ဗဟုတုသ

ကမ္ဘာ့ရှေးဟောင်းကျိန်စာများနှင့် မြန်မာ့တရားရုံးမှ ထိတ်လန့်ဖွယ် ကျိန်စာများ

ကျိန်စာဆိုသည်မှာ တစ်စုံတစ်ယောက် အပေါ် ဘေးဆိုး အန္တရာယ်ကျရောက်ပါစေဟု တိုင်တည်ထားခြင်း၊ တန်ခိုးရှင်အား တိုင်တမ်းခြင်းကြောင့် ကျရောက်သော အန္တရာယ်၊ ကျိန်ဆဲခြင်း၊ ကျမ်းသစ္စာ ဆိုခြင်း၊ တားမြစ်ခြင်းများ၊ ကပ်ဆိုးများ ဆိုက်ရောက်ပါစေ၊ ငရဲကျပါစေ ဟူသော ဆုတောင်း ကျိန်ဆဲမှုများကို ခေါ်ဆိုသည်။

ဆုတောင်း မေတ္တာပို့ခြင်း၊ ကျိန်စာတိုက်ခြင်း၊ ဆဲရေးခြင်းတို့သည် လူ့စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များဟု ခေါ်ဆိုနိုင်သည်။ လူသည် အရိုင်းဘ၀မှ အယဉ်ဘ၀သို့ တိုးတက်ပြောင်းလဲ လာကတည်းက ထိုစိတ်ပိုင်း ဆိုင်ရာများ ပါလာခဲ့ကြသည်။ ရှေးစဉ်အခါမှစ၍ ယနေ့ အချိန်ထိ ကျိန်စာတိုက်ခြင်း၊ ကျိန်ဆဲခြင်းများကို လူတို့ လုပ်ဆောင်ခဲ့ကြသည်။ ကမ္ဘာ့သမိုင်းအလယ်ဖြစ်သည့် အီဂျစ် သမိုင်း၊ မြန်မာ့ ရှေးသမိုင်းဖြစ်သည့် ပုဂံသမိုင်းတို့တွင် ထိတ်လန့် ကြောက်မက်ဖွယ် ထူးကဲလှသော ကျိန်စာများကို တွေ့နိုင်သည်။ ထိုခေတ်ကာလ လူသားများသည်လည်း ကျိန်စာများကို ယုံကြည် ကြောက်ရွံ့ ရိုသေကြလေသည်။ ယနေ့ခေတ် သိပ္ပံပညာ ထွန်းကားလာသော မျက်မှောက်ခေတ်မှာပင် ကျိန်စာများနှင့် ပတ်သက်ပြီး ဟုတ်မှန်နိုင်သည် ဆိုလောက်သော သံသယ ဖြစ်ဖွယ်များ ကြုံတွေ့လျက် ရှိခဲ့ကြသည်။

ပထမကမ္ဘာစစ်အပြီးက ဗြိတိသျှ ရှေးဟောင်း သုတေသနအဖွဲ့သည် အီဂျစ်ဘုရင်တူတန်ခမန် ၏ ဂူသင်္ချိုင်းအား ရှာဖွေတူးဖော်ခဲ့ပြီး မံမီအလောင်းအား လန်ဒန်ပြတိုက်သို့ ရွှေ့ပြောင်း သယ်ဆောင်ခဲ့ဖူးသည်။ ဘုရင်တူတန်ခမန်၏ ဂူသင်္ချိုင်း တံခါး၀တွင်`(ထာ၀ရလောကကြီး၌ ငြိမ်းချမ်းစွာ လဲလျောင်း အိပ်စက်နေသော ငါဘုရင်အား နှောက်ယှက်သူတိုင်း မြေ၊ မီး၊ ရေ၊ လေ တို့၏ အန္တရာယ် ကျရောက်၍ အသေဆိုးနှင့် သေစေသော်)ဟူ၍ ကျိန်စာတိုက်ထားလေသည်။ မကြာသော ကာလတွင် ရှေးဟောင်း သုတေသန တူးဖော်ရေး အဖွဲ့မှ ပညာရှင် လေးဦးသည် ဖြစ်နိုင်ဖွယ် ရှားပါးလှသော သေနည်းမျိုးဖြင့် ရှေ့ဆင့်နောက်ဆင့် သေကြရသည်။

တစ်ဦးသည် ဘီယာဆိုင်တွင် ဘီယာမော့ သောက်ရာမှ ဘီယာတို့သည် နှာခေါင်းအတွင်း ၀င်၍ အသက်ရှုရပ် သေဆုံးခဲ့သည်။ နောက်တစ်ဦးသည် ဆေးတံမီးညှိရာမှ မုတ်ဆိတ်ရှည်ကို မီးစွဲပြီး တစ်ကိုယ်လုံး မီးလောင်ကျွမ်း သေဆုံးရပြန်သည်။ နောက်တစ်ဦးမှာ မိမိ၏ အပန်းဖြေနေအိမ် အနောက်ရှိ အမှိုက်ကျင်းအတွင်း အမှိုက်ပစ်ရာမှ အရှိန်လွန်ကာ ကျင်းထဲကျ မြေပိလို့ သေရပြန်သည်။ နောက်ဆုံး တစ်ယောက်မှာ အသက်အငယ်ဆုံးနှင့် ကျန်းမာရေးအကောင်းဆုံး ပညာရှင်သည် ရုတ်တရက် လေဖြတ် သေဆုံးခဲ့ရပြန်သည်။ ဤအခါ လူတို့သည် ဘုရင် `တူတန်ခမန် ၏ ကျိန်စာကြောင့် သေဆုံးကြသည်ဟု သံသယ ရှိလာကြတော့သည်။

အမေရိကန်၊ ဝါရှင်နတန်မြို့ စမစ်ဆွန်နီးယန်း ပြတိုက်တွင် ရှိသော Blue Diamond ကြီးသည်လည်း ကျိန်စာသင့် နေသည်ဟု ယူဆကြသည်။ ၎င်းစိန်ပြာကြီး ရာဇ၀င်မှာ မြန်မာနိုင်ငံ၊ ပုဂံမြို့ဟောင်းရှိ ဟိန္ဒူဘုရားကျောင်း တစ်ခုအတွင်း ကိုးကွယ်ထားသော `ရာမ သီတာ ကျောက်စိမ်းရုပ်တုမှ စိန်ပြာကြီး ဖြစ်သည်ဟု အဆိုရှိခဲ့သည်။ ၎င်းဘုရားကျောင်း တည်ဆောက်သူများက ရာမ၊ သီတာနတ်များအား ပင့်ဖိတ်လို့ ကျိန်စာတိုက်ခဲ့သည်ဟု အဆိုရှိခဲ့သည်။ ( အချို့ရာဇ၀င်များတွင်တော့ စိန်ပြာကြီးသည် အာနန္ဒာဘုရားမှဖြစ်ပြီး ပြင်သစ်လူမျိုး ရတနာကုန်သည်တစ်ယောက်မှ ခိုးယူသွားခဲ့သည်ဟု ပါရှိသည်)။ ၎င်းစိန်ပြာကြီးသည် ပြင်သစ်ဘုရင် လူဝီ-၁၆ လက်သို့ ရောက်ခဲ့ဖူးသည်။ သူလက်ထဲစိန်ပြာကြီး မရောက်ရှိခင်ကပင် တဆင့်ပြီးတဆင့် စိန်ပြာကြီးပိုင်ဆိုင်သူ အများအပြား အကြောင်းအမျိုးမျိုးကြောင့်သေဆုံးခဲ့ရပြီးဖြစ်သည် ။ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကြီး ဖြစ်ပွားသောအခါ ဘုရင်နှင့် မိဖုရားတို့အား ပြည်သူလူထုက ခေါင်းဖြတ် သတ်ဖြတ်လိုက်ကြသည်။ ဤသည်မှာ စိန်ပြာကြီး၏ ကျိန်စာကြောင့်ဟု ပြောစမှတ်ရှိခဲ့သည်။ ထိုစိန်ပြာကြီးသည် နောက်ပိုင်း ရုရှား ဇာဘုရင်၊ ကိုင်ဇာဘုရင်၊ ဆီဇာဘုရင် တို့ထံ လှည့်ပတ် ရောက်ရှိခဲ့ပြီး အားလုံးလည်း ထူးဆန်းဖွယ် မရဏသေခြင်း မျိုးဖြင့် ရင်ဆိုင် သေဆုံးခဲ့ကြရသည်။

ထို့အပြင် ကမ္ဘာကျော် တိုက်တန်းနစ် သင်္ဘောကြီး နစ်မြုပ် ရခြင်းမှာလည်း သဘာ၀လွန် ဖြစ်ရပ်ကြောင့်ဟု အချို့ ယုံကြည်ကြသည်။ တိုက်တန်းနစ် သင်္ဘောပေါ်တွင် အမေရိကန် ပြတိုက်သို့ ပို့ရန်အတွက် ဆေးရည်စိမ် မံမီရုပ်အလောင်း တစ်ခု တင်ဆောင်ခဲ့သည်ဟု ဆိုကြသည်။ ထိုမံမီတွင် ပါရှိသော ကျိန်စာကြောင့် သင်္ဘောကြီး ဘေးသင့်ရသည်ဟု အချို့ယူဆကြသည်။ မည်သို့ပင် ဖြစ်စေကာမူ ကျိန်စာသည် အမှန်တကယ်ရှိသည်။ ထိရောက်ပြင်းထန် ကြောက်ရွံ့ဖွယ် အန္တရာယ်ပေးတတ်သည်။

မြန်မာတရားရုံးတော်များတွင်လည်း ကျမ်းကျိန်၍ အမှန်တရားကို ထွက်ဆိုရသော၊ အမှန်တရားကို ရှာဖွေရသော အစဉ်အလာ ရှိပါသည်။ ၎င်းကျမ်းစာထုတ်များတွင်လည်း ကြောက်မက်ဖွယ်ကျိန်စာများ ပါရှိသည်။ (ကြောက်မက်ဖွယ်ကောင်း၍ မဖော်ပြတော့ပါ) အမှန်တရားကို လိမ်ညာ၍ဖြစ်စေ၊ ငွေကြေးကြောင့်ဖြစ်စေ၊ မဟုတ်မမှန် လိမ်ညာ၍ ကျန်းကျိန်မိပါက ချက်ခြင်းကျိမ်စာမသင့်ရင်တောင်မှ တချိန်ချိန်တွင် ကျိန်စာသင့်၍ ဒုက္ခရောက်ကြရသောသူများ လူ့ပတ်ဝန်းကျင်တွင် ရှိကြောင်း သိနေ၊ မြင်နေ၊ ကြားနေရပါသည်။

ထို့ကြောင့်ကျိန်စာ၏ နောက်ကွယ်တွင် နမ်လောက၊ ပရလောကမှ ပုဂ္ဂိုလ်များ၊ နတ်ဘုရား တန်ခိုးရှင်များ အမှန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကျိန်စာတိုက်ခြင်း၊ ကျိန်ဆဲခြင်းတို့သည် အမှန်တရားကို မျက်ကွယ်ပြုလိုသောသူများ၊ သူပိုင်ဆိုင်သောဥစ္စာ၊ သူ့အလှုဒါနတို့အား အခြား လူသတ္တဝါတို့မှ ဖျက်စီးယူဆောင်သူများ ကြောက်ရွံ့၍ ရှောင်ကြင်ကြစေရန် စိတ်စေတနာဖြင့် ရွတ်ဆိုကဗျည်း ရေးထိုးထားခြင်းများ ဖြစ်သောကြောင့်ကျိန်စာသင့်စေသော အကြောင်းအရာတို့ကို ရှောင်ကြင်သင့်ကြောင်းရေးသားတင်ပြလိုက်ရပါသည်။

Credit-Original Uploader

(Zawgyi)

က်ိန္စာဆိုသည္မွာ တစ္စုံတစ္ေယာက္ အေပၚ ေဘးဆိုး အႏၲရာယ္က်ေရာက္ပါေစဟု တိုင္တည္ထားျခင္း၊ တန္ခိုးရွင္အား တိုင္တမ္းျခင္းေၾကာင့္ က်ေရာက္ေသာ အႏၲရာယ္၊ က်ိန္ဆဲျခင္း၊ က်မ္းသစၥာ ဆိုျခင္း၊ တားျမစ္ျခင္းမ်ား၊ ကပ္ဆိုးမ်ား ဆိုက္ေရာက္ပါေစ၊ ငရဲက်ပါေစ ဟူေသာ ဆုေတာင္း က်ိန္ဆဲမႈမ်ားကို ေခၚဆိုသည္။

ဆုေတာင္း ေမတၱာပို႔ျခင္း၊ က်ိန္စာတိုက္ျခင္း၊ ဆဲေရးျခင္းတို႔သည္ လူ႔စိတ္ပိုင္းဆိုင္ရာ ယဥ္ေက်းမႈအေမြအႏွစ္မ်ားဟု ေခၚဆိုႏိုင္သည္။ လူသည္ အ႐ိုင္းဘ၀မွ အယဥ္ဘ၀သို႔ တိုးတက္ေျပာင္းလဲ လာကတည္းက ထိုစိတ္ပိုင္း ဆိုင္ရာမ်ား ပါလာခဲ့ၾကသည္။ ေရွးစဥ္အခါမွစ၍ ယေန႔ အခ်ိန္ထိ က်ိန္စာတိုက္ျခင္း၊ က်ိန္ဆဲျခင္းမ်ားကို လူတို႔ လုပ္ေဆာင္ခဲ့ၾကသည္။ ကမာၻ႔သမိုင္းအလယ္ျဖစ္သည့္ အီဂ်စ္ သမိုင္း၊ ျမန္မာ့ ေရွးသမိုင္းျဖစ္သည့္ ပုဂံသမိုင္းတို႔တြင္ ထိတ္လန္႔ ေၾကာက္မက္ဖြယ္ ထူးကဲလွေသာ က်ိန္စာမ်ားကို ေတြ႕ႏိုင္သည္။ ထိုေခတ္ကာလ လူသားမ်ားသည္လည္း က်ိန္စာမ်ားကို ယုံၾကည္ ေၾကာက္႐ြံ႕ ႐ိုေသၾကေလသည္။ ယေန႔ေခတ္ သိပၸံပညာ ထြန္းကားလာေသာ မ်က္ေမွာက္ေခတ္မွာပင္ က်ိန္စာမ်ားႏွင့္ ပတ္သက္ၿပီး ဟုတ္မွန္ႏိုင္သည္ ဆိုေလာက္ေသာ သံသယ ျဖစ္ဖြယ္မ်ား ႀကဳံေတြ႕လ်က္ ရွိခဲ့ၾကသည္။

ပထမကမာၻစစ္အၿပီးက ၿဗိတိသွ် ေရွးေဟာင္း သုေတသနအဖြဲ႕သည္ အီဂ်စ္ဘုရင္တူတန္ခမန္ ၏ ဂူသခ်ႋဳင္းအား ရွာေဖြတူးေဖာ္ခဲ့ၿပီး မံမီအေလာင္းအား လန္ဒန္ျပတိုက္သို႔ ေ႐ႊ႕ေျပာင္း သယ္ေဆာင္ခဲ့ဖူးသည္။ ဘုရင္တူတန္ခမန္၏ ဂူသခ်ႋဳင္း တံခါး၀တြင္`(ထာ၀ရေလာကႀကီး၌ ၿငိမ္းခ်မ္းစြာ လဲေလ်ာင္း အိပ္စက္ေနေသာ ငါဘုရင္အား ေႏွာက္ယွက္သူတိုင္း ေျမ၊ မီး၊ ေရ၊ ေလ တို႔၏ အႏၲရာယ္ က်ေရာက္၍ အေသဆိုးႏွင့္ ေသေစေသာ္)ဟူ၍ က်ိန္စာတိုက္ထားေလသည္။ မၾကာေသာ ကာလတြင္ ေရွးေဟာင္း သုေတသန တူးေဖာ္ေရး အဖြဲ႕မွ ပညာရွင္ ေလးဦးသည္ ျဖစ္ႏိုင္ဖြယ္ ရွားပါးလွေသာ ေသနည္းမ်ိဳးျဖင့္ ေရွ႕ဆင့္ေနာက္ဆင့္ ေသၾကရသည္။

တစ္ဦးသည္ ဘီယာဆိုင္တြင္ ဘီယာေမာ့ ေသာက္ရာမွ ဘီယာတို႔သည္ ႏွာေခါင္းအတြင္း ၀င္၍ အသက္ရႈရပ္ ေသဆုံးခဲ့သည္။ ေနာက္တစ္ဦးသည္ ေဆးတံမီးညႇိရာမွ မုတ္ဆိတ္ရွည္ကို မီးစြဲၿပီး တစ္ကိုယ္လုံး မီးေလာင္ကြၽမ္း ေသဆုံးရျပန္သည္။ ေနာက္တစ္ဦးမွာ မိမိ၏ အပန္းေျဖေနအိမ္ အေနာက္ရွိ အမႈိက္က်င္းအတြင္း အမႈိက္ပစ္ရာမွ အရွိန္လြန္ကာ က်င္းထဲက် ေျမပိလို႔ ေသရျပန္သည္။ ေနာက္ဆုံး တစ္ေယာက္မွာ အသက္အငယ္ဆုံးႏွင့္ က်န္းမာေရးအေကာင္းဆုံး ပညာရွင္သည္ ႐ုတ္တရက္ ေလျဖတ္ ေသဆုံးခဲ့ရျပန္သည္။ ဤအခါ လူတို႔သည္ ဘုရင္ `တူတန္ခမန္ ၏ က်ိန္စာေၾကာင့္ ေသဆုံးၾကသည္ဟု သံသယ ရွိလာၾကေတာ့သည္။

အေမရိကန္၊ ဝါရွင္နတန္ၿမိဳ႕ စမစ္ဆြန္နီးယန္း ျပတိုက္တြင္ ရွိေသာ Blue Diamond ႀကီးသည္လည္း က်ိန္စာသင့္ ေနသည္ဟု ယူဆၾကသည္။ ၎စိန္ျပာႀကီး ရာဇ၀င္မွာ ျမန္မာႏိုင္ငံ၊ ပုဂံၿမိဳ႕ေဟာင္းရွိ ဟိႏၵဴဘုရားေက်ာင္း တစ္ခုအတြင္း ကိုးကြယ္ထားေသာ `ရာမ သီတာ ေက်ာက္စိမ္း႐ုပ္တုမွ စိန္ျပာႀကီး ျဖစ္သည္ဟု အဆိုရွိခဲ့သည္။ ၎ဘုရားေက်ာင္း တည္ေဆာက္သူမ်ားက ရာမ၊ သီတာနတ္မ်ားအား ပင့္ဖိတ္လို႔ က်ိန္စာတိုက္ခဲ့သည္ဟု အဆိုရွိခဲ့သည္။ ( အခ်ိဳ႕ရာဇ၀င္မ်ားတြင္ေတာ့ စိန္ျပာႀကီးသည္ အာနႏၵာဘုရားမွျဖစ္ၿပီး ျပင္သစ္လူမ်ိဳး ရတနာကုန္သည္တစ္ေယာက္မွ ခိုးယူသြားခဲ့သည္ဟု ပါရွိသည္)။ ၎စိန္ျပာႀကီးသည္ ျပင္သစ္ဘုရင္ လူဝီ-၁၆ လက္သို႔ ေရာက္ခဲ့ဖူးသည္။ သူလက္ထဲစိန္ျပာႀကီး မေရာက္ရွိခင္ကပင္ တဆင့္ၿပီးတဆင့္ စိန္ျပာႀကီးပိုင္ဆိုင္သူ အမ်ားအျပား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေသဆုံးခဲ့ရၿပီးျဖစ္သည္ ။ ၁၇၈၉ ခုႏွစ္ ျပင္သစ္ေတာ္လွန္ေရးႀကီး ျဖစ္ပြားေသာအခါ ဘုရင္ႏွင့္ မိဖုရားတို႔အား ျပည္သူလူထုက ေခါင္းျဖတ္ သတ္ျဖတ္လိုက္ၾကသည္။ ဤသည္မွာ စိန္ျပာႀကီး၏ က်ိန္စာေၾကာင့္ဟု ေျပာစမွတ္ရွိခဲ့သည္။ ထိုစိန္ျပာႀကီးသည္ ေနာက္ပိုင္း ႐ုရွား ဇာဘုရင္၊ ကိုင္ဇာဘုရင္၊ ဆီဇာဘုရင္ တို႔ထံ လွည့္ပတ္ ေရာက္ရွိခဲ့ၿပီး အားလုံးလည္း ထူးဆန္းဖြယ္ မရဏေသျခင္း မ်ိဳးျဖင့္ ရင္ဆိုင္ ေသဆုံးခဲ့ၾကရသည္။

ထို႔အျပင္ ကမာၻေက်ာ္ တိုက္တန္းနစ္ သေဘၤာႀကီး နစ္ျမဳပ္ ရျခင္းမွာလည္း သဘာ၀လြန္ ျဖစ္ရပ္ေၾကာင့္ဟု အခ်ိဳ႕ ယုံၾကည္ၾကသည္။ တိုက္တန္းနစ္ သေဘၤာေပၚတြင္ အေမရိကန္ ျပတိုက္သို႔ ပို႔ရန္အတြက္ ေဆးရည္စိမ္ မံမီ႐ုပ္အေလာင္း တစ္ခု တင္ေဆာင္ခဲ့သည္ဟု ဆိုၾကသည္။ ထိုမံမီတြင္ ပါရွိေသာ က်ိန္စာေၾကာင့္ သေဘၤာႀကီး ေဘးသင့္ရသည္ဟု အခ်ိဳ႕ယူဆၾကသည္။ မည္သို႔ပင္ ျဖစ္ေစကာမူ က်ိန္စာသည္ အမွန္တကယ္ရွိသည္။ ထိေရာက္ျပင္းထန္ ေၾကာက္႐ြံ႕ဖြယ္ အႏၲရာယ္ေပးတတ္သည္။

ျမန္မာတရား႐ုံးေတာ္မ်ားတြင္လည္း က်မ္းက်ိန္၍ အမွန္တရားကို ထြက္ဆိုရေသာ၊ အမွန္တရားကို ရွာေဖြရေသာ အစဥ္အလာ ရွိပါသည္။ ၎က်မ္းစာထုတ္မ်ားတြင္လည္း ေၾကာက္မက္ဖြယ္က်ိန္စာမ်ား ပါရွိသည္။ (ေၾကာက္မက္ဖြယ္ေကာင္း၍ မေဖာ္ျပေတာ့ပါ) အမွန္တရားကို လိမ္ညာ၍ျဖစ္ေစ၊ ေငြေၾကးေၾကာင့္ျဖစ္ေစ၊ မဟုတ္မမွန္ လိမ္ညာ၍ က်န္းက်ိန္မိပါက ခ်က္ျခင္းက်ိမ္စာမသင့္ရင္ေတာင္မွ တခ်ိန္ခ်ိန္တြင္ က်ိန္စာသင့္၍ ဒုကၡေရာက္ၾကရေသာသူမ်ား လူ႔ပတ္ဝန္းက်င္တြင္ ရွိေၾကာင္း သိေန၊ ျမင္ေန၊ ၾကားေနရပါသည္။

ထို႔ေၾကာင့္က်ိန္စာ၏ ေနာက္ကြယ္တြင္ နမ္ေလာက၊ ပရေလာကမွ ပုဂၢိဳလ္မ်ား၊ နတ္ဘုရား တန္ခိုးရွင္မ်ား အမွန္ရွိသည္ျဖစ္ေစ၊ မရွိသည္ျဖစ္ေစ၊ က်ိန္စာတိုက္ျခင္း၊ က်ိန္ဆဲျခင္းတို႔သည္ အမွန္တရားကို မ်က္ကြယ္ျပဳလိုေသာသူမ်ား၊ သူပိုင္ဆိုင္ေသာဥစၥာ၊ သူ႔အလႈဒါနတို႔အား အျခား လူသတၱဝါတို႔မွ ဖ်က္စီးယူေဆာင္သူမ်ား ေၾကာက္႐ြံ႕၍ ေရွာင္ၾကင္ၾကေစရန္ စိတ္ေစတနာျဖင့္ ႐ြတ္ဆိုကဗ်ည္း ေရးထိုးထားျခင္းမ်ား ျဖစ္ေသာေၾကာင့္က်ိန္စာသင့္ေစေသာ အေၾကာင္းအရာတို႔ကို ေရွာင္ၾကင္သင့္ေၾကာင္းေရးသားတင္ျပလိုက္ရပါသည္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *