ဗဟုတုသ

ဂျပန်တွေက ကြက်မတစ်ကောင်ကို တစ်နေ့ ၂ လုံး ဥအောင် လုပ်လိုက်ပြီ

အောင်မြင်တယ် တစ်နေ့ ၂ လုံးဥတယ် ဘယ်လိုလုပ်သလဲဆိုတော့ တစ်နေ့တာ ၂၄ နာရီကို တစ်နေ့ ၁၂ နာရီ လုပ်လိုက်တယ်။ ဥကြက်မတွေကို ပြင်ပလောကနဲ့ ပေးမတွေ့ဘူး။ အလုံလုပ်ထားတယ်။ ၆ နာရီ အလင်းရောင် ပေးတယ်။ ၆ နာရီ အမှောင်ချထားလိုက်တယ်။

ကြက်မတွေက တစ်နေ့မိုးချုပ်ပြီထင်ပြီး ဥတစ်လုံး ဥချလိုက်တယ်။ ပြန်ပြီး မိုးလင်း လာသယောင်ယောင် ၆ နာရီ အလင်းရောင်ထပ်ပေးတယ်။ ပြီးရင် ပြန်အမှောင်ချတယ်။ နောက်တစ်နေ့ထင်ပြီး ကြက်မတွေက ဥတစ်လုံး ထပ်ဥတယ်။ ကဲ

ငယ်ငယ်က (အလိုကြီး အရနည်း) ဆိုပြီး တစ်နေ့ ရွှေဥတစ်လုံး တစ်လုံး ဥတဲ့ ငန်းကို တခါတည်း ဥတွေအများကြီးလိုချင်လို့ သတ်ပြီး ငန်းဗိုက်ထဲမှာ ဥတွေရှာတော့…, တစ်လုံးမှမရတော့တဲ့အကြောင်း သင်ခဲ့ရဖူးတယ်။

အဲ့ဒီသင်ခန်းစာမှာ ကျွန်တော်တို့ကိုပေးတဲ့ message က လောဘမကြီးရဘူး၊ အလိုကြီးရင် အရနည်းတက်တယ်၊ ဒီအသိကိုပေးတာ။ အမှန်က… ”လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုတဲ့ အသိကိုပေးရမှာ။

သစ်ကုလားအုပ်ကို ရေခဲသေတ္တာထဲ ထည့်လို့ရသလား… ဆိုရင် ကျွန်တော်တို့အများစုက “မရဘူး” ဆိုတဲ့ သမရိုးကျ အယူအဆသာ ရှိကြတဲ့လူတွေ။

အမှန်တော့ ရေခဲသေတ္တာဟာ ဘယ်အရွယ် ဘယ် size ပဲ လုပ်ရမယ်လို့ သတ်မှတ်ချက်မှမရှိတာ။ သစ်ကုလားအုပ် ထည့်ချင်ရင် ထည့်လို့ရမယ့်အရွယ် ရေခဲသေတ္တာအကြီးကြီးလုပ်ပေါ့။ ဒါပဲလေ။

ရွှေဥတစ်လုံး တစ်လုံး ဥတဲ့ငန်း ဂျပန်တွေကိုပေးလိုက်။ တစ်နေ့တည်း ၂ လုံးဥအောင် သူတို့လုပ်လိုက်လိမ့်မယ်။ အဲ့ဒါပညာပဲ။ ဘယ်တက္ကသိုလ် ဘယ်ကောလိပ်ကမှ မသင်ကြားပေးနိုင်တဲ့ပညာ။

တရုတ်ပြည်မှာ မြွေတွေ တအားစားတယ်။ မြွေဆိုရင် ဈေးကောင်းတယ်။ ရေမြွေ မွေးမြူရေးသမား တစ်ယောက်နဲ့ interview ထားတာ ကျွန်တော်ဖတ်ခဲ့ဖူးတယ်။

သူဖြေထားတာက…

”ရေမြွေမွေးဖို့ အရှည်တစ်မိုင်ရှိတဲ့ ရေစီးကြောင်းလိုအပ်တယ်။ ကျွန်တော် အဲ့ဒီလောက် ကျယ်တဲ့ခြံ ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလည်းဗျာ့။ အဲ့တော့ ကျွန်တော့်ရှိတဲ့ခြံထဲမှာပဲ ကွန်ကရစ်ဘောင်တွေနဲ့ပဲ စီးဆင်းနေတဲ့ရေမြောင်းပုံစံ တစ်မိုင်အရှည်ရအောင် ကွေ့ဝိုက်ပြီး ဟိုကနေဒီ, ဒီကနေဟို စီးဆင်းတဲ့ပုံ ဖန်တီးရတာပေါ့”

သူလည်း အောင်မြင်သွားတယ်။

နောက်ပြီးသူက ခိုနဲ့ ငါးလည်း မွေးတယ်။ ခိုအတွက်ပဲ အစာဝယ်ကျွေးတယ်။ ငါး’အတွက် အစာဝယ်မကျွေးဘူး။ ခိုရဲ့ချီးကို ငါးစာပြန်လုပ်ပြီး ငါးတွေကို ကျွေးတယ်။

ခိုက အရင်းပဲရရင်တောင် ငါးက ကျွန်တော့်အတွက် အသားတင်အမြတ်တဲ့။ အဲ့ဒါလည်း ဘယ်တက္ကသိုလ်တွေ ဘယ်ကောလိပ်တွေကမှ သင်ကြားပေးလိုက်တာမဟုတ်တဲ့ ပညာတွေပဲ။

အမေဒေါ်အောင်ဆန်းစုကြည်’ပြောတာ အဲ့ဒါမျိုးတွေနော်။ professional အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာတွေဟာ