ဗဟုတုသ

သင့်အိမ်က ခြ နဲ့ ကျွတ်များကို အပြီးထွက်ပြေးစေမယ့် နည်းလမ်း

သင့်အိမ်က ခြ နဲ့ ကျွတ်များကို အပြီးထွက်ပြေးစေမယ့် နည်းလမ်း

မနေ့ က ၁၀ မိုင် က ခြံတစ်ခြံမှာ နေတဲ့ အဖိုးကြီး အဖွားကြီး ထံရောက်ခဲ့ပါတယ်။ အဖွားကြီးက မဒမ်ထူးဆန်းကို ကျေးဇူးတင်ကြောင်းပြောပေးပါဆိုလို့ အံသြခဲ့ရပါတယ်။ မဒမ်ထူးဆန်းပေးတဲ့ နည်းနဲ့ ကျွတ်တွေကို နှိမ်နှင်းလိုက်တာ အောင်မြင်သွားကြောင်း၊ အရင်တုန်းက ခြံထဲ ခြေချရမှာ ကြောက်လောက်အောင် ကျွတ်များကြောင်း၊ အခုတော့ ကျွတ်တွေ မရှိတော့လို့ မဒမ်ကို ကျေးဇူးတင်ကြောင်း ပြောပေးပါတဲ့။ ကျွန်တော်လည်း အံသြစွာနဲ့ ပြန်ခဲ့ရပါသည်။ အိမ်ပြန်ရောက်တော့ မဒမ်ထူးဆန်းကို မင်းပေးထားတဲ့ နည်းလမ်းတွေနဲ့ အလုပ်ဖြစ်နေတယ် ပြောတယ်။ ဟုတ်ကော ဟုတ်ရဲ့လားလို့ မယုံသင်္ကာစွာနဲ့ ပြောမိပါသည်။ သူကတော့ ယုံချင်ယုံ မယုံချင်နေ သူတို့ ငယ်ငယ်က သူ့အဖွားလုပ်တဲ့ နည်းအတိုင်း လုပ်တာ။ သူတို့ အိမ်မှာလည်း ကျွတ်တွေ မရှိတော့တဲ့အပြင် ဘယ်သူ့ခြံကို သူဘယ်တုန်းက ပြောလိုက်လို့ ဘယ်လို လိုက်လုပ်တဲ့ ခြံတွေမှာလည်း ကျွတ်အန္တရယ် ဘယ်လို ကင်းဝေးသွားတယ်ဆိုတော့ ကထူးဆန်း စောဒက တက်စရာတော့ မရှိဘူးပေါ့။ ဒါနဲ့ ထုံးစံအတိုင်း ရွာထဲ သတင်းဖြန့်ချင်တာနဲ့ ရေးလိုက်တာပါ။ ယုံတာ မယုံတာ လုပ်တာ မလုပ်တာတော့ up to you ပါနော်။

နည်းလမ်းက နှစ်ဆန်းတစ်ရက်နေ့မှာ ခြံပါတ်ပါတ်လည် ဆားပက်ပေးပါတဲ့။ ပြီး ဘုန်းကြီး ပရိတ်ရွတ်ထားတဲ့ ပရိတ်ရည်နဲ့ ဖြန်းပေးပါတဲ့ ….ဆား ဘယ်လောက် ပရိတ်ရည်ဘယ်လောက်လဲ အထွန့်တက်မေးတော့ ကြည့်ပြီး တော်မယ်ထင်သလောက်သာလုပ် ဘာမှ အချိုး အစားတွေ မရှိဘူးတဲ့ ။ ကဲ .. ကိုယ့် ခြံထဲ ကျွတ်တွေ ပေါများလို့ စိတ်ညစ်နေရင် နှစ်ဆန်းတစ်ရက်နေ့ စောင့်လို့ စမ်းကြည့်ပေါ့ ..ကထူးဆန်းကတော့ တွေးလို့မရဘူး။ ကျွတ်ဆိုတဲ့ သတ္တဝါက မိုးမှ ထွက်တာ .. နှစ်ဆန်း တစ်ရက် နွေခေါင်ခေါင် ဘယ်ချောင်ရောက်နေမှန်း မသိတဲ့ ကောင်တွေကို အဲ့ဒီအချိန်မှာ လုပ်တာ လျော့နည်း ပပျောက်စေတယ်ဆိုတော့ …မဒမ်ထူးဆန်းကိုလည်း စောဒက မတက်ရဲ .. ကျေးဇူးတင်ပါတယ် ပြောလိုက်တဲ့ အဖိုးကြီး အဖွားကြီးကလည်း မျက်မြင်ကိုယ်တွေ့ ဆိုတော့ ခေါင်းကုတ်ရုံ ရွာကိုတိုင်တည်ရုံ အပြင် မပိုပါဘူး..

အဲ့ဒီ အဖိုးကြီး အဖွားကြီးကဘဲ နောက်ထပ် ခြ နှိမ်နှင်းရေးအတွက် ချွေတာရေး နည်းလမ်းကောင်း ပေးလိုက်သေးတယ်။ ဆပ်ပြာရည်ထဲမှာ ဆနွင်းနဲနဲ ဖျော်ပြီးလောင်း။ ခြတွေ အတုန်းအရုံး သေဆိုဘဲ။ မြေပဒေသာက ဆေးဝယ်စရာ မလို။ ဆပ်ပြာရည်ကိုလည်း သီးသန့် ဖျော်စရာ မလို။ အဝတ်လျှော်ပြီးထွက်လာတဲ့ ဆပ်ပြာရည်ကိုသာ ပြန်ခံသုံးတဲ့။ သူ့ခြံထဲက ခြတောင်ပို့တွေလည်း ရေကြည်ရာ မြက်နုရာ ပြေးကုန်ပြီတဲ့ဆိုတော့ up to you နော် ရွှင်လန်းချမ်းမြေ့ပါစေ။

Credit-ကထူးဆန်း

(Zawgyi)

သင့္အိမ္က ျခ နဲ႔ ကြၽတ္မ်ားကို အၿပီးထြက္ေျပးေစမယ့္ နည္းလမ္း

မေန႔ က ၁၀ မိုင္ က ၿခံတစ္ၿခံမွာ ေနတဲ့ အဖိုးႀကီး အဖြားႀကီး ထံေရာက္ခဲ့ပါတယ္။ အဖြားႀကီးက မဒမ္ထူးဆန္းကို ေက်းဇူးတင္ေၾကာင္းေျပာေပးပါဆိုလို႔ အံၾသခဲ့ရပါတယ္။ မဒမ္ထူးဆန္းေပးတဲ့ နည္းနဲ႔ ကြၽတ္ေတြကို ႏွိမ္ႏွင္းလိုက္တာ ေအာင္ျမင္သြားေၾကာင္း၊ အရင္တုန္းက ၿခံထဲ ေျခခ်ရမွာ ေၾကာက္ေလာက္ေအာင္ ကြၽတ္မ်ားေၾကာင္း၊ အခုေတာ့ ကြၽတ္ေတြ မရွိေတာ့လို႔ မဒမ္ကို ေက်းဇူးတင္ေၾကာင္း ေျပာေပးပါတဲ့။ ကြၽန္ေတာ္လည္း အံၾသစြာနဲ႔ ျပန္ခဲ့ရပါသည္။ အိမ္ျပန္ေရာက္ေတာ့ မဒမ္ထူးဆန္းကို မင္းေပးထားတဲ့ နည္းလမ္းေတြနဲ႔ အလုပ္ျဖစ္ေနတယ္ ေျပာတယ္။ ဟုတ္ေကာ ဟုတ္ရဲ႕လားလို႔ မယုံသကၤာစြာနဲ႔ ေျပာမိပါသည္။ သူကေတာ့ ယုံခ်င္ယုံ မယုံခ်င္ေန သူတို႔ ငယ္ငယ္က သူ႔အဖြားလုပ္တဲ့ နည္းအတိုင္း လုပ္တာ။ သူတို႔ အိမ္မွာလည္း ကြၽတ္ေတြ မရွိေတာ့တဲ့အျပင္ ဘယ္သူ႔ၿခံကို သူဘယ္တုန္းက ေျပာလိုက္လို႔ ဘယ္လို လိုက္လုပ္တဲ့ ၿခံေတြမွာလည္း ကြၽတ္အႏၲရယ္ ဘယ္လို ကင္းေဝးသြားတယ္ဆိုေတာ့ ကထူးဆန္း ေစာဒက တက္စရာေတာ့ မရွိဘူးေပါ့။ ဒါနဲ႔ ထုံးစံအတိုင္း ႐ြာထဲ သတင္းျဖန႔္ခ်င္တာနဲ႔ ေရးလိုက္တာပါ။ ယုံတာ မယုံတာ လုပ္တာ မလုပ္တာေတာ့ up to you ပါေနာ္။

နည္းလမ္းက ႏွစ္ဆန္းတစ္ရက္ေန႔မွာ ၿခံပါတ္ပါတ္လည္ ဆားပက္ေပးပါတဲ့။ ၿပီး ဘုန္းႀကီး ပရိတ္႐ြတ္ထားတဲ့ ပရိတ္ရည္နဲ႔ ျဖန္းေပးပါတဲ့ ….ဆား ဘယ္ေလာက္ ပရိတ္ရည္ဘယ္ေလာက္လဲ အထြန႔္တက္ေမးေတာ့ ၾကည့္ၿပီး ေတာ္မယ္ထင္သေလာက္သာလုပ္ ဘာမွ အခ်ိဳး အစားေတြ မရွိဘူးတဲ့ ။ ကဲ .. ကိုယ့္ ၿခံထဲ ကြၽတ္ေတြ ေပါမ်ားလို႔ စိတ္ညစ္ေနရင္ ႏွစ္ဆန္းတစ္ရက္ေန႔ ေစာင့္လို႔ စမ္းၾကည့္ေပါ့ ..ကထူးဆန္းကေတာ့ ေတြးလို႔မရဘူး။ ကြၽတ္ဆိုတဲ့ သတၱဝါက မိုးမွ ထြက္တာ .. ႏွစ္ဆန္း တစ္ရက္ ေႏြေခါင္ေခါင္ ဘယ္ေခ်ာင္ေရာက္ေနမွန္း မသိတဲ့ ေကာင္ေတြကို အဲ့ဒီအခ်ိန္မွာ လုပ္တာ ေလ်ာ့နည္း ပေပ်ာက္ေစတယ္ဆိုေတာ့ …မဒမ္ထူးဆန္းကိုလည္း ေစာဒက မတက္ရဲ .. ေက်းဇူးတင္ပါတယ္ ေျပာလိုက္တဲ့ အဖိုးႀကီး အဖြားႀကီးကလည္း မ်က္ျမင္ကိုယ္ေတြ႕ ဆိုေတာ့ ေခါင္းကုတ္႐ုံ ႐ြာကိုတိုင္တည္႐ုံ အျပင္ မပိုပါဘူး..

အဲ့ဒီ အဖိုးႀကီး အဖြားႀကီးကဘဲ ေနာက္ထပ္ ျခ ႏွိမ္ႏွင္းေရးအတြက္ ေခြၽတာေရး နည္းလမ္းေကာင္း ေပးလိုက္ေသးတယ္။ ဆပ္ျပာရည္ထဲမွာ ဆႏြင္းနဲနဲ ေဖ်ာ္ၿပီးေလာင္း။ ျခေတြ အတုန္းအ႐ုံး ေသဆိုဘဲ။ ေျမပေဒသာက ေဆးဝယ္စရာ မလို။ ဆပ္ျပာရည္ကိုလည္း သီးသန႔္ ေဖ်ာ္စရာ မလို။ အဝတ္ေလွ်ာ္ၿပီးထြက္လာတဲ့ ဆပ္ျပာရည္ကိုသာ ျပန္ခံသုံးတဲ့။ သူ႔ၿခံထဲက ျခေတာင္ပို႔ေတြလည္း ေရၾကည္ရာ ျမက္ႏုရာ ေျပးကုန္ၿပီတဲ့ဆိုေတာ့ up to you ေနာ္ ႐ႊင္လန္းခ်မ္းေျမ့ပါေစ။

Credit-ကထူးဆန္း

Leave a Reply

Your email address will not be published. Required fields are marked *