ဗဟုတုသ

ကားပျက်တိုင်း ဝပ်ရှော့ပို့စရာမလိုအောင် ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ အခြေခံအချက်လေးများ

ကားပျက်တိုင်း ဝပ်ရှော့ပို့စရာမလိုအောင် ကိုယ်တိုင်ဖြေရှင်းနိုင်တဲ့ အခြေခံအချက်လေးများ

ကားတစ်စီးမှာ ပျက်နိုင်ချေ၊ ဖြစ်နိုင်ချေတွေက အများကြီးပါ။ သို့ပေမယ့် အချို့ပျက်ဆီးမှုများက ဝပ်ရှော့ပို့စရာမလိုပဲ ကိုယ်တိုင်ပြင်လို့ရတာရှိပါတယ်။ အချို့ကျတော့လည်း ကိုယ်တိုင်ပြင်လို့မရပေမယ့် သိထားတော့ ဝပ်ရှော့ပို့တဲ့အခါ ကိုယ်က အညာမခံရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ အခြေခံအားဖြင့် ကားပိုင်ဆိုင်သူအားလုံး သိထားသင့်တဲ့ အခြေခံ ကားဗဟုသုတလေးကို ရေးသားမျှဝေပေးလိုက်ရပါတယ်။

မီးခိုး အထွက်လွန်နေရင် သေချာပါတယ်။ ဆီယိုနေပါပြီ။ ဒီမှာမီးခိုးအရောင်ကို ထပ်ခွဲရပါအုံးမယ်။ မီးခိုးအမည်းရောင်ဆိုရင် အင်ဂျင်ဆီယိုနေခြင်းဖြစ်ပါတယ်။ မီးခိုးအဖြူ ဘက် နည်းနည်းလိုက်ရင် ရေယိုနေခြင်းဖြစ်ပါတယ်။ ရေယိုဆိုတာ အင်ဂျင်အအေးခံဖို့အတွက် ပေးထားတဲ့ ရေလမ်းကြောင်းကနေ ပေါက်ထွက်ပြီး ဆလင်ဒါထဲ ဝင်ရောလို့ ဖြစ်ပါတယ်။ မီးခိုး အပြာရောင် သို့မဟုတ် အခြားသောရောင်စုံဆိုရင် ဒါချောစီ (ကားချောစီ) ယိုနေခြင်း ဖြစ်ပါတယ်။ ဘယ်လိုပြင်မလဲ -ဆိုင်သာပို့ပါ။ ဒါကလက်တည့်စမ်းပြီး လျှောက်ပြင်ရမယ့် ပြဿဿ နာမဟုတ်ပါဘူး။ အဆိုးဆုံးအခြေအနေကတော့ အင်ဂျင်ပေါက်ကွဲခြင်း ဖြစ်ပါတယ်။ ဆလင်ဒါရဲ့ လုပ်ဆောင်ချက်က ပုံမှန် မဟုတ်တော့ပဲ မီးလောင်မယ့် အနေအထားထိကို ရောက်စေပါတယ်။

ပါဝါမှန်ပူနေရင် ပူနေရင် ဒီတိုင်းကြည့်မနေပါနဲ့။ ရှော့ရှိပါတယ်။ ဒါအတွင်းမှာထည့်ထားတဲ့ အမဲဆီတစ်မျိုး က တော်တော်လေး အပူဒဏ် ခံနေရခြင်းဖြစ်ပါတယ်။ ကိုယ်က ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ မှန်က အပေါ်တက်သွားတာ မှန်ပေမယ့် နောက်ကွယ်မှာ သူအလုပ်လုပ်လိုက်ရတဲ့ ဖက်ရှင်တွေ တော်တော်လေးစုံပါတယ်။ အီလက်ထရောနစ်နဲ့ ဟိုက်ဒရော လစ်စနစ် ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ တစ်ခုပျက်ရင် နှစ်ခုလုံးကို အလုပ် မလုပ်စေတော့ပါဘူး။ ဘယ်လိုပြင်မလဲ? ဆီအစားထိုးပေးရမှာဖြစ်ပါတယ်။ ဆီဆိုလို့ တွေ့ကရာဆီ မဟုတ်ပါဘူး။ သူ့အမျိုးအစားနဲ့သူ သတ်မှတ်ထားတာရှိပါတယ်။ ကိုယ်တိုင်ဖွင့်ကြည့် နိုင်တယ်ဆိုရင် ကြည့်နိုင်ပါတယ်။ အတွင်းမှာ အသုံးပြုတဲ့ ဆီတစ်မျိုးကို စနစ်တကျ ပြန်အစားထိုးပေးဖို့တော့ လိုပါတယ်။ ဝပ်ရှော့ပို့တာ ပိုအန္တာရယ်ကင်းပါတယ်။ ဝပ်ရှော့ပို့ပေမယ့် သူတို့ ပြန်ထည့်ပေးမယ့်ဆီကို သေချာစစ်ဆေးစေချင်ပါတယ်။ မှန်အတင်အချ စနစ်မှာသုံးတဲ့ Grease oil က တော်ရုံဆီများနဲ့မတူပါဘူး။ တလွဲထည့်ရင် ခဏတာကောင်းပေမယ့် ရေရှည်မှာ အန္တရာယ်ရှိပါတယ်။

