ဗဟုတုသ

ကိုယ့် စိတ်ကို ပျော်ရွှင်အောင် ထားနိုင်မယ့် ကောင်းမွန်သော နည်းလမ်း ( ၇ ) မျိုး

ကိုယ့်ရဲ့ပျော်ရွှင်မှု ဆိုတာလည်း ကိုယ်ကိုယ်တိုင်နဲ့ပဲ ဆိုင်ပါတယ်။ လူတိုင်းကတော့ ပျော်ပျော်နေချင်ကြတာပါပဲ။ ပျော်စရာကောင်းတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားမှ ပျော်ရွှင်ရတာ မဟုတ်ပါဘူး။ ကိုယ့် စိတ်ကို ပျော်ရွှင်အောင် ထားတတ်ရင်လည်းပျော်ရွှင်ရပါတယ်။ ဒါကြောင့် ကိုယ့် စိတ်ကို ပျော်ရွှင်အောင်ထားနိုင်မယ့် ကောင်းမွန်သော နည်းလမ်း ( ၇ ) မျိုးကို မျှဝေပေးလိုက်ပါတယ် ။

( ၁ ) အမှန်တရားကို လက်ခံပါ

တစ်ခါတစ်လေမှာ လူတွေက ဖြစ်နေတဲ့ အမှန်တရား ကို လက်မခံနိုင်ပဲ ပူလောင်နေတတ်ကြတယ်။ ကိုယ်ရထားတဲ့ လက်ရှိ အခြေအနေကို လက်မခံနိုင်ဖြစ်ပြီး ဒါကိုပဲ မကျေမနပ် တွေဖြစ်၊ စိတ်ဆင်းရဲနေရင် ကိုယ်ပဲ ပူလောင်နေရမှာပါ။ ဒီတော့ လက်ရှိ အခြေအနေကို လက်ခံ ပြီး စိတ်ပျော်အောင်နေပါ။ မကျေနပ်ရင် ပိုကောင်းအောင် ကြိုးစားပြီး ကိုယ်လိုချင်တဲ့ အနေအထားထိ ရောက်လာအောင် လုပ်ဖို့ ကိုယ့် တာဝန်ပါပဲ ။

( ၂ ) ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ

တစ်ခုခု ဖြစ်ရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင် ဖြစ်ပြီး စိတ်တိုနေတာမျိုး၊ ကိုယ့်ကိုယ်ကို အပြစ်ပေးတာမျိုး မလုပ်ပါနဲ့။ မှားနေရင် ပြန်ပြင်လို့ရပါတယ် ။ ဒီတော့ ပျော်ပျော်နေ ချင်ရင် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ ။

( ၃ ) ကိုယ်ကိုယ်ကိုချစ်ပါ ၊ မမုန်းတီးပါနဲ့

တခြားသူထက် ကိုယ့်ကိုယ်ကို ပိုချစ်ပါ ။ ကိုယ့်အတွက် အမြဲတမ်း အကောင်းဆုံးတွေ ဖြစ်အောင် ကြိုးစားနေထိုင်ပါ။ ကိုယ့်ကိုကိုယ် ဘယ်လို စိတ်ချမ်းသာအောင်၊ ပျော်အောင်ထားရမလဲသာ စဉ်းစားပါ၊ ကိုယ့်ကိုကိုယ် မုန်းတီးနေရင် ဘယ်တော့မှ စိတ်တွေပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

( ၄ ) ကျန်းမာအောင်နေပါ

ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင် ကျန်းမာနေမှဖြစ်မှာပါ။ ကျန်းမာရေးမကောင်းရင် ဘယ်လိုမှ မပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာအောင်နေပါ။

( ၅ ) စိတ်ညစ်စရာတွေကို ကြာကြာမတွေးပါနဲ့

ကိုယ့်စိတ်ကို ပျော်အောင်ထားချင်တယ်ဆိုရင် ပျော်စရာတွေပဲ တွေးပါ။ စိတ်ညစ်စရာတွေဆိုရင် ခေါင်းထဲက မြန်မြန်ထုတ်ပြစ်ပါ။ ကြာကြာမတွေးပါနဲ့ ။ စိတ်ညစ်စရာကို အရမ်းမတွေးတတ်အောင် ကြိုးစားနေပါ။

( ၆ ) ဘာသာတရားကိုင်းရှိုင်းပါ

ဘာသာတရား ကိုင်းရှိုင်းပြီး ဘုရားတရားများများလုပ်ရင် စိတ်ချမ်းသာ ပျော်ရွှင်ရတယ်၊ စိတ်အေးချမ်းတည်ငြိမ်တယ် ဆိုတာကို အားလုံးလည်းသိကြမှာပါ ။

( ၇ ) ကိုယ့်အတွက် အဆိပ် ဖြစ်စေတဲ့လူတွေနဲ့ ဝေးဝေးနေပါ

ကိုယ့စိတ်အမြဲ ပျော်ရွှင်ပြီး စိတ်ချမ်းသာနေဖို့ဆိုရင် ကိုယ့်အတွက် စိတ်အနှောက်အယှက် ဖြစ်စေတဲ့ လူတွေ၊ ကိုယ့်အတွက် အဆိပ်ဖြစ်စေတဲ့ Toxic People တွေနဲ့ ဝေးဝေးမှာ သာနေပါ။

Credit: Original Uploader

(Zawgyi)

ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈ ဆိုတာလည္း ကိုယ္ကိုယ္တိုင္နဲ႔ပဲ ဆိုင္ပါတယ္။ လူတိုင္းကေတာ့ ေပ်ာ္ေပ်ာ္ေနခ်င္ၾကတာပါပဲ။ ေပ်ာ္စရာေကာင္းတဲ့ ဘဝမ်ိဳးကို ပိုင္ဆိုင္ထားမွ ေပ်ာ္႐ႊင္ရတာ မဟုတ္ပါဘူး။ ကိုယ့္ စိတ္ကို ေပ်ာ္႐ႊင္ေအာင္ ထားတတ္ရင္လည္းေပ်ာ္႐ႊင္ရပါတယ္။ ဒါေၾကာင့္ ကိုယ့္ စိတ္ကို ေပ်ာ္႐ႊင္ေအာင္ထားႏိုင္မယ့္ ေကာင္းမြန္ေသာ နည္းလမ္း ( ၇ ) မ်ိဳးကို မွ်ေဝေပးလိုက္ပါတယ္ ။

( ၁ ) အမွန္တရားကို လက္ခံပါ

တစ္ခါတစ္ေလမွာ လူေတြက ျဖစ္ေနတဲ့ အမွန္တရား ကို လက္မခံႏိုင္ပဲ ပူေလာင္ေနတတ္ၾကတယ္။ ကိုယ္ရထားတဲ့ လက္ရွိ အေျခအေနကို လက္မခံႏိုင္ျဖစ္ၿပီး ဒါကိုပဲ မေက်မနပ္ ေတြျဖစ္၊ စိတ္ဆင္းရဲေနရင္ ကိုယ္ပဲ ပူေလာင္ေနရမွာပါ။ ဒီေတာ့ လက္ရွိ အေျခအေနကို လက္ခံ ၿပီး စိတ္ေပ်ာ္ေအာင္ေနပါ။ မေက်နပ္ရင္ ပိုေကာင္းေအာင္ ႀကိဳးစားၿပီး ကိုယ္လိုခ်င္တဲ့ အေနအထားထိ ေရာက္လာေအာင္ လုပ္ဖို႔ ကိုယ့္ တာဝန္ပါပဲ ။

( ၂ ) ကိုယ့္ကိုယ္ကို ခြင့္လႊတ္ပါ

တစ္ခုခု ျဖစ္ရင္ ကိုယ့္ကိုယ္ကို ခြင့္မလႊတ္ႏိုင္ ျဖစ္ၿပီး စိတ္တိုေနတာမ်ိဳး၊ ကိုယ့္ကိုယ္ကို အျပစ္ေပးတာမ်ိဳး မလုပ္ပါနဲ႔။ မွားေနရင္ ျပန္ျပင္လို႔ရပါတယ္ ။ ဒီေတာ့ ေပ်ာ္ေပ်ာ္ေန ခ်င္ရင္ ကိုယ့္ကိုယ္ကို ခြင့္လႊတ္ပါ ။

( ၃ ) ကိုယ္ကိုယ္ကိုခ်စ္ပါ ၊ မမုန္းတီးပါနဲ႔

တျခားသူထက္ ကိုယ့္ကိုယ္ကို ပိုခ်စ္ပါ ။ ကိုယ့္အတြက္ အၿမဲတမ္း အေကာင္းဆုံးေတြ ျဖစ္ေအာင္ ႀကိဳးစားေနထိုင္ပါ။ ကိုယ့္ကိုကိုယ္ ဘယ္လို စိတ္ခ်မ္းသာေအာင္၊ ေပ်ာ္ေအာင္ထားရမလဲသာ စဥ္းစားပါ၊ ကိုယ့္ကိုကိုယ္ မုန္းတီးေနရင္ ဘယ္ေတာ့မွ စိတ္ေတြေပ်ာ္႐ႊင္ရမွာ မဟုတ္ပါဘူး။

( ၄ ) က်န္းမာေအာင္ေနပါ

ဘဝမွာ ေပ်ာ္႐ႊင္ဖို႔ဆိုရင္ က်န္းမာေနမွျဖစ္မွာပါ။ က်န္းမာေရးမေကာင္းရင္ ဘယ္လိုမွ မေပ်ာ္႐ႊင္ႏိုင္ပါဘူး။ ဒါေၾကာင့္ စိတ္ခ်မ္းသာၿပီး ကိုယ္က်န္းမာေအာင္ေနပါ။

( ၅ ) စိတ္ညစ္စရာေတြကို ၾကာၾကာမေတြးပါနဲ႔

ကိုယ့္စိတ္ကို ေပ်ာ္ေအာင္ထားခ်င္တယ္ဆိုရင္ ေပ်ာ္စရာေတြပဲ ေတြးပါ။ စိတ္ညစ္စရာေတြဆိုရင္ ေခါင္းထဲက ျမန္ျမန္ထုတ္ျပစ္ပါ။ ၾကာၾကာမေတြးပါနဲ႔ ။ စိတ္ညစ္စရာကို အရမ္းမေတြးတတ္ေအာင္ ႀကိဳးစားေနပါ။

( ၆ ) ဘာသာတရားကိုင္းရႈိင္းပါ

ဘာသာတရား ကိုင္းရႈိင္းၿပီး ဘုရားတရားမ်ားမ်ားလုပ္ရင္ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္ရတယ္၊ စိတ္ေအးခ်မ္းတည္ၿငိမ္တယ္ ဆိုတာကို အားလုံးလည္းသိၾကမွာပါ ။

( ၇ ) ကိုယ့္အတြက္ အဆိပ္ ျဖစ္ေစတဲ့လူေတြနဲ႔ ေဝးေဝးေနပါ

ကိုယ့စိတ္အၿမဲ ေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာေနဖို႔ဆိုရင္ ကိုယ့္အတြက္ စိတ္အေႏွာက္အယွက္ ျဖစ္ေစတဲ့ လူေတြ၊ ကိုယ့္အတြက္ အဆိပ္ျဖစ္ေစတဲ့ Toxic People ေတြနဲ႔ ေဝးေဝးမွာ သာေနပါ။

Credit: Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *