ဗဟုတုသ

ကျိုက်ဒေးဝိ ဆံတော်ရှင်ရဲ့ ထူးခြားတဲ့ နတ်ကျားအစောင့်နဲ့ ဘုရားလေးဆူ မှီခဲ့သောပတ္တမြား

ကျိုက်ဒေးဝိ ဆံတော်ရှင်ရဲ့ ထူးခြားတဲ့ နတ်ကျားအစောင့်နဲ့ ဘုရားလေးဆူ မှီခဲ့သောပတ္တမြား

တချို့သောအဖြစ်အပျက်တွေဟာ တစ်ခါတစ်ရံစိတ်ကူးယဉ်တာထက် ဆန်းကြယ်နေပါတယ်။ အထူးသဖြင့် မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ဆက်စပ်တဲ့အခါမျိုးမှာ သာမန်အတွေးနဲ့ ယုံကြည်လက်ခံဖို့ အတော်ခဲယဉ်းနေတတ်ပါတယ်။ သုဝဏ္ဏ အားကစားရုံ တည်ဆောက်နေစဉ်ကာလ နိုင်ငံခြားပညာရှင်တွေဟာ အားကစားဝင်းမှာ စိုက်ပျိုးမယ့် မြက်အမျိုးအစားရှာဖွေဖို့ ပဲခူးဘက်ကို ထွက်လာခဲ့ရာက အင်းတိုင်လမ်းဆုံမရောက်ခင် ပုံသဏ္ဌာန်ထူးခြားတဲ့ စေတီတော်တစ်ဆူကို တွေ့တာနဲ့ ဝင်ရောက်ဖူးမြော်ကြပါတယ်။ ရင်ပြင်တော်ကို လှည့်ပတ်ကြည့်ရာက တနလာင်္ဒေါင့်က ကျားနှစ်ကောင်ကိုတွေ့တဲ့ခါ တစ်ကောင်နဲ့တစ်ကောင် နှုတ်ခမ်းမွှေးကစ ခွဲခြားမရအောင်လက်ရာတူညီနေတာကို သဘောကျပီး ပညာရှင်ကို လုပ်ငန်းမှာ အသုံးပြုဖို့ ဂေါပကအဖွဲ့ထံ သွားရောက်စုံစမ်းကြပါတယ်။ စကားပြန်ကတဆင့် အကျိုးအကြောင်းပြောပီး စုံစမ်းတဲ့အခါမှာ ဂေါပက အဖွဲ့ဝင်တွေက …တနင်္လာဒေါင့်မှာ ကျားတစ်ကောင်တည်း ထုလုပ်ထားတာပါလို့ ရှင်းပြပေမယ့် သေချာကြည့်ပီးစစ်ဆေးခဲ့တဲ့ နိုင်ငံခြားသား အဖွဲ့ကလည်း ကျားနှစ်ကောင်ကို သေချာမြင်ခဲ့တဲ့အကြောင်း ငြင်းခုံကြရင်း ဂေါပကအဖွဲ့နဲ့အတူ တနလာင်္ဒေါင့်ကို ထပ်မံသွားကြည့်တဲ့အခါမှာတော့ အမှန်တကယ် ကျားတစ်ကောင်ထဲသာရှိနေတာကို မြင်ပီး နိုင်ငံခြားသားတွေ အံ့သြတုံလှုပ်ကုန်ကြပါတယ်။

(ကျိုက်ဒေးဝိ သမိုင်း)-ကျိုက်ထီးရိုးဘိုးဘိုးကြီး –

သင်္ကန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ တစ်နေ့မှာ ကျိုက်ထီးရိုးစေတီ သွားရောက်ဖူးမြော်ကြပါတယ်။ စေတီတော်ကို ကန်တော့ပီး လက်အုပ်ကို ပြန်ကြွလိုက်တဲ့အခါ ဦးသိန်းမောင်ရဲ့ လက်အုပ်ထဲမှာ ခိုးလို့ခုလုနဲ့ မာကျောကျောအရာတစ်ခု ပါလာပါတယ်။ အညိုရောင်ခပ်မွဲမွဲနဲ့ ကွမ်းသီးလုံးခန့်ရှိ ကျောက်တစ်လုံးကိုတွေ့တာနဲ့ သူ့စိတ်ထဲမှာ ဒါငါ့ကို ပေးတာဖြစ်မယ်လို့ ယူဆပီး ကျောက်ကို အိမ်အပြန်ယူလာခဲ့ပါတယ်။ အမှတ်မဲ့နေရာက တစ်နေ့မှာတော့ သိမ်းထားတဲ့ကျောက်ကို မဂိုလမ်းသွားပြကြည့်တဲ့ခါ (ထိုခေတ်က) ရှစ်ကျပ်ပေးပါတယ်။ မကျေနပ်လို့ထပ်ပီး ဗိုလ်ချုပ်ဈေး ကျောက်ပွဲစားတန်းကို သွားပြပြန်ပါတယ်။ ကျောက်ကိုသေချာ စစ်ဆေးပီး ၉၀ ကျပ်တန်ဖိုးဖြတ်တာနဲ့မရောင်းပဲ ပြန်သိမ်းထားလိုက်ပါတယ်။ တစ်ညမှာတော့ ကျိုက်ထီးရိုးဘိုးဘိုးကြီးက ဒါ မင်းပစ္စည်းမဟုတ်ဘူး အင်းတိုင်လမ်းဆုံနားမှာ ဘုရားတည်နေတယ်။ လပြည့်နေ့ နေ့လည်တစ်နာရီ အရောက်သွား။ အဲသည်ဘုရားမှာ ဌာပနာထည့်လိုက်လို့ အိပ်မက်ပေးပါတယ်။

ကျိုက်ဒေးဝိ ဆံတော်ရှင်ရဲ့ ထူးခြားတဲ့ နတ်ကျားအစောင့်နဲ့ ဘုရားလေးဆူမီခဲ့သောပတ္တမြား

ပတ္တမြားကြီးလာပြီ..ထိုအချိန်က ပါရမီရှင် အမေကြည်ဆိုသူဟာ အထက်ပုဂ္ဂိုလ်တွေရဲ့ ဓါတ်မိန့်ကို နာခံပြီး ကျိုက်ဒေးဝိစေတီတော်ကို ဦးစီးပီး တည်နေတဲ့အချိန်ဖြစ်ပါတယ်။ စေတီတော် တည်ဆောက်ပြီးစီးလို့ လပြည့်နေ့မှာ ထီးတော်တင်မင်္ဂလာနဲ့ ဌာပနာတော်သွင်းမင်္ဂလာ တပြိုင်တည်း ကျင်းပမှာဖြစ်ပီး အထက်ပုဂ္ဂိုလ်ကြီးများက…ဘုရားလေးဆူကို မီခဲ့တဲ့ ပတ္တမြားကြီး ရောက်လာလိမ့်မယ်လို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

အမေကြည်ရဲ့ ပြောကြားချက်ကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ ဟုတ်မှဟုတ်ပါ့မလား ဆိုသူတွေလည်းရှိပါတယ် ။ ဘယ်လိုပဲထင်ထင် အထက်ပုဂ္ဂိုလ်တွေရဲ့ အမိန့်ဟာ ဘယ်ခါမှ မလွဲမှားတဲ့အတွက် အမေကြည်က ပတ္တမြားကြီးတင်ဖို့ ကလာပ်တစ်ခုပေါ်မှာ ဆွတ်ဆွတ်ဖြူတဲ့ ဂွမ်းတွေ တင်ထားပီးပါပြီ။ ပတ္တမြားကြီး ရောက်လာမှာတဲ့ဆိုပီး တစ်ဆင့်စကား တစ်ဆင့်နားနဲ့လာကြတဲ့သူတွေကလည်း တိုးမပေါက်အောင်ပြည့် ကျပ်နေပါတယ်။ တဖြေးဖြေးနဲ့ အစီအစဉ်တွေ တစ်ခုပီး တစ်ခုကျင်းပနေရာက ဌာပနာတော်သွင်း မင်္ဂလာချိန်ရောက်ဖို့ မိနစ်အနည်းငယ်သာ ကျန်ပါတော့တယ်။ လူတွေအားလုံးဟာ ဂွမ်းဆိုင်ပုံကြီးကိုတစ်လှည့် အမေကြည်ကိုတစ်လှည့် ကြည့်ပီး သို့လော သို့လောနဲ့ စောင့်ဆိုင်းနေကြပါတယ်။

အမေကြည်ကတော့ ယုံကြည်ချက်အပြည့်နဲ့ ပတ္တမြားကြီး ရောက်လာမယ့် လမ်းကို စောင့်နေရာက ဟောလာပီ ပတ္တမြားကြီး ရောက်လာပါပြီလို့ ကြွေးကြော်လိုက်ပါတယ်။ ဦးသိန်းမောင်တို့ဇနီးမောင်နှံဟာ ကျိုက်ထီးရိုးဘိုးဘိုးကြီးအိပ်မက်အရ ဌာပနာ ထည့်သွင်းဖို့ လပြည့်နေ့မှာ ကျောက်ကို ယူဆောင်လာခဲ့ပါတယ်။ ကြက်ပျံမကျ ကြိတ်ကြိတ်တိုးနေတဲ့ လူတွေကို ဖြတ်ကျော်ပီး လက်ထဲက ညိုမွဲမွဲ ၉၀ တန်ကျောက်ကို အမေကြည့်လက်ထဲ အချိန်မီပေးအပ်လိုက်ပါတယ်။ အမေကြည်က ကျောက်ကို လက်နှစ်ဘက်နဲ့တရိုတသေ လှမ်းယူလိုက်ပီး နေရောင်မှာ ကိုင်မြှောက်ပြလိုက်တဲ့ခါ လူတွေအားလုံး အမေ့လက်ထဲက ကျောက်ကို စုပြုံကြည့်ရင်း သာမန်ကျောက်ခဲလို ဘာမှလည်း မထူးခြားပဲ အထင်နဲ့အမြင် တက်တက်စင်လွဲနေတာမို့ စိတ်ပျက်သွားကြပါတယ်။

အမေကြည်က အပြုံးမပျက်ပဲ ကျောက်ကို ဂွမ်းဆိုင်ပေါ် တင်လိုက်တဲ့အချိန်မှာတော့ …အရောင်အဆင်း မရှိတဲ့ ကျောက်ခဲဟာ မျက်လှည့်ပြလိုက်သလို နေရောင်အောက်မှာ ရွှန်းစိုလာပီး တဖြေးဖြေး နီရဲနေတဲ့ အရောင်တွေ တဖိတ်ဖိတ် တလက်လက် ယှက်ဖြာလာရင်း ဂွမ်းဆိုင်ထုတစ်ခုလုံး အနီရောင်တွေ ကူးစက်သွားပီး ပတ္တမြားရည်တွေ စီးကျနေသလိုချင်းချင်း နီရဲသွားပါတယ်။

ပတ္တမြားကြီးရဲ့အရောင်တွေဟာ နေရောင်ခတဲ့ အချိန်မှာ ပြိုးပြိုးပြက်ပြက် အလင်းတန်းတွေဖြာပီး လူတွေဆီပါ အရောင်တွေဟပ်နေပါတော့တယ်။ အောင်ပြီ ပတ္တမြားကြီးကို ဌာပနာသွင်းပီးချိန်မှာတော့ အမေကြည်နဲ့အတူ ပရိတ်သတ်ကြီးအား လုံးအောင်ပြီ … အောင်ပြီ … အောင်ပြီ … ဆိုပြီး တခဲနက် ကြွေးကြော်လိုက်ကြပါတော့တယ်။ ဘုရားရဲ့ဘွဲ့တော်က ကျိုက်ဒေးဝိ ဖြစ်ပါတယ်။ တော်ရုံသမာဓိနဲ့ အဓိဌာန်မဝင်သင့်တဲ့နေရာပါ။ ကုက္ကိုသစ်ကွင်းပင်တစ်ပင်ရှိပီး နတ်ကျားတစ်ကောင် စောင့်ရှောက်နေပါတယ်။ တစ်ခါ တစ်ခေါက် လာရောက်ဖူးမြော်ပါလို့ တိုက်တွန်းလိုက်ပါရစေ။ မုခ်ဦးအဝင်မှာ ကိုယ်တိုင် ကျားဟိန်းသံကြားခဲ့ဖူးပါတယ်။ ယုံကြည်ဖို့ မည်သူ့ကိုမျှ မတိုက်တွန်းပါ။

Credit – မကြာဖြူ

(Zawgyi)

က်ိဳက္ေဒးဝိ ဆံေတာ္ရွင္ရဲ႕ ထူးျခားတဲ့ နတ္က်ားအေစာင့္နဲ႔ ဘုရားေလးဆူမွီ ခဲ့ေသာပတၱျမား

တခ်ိဳ႕ေသာအျဖစ္အပ်က္ေတြဟာ တစ္ခါတစ္ရံစိတ္ကူးယဥ္တာထက္ ဆန္းၾကယ္ေနပါတယ္။ အထူးသျဖင့္ မျမင္အပ္တဲ့ ပုဂၢိဳလ္ေတြနဲ႔ဆက္စပ္တဲ့အခါမ်ိဳးမွာ သာမန္အေတြးနဲ႔ ယုံၾကည္လက္ခံဖို႔ အေတာ္ခဲယဥ္းေနတတ္ပါတယ္။ သုဝဏၰ အားကစား႐ုံ တည္ေဆာက္ေနစဥ္ကာလ ႏိုင္ငံျခားပညာရွင္ေတြဟာ အားကစားဝင္းမွာ စိုက္ပ်ိဳးမယ့္ ျမက္အမ်ိဳးအစားရွာေဖြဖို႔ ပဲခူးဘက္ကို ထြက္လာခဲ့ရာက အင္းတိုင္လမ္းဆုံမေရာက္ခင္ ပုံသဏၭာန္ထူးျခားတဲ့ ေစတီေတာ္တစ္ဆူကို ေတြ႕တာနဲ႔ ဝင္ေရာက္ဖူးေျမာ္ၾကပါတယ္။ ရင္ျပင္ေတာ္ကို လွည့္ပတ္ၾကည့္ရာက တနလာေဒၤါင့္က က်ားႏွစ္ေကာင္ကိုေတြ႕တဲ့ခါ တစ္ေကာင္နဲ႔တစ္ေကာင္ ႏႈတ္ခမ္းေမႊးကစ ခြဲျခားမရေအာင္လက္ရာတူညီေနတာကို သေဘာက်ပီး ပညာရွင္ကို လုပ္ငန္းမွာ အသုံးျပဳဖို႔ ေဂါပကအဖြဲ႕ထံ သြားေရာက္စုံစမ္းၾကပါတယ္။ စကားျပန္ကတဆင့္ အက်ိဳးအေၾကာင္းေျပာပီး စုံစမ္းတဲ့အခါမွာ ေဂါပက အဖြဲ႕ဝင္ေတြက …တနလၤာေဒါင့္မွာ က်ားတစ္ေကာင္တည္း ထုလုပ္ထားတာပါလို႔ ရွင္းျပေပမယ့္ ေသခ်ာၾကည့္ပီးစစ္ေဆးခဲ့တဲ့ ႏိုင္ငံျခားသား အဖြဲ႕ကလည္း က်ားႏွစ္ေကာင္ကို ေသခ်ာျမင္ခဲ့တဲ့အေၾကာင္း ျငင္းခုံၾကရင္း ေဂါပကအဖြဲ႕နဲ႔အတူ တနလာေဒၤါင့္ကို ထပ္မံသြားၾကည့္တဲ့အခါမွာေတာ့ အမွန္တကယ္ က်ားတစ္ေကာင္ထဲသာရွိေနတာကို ျမင္ပီး ႏိုင္ငံျခားသားေတြ အံ့ၾသတုံလႈပ္ကုန္ၾကပါတယ္။

(က်ိဳက္ေဒးဝိ သမိုင္း)-က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီး –

သကၤန္းကြၽန္းၿမိဳ႕နယ္မွာေနထိုင္တဲ့ ဦးသိန္းေမာင္တို႔ဇနီးေမာင္ႏွံဟာ တစ္ေန႔မွာ က်ိဳက္ထီး႐ိုးေစတီ သြားေရာက္ဖူးေျမာ္ၾကပါတယ္။ ေစတီေတာ္ကို ကန္ေတာ့ပီး လက္အုပ္ကို ျပန္ႂကြလိုက္တဲ့အခါ ဦးသိန္းေမာင္ရဲ႕ လက္အုပ္ထဲမွာ ခိုးလို႔ခုလုနဲ႔ မာေက်ာေက်ာအရာတစ္ခု ပါလာပါတယ္။ အညိဳေရာင္ခပ္မြဲမြဲနဲ႔ ကြမ္းသီးလုံးခန႔္ရွိ ေက်ာက္တစ္လုံးကိုေတြ႕တာနဲ႔ သူ႔စိတ္ထဲမွာ ဒါငါ့ကို ေပးတာျဖစ္မယ္လို႔ ယူဆပီး ေက်ာက္ကို အိမ္အျပန္ယူလာခဲ့ပါတယ္။ အမွတ္မဲ့ေနရာက တစ္ေန႔မွာေတာ့ သိမ္းထားတဲ့ေက်ာက္ကို မဂိုလမ္းသြားျပၾကည့္တဲ့ခါ (ထိုေခတ္က) ရွစ္က်ပ္ေပးပါတယ္။ မေက်နပ္လို႔ထပ္ပီး ဗိုလ္ခ်ဳပ္ေဈး ေက်ာက္ပြဲစားတန္းကို သြားျပျပန္ပါတယ္။ ေက်ာက္ကိုေသခ်ာ စစ္ေဆးပီး ၉၀ က်ပ္တန္ဖိုးျဖတ္တာနဲ႔မေရာင္းပဲ ျပန္သိမ္းထားလိုက္ပါတယ္။ တစ္ညမွာေတာ့ က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီးက ဒါ မင္းပစၥည္းမဟုတ္ဘူး အင္းတိုင္လမ္းဆုံနားမွာ ဘုရားတည္ေနတယ္။ လျပည့္ေန႔ ေန႔လည္တစ္နာရီ အေရာက္သြား။ အဲသည္ဘုရားမွာ ဌာပနာထည့္လိုက္လို႔ အိပ္မက္ေပးပါတယ္။

က်ိဳက္ေဒးဝိ ဆံေတာ္ရွင္ရဲ႕ ထူးျခားတဲ့ နတ္က်ားအေစာင့္နဲ႔ ဘုရားေလးဆူမီခဲ့ေသာပတၱျမား

ပတၱျမားႀကီးလာၿပီ..ထိုအခ်ိန္က ပါရမီရွင္ အေမၾကည္ဆိုသူဟာ အထက္ပုဂၢိဳလ္ေတြရဲ႕ ဓါတ္မိန႔္ကို နာခံၿပီး က်ိဳက္ေဒးဝိေစတီေတာ္ကို ဦးစီးပီး တည္ေနတဲ့အခ်ိန္ျဖစ္ပါတယ္။ ေစတီေတာ္ တည္ေဆာက္ၿပီးစီးလို႔ လျပည့္ေန႔မွာ ထီးေတာ္တင္မဂၤလာနဲ႔ ဌာပနာေတာ္သြင္းမဂၤလာ တၿပိဳင္တည္း က်င္းပမွာျဖစ္ပီး အထက္ပုဂၢိဳလ္ႀကီးမ်ားက…ဘုရားေလးဆူကို မီခဲ့တဲ့ ပတၱျမားႀကီး ေရာက္လာလိမ့္မယ္လို႔ ၫႊန္ၾကားထားၿပီးျဖစ္ပါတယ္။

အေမၾကည္ရဲ႕ ေျပာၾကားခ်က္ကို မယုံတစ္ဝက္ ယုံတစ္ဝက္နဲ႔ ဟုတ္မွဟုတ္ပါ့မလား ဆိုသူေတြလည္းရွိပါတယ္ ။ ဘယ္လိုပဲထင္ထင္ အထက္ပုဂၢိဳလ္ေတြရဲ႕ အမိန႔္ဟာ ဘယ္ခါမွ မလြဲမွားတဲ့အတြက္ အေမၾကည္က ပတၱျမားႀကီးတင္ဖို႔ ကလာပ္တစ္ခုေပၚမွာ ဆြတ္ဆြတ္ျဖဴတဲ့ ဂြမ္းေတြ တင္ထားပီးပါၿပီ။ ပတၱျမားႀကီး ေရာက္လာမွာတဲ့ဆိုပီး တစ္ဆင့္စကား တစ္ဆင့္နားနဲ႔လာၾကတဲ့သူေတြကလည္း တိုးမေပါက္ေအာင္ျပည့္ က်ပ္ေနပါတယ္။ တေျဖးေျဖးနဲ႔ အစီအစဥ္ေတြ တစ္ခုပီး တစ္ခုက်င္းပေနရာက ဌာပနာေတာ္သြင္း မဂၤလာခ်ိန္ေရာက္ဖို႔ မိနစ္အနည္းငယ္သာ က်န္ပါေတာ့တယ္။ လူေတြအားလုံးဟာ ဂြမ္းဆိုင္ပုံႀကီးကိုတစ္လွည့္ အေမၾကည္ကိုတစ္လွည့္ ၾကည့္ပီး သို႔ေလာ သို႔ေလာနဲ႔ ေစာင့္ဆိုင္းေနၾကပါတယ္။

အေမၾကည္ကေတာ့ ယုံၾကည္ခ်က္အျပည့္နဲ႔ ပတၱျမားႀကီး ေရာက္လာမယ့္ လမ္းကို ေစာင့္ေနရာက ေဟာလာပီ ပတၱျမားႀကီး ေရာက္လာပါၿပီလို႔ ေႂကြးေၾကာ္လိုက္ပါတယ္။ ဦးသိန္းေမာင္တို႔ဇနီးေမာင္ႏွံဟာ က်ိဳက္ထီး႐ိုးဘိုးဘိုးႀကီးအိပ္မက္အရ ဌာပနာ ထည့္သြင္းဖို႔ လျပည့္ေန႔မွာ ေက်ာက္ကို ယူေဆာင္လာခဲ့ပါတယ္။ ၾကက္ပ်ံမက် ႀကိတ္ႀကိတ္တိုးေနတဲ့ လူေတြကို ျဖတ္ေက်ာ္ပီး လက္ထဲက ညိဳမြဲမြဲ ၉၀ တန္ေက်ာက္ကို အေမၾကည့္လက္ထဲ အခ်ိန္မီေပးအပ္လိုက္ပါတယ္။ အေမၾကည္က ေက်ာက္ကို လက္ႏွစ္ဘက္နဲ႔တ႐ိုတေသ လွမ္းယူလိုက္ပီး ေနေရာင္မွာ ကိုင္ေျမႇာက္ျပလိုက္တဲ့ခါ လူေတြအားလုံး အေမ့လက္ထဲက ေက်ာက္ကို စုၿပဳံၾကည့္ရင္း သာမန္ေက်ာက္ခဲလို ဘာမွလည္း မထူးျခားပဲ အထင္နဲ႔အျမင္ တက္တက္စင္လြဲေနတာမို႔ စိတ္ပ်က္သြားၾကပါတယ္။

အေမၾကည္က အၿပဳံးမပ်က္ပဲ ေက်ာက္ကို ဂြမ္းဆိုင္ေပၚ တင္လိုက္တဲ့အခ်ိန္မွာေတာ့ …အေရာင္အဆင္း မရွိတဲ့ ေက်ာက္ခဲဟာ မ်က္လွည့္ျပလိုက္သလို ေနေရာင္ေအာက္မွာ ႐ႊန္းစိုလာပီး တေျဖးေျဖး နီရဲေနတဲ့ အေရာင္ေတြ တဖိတ္ဖိတ္ တလက္လက္ ယွက္ျဖာလာရင္း ဂြမ္းဆိုင္ထုတစ္ခုလုံး အနီေရာင္ေတြ ကူးစက္သြားပီး ပတၱျမားရည္ေတြ စီးက်ေနသလိုခ်င္းခ်င္း နီရဲသြားပါတယ္။

ပတၱျမားႀကီးရဲ႕အေရာင္ေတြဟာ ေနေရာင္ခတဲ့ အခ်ိန္မွာ ၿပိဳးၿပိဳးျပက္ျပက္ အလင္းတန္းေတြျဖာပီး လူေတြဆီပါ အေရာင္ေတြဟပ္ေနပါေတာ့တယ္။ ေအာင္ၿပီ ပတၱျမားႀကီးကို ဌာပနာသြင္းပီးခ်ိန္မွာေတာ့ အေမၾကည္နဲ႔အတူ ပရိတ္သတ္ႀကီးအား လုံးေအာင္ၿပီ … ေအာင္ၿပီ … ေအာင္ၿပီ … ဆိုၿပီး တခဲနက္ ေႂကြးေၾကာ္လိုက္ၾကပါေတာ့တယ္။ ဘုရားရဲ႕ဘြဲ႕ေတာ္က က်ိဳက္ေဒးဝိ ျဖစ္ပါတယ္။ ေတာ္႐ုံသမာဓိနဲ႔ အဓိဌာန္မဝင္သင့္တဲ့ေနရာပါ။ ကုကၠိဳသစ္ကြင္းပင္တစ္ပင္ရွိပီး နတ္က်ားတစ္ေကာင္ ေစာင့္ေရွာက္ေနပါတယ္။ တစ္ခါ တစ္ေခါက္ လာေရာက္ဖူးေျမာ္ပါလို႔ တိုက္တြန္းလိုက္ပါရေစ။ မုခ္ဦးအဝင္မွာ ကိုယ္တိုင္ က်ားဟိန္းသံၾကားခဲ့ဖူးပါတယ္။ ယုံၾကည္ဖို႔ မည္သူ႔ကိုမွ် မတိုက္တြန္းပါ။

Credit – မၾကာျဖဴ

Leave a Reply

Your email address will not be published. Required fields are marked *