စက်ကောင်းကောင်းမနိုးရင် အရင်ကဆို သော့တစ်ချက်လှည့်ရုံနဲ့ စက်နိုးပေမယ့် နောက်ပိုင်းကျ အဲ့လိုမဟုတ်တော့ဘူး ဆိုတာမျိုးလည်းဖြစ်ပါတယ်။ မြင်းဟီးသလိုပဲ တစ်ဟီးဟီးနဲ့ ထမြည်လို့ ရပ်သွားပါတယ်။ တစ်ခါခါတော့ အဲ့လိုမြည်ပြီး စက်နိုးသွားပါတယ်။ Engine Starting မှာ ဒါတွေဖြစ်တာ အဓိကက ဘက်ထရီပါပဲ။ ဘကျင်္ထကောငျးရငျ ဒါမျိုးဖြစ်စရာ အကြောင်းမရှိပါဘူး။ ဓာတ်ဆီကားမှာဆို Spark ရိုက်ဖို့အတွက် ဘက်ထရီကလုပ်ပေးပြီး ဒီဇယ်မှာကျတော့ ကားအင်ဂျင်လည်ဖို့အတွက် ဘက်ထရီက စမောင်းပေးရပါတယ်။ဘယ်လိုပြင်မလဲ? ကားစစချင်းမှာ မနိုးဘူးဆိုရင် ဘက်ထရီကြိုး လွတ်နေလားဆိုတာ စက်ဖုံးမှ ာအကြမ်းဖျင်း ကိုယ်တိုင်ဝင်စစ်နိုင်ပါတယ်။ ဒါလည်းမလွတ်ဘူးဆို ဘက်ထရီမကောင်းလို့ဆိုတာ ပထမဦးဆုံးကောက်ချက် ချနိုင်ပါတယ်။ ဒါလည်း မဟုတ်သေးဘူးဆိုရင် အခြားအပြစ်တင်စရာများလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဘယ်လိုမှ မရနိုင်တော့ဘူးဆိုရင်း ကားဘီးအူတိုင်ကို လည်စေဖို့အတွက် နောက်ကနေ အကူအညီနဲ့ တွန်းခိုင်းပြီး စက်နိုးရတဲ့အဆင့်အထိကို လုပ်ရပါတော့မယ်။ ပြီးတော့မှာ Engine Starting System ပြဿနာကို ဝပ်ရှော့ဆရာများနဲ့ ပူးပေါင်းဖြေရှင်းနိုင်ပါတယ်။

ကားမောင်းနေရင်းနဲ့ရပ်ရင် မောင်းနေရင်းနဲ့ရပ်တာ အဓိက အကြောင်းအရင်းက အင်ဂျင်လည်တာ ရပ်ခြင်းပါပဲ။ ဒါဆို အင်ဂျင်က ဘာလို့လည်နေရင်းနဲ့ ရပ်ရလည်းဆိုတာက ရှင်းပါတယ်။ အင်ဂျင်ဆီ လမ်းကြောင်းပိတ်တယ်ဆိုတာ အကြမ်းဖျင်း သိရှိနိုင်ပါတယ်။ ဒါကအဖြစ်နိုင်ဆုံး အခြေအနေတစ်ခုကို ပြောတာပါ။ နောက်ထပ်ဖြစ်နိုင်ချေတွေလည်း ရှိနေတတ်ပါသေးတယ်။ ဘယ်လိုပြင်မလဲ? ဆီပိုက်ကိုပြန်စစ်ရမှာပါ။ ပြီးတော့ ဆီဗုံးမှာ ဆီကျန်မကျန်လည်း စစ်ရပါအုံးမယ်။ တစ်ခါခါကျ ဒိုင်ခွက်က အမှားပြနေတာမျိုးတို့ကလည်း ရှားရှားပါးပါး ကြုံတွေ့ရတတ်ပါတယ်။ အင်ဂျင်ဓာတ်ဆီ သို့မဟုတ် ဒီဇယ်ဆီလမ်းကြောင်း စနစ်တစ်ခုလုံး အမှားအယွင်းရှိမရှိ ကိုယ်တိုင်စစ်ဆေးနိုင်ပါတယ်။

ဓာတ်ဆီကားမှာဆိုရင် ကာပရိုက်တာကိုပါ စစ်ဆေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်စီးတဲ့ ကားရဲ့ အကြမ်းဖျင်း ဖွဲ့စည်းတည်ဆောက်ပုံ၊ အတွင်းခန်း တည်ဆောက်ပုံတို့ကို သေချာလေ့လာထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

Credit-Original Uploader

(Zawgyi)

ကားပ်က္တိုင္း ဝပ္ေရွာ့ပို႔စရာမလိုေအာင္ ကိုယ္တိုင္ေျဖရွင္းႏိုင္တဲ့ အေျခခံအခ်က္ေလးမ်ား

ကားတစ္စီးမွာ ပ်က္ႏိုင္ေခ်၊ ျဖစ္ႏိုင္ေခ်ေတြက အမ်ားႀကီးပါ။ သို႔ေပမယ့္ အခ်ိဳ႕ပ်က္ဆီးမႈမ်ားက ဝပ္ေရွာ့ပို႔စရာမလိုပဲ ကိုယ္တိုင္ျပင္လို႔ရတာရွိပါတယ္။ အခ်ိဳ႕က်ေတာ့လည္း ကိုယ္တိုင္ျပင္လို႔မရေပမယ့္ သိထားေတာ့ ဝပ္ေရွာ့ပို႔တဲ့အခါ ကိုယ္က အညာမခံရမွာျဖစ္ပါတယ္။ ဒါေၾကာင့္မို႔ အေျခခံအားျဖင့္ ကားပိုင္ဆိုင္သူအားလုံး သိထားသင့္တဲ့ အေျခခံ ကားဗဟုသုတေလးကို ေရးသားမွ်ေဝေပးလိုက္ရပါတယ္။

မီးခိုး အထြက္လြန္ေနရင္ ေသခ်ာပါတယ္။ ဆီယိုေနပါၿပီ။ ဒီမွာမီးခိုးအေရာင္ကို ထပ္ခြဲရပါအုံးမယ္။ မီးခိုးအမည္းေရာင္ဆိုရင္ အင္ဂ်င္ဆီယိုေနျခင္းျဖစ္ပါတယ္။ မီးခိုးအျဖဴ ဘက္ နည္းနည္းလိုက္ရင္ ေရယိုေနျခင္းျဖစ္ပါတယ္။ ေရယိုဆိုတာ အင္ဂ်င္အေအးခံဖို႔အတြက္ ေပးထားတဲ့ ေရလမ္းေၾကာင္းကေန ေပါက္ထြက္ၿပီး ဆလင္ဒါထဲ ဝင္ေရာလို႔ ျဖစ္ပါတယ္။ မီးခိုး အျပာေရာင္ သို႔မဟုတ္ အျခားေသာေရာင္စုံဆိုရင္ ဒါေခ်ာစီ (ကားေခ်ာစီ) ယိုေနျခင္း ျဖစ္ပါတယ္။ ဘယ္လိုျပင္မလဲ -ဆိုင္သာပို႔ပါ။ ဒါကလက္တည့္စမ္းၿပီး ေလွ်ာက္ျပင္ရမယ့္ ျပႆႆ နာမဟုတ္ပါဘူး။ အဆိုးဆုံးအေျခအေနကေတာ့ အင္ဂ်င္ေပါက္ကြဲျခင္း ျဖစ္ပါတယ္။ ဆလင္ဒါရဲ႕ လုပ္ေဆာင္ခ်က္က ပုံမွန္ မဟုတ္ေတာ့ပဲ မီးေလာင္မယ့္ အေနအထားထိကို ေရာက္ေစပါတယ္။

ပါဝါမွန္ပူေနရင္ ပူေနရင္ ဒီတိုင္းၾကည့္မေနပါနဲ႔။ ေရွာ့ရွိပါတယ္။ ဒါအတြင္းမွာထည့္ထားတဲ့ အမဲဆီတစ္မ်ိဳး က ေတာ္ေတာ္ေလး အပူဒဏ္ ခံေနရျခင္းျဖစ္ပါတယ္။ ကိုယ္က ခလုတ္တစ္ခ်က္ႏွိပ္လိုက္႐ုံနဲ႔ မွန္က အေပၚတက္သြားတာ မွန္ေပမယ့္ ေနာက္ကြယ္မွာ သူအလုပ္လုပ္လိုက္ရတဲ့ ဖက္ရွင္ေတြ ေတာ္ေတာ္ေလးစုံပါတယ္။ အီလက္ထေရာနစ္နဲ႔ ဟိုက္ဒေရာ လစ္စနစ္ ေပါင္းစပ္ထားျခင္းျဖစ္ပါတယ္။ တစ္ခုပ်က္ရင္ ႏွစ္ခုလုံးကို အလုပ္ မလုပ္ေစေတာ့ပါဘူး။ ဘယ္လိုျပင္မလဲ? ဆီအစားထိုးေပးရမွာျဖစ္ပါတယ္။ ဆီဆိုလို႔ ေတြ႕ကရာဆီ မဟုတ္ပါဘူး။ သူ႔အမ်ိဳးအစားနဲ႔သူ သတ္မွတ္ထားတာရွိပါတယ္။ ကိုယ္တိုင္ဖြင့္ၾကည့္ ႏိုင္တယ္ဆိုရင္ ၾကည့္ႏိုင္ပါတယ္။ အတြင္းမွာ အသုံးျပဳတဲ့ ဆီတစ္မ်ိဳးကို စနစ္တက် ျပန္အစားထိုးေပးဖို႔ေတာ့ လိုပါတယ္။ ဝပ္ေရွာ့ပို႔တာ ပိုအႏၲာရယ္ကင္းပါတယ္။ ဝပ္ေရွာ့ပို႔ေပမယ့္ သူတို႔ ျပန္ထည့္ေပးမယ့္ဆီကို ေသခ်ာစစ္ေဆးေစခ်င္ပါတယ္။ မွန္အတင္အခ် စနစ္မွာသုံးတဲ့ Grease oil က ေတာ္႐ုံဆီမ်ားနဲ႔မတူပါဘူး။ တလြဲထည့္ရင္ ခဏတာေကာင္းေပမယ့္ ေရရွည္မွာ အႏၲရာယ္ရွိပါတယ္။

စက္ေကာင္းေကာင္းမႏိုးရင္ အရင္ကဆို ေသာ့တစ္ခ်က္လွည့္႐ုံနဲ႔ စက္ႏိုးေပမယ့္ ေနာက္ပိုင္းက် အဲ့လိုမဟုတ္ေတာ့ဘူး ဆိုတာမ်ိဳးလည္းျဖစ္ပါတယ္။ ျမင္းဟီးသလိုပဲ တစ္ဟီးဟီးနဲ႔ ထျမည္လို႔ ရပ္သြားပါတယ္။ တစ္ခါခါေတာ့ အဲ့လိုျမည္ၿပီး စက္ႏိုးသြားပါတယ္။ Engine Starting မွာ ဒါေတြျဖစ္တာ အဓိကက ဘက္ထရီပါပဲ။ ဘက်ထၤေကာင်းရင် ဒါမ်ိဳးျဖစ္စရာ အေၾကာင္းမရွိပါဘူး။ ဓာတ္ဆီကားမွာဆို Spark ႐ိုက္ဖို႔အတြက္ ဘက္ထရီကလုပ္ေပးၿပီး ဒီဇယ္မွာက်ေတာ့ ကားအင္ဂ်င္လည္ဖို႔အတြက္ ဘက္ထရီက စေမာင္းေပးရပါတယ္။ဘယ္လိုျပင္မလဲ? ကားစစခ်င္းမွာ မႏိုးဘူးဆိုရင္ ဘက္ထရီႀကိဳး လြတ္ေနလားဆိုတာ စက္ဖုံးမွ ာအၾကမ္းဖ်င္း ကိုယ္တိုင္ဝင္စစ္ႏိုင္ပါတယ္။ ဒါလည္းမလြတ္ဘူးဆို ဘက္ထရီမေကာင္းလို႔ဆိုတာ ပထမဦးဆုံးေကာက္ခ်က္ ခ်ႏိုင္ပါတယ္။ ဒါလည္း မဟုတ္ေသးဘူးဆိုရင္ အျခားအျပစ္တင္စရာမ်ားလည္း ရွိေနပါေသးတယ္။ ဒါေၾကာင့္ ဘယ္လိုမွ မရႏိုင္ေတာ့ဘူးဆိုရင္း ကားဘီးအူတိုင္ကို လည္ေစဖို႔အတြက္ ေနာက္ကေန အကူအညီနဲ႔ တြန္းခိုင္းၿပီး စက္ႏိုးရတဲ့အဆင့္အထိကို လုပ္ရပါေတာ့မယ္။ ၿပီးေတာ့မွာ Engine Starting System ျပႆနာကို ဝပ္ေရွာ့ဆရာမ်ားနဲ႔ ပူးေပါင္းေျဖရွင္းႏိုင္ပါတယ္။

ကားေမာင္းေနရင္းနဲ႔ရပ္ရင္ ေမာင္းေနရင္းနဲ႔ရပ္တာ အဓိက အေၾကာင္းအရင္းက အင္ဂ်င္လည္တာ ရပ္ျခင္းပါပဲ။ ဒါဆို အင္ဂ်င္က ဘာလို႔လည္ေနရင္းနဲ႔ ရပ္ရလည္းဆိုတာက ရွင္းပါတယ္။ အင္ဂ်င္ဆီ လမ္းေၾကာင္းပိတ္တယ္ဆိုတာ အၾကမ္းဖ်င္း သိရွိႏိုင္ပါတယ္။ ဒါကအျဖစ္ႏိုင္ဆုံး အေျခအေနတစ္ခုကို ေျပာတာပါ။ ေနာက္ထပ္ျဖစ္ႏိုင္ေခ်ေတြလည္း ရွိေနတတ္ပါေသးတယ္။ ဘယ္လိုျပင္မလဲ? ဆီပိုက္ကိုျပန္စစ္ရမွာပါ။ ၿပီးေတာ့ ဆီဗုံးမွာ ဆီက်န္မက်န္လည္း စစ္ရပါအုံးမယ္။ တစ္ခါခါက် ဒိုင္ခြက္က အမွားျပေနတာမ်ိဳးတို႔ကလည္း ရွားရွားပါးပါး ႀကဳံေတြ႕ရတတ္ပါတယ္။ အင္ဂ်င္ဓာတ္ဆီ သို႔မဟုတ္ ဒီဇယ္ဆီလမ္းေၾကာင္း စနစ္တစ္ခုလုံး အမွားအယြင္းရွိမရွိ ကိုယ္တိုင္စစ္ေဆးႏိုင္ပါတယ္။

ဓာတ္ဆီကားမွာဆိုရင္ ကာပ႐ိုက္တာကိုပါ စစ္ေဆးႏိုင္ရင္ အေကာင္းဆုံးျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ္စီးတဲ့ ကားရဲ႕ အၾကမ္းဖ်င္း ဖြဲ႕စည္းတည္ေဆာက္ပုံ၊ အတြင္းခန္း တည္ေဆာက္ပုံတို႔ကို ေသခ်ာေလ့လာထားတာ အေကာင္းဆုံးပဲ ျဖစ္ပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *