုံးတည်း နဲ့ မျက်နှာပေါ်က အမည်းစက် ဝက်ခြံ အဆီပြန် တာတွေပျောက်တဲ့နည်း
ခရမ်းချဉ်သီးက ဗီတာမင် ကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပြီး ကျန်းမာရေးအတွက်အထူးကောင်းမွန်ပါတယ်။ ဒါ့အပြင် အသားအရေကို ကြည်လင်တောက်ပစေတဲ့အစွမ်းလည်း ရှိနေပါသေးတယ်။ ခရမ်းချဉ်သီးတစ်လုံးရှိရုံနဲ့ မျက်နှာအသားအရေကို လုံးဝကြည်လင်သွားအောင် လုပ်လို့ရပါတယ်။

မျက်နှာအဆီပြန်တာကို လျှော့ချပေးမယ့်နည်း-
မျက်နှာသစ်ပြီးတဲ့အချိန် ခရမ်းချဉ်သီးအရည်မျက်နှာအနှံ့ပါးပါးလေးလိမ်းပြီးငါးမိနစ်အကြာမှာ ရေပြန်ဆေးချပေးပါ။ ဒါကို ညအိပ်ရာဝင်ခါနီးတိုင်း နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် မျက်နှာအဆီပြန်တာကို သက်သာသွားစေပါလိမ့်မယ်။
ချွေးပေါက်ကျယ်တွေကိုပျောက်ကင်းစေမယ့်နည်း-
ခရမ်းချဉ်သီးကိုထက်ခြမ်းခြမ်းပြီး မျက်နှာကိုတိုက်ရိုက်ပွတ်တိုက်ပေးပါ။ အဲ့လိုပွတ်တိုက်ပေးတာက ချွေးပေါက်တွေထဲမှာပိတ်နေတဲ့ အညစ်အကြေးတွေကို သန့်စင်စေပြီး တိုနာလိမ်းပေးသလို ဖြစ်စေတာကြောင့် ချွေးပေါက် ကျယ်တာတွေကို ပျောက်ကင်းစေပါတယ်။၁၅မိနစ်လောက်ပွတ်တိုက်ပြီးရင် ရေအေးနဲ့ဆေးချပေးလိုက်ပါ။ နေ့စဉ်ပုံမှန်လုပ်ပေးရမှာပါ။
အသားအရေပိုကြည်ပြီး၊ ပိုဖြူလာစေမယ့် ခရမ်းချဉ်သီးတစ်လုံးနဲ့ ပျားရည်တစ်ဇွန်းတို့ကို ရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးကာ ၁၅မိနစ်လောက်နေရင် မျက်နှာသစ်ပေးပါ။ သုံးရက်တစ်ကြိမ် ပုံမှန်လုပ်ပေးသွားရုံနဲ့ တစ်လလောက်ကြာရင် မျက်နှာလေးက သိသိသာသာပိုဖြူလာပြီး ပိုလည်း ကြည်လင်လာပါလိမ့်မယ်။
အမည်းစက်ပျောက် စေမယ့်နည်း-
ခရမ်းချဉ်သီးတစ်လုံးကို သံပရိုရည်နည်းနည်းရောပြီး အမည်းစက်နဲ့ အမာရွတ်တွေရှိတဲ့နေရာမှာ ပါးပါးလေးလိမ်းပေးပါ။ ၁၀ မိနစ်လောက်စောင့်ပြီး ရေအေးနဲ့မျက်နှာပြန်သစ်လိုက်ပါ။ နေ့စဉ်မပျက်မကွက်လုပ်ပေးသွားရင် အမည်းစက်တွေ အမာရွတ်တွေ လုံးဝအရှင်းပျောက်သွားပါလိမ့်မယ်။
written by PP
Credit-PP
Leave a Reply