ဗဟုတုသ

ထမင်းပေါင်းအိုး နှင့် ကိတ်မုန့်လုပ်နည်း

ထမင်းပေါင်းအိုး နှင့် ကိတ်မုန့်လုပ်နည်း (အလွယ်တကူလုပ်စားလို့ရ)

အိမ်တွင်းဖြစ်ထမင်းပေါင်းအိုးကိတ်မုန့်

ပါဝင်ပစ္စည်း

၁.ဂျုံဆန်ချိန်ခွက်တစ်ခွက်

၂.သကြား ဆန်ချိန်ခွက်တစ်ဝက်

၃.နွားနို့ ဆန်ချိန်ခွက်တစ်ဝက်

၄.ဆီ ဆန်ချိန်ခွက်၃ပုံတစ်ပုံ

၅.ရှာလကာရည် ၃စက်

၆.ကြက်ဥ ၅လုံး

ပြုလုပ်ပုံအဆင့်ဆင့်။ ဇလုံသန့်သန့်၂လုံးအဆင့်သင့်လုပ်ထားပါ၊ ကြက်ဥ ၅ လုံးကို အကာအနှစ်ခွဲပြီးဇလုံတစ်ခုချင်းစီထည့်ထားပါ။

ကြက်ဥအနှစ်ဇလုံ ထဲကို ဂျုံ၊ ဆီ၊ နွားနို့ ရောထည့်ပြီး ဂျုံလုံးလေးတွေမရှိအောင်နှယ်ထားပါ။ cream ရိုက်စက်မရှိတဲ့သူတွေအတွက်ကြက်ဥအကာဇလုံထဲကို ရှာလကာရည်ထည့်ပြီးခေါက်ပါ (သကြားကို၃ပုံခွဲထားပါ)၊ အမြုပ်ထွက်လာရင် သကြားကိုတစ်ပုံထည့်ပါ၊ အဆက်မပျက်ခေါက်ပေးရပါမည်၊ အမြုပ်လေးတွေသေးပြီး ဖြူဖြူလေးတွေဖြစ်ရင်သကြားနောက်တစ်ပုံထည့်ပါ၊ အမြုပ်လေးတွေပျောက်ပြီးဖြူဝင်းလာပြီဆိုရင်သကြားနောက်ဆုံးတစ်ပုံထည့်ပြီးဆက်ခေါက်ပါ၊ cream ရသည့်ထိခေါက်ပါ။

Cream ဖြစ်မဖြစ်ကိုဝါးတူတစ်ချောင်းကိုအလယ်မှာစိုက်ကြည့်ပါ လဲမကျရင်creamရပါပြီ။ Cream ရိုက်စက်ရှိရင်လဲ အပေါ်ကအချိုးအတိုင်းပြုလုပ်ရပါတယ်။

creamရိုက်တာ၁၀မိနစ်ကြာပါတယ် ရိုက်ထားတဲ့ cream ကို ဂျုံနှယ်ထားတဲ့ဇလုံထဲကို ၃ခါခွဲပြီး ရောနှယ်ပေးပါ (နှယ်တဲ့နေရာမှာ ဇွန်းဖြင့်အပေါ်အောက်ဖြေးဖြေးနှယ်ပါ၊ လုံးဝမမွှေမိပါစေနဲ့နော် )။

ထမင်းပေါင်းအိုးအောက်ခြေကို ဆီသုပ်ထားပါ နှယ်ထားတဲ့အနှစ်ကို အပေါ်ကနေ ထမင်းပေါင်းအိုးထဲ့ကိုလောင်းချလိုက်ပါ ၊ပြီးရင် အိုးကို ၅ ၆ချက်လောက် မှပြီးချလိုက်ပါ လေခိုလေးတွေမရှိအောင်ပါ။

ရိုးရိုးထမင်းပေါင်းအိုးဆိုရင် ၃/၄ခါလောက်နှိပ်ပေးရပါမယ်။ (တစ်ခါနှိပ်ရင်၃မိနစ်လောက်ပြန်ပြန်တက်သွားပါတယ်၊ မိနစ်၂၀ခြားတစ်ခါနှိပ်ပေးပါ၊ တက်သွားပြီးချက်ချင်းပြန်နှိပ်မရလို့နော၊အဖုံးလုံးဝမဖွင့်ပါနဲ့ လေထွက်ပေါ်ကိုအဝတ်လေးနဲ့အုပ်ထားပါ၊ နောက်ဆုံးရလာတဲ့ထိအပေါ်ယံလေးကနည်းနည်းလေးစိုနေတတ်ပါတယ်၊ ၃ခေါက်လောက်နှိပ်ပေးပြီးရင် ပြောင်းပြန်လှန်ပြီးတစ်ခါထပ်နှိပ်ပေးပါ အဲ့လိုဆိုရပါပြီ။

Digital ပေါင်းအိုးဆိုရင် ထမင်းချက်သလိုချက်ပြီး ခလုပ်တတ်သွားရင်၁၅မိနှစ်ထားပြီးမှအဖုံးဖွင့်ပေးပါ။ တစ်ချို့Digitalပေါင်းအိုးလဲရိုးရိုးပေါင်းအိုလိုခဏလေးနဲ့ခလုပ်ပြန်ပြန်တက်သွားတတ်ပါတယ်နော၊ သတိထားစောင့်ကြည့်ရပါမယ်။

ထမင်းပေါင်းအိုးနဲ့မလုပ်ချင်ရင်လဲပေါက်စီပေါင်းတဲ့အိုးလိုမျိုးရေကိုအောက်ကထည့်ပြီးအပေါ်ကနေပေါင်းလို့ရမုန့်နှစ်ကိုရေမဝင်အောင်အဖုံးလုံအောင်ဖုံးထားရပါမည်၊ အောက်ခြေကရေနဲ့မထိအောင်သတိထားပါနော်။

Credit: Original Uploader

(Zawgyi)

ထမင္းေပါင္းအိုး ႏွင့္ ကိတ္မုန႔္လုပ္နည္း (အလြယ္တကူလုပ္စားလို႔ရ)

အိမ္တြင္းျဖစ္ထမင္းေပါင္းအိုးကိတ္မုန႔္

ပါဝင္ပစၥည္း

၁.ဂ်ဳံဆန္ခ်ိန္ခြက္တစ္ခြက္

၂.သၾကား ဆန္ခ်ိန္ခြက္တစ္ဝက္

၃.ႏြားႏို႔ ဆန္ခ်ိန္ခြက္တစ္ဝက္

၄.ဆီ ဆန္ခ်ိန္ခြက္၃ပုံတစ္ပုံ

၅.ရွာလကာရည္ ၃စက္

၆.ၾကက္ဥ ၅လုံး

ျပဳလုပ္ပုံအဆင့္ဆင့္။ ဇလုံသန႔္သန႔္၂လုံးအဆင့္သင့္လုပ္ထားပါ၊ ၾကက္ဥ ၅ လုံးကို အကာအႏွစ္ခြဲၿပီးဇလုံတစ္ခုခ်င္းစီထည့္ထားပါ။

ၾကက္ဥအႏွစ္ဇလုံ ထဲကို ဂ်ဳံ၊ ဆီ၊ ႏြားႏို႔ ေရာထည့္ၿပီး ဂ်ဳံလုံးေလးေတြမရွိေအာင္ႏွယ္ထားပါ။ cream ႐ိုက္စက္မရွိတဲ့သူေတြအတြက္ၾကက္ဥအကာဇလုံထဲကို ရွာလကာရည္ထည့္ၿပီးေခါက္ပါ (သၾကားကို၃ပုံခြဲထားပါ)၊ အျမဳပ္ထြက္လာရင္ သၾကားကိုတစ္ပုံထည့္ပါ၊ အဆက္မပ်က္ေခါက္ေပးရပါမည္၊ အျမဳပ္ေလးေတြေသးၿပီး ျဖဴျဖဴေလးေတြျဖစ္ရင္သၾကားေနာက္တစ္ပုံထည့္ပါ၊ အျမဳပ္ေလးေတြေပ်ာက္ၿပီးျဖဴဝင္းလာၿပီဆိုရင္သၾကားေနာက္ဆုံးတစ္ပုံထည့္ၿပီးဆက္ေခါက္ပါ၊ cream ရသည့္ထိေခါက္ပါ။

Cream ျဖစ္မျဖစ္ကိုဝါးတူတစ္ေခ်ာင္းကိုအလယ္မွာစိုက္ၾကည့္ပါ လဲမက်ရင္creamရပါၿပီ။ Cream ႐ိုက္စက္ရွိရင္လဲ အေပၚကအခ်ိဳးအတိုင္းျပဳလုပ္ရပါတယ္။

cream႐ိုက္တာ၁၀မိနစ္ၾကာပါတယ္ ႐ိုက္ထားတဲ့ cream ကို ဂ်ဳံႏွယ္ထားတဲ့ဇလုံထဲကို ၃ခါခြဲၿပီး ေရာႏွယ္ေပးပါ (ႏွယ္တဲ့ေနရာမွာ ဇြန္းျဖင့္အေပၚေအာက္ေျဖးေျဖးႏွယ္ပါ၊ လုံးဝမေမႊမိပါေစနဲ႔ေနာ္ )။

ထမင္းေပါင္းအိုးေအာက္ေျခကို ဆီသုပ္ထားပါ ႏွယ္ထားတဲ့အႏွစ္ကို အေပၚကေန ထမင္းေပါင္းအိုးထဲ့ကိုေလာင္းခ်လိုက္ပါ ၊ၿပီးရင္ အိုးကို ၅ ၆ခ်က္ေလာက္ မွၿပီးခ်လိုက္ပါ ေလခိုေလးေတြမရွိေအာင္ပါ။

႐ိုး႐ိုးထမင္းေပါင္းအိုးဆိုရင္ ၃/၄ခါေလာက္ႏွိပ္ေပးရပါမယ္။ (တစ္ခါႏွိပ္ရင္၃မိနစ္ေလာက္ျပန္ျပန္တက္သြားပါတယ္၊ မိနစ္၂၀ျခားတစ္ခါႏွိပ္ေပးပါ၊ တက္သြားၿပီးခ်က္ခ်င္းျပန္ႏွိပ္မရလို႔ေနာ၊အဖုံးလုံးဝမဖြင့္ပါနဲ႔ ေလထြက္ေပၚကိုအဝတ္ေလးနဲ႔အုပ္ထားပါ၊ ေနာက္ဆုံးရလာတဲ့ထိအေပၚယံေလးကနည္းနည္းေလးစိုေနတတ္ပါတယ္၊ ၃ေခါက္ေလာက္ႏွိပ္ေပးၿပီးရင္ ေျပာင္းျပန္လွန္ၿပီးတစ္ခါထပ္ႏွိပ္ေပးပါ အဲ့လိုဆိုရပါၿပီ။

Digital ေပါင္းအိုးဆိုရင္ ထမင္းခ်က္သလိုခ်က္ၿပီး ခလုပ္တတ္သြားရင္၁၅မိႏွစ္ထားၿပီးမွအဖုံးဖြင့္ေပးပါ။ တစ္ခ်ိဳ႕Digitalေပါင္းအိုးလဲ႐ိုး႐ိုးေပါင္းအိုလိုခဏေလးနဲ႔ခလုပ္ျပန္ျပန္တက္သြားတတ္ပါတယ္ေနာ၊ သတိထားေစာင့္ၾကည့္ရပါမယ္။

ထမင္းေပါင္းအိုးနဲ႔မလုပ္ခ်င္ရင္လဲေပါက္စီေပါင္းတဲ့အိုးလိုမ်ိဳးေရကိုေအာက္ကထည့္ၿပီးအေပၚကေနေပါင္းလို႔ရမုန႔္ႏွစ္ကိုေရမဝင္ေအာင္အဖုံးလုံေအာင္ဖုံးထားရပါမည္၊ ေအာက္ေျခကေရနဲ႔မထိေအာင္သတိထားပါေနာ္။

Credit: Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *