ဗဟုတုသ

နံနက် အိပ်ရာထ မျက်နှာသစ်နေစဉ် ကုသိုလ် (၅)မျိုးကို ရအောင်ယူနည်း

နံနက် အိပ်ရာထ မျက်နှာသစ်နေစဉ် ကုသိုလ် (၅)မျိုးကို ရအောင်ယူနည်း

၁။ ဒါန ကုသိုလ်

မနက်အိပ်ယာထ မျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့ မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်သို့ မမြှောက်လိုက်ပါနဲ့ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာ စိုးလို့ပါ။ လက်ကကိုင်ထားတဲ့ ရေဖလားနဲ့ ” မြတ်စွာဘုရားအား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ် ဖြစ်သွားပါပြီ။

၂။ ဗုဒ္ဓနုသာတိ ကုသိုလ်

မြတ်စွာဘုရား မျက်နှာသစ်တော်ရေ အသုံးပြုနေပုံကို စိတ်နှလုံးမှာ အာရုံပြုပြီး အရဟံကို အနက်(၃)ခုနဲ့ ပွားလိုက်ပါ။

အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။

၃။ မေတ္တာ ကုသိုလ်

ကြည်လင်နေတဲ့ ရေကိုကြည့်ပြီး ဤရေ အေးမြကြည်လင်သလို အဖေနဲ့အမေ စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ရောရုပ်ပါ အေးမြပါစေ။ ဤရေ အေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ရောရုပ်ပါ အေးမြကြပါစေ။ ဤရေ အေးမြသလို သတ္တဝါအားလုံး စိတ်ရောရုပ်ပါ အေးမြကြပါစေ… လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ် ဖြစ်သွားပါပြီ။ ဒါ့ကြောင့် ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။

၄။ မရဏာနုဿတိ ကုသိုလ်

ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး ဝင်လေမဆုံးခင် ထွက်လေ မဆုံးခင် နံနက်၊ နေ့ည အချိန်မရွေး သေသွားနိုင်သည်လို့ မရဏာနုသာတိ ပွါးလိုက်ပါ။ ဒါဆို မရဏာနုသာတိကုသိုလ် ဖြစ်သွားပါပြီ။

၅။ အသုဘဘာဝနာ ကုသိုလ်

မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကားလို့ အသုဘ ဘာဝနာပွားလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ် ဖြစ်သွားပါပြီ။အသုဘဘာဝနာ ပွားရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှား ရှိနေတဲ့အတွက် ပွားရတာ ပိုပြီး ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်း ပြင်ဆင်ပြီးတဲ့အခါ လှလှပပ ဝတ်ဆင်ထားတဲ့အခါ အသုဘပွားရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အဝတ်တွေနဲ့ ဖုံးထားတဲ့အတွက် အသုဘ လက္ခဏာတွေက မပေါ်ပါဘူး။

အသုဘပွားတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက် ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား လို့ စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။

ကဲ စာဖတ်သူ အပေါင်းတို့ရေ…

မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေ ယူထားလိုက်ပါနော်..။

(ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ)

Credit-ဓမ္မ ရတနာ

(Zawgyi)

နံနက္ အိပ္ရာထ မ်က္ႏွာသစ္ေနစဥ္ ကုသိုလ္ (၅)မ်ိဳးကို ရေအာင္ယူနည္း

၁။ ဒါန ကုသိုလ္

မနက္အိပ္ယာထ မ်က္ႏွာသစ္ေတာ့မယ္ဆိုရင္ ေရဖလားထဲကို ေရထည့္လိုက္ပါ။ မ်က္စိနဲ႔ ျမင္သာမယ့္ ရင္ေခါင္းေလာက္မွာ ေရဖလားကို ကိုင္ထားပါ။ ေရဖလားကို အေပၚသို႔ မေျမႇာက္လိုက္ပါနဲ႔ ေမတၱာပို႔တဲ့အခါ အဆင္မေျပမွာ စိုးလို႔ပါ။ လက္ကကိုင္ထားတဲ့ ေရဖလားနဲ႔ ” ျမတ္စြာဘုရားအား မ်က္ႏွာသစ္ေတာ္ေရ ကပ္လႉပါ၏ဘုရား။ဘုရားတပည့္ေတာ္ကို သနားခ်ီးေျမႇာက္ေသာအားျဖင့္ မ်က္ႏွာသစ္ေတာ္မူပါဘုရား” လို႔ဆိုၿပီး ကပ္လိုက္ပါ။ ဒါဆို ဒါနကုသိုလ္ ျဖစ္သြားပါၿပီ။

၂။ ဗုဒၶႏုသာတိ ကုသိုလ္

ျမတ္စြာဘုရား မ်က္ႏွာသစ္ေတာ္ေရ အသုံးျပဳေနပုံကို စိတ္ႏွလုံးမွာ အာ႐ုံျပဳၿပီး အရဟံကို အနက္(၃)ခုနဲ႔ ပြားလိုက္ပါ။

အရဟံ – ကိေလသာ ျမဴမႈန္ပင္ ကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား အရဟံ – ပူေဇာ္အထူးကို အထူးခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရား အရဟံ – ဆိတ္ကြယ္ရာအရပ္မွာပင္ မေကာင္းမႈကို မျပဳေတာ္မူေသာျမတ္စြာဘုရား ဒါဆို ဗုဒၶႏုသာတိကုသိုလ္ျဖစ္သြားပါၿပီ။

၃။ ေမတၱာ ကုသိုလ္

ၾကည္လင္ေနတဲ့ ေရကိုၾကည့္ၿပီး ဤေရ ေအးျမၾကည္လင္သလို အေဖနဲ႔အေမ စိတ္ေရာ႐ုပ္ပါ ေအးျမပါေစ။ ဤေရ ေအးျမသလို ငါ့ရဲ႕အလုပ္ရွင္ စိတ္ေရာ႐ုပ္ပါ ေအးျမပါေစ။ ဤေရ ေအးျမသလို ငါ့ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြ စိတ္ေရာ႐ုပ္ပါ ေအးျမၾကပါေစ။ ဤေရ ေအးျမသလို သတၱဝါအားလုံး စိတ္ေရာ႐ုပ္ပါ ေအးျမၾကပါေစ… လို႔ ေမတၱာပို႔လိုက္ပါ။ ဒါဆို ေမတၱာကုသိုလ္ ျဖစ္သြားပါၿပီ။ ဒါ့ေၾကာင့္ ေရဖလားကို အေပၚမေျမႇာက္ပါနဲ႔လို႔ ေျပာတာပါ။ အေပၚေျမႇာက္ထားရင္ ေမတၱာပို႔ရတာ အဆင္မေျပပါဘူး။ ေရကိုျမင္တဲ့ေနရာမွာ ေရဖလားကိုထားၿပီး ေမတၱာပို႔ရတာက ပိုအဆင္ေျပလို႔ပါ။

၄။ မရဏာႏုႆတိ ကုသိုလ္

ၿပီးရင္ ငါဒီတစ္ညေတာ့ အသက္ရွင္ခဲ့ၿပီး ဝင္ေလမဆုံးခင္ ထြက္ေလ မဆုံးခင္ နံနက္၊ ေန႔ည အခ်ိန္မေ႐ြး ေသသြားႏိုင္သည္လို႔ မရဏာႏုသာတိ ပြါးလိုက္ပါ။ ဒါဆို မရဏာႏုသာတိကုသိုလ္ ျဖစ္သြားပါၿပီ။

၅။ အသုဘဘာဝနာ ကုသိုလ္

မ်က္စိအတြင္းမွာရွိေနတဲ့ အညစ္အေၾကးေတြ၊ ႏွာေခါင္းမွာရွိေနတဲ့ အညစ္အေၾကးေတြ၊ ပါးစပ္မွာရွိေနတဲ့အညစ္အေၾကးေတြကို အာ႐ုံျပဳၿပီး ငါ့ရဲ႕ မ်က္ႏွာဟာ စက္ဆုပ္႐ြံရွာဖြယ္ ပါတကားလို႔ အသုဘ ဘာဝနာပြားလိုက္ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ္ ျဖစ္သြားပါၿပီ။အသုဘဘာဝနာ ပြားရတာ အိပ္ယာထဆိုေတာ့ အသုဘရဲ႕လကၡဏာေတြ ထင္ထင္ရွားရွား ရွိေနတဲ့အတြက္ ပြားရတာ ပိုၿပီး ထင္သာျမင္သာ ရွိပါေသးတယ္။ အျပင္သြားခါနီး ဖီးလိမ္း ျပင္ဆင္ၿပီးတဲ့အခါ လွလွပပ ဝတ္ဆင္ထားတဲ့အခါ အသုဘပြားရတာ အဆင္မေျပလွပါဘူး။ မိတ္ကပ္ေတြ အဝတ္ေတြနဲ႔ ဖုံးထားတဲ့အတြက္ အသုဘ လကၡဏာေတြက မေပၚပါဘူး။

အသုဘပြားတာ မနက္ေစာေစာက အဆင္ေျပဆုံးပါပဲ။ အားလုံးၿပီးမွ ျမတ္စြာဘုရား မ်က္ႏွာေတာ္သစ္ၿပီးၿပီ ျဖစ္တဲ့အတြက္ ေဆးအျဖစ္ ျပန္စြန႔္ေတာ္မူပါဘုရား လို႔ စြန႔္ၿပီး မ်က္ႏွာသစ္လိုက္ပါ။ ဒါဆို မ်က္ႏွာသစ္ရင္ ကုသိုလ္(၅)မ်ိဳး ရသြားပါၿပီ။

ကဲ စာဖတ္သူ အေပါင္းတို႔ေရ…

မ်က္ႏွာသစ္ရင္း ကုသိုလ္ငါးမ်ိဳးပြားၿပီး ကုသိုလ္ေတြ ယူထားလိုက္ပါေနာ္..။

(ရေဝႏြယ္-အင္းမ၏ ရင္ထဲကအရဟံ)

Credit-ဓမၼ ရတနာ

Leave a Reply

Your email address will not be published. Required fields are marked *