ဗဟုတုသ

သူနဲ့ညားခဲ့ရင် အဆင်ပြေနိုင်၊မပြေနိုင် တွက်ကြည့်နိုင်တဲ့နည်း

ကိုယ်နဲ့ သူနဲ့ ဖူးစာကံပါ မပါ၊ ပြီးတော့ ဘယ်လိုချစ်ခြင်းမျိုးနဲ့ လက်တွဲသွားကြမယ်ဆိုတာကို လွယ်လွယ်လေးတွက်ပြီး သိမြင်နိင်တဲ့ ဗေဒင်တွက်နည်းလေး ဖြစ်ပါတယ် …။

ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့် ၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးက အဖြေပေါ့ …။

ဥပမာ တစ်ခုအနေနဲ့ ကြည့်ကြရအောင် …။

သင်က 23.4.1991 သင့် ချစ်သူက 14.7.1992 ဆိုပါစို့ …။

သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ

23 + 4 + 1991 + 14 + 7 + 1992 =4031

မွေးနေ့၂ခုပေါင်းထားတဲ့ အဖြေ

4 + 0 + 3 + 1 = 8

အဖြေက 8 ဖြစ်တယ်ပေါ့ …။

ရှင်းပြီနော်။ ကဲ…တွက်ကြည့်ကြမယ် …။

အဖြေ- ၁

(၁) ရတဲ့သူကတော့ သင်ဟာ သူ့ကိုအသက်ပေးနိုင်လောက်အောင်ချစ်ပေမယ့် သူ့အတွက်ကတော့ရည်းစားဟောင်းက ပစ်သွားလို့ အသဲကွဲပြီးခဏလာနားတဲ့ Bus ကားမှတ်တိုင်လိုဖြစ်နေတာပါ …။ သင်နဲ့ အတူနေတဲ့အချိန်မှာ သူဟာပျော်ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက်ဒီမရောက်နဲ့ ဖြစ်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပွေရှုပ်တတ်တဲ့ သူ့အကျင့်က သင့်ထက်သာမယ့်သူကို အမြဲတမ်းရှာဖွေနေလို့ပဲဖြစ်တယ် …။ ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့ အခွင့်အလမ်းဟာ မျောက်တစ်ကောင် သစ်ပင်ပေါ်က ပြုတ်ကျတာနဲ့ အတူတူလိုဖြစ်နေတာပါ …။ နောင် Bus ကားအသစ်ဟာ သူ့ဆီဆိုက်ကပ်လာခဲ့ရင် သူတစ်ခါ တည်းပြေးတက်သွားဖို့ ဝန်လေးမှာမဟုတ်သလို သင့်ကိုဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာလဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင် အချိန်ရှိမှာမဟုတ်ဘူးနော် …။

အဖြေ- ၂

(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ပေါက်ဖွားလာတဲ့ ချစ်ခြင်းဖြစ်တယ်။ အတူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကိုကြည့်နေရသလို နေ့စဉ်ထသတ်မှာတော့ အမှန်ပါပဲ …။ အကျင့်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပြင်းလာရင် ကျန်တဲ့တစ်ယောက် ကလည်း အလျှော့ပေးမှာမဟုတ်ဘူး။ ဒါတောင်မှ သင်တို့မှာ သုံးပွင့်ဆိုင်မရှိသေးဘူးနော် …။ တစ်နေ့ကျရင် သူကခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့ပြောလာခဲ့ရင် သင်သူ့ကိုနားလည်ပေးလိုက်ပါ။ သူက သင့်ကိုမချစ်တာ မဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်တဲ့ အချိန်တစ်ခုလောက်တော့ ထားပေးလိုက်ပေါ့နော် …။

အဖြေ- ၃

(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကို တွေ့တာပဲလေ။ သင်တို့နှစ်ယောက် ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် တူညီနေတာပဲ …။ အကျင့်၊ အကြိုက်၊ ညစ်ပတ်ခြင်း၊ ပေါခြင်း၊ အရူးထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကိုတွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကို မှန်ကြည့်နေရသလိုပဲ …။ သင်တို့အချစ်ဟာ ဘာအရသာမှမရှိပေမယ့် ခိုင်မြဲမှုရှိတာတော့ အမှန်ပဲလေ … ။ကြည့်လိုက်တာနဲ့နှလုံးသားထိ မြင်ရတယ်ဆိုတာပေါ့။ အဲ..တစ်ခုတော့ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက် သူဟာ ငြီးငွေ့စရာကောင်းနေတယ် …။ ဒါကြောင့်သင်ဟာ ဒီထက်ပိုကောင်းတဲ့အချစ်တွေကို ရှာဖွေနေတယ်။ နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့အခုလိုအရသာမရှိတဲ့ ပေါရွှတ်ရွှတ်လူထက် ပိုပြီးကောင်းမှာ မဟုတ်ဘူးဆိုတာ သင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့ရင် နှောင်းချင်လည်းနှောင်း သွားမှာပေါ့ …။

အဖြေ- ၄

(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်ဟာ စေးကပ်ကပ်ကြီးလို ဖြစ်နေတယ်။ ဘယ်လိုခွာခွာ ခွာလို့မရတဲ့ပုံစံ၊ ဘဝကိုဘယ်လိုဖြတ်သန်းရမှန်းမသိတဲ့ ပုံစံနဲ့တူနေတယ်။ သင်ကလည်း အိန္ဒြေရှင်ပီသစွာနဲ့ သူ့ကိုချစ်တယ် လို့ ဖွင့်ပြောဖို့ မရဲဘူးဖြစ်နေတတ်တယ် …။ ဒါကြောင့် ဟိုဖက်ကိုလည်းမသွား၊ ဒီဖက်ကိုလည်း မရောက်ဖြစ်နေတာပေါ့။ အကောင်းဆုံးကတော့ သင်တို့နှစ်ယောက်ခေါင်းချင်း ဆိုင်ပြီး ပြဿနာကိုတူတူဖြေရှင်းကြတာ အကောင်းဆုံးပါပဲ …။ မဟုတ်ရင်တော့ သင်တို့ထဲက တစ်ယောက် မဟုတ်တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ ဇာတ်လမ်းလေးက ဇာတ်သိမ်းသွားနိုင်ပါတယ် …။

အဖြေ- ၅

(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲသံရဲရဲ အချစ်ပေါ့။ ဘာဂိုဏ်းညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေ လိုက်ရင်းအသက်လုပြီး ဖြစ်ပေါ်လာတဲ့ အချစ်စစ် …။ သင်တို့အချစ်လမ်းကြောင်းမှာဘယ်လောက်ပဲ အန္တရာယ်ရှိပေမယ့် သင်တို့ကတစ်ယောက်နဲ့တစ်ယောက်ကို နားလည်ပြီး နှလုံးသားအစစ်နဲ့ အမှန်ချစ်တာ ဖြစ်ပါတယ် …။ သင်တို့နှစ်ယောက်က ခုချိန်မှာချစ်သူအဆင့်တွေ မဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုပြီး ဖြစ်နေကြပါပြီ။ အသက်ပေးပြီးချစ်ကြတဲ့ သူတွေအဆင့် ရောက်နေကြပါပြီ …။ သင်ဟာသူ့ရဲ့နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာမဖြစ်ပါနဲ့။ ဘာလို့လဲဆိုတော့ သူဟာယုံကြည်နေပါပြီ။ သင်ဟာ ဘုရားကပေးလာတဲ့ ဖူးစာရှင်အစစ်ဆိုပြီတော့ …။

အဖြေ- ၆

(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစားသကြားထည့်ဖို့တောင် မလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်တို့အ ချစ်ရဲ့ချိုမြိန်ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင် ဝါးမြိုသွားလို့ဖြစ်ပါတယ် …။ ဒါပေမယ့်လည်း ဒီပျောရွှင်မှုဟာ မပြည့်စုံသေးဘူးလို့ သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပ်ကို မြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့ ဒီလိုအမှတ်တရအချိန်လေးတွေကို ဘယ်လောက်ကြာကြာခံစားရဦးမလဲဆိုတာ မသေချာသေးဘူး …။ သို့ပေမယ့်လည်း သင်ဟာ ခုချိန်မှာအရမ်းပျော်နေတယ်လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့ သူ့ပြဿနာ တစ်ခုခုရှိပြီး သင့်ကိုမသိစေချင်ရင်လည်း သင်က ဘာမှမသိသလိုနေမှာ အသေအချာပဲ ….။ သင်ဟာသူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ပြီလားလို့ မေးရရင်တော့ သင့်ရဲ့အစွမ်းအစပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ သူ့ရဲ့ခိုင်မာမှု နဲ့လည်းဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကို ဖြေရှင်းနိုင်ရဲ့လားဆိုတာ …။

အဖြေ- ၇

(၇) ရတဲ့သူက ဒီတစ်ယောက်ကသင့်ကိုအမြင်ရှင်းသွားအောင်လုပ်ပေးနိုင်စွမ်းရှိတယ်။ အနိမ့်စား လူ တစ်ယောက်ကဘယ်လိုလဲဆိုတာပေါ့၊ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူပါလာတာက တစ်ကိုယ်ကောင်း ဆန်စိတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးမှု၊ အများကြီး အများကြီးပေါ့ …။ သင့်ကိုတစ်ခုခုကူညီလိုက်ရင် ကျေးဇူး အတင်ခံချင်တာက အရင်ပေါ့။ ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ဆိုတာ သူ့ပါးစပ်ကပြောလာတဲ့ စကားတွေပေါ့။ ပွေလည်းပွေတယ်။ ကပ်စေးလည်းနဲတယ်။ ဆိုးသောအရသာမျိုးစုံနဲ့ ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစား လာဖြစ်တာကလည်း အထွေအထူးမဟုတ်ပါဘူး။ super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲဖြစ်တယ်။ သင်ဟာ ရုပ်မရှိရင်အဲဒီတစ်ယောက်က သင့်ကိုမျက်စောင်းလေးတောင် ထိုးကြည့်မှာ မဟုတ်ပါဘူး …။ ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့်နေပါ နဲ့တော့နော် …။

အဖြေ- ၈

(၈) ရတဲ့သူက သူ့ရဲကနောက်ဆုံးအချစ်ဖြစ်ဖို့အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာ ကြာပြီး အားလုံးနေရာကျနေပြီလေတစ်ယောက်အကြောင်းကို တစ်ယောက်သိနေပြီလေ …။ ဒါကြောင့် အတူနေတဲ့အချိန်ဆို စိတ်ချမ်းသာရတယ်။ အဲဒီစိတ်ချမ်းသာတာကချိုတာတွေ romatic တာတွေ မရှိတဲ့ ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှုမရှိတဲ့ အချစ်ဖြစ်နေတယ် …။ ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့ အချစ်နဲ့တူတယ်လေ။ သင်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်သိကြမှာပါ …။ တစ်‌ေယောက်အပေါ်တစ်‌ယောက်ဘယ်လောက်နားလည်နိုင်စွမ်းရှိတယ်ဆိုတာ သူ့အပှငသှင့အှပေါမှှာေ နာကထှပနှားလညနှိုငမှယှ့ သူလညှး ရှာလို့တှေ့တော့မှာ မဟုတတှော့ဘူးလေ …။

အဖြေ- ၉

(၉) ရတဲ့သူက အားရိုးရိုး…သင်တို့အချစ်ကိုနှိုင်းရရင်တော့ နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊ ကောင်း ကင်နဲ့မြေကြီး၊ သူချမ်းသာနဲ့သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့ …။ ဒါကြောင့် သင်တို့အချစ်ကို သင်တို့ကိုယ်တိုင်တောင်နားမလည်နိုင်ပဲ ဖြစ်နေရလိမ့်မယ်။နောက်ထပ် ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လို ဖြစ်နေတယ် …။ သင်တို့နှစ်ဦးကလည်း သိနေတယ်လေ။ ကြာရှည်လက်တွဲလို့မရဘူးဆိုတာပေါ့။ ခဏတစ်ဖြုတ်လေးလက်တွဲ တာကလည်း ကိုယ့်ဘဝမှာရယ်စရာအမှတ်တရအဖြစ်ထားခဲ့ချင်လို့ပဲ ဖြစ်တယ် …။ သင်တို့နှစ်ဦးဟာ အလွန်ခြားနားလွန်းလို့ တူတူသွားလို့မရဘူးဆိုပြီးတော့ပေါ့။သင်တို့နှစ်ဦးလမ်းခွဲသွားခဲ့ရင်လည်း သူငယ်ချင်းကောင်းတွေ ဆက်ဖြစ်နေအုံးမှာပါနော် …။

Credit: Original Uploader

(Zawgyi)

ကိုယ္နဲ႔ သူနဲ႔ ဖူးစာကံပါ မပါ၊ ၿပီးေတာ့ ဘယ္လိုခ်စ္ျခင္းမ်ိဳးနဲ႔ လက္တြဲသြားၾကမယ္ဆိုတာကို လြယ္လြယ္ေလးတြက္ၿပီး သိျမင္နိင္တဲ့ ေဗဒင္တြက္နည္းေလး ျဖစ္ပါတယ္ …။

ခ်စ္သူေမြးေန႔သကၠရာဇ္ အားလုံးေပါင္းၾကည့္ ၊ ေနာက္ဆုံး ရလာတဲ့ကိန္းတစ္လုံးက အေျဖေပါ့ …။

ဥပမာ တစ္ခုအေနနဲ႔ ၾကည့္ၾကရေအာင္ …။

သင္က 23.4.1991 သင့္ ခ်စ္သူက 14.7.1992 ဆိုပါစို႔ …။

သင့္ေမြးေန႔ + သင့္ခ်စ္သူေမြးေန႔ = အေျဖ

23 + 4 + 1991 + 14 + 7 + 1992 =4031

ေမြးေန႔၂ခုေပါင္းထားတဲ့ အေျဖ

4 + 0 + 3 + 1 = 8

အေျဖက 8 ျဖစ္တယ္ေပါ့ …။

ရွင္းၿပီေနာ္။ ကဲ…တြက္ၾကည့္ၾကမယ္ …။

အေျဖ- ၁

(၁) ရတဲ့သူကေတာ့ သင္ဟာ သူ႔ကိုအသက္ေပးႏိုင္ေလာက္ေအာင္ခ်စ္ေပမယ့္ သူ႔အတြက္ကေတာ့ရည္းစားေဟာင္းက ပစ္သြားလို႔ အသဲကြဲၿပီးခဏလာနားတဲ့ Bus ကားမွတ္တိုင္လိုျဖစ္ေနတာပါ …။ သင္နဲ႔ အတူေနတဲ့အခ်ိန္မွာ သူဟာေပ်ာ္႐ႊင္ေနေပမယ့္ အဲဒီေပ်ာ္႐ႊင္ျခင္းက ဟိုမေရာက္ဒီမေရာက္နဲ႔ ျဖစ္ေနတတ္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေပြရႈပ္တတ္တဲ့ သူ႔အက်င့္က သင့္ထက္သာမယ့္သူကို အၿမဲတမ္းရွာေဖြေနလို႔ပဲျဖစ္တယ္ …။ ဒါေၾကာင့္ သူ႔ရဲ႕ ေနာက္ဆုံးအခ်စ္ျဖစ္ဖို႔ အခြင့္အလမ္းဟာ ေမ်ာက္တစ္ေကာင္ သစ္ပင္ေပၚက ျပဳတ္က်တာနဲ႔ အတူတူလိုျဖစ္ေနတာပါ …။ ေနာင္ Bus ကားအသစ္ဟာ သူ႔ဆီဆိုက္ကပ္လာခဲ့ရင္ သူတစ္ခါ တည္းေျပးတက္သြားဖို႔ ဝန္ေလးမွာမဟုတ္သလို သင့္ကိုဘယ္လိုျဖစ္ၿပီး က်န္ခဲ့မွာလဲဆိုၿပီး ေခါင္းျပန္ေစာင္းငဲ့ဖို႔ေတာင္ အခ်ိန္ရွိမွာမဟုတ္ဘူးေနာ္ …။

အေျဖ- ၂

(၂) ရတဲ့သူကေတာ့ သင္နဲ႔သူဟာ ခ်စ္ေတာ့ခ်စ္ၾကပါတယ္။ ဒါေပမယ့္ မုန္းတီးမႈနဲ႔ေပါက္ဖြားလာတဲ့ ခ်စ္ျခင္းျဖစ္တယ္။ အတူတူေနခဲ့ရင္လည္း လက္ေဝွ႔ပြဲကိုၾကည့္ေနရသလို ေန႔စဥ္ထသတ္မွာေတာ့ အမွန္ပါပဲ …။ အက်င့္ေတြကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကပါဘူး။ တစ္ေယာက္ျပင္းလာရင္ က်န္တဲ့တစ္ေယာက္ ကလည္း အေလွ်ာ့ေပးမွာမဟုတ္ဘူး။ ဒါေတာင္မွ သင္တို႔မွာ သုံးပြင့္ဆိုင္မရွိေသးဘူးေနာ္ …။ တစ္ေန႔က်ရင္ သူကခဏေဝးေဝးေလာက္ ေနၾကည့္ၾကရေအာင္ လို႔ေျပာလာခဲ့ရင္ သင္သူ႔ကိုနားလည္ေပးလိုက္ပါ။ သူက သင့္ကိုမခ်စ္တာ မဟုတ္ပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္ နားလည္ႏိုင္တဲ့ အခ်ိန္တစ္ခုေလာက္ေတာ့ ထားေပးလိုက္ေပါ့ေနာ္ …။

အေျဖ- ၃

(၃) ရတဲ့သူက Yahoo! ေနာက္ဆုံးေတာ့လည္း သင္က အစစ္အမွန္ကို ေတြ႕တာပဲေလ။ သင္တို႔ႏွစ္ေယာက္ ရဲ႕ေတြ႕ဆုံျခင္းဟာ ေရစက္လို႔ေခၚလို႔ရတယ္။ ဘာပဲျဖစ္ျဖစ္ တူညီေနတာပဲ …။ အက်င့္၊ အႀကိဳက္၊ ညစ္ပတ္ျခင္း၊ ေပါျခင္း၊ အ႐ူးထျခင္းေတြေပါ့။ ဒါေၾကာင့္ သူ႔ကိုေတြ႕တဲ့အခ်ိန္ဆို ကိုယ့္ကိုယ္ကို မွန္ၾကည့္ေနရသလိုပဲ …။ သင္တို႔အခ်စ္ဟာ ဘာအရသာမွမရွိေပမယ့္ ခိုင္ၿမဲမႈရွိတာေတာ့ အမွန္ပဲေလ … ။ၾကည့္လိုက္တာနဲ႔ႏွလုံးသားထိ ျမင္ရတယ္ဆိုတာေပါ့။ အဲ..တစ္ခုေတာ့ရွိတယ္။ သင္သတိထားရမွာက ကိုယ့္စိတ္ကိုယ္ပဲ၊ သင့္အတြက္ သူဟာ ၿငီးေငြ႕စရာေကာင္းေနတယ္ …။ ဒါေၾကာင့္သင္ဟာ ဒီထက္ပိုေကာင္းတဲ့အခ်စ္ေတြကို ရွာေဖြေနတယ္။ ေနာက္ဆုံးေတာ့လည္း ဘယ္လူမွ သင့္ရဲ႕အခုလိုအရသာမရွိတဲ့ ေပါ႐ႊတ္႐ႊတ္လူထက္ ပိုၿပီးေကာင္းမွာ မဟုတ္ဘူးဆိုတာ သင္သိလိမ့္မယ္။ မသိႏိုင္ဘူးေလ။ အဲဒီအခ်ိန္ ေရာက္ခဲ့ရင္ ေႏွာင္းခ်င္လည္းေႏွာင္း သြားမွာေပါ့ …။

အေျဖ- ၄

(၄) ရတဲ့သူက သင္နဲ႔သူ႔ရဲ႕အခ်စ္ဟာ ေစးကပ္ကပ္ႀကီးလို ျဖစ္ေနတယ္။ ဘယ္လိုခြာခြာ ခြာလို႔မရတဲ့ပုံစံ၊ ဘဝကိုဘယ္လိုျဖတ္သန္းရမွန္းမသိတဲ့ ပုံစံနဲ႔တူေနတယ္။ သင္ကလည္း အိေျႏၵရွင္ပီသစြာနဲ႔ သူ႔ကိုခ်စ္တယ္ လို႔ ဖြင့္ေျပာဖို႔ မရဲဘူးျဖစ္ေနတတ္တယ္ …။ ဒါေၾကာင့္ ဟိုဖက္ကိုလည္းမသြား၊ ဒီဖက္ကိုလည္း မေရာက္ျဖစ္ေနတာေပါ့။ အေကာင္းဆုံးကေတာ့ သင္တို႔ႏွစ္ေယာက္ေခါင္းခ်င္း ဆိုင္ၿပီး ျပႆနာကိုတူတူေျဖရွင္းၾကတာ အေကာင္းဆုံးပါပဲ …။ မဟုတ္ရင္ေတာ့ သင္တို႔ထဲက တစ္ေယာက္ မဟုတ္တစ္ေယာက္ဟာ အသစ္ေတြ႕ၿပီး သင္တို႔ရဲ႕ ဇာတ္လမ္းေလးက ဇာတ္သိမ္းသြားႏိုင္ပါတယ္ …။

အေျဖ- ၅

(၅) ရတဲ့သူက သင္နဲ႔သူ႔ရဲ႕အခ်စ္က ေသြးရဲရဲသံရဲရဲ အခ်စ္ေပါ့။ ဘာဂိုဏ္းညာဂိုဏ္းေတြ မာဖီးယားဂိုဏ္းေတြ လိုက္ရင္းအသက္လုၿပီး ျဖစ္ေပၚလာတဲ့ အခ်စ္စစ္ …။ သင္တို႔အခ်စ္လမ္းေၾကာင္းမွာဘယ္ေလာက္ပဲ အႏၲရာယ္ရွိေပမယ့္ သင္တို႔ကတစ္ေယာက္နဲ႔တစ္ေယာက္ကို နားလည္ၿပီး ႏွလုံးသားအစစ္နဲ႔ အမွန္ခ်စ္တာ ျဖစ္ပါတယ္ …။ သင္တို႔ႏွစ္ေယာက္က ခုခ်ိန္မွာခ်စ္သူအဆင့္ေတြ မဟုတ္ေတာ့ပါဘူး။ ႏွစ္လႊာေပါင္းမွ တစ္႐ြက္ဆိုၿပီး ျဖစ္ေနၾကပါၿပီ။ အသက္ေပးၿပီးခ်စ္ၾကတဲ့ သူေတြအဆင့္ ေရာက္ေနၾကပါၿပီ …။ သင္ဟာသူ႔ရဲ႕ေနာက္ဆုံးအခ်စ္မဟုတ္ဘူးလို႔ မယုံသကၤာမျဖစ္ပါနဲ႔။ ဘာလို႔လဲဆိုေတာ့ သူဟာယုံၾကည္ေနပါၿပီ။ သင္ဟာ ဘုရားကေပးလာတဲ့ ဖူးစာရွင္အစစ္ဆိုၿပီေတာ့ …။

အေျဖ- ၆

(၆) ရတဲ့သူက ခုခ်ိန္ေတြမွာ ဘာစားစားသၾကားထည့္ဖို႔ေတာင္ မလိုပါဘူး။ ဘာလို႔လဲဆိုေတာ့ သင္တို႔အ ခ်စ္ရဲ႕ခ်ိဳၿမိန္ျခင္းက သၾကားရဲ႕အခ်ိဳဓာတ္ကိုေတာင္ ဝါးၿမိဳသြားလို႔ျဖစ္ပါတယ္ …။ ဒါေပမယ့္လည္း ဒီေပ်ာ႐ႊင္မႈဟာ မျပည့္စုံေသးဘူးလို႔ သင္ခံစားရမယ္။ ေရေျမာင္းပုပ္မွာ လရိပ္ကို ျမင္ရသလိုေပါ့။ သင္ဟာ သင့္ခ်စ္သူနဲ႔ ဒီလိုအမွတ္တရအခ်ိန္ေလးေတြကို ဘယ္ေလာက္ၾကာၾကာခံစားရဦးမလဲဆိုတာ မေသခ်ာေသးဘူး …။ သို႔ေပမယ့္လည္း သင္ဟာ ခုခ်ိန္မွာအရမ္းေပ်ာ္ေနတယ္လို႔ေတာ့ ေျပာႏိုင္တယ္ေလ။ အကယ္လို႔ သူ႔ျပႆနာ တစ္ခုခုရွိၿပီး သင့္ကိုမသိေစခ်င္ရင္လည္း သင္က ဘာမွမသိသလိုေနမွာ အေသအခ်ာပဲ ….။ သင္ဟာသူ႔ရဲ႕ ေနာက္ဆုံးအခ်စ္ျဖစ္ၿပီလားလို႔ ေမးရရင္ေတာ့ သင့္ရဲ႕အစြမ္းအစေပၚမွာပဲ မူတည္ပါတယ္။ ၿပီးေတာ့ သူ႔ရဲ႕ခိုင္မာမႈ နဲ႔လည္းဆိုင္တယ္ေလ။ သူ႔ရဲ႕ျပႆနာကို ေျဖရွင္းႏိုင္ရဲ႕လားဆိုတာ …။

အေျဖ- ၇

(၇) ရတဲ့သူက ဒီတစ္ေယာက္ကသင့္ကိုအျမင္ရွင္းသြားေအာင္လုပ္ေပးႏိုင္စြမ္းရွိတယ္။ အနိမ့္စား လူ တစ္ေယာက္ကဘယ္လိုလဲဆိုတာေပါ့၊ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီသူနဲ႔အတူပါလာတာက တစ္ကိုယ္ေကာင္း ဆန္စိတ္၊ ကိုယ့္ကိုယ္ကို အထင္ႀကီးမႈ၊ အမ်ားႀကီး အမ်ားႀကီးေပါ့ …။ သင့္ကိုတစ္ခုခုကူညီလိုက္ရင္ ေက်းဇူး အတင္ခံခ်င္တာက အရင္ေပါ့။ ေက်းဇူးမေမ့နဲ႔၊ ေက်းဇူးမေမ့နဲ႔ဆိုတာ သူ႔ပါးစပ္ကေျပာလာတဲ့ စကားေတြေပါ့။ ေပြလည္းေပြတယ္။ ကပ္ေစးလည္းနဲတယ္။ ဆိုးေသာအရသာမ်ိဳးစုံနဲ႔ ျပည့္စုံေနတဲ့သူေပါ့။ သင္နဲ႔ရည္းစား လာျဖစ္တာကလည္း အေထြအထူးမဟုတ္ပါဘူး။ super casanova ဆိုတဲ့ ဂုဏ္ထူးႀကီးေၾကာင့္ပဲျဖစ္တယ္။ သင္ဟာ ႐ုပ္မရွိရင္အဲဒီတစ္ေယာက္က သင့္ကိုမ်က္ေစာင္းေလးေတာင္ ထိုးၾကည့္မွာ မဟုတ္ပါဘူး …။ ၿပီးေတာ့ သင္မသိေသးတဲ့ သူ႔ရဲ႕အတြဲေပါင္းမ်ားစြာကိုလည္း ဂိုေဒါင္ႀကီးထဲထည့္ထားရတဲ့အထိ၊ ဒါေၾကာင့္ သူ႔ရဲ႕ေနာက္ဆုံးအခ်စ္ျဖစ္ခြင့္ကေတာ့ လုံးဝမေမွ်ာ္လင့္ေနပါ နဲ႔ေတာ့ေနာ္ …။

အေျဖ- ၈

(၈) ရတဲ့သူက သူ႔ရဲကေနာက္ဆုံးအခ်စ္ျဖစ္ဖို႔အခြင့္အေရးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင္တို႔အခ်စ္ဟာ ၾကာၿပီး အားလုံးေနရာက်ေနၿပီေလတစ္ေယာက္အေၾကာင္းကို တစ္ေယာက္သိေနၿပီေလ …။ ဒါေၾကာင့္ အတူေနတဲ့အခ်ိန္ဆို စိတ္ခ်မ္းသာရတယ္။ အဲဒီစိတ္ခ်မ္းသာတာကခ်ိဳတာေတြ romatic တာေတြ မရွိတဲ့ ခံစားခ်က္၊ သဝန္တိုျခင္း၊ လိုခ်င္တပ္မက္မႈမရွိတဲ့ အခ်စ္ျဖစ္ေနတယ္ …။ ဒါေၾကာင့္ သင္တို႔အခ်စ္က သၾကားျပတ္သြားတဲ့ အခ်စ္နဲ႔တူတယ္ေလ။ သင္တို႔ႏွစ္ေယာက္က တစ္ေယာက္ကို တစ္ေယာက္သိၾကမွာပါ …။ တစ္‌ေေယာက္အေပၚတစ္‌ေယာက္ဘယ္ေလာက္နားလည္ႏိုင္စြမ္းရွိတယ္ဆိုတာ သူ႔အပွငသွင့အွေပါမွွာေ နာကထွပႏွားလညႏႈိငမွယွ႔ သူလညႇး ရွာလို႔ေတွ႔ေတာ့မွာ မဟုတေတွာ့ဘူးေလ …။

အေျဖ- ၉

(၉) ရတဲ့သူက အား႐ိုး႐ိုး…သင္တို႔အခ်စ္ကိုႏႈိင္းရရင္ေတာ့ နံနက္ေနထြက္ခ်ိန္နဲ႔ ညေနေနဝင္ခ်ိန္၊ ေကာင္း ကင္နဲ႔ေျမႀကီး၊ သူခ်မ္းသာနဲ႔သူဆင္းရဲ႕၊ နတ္ပန္းနဲ႔ ငရဲပန္း စတာေတြေပါ့ …။ ဒါေၾကာင့္ သင္တို႔အခ်စ္ကို သင္တို႔ကိုယ္တိုင္ေတာင္နားမလည္ႏိုင္ပဲ ျဖစ္ေနရလိမ့္မယ္။ေနာက္ထပ္ ဘာထူးဆန္းစရာေတြ ထပ္လာဦးမလဲဆိုၿပီးေတာ့ သင္တို႔ႏွစ္ေယာက္ရဲ႕အခ်စ္အေၾကာင္းဟာ ဟာသတစ္ပုဒ္လို ျဖစ္ေနတယ္ …။ သင္တို႔ႏွစ္ဦးကလည္း သိေနတယ္ေလ။ ၾကာရွည္လက္တြဲလို႔မရဘူးဆိုတာေပါ့။ ခဏတစ္ျဖဳတ္ေလးလက္တြဲ တာကလည္း ကိုယ့္ဘဝမွာရယ္စရာအမွတ္တရအျဖစ္ထားခဲ့ခ်င္လို႔ပဲ ျဖစ္တယ္ …။ သင္တို႔ႏွစ္ဦးဟာ အလြန္ျခားနားလြန္းလို႔ တူတူသြားလို႔မရဘူးဆိုၿပီးေတာ့ေပါ့။သင္တို႔ႏွစ္ဦးလမ္းခြဲသြားခဲ့ရင္လည္း သူငယ္ခ်င္းေကာင္းေတြ ဆက္ျဖစ္ေနအုံးမွာပါေနာ္ …။

Credit: Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *