ဗဟုတုသ

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြော်လိုသူများ အတွက် ဆောင်ရန် ရှောင်ရန်များ

မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးအား လာရောက်ဖူးမြော်လိုသူများ အတွက် ဆောင်ရန် ရှောင်ရန်များ

ဆောင်ရန်-

နံနက် 7 နာရီတိတိ ဆရာတော်ကြီး ဆွမ်းခံကြွပါမည်။ မိမိဆွမ်းကို ဆရာတော်ကြီးအား ဆက်ကပ်လိုပါက စောစောလာပါ။ ကျောင်းတံခါး နံနက် ၅နာရီနှင့် ၆နာရီကြား ဖွင့်ပေးပါသည်။ မိုးရွာလျှင် ၆နာရီ နောက်ပိုင်း မိုးရွာနိုင်သဖြင့် အဝတ်အစား အပိုတစ်စုံ ယူဆောင်လာခဲ့ရန်။ အဝတ်စားလဲရန် အမျိုးသား ရေချိုးခြံ၊ အမျိုးသမီး ရေချိုးခြံများ ရှိပါသည်။ တောရကျောင်းတွင် ဆရာတော်ကြီးမှ ပြန်စွန့်သည့် မုန့်များဖြင့် ကျွေးမွေးဧည့်ခံသည့် အစီအစဉ်ရှိသလို၊ မိမိအစီအစဉ်ဖြင့် စားစရာများ ယူဆောင်လာပါက (ကိုးခန်းဇရပ် တောင်ရကျောင်းရှေ့တွင်ရှိရွှေဗိမာန်) (မြေနီလမ်းအဝင် မုန့်ဆိုင်တန်း အနီးတွင်ရှိ) တို့တွင် စားသုံးနိုင်ပါသည်။

ရှောင်ရန်-

ဆရာတော်ကြီးသည် ကင်မရာများ၊ ဖုန်းများဖြင့် ရိုက်ခြင်းကို ရှောင်ရန် မိန့်ကြားတော်မူခဲ့သည်။ ဆရာတော်ကြီး ဆွမ်းခံစဉ် မတ်တပ်ရပ်ခြင်း၊ ထီးဆောင်းထားခြင်း၊ ဦးထုပ်မချွတ်ခြင်း စသည့် အဂါဝရလုပ်ရပ်များအား ရှောင်ကြဉ်ရန်။ ဆရာတော်ကြီးသည် စိတ်ငြိမ်ခြင်း၊ အေးချမ်းခြင်းကို အထူးနှစ်သက်၍ စကားကျယ်လောင်စွာ ပြောခြင်းများကို ရှောင်ကြဉ်ရန်၊ ဉေယျဓမ်တောရတွင် သာသနာတော် ရဟန်းတော်နှင့် မအပ်စပ်သည့် အနာမာသအကပ္ပိယဝတ္တုများ ငွေကြေးများ လုံးဝ လုံးဝ လက်မခံပါ။

ကားဆရာများ ကားဟွန်းတီးခြင်း ရှောင်ကြဉ်ရန်၊ ကားလမ်းပေါ် ပိတ်မရပ်ရန်၊ ကားကွင်းအတွင် စနစ်တကျ ပါကင်ထိုးရန်၊ အချင်းချင်း ရိုင်းပင်းကူညီကျရန်၊ ဆရာတော်ကြီး၏ ကျောင်းနေ တပည့်သာဝကကြီးများ၏ စီမံမှူများကို လေးစား လိုက်နာကြရန်။

Credit-Original Uploader

(Zawgyi)


ဆောင်ရန်-


ရှောင်ရန်-



Leave a Reply

Your email address will not be published. Required fields are marked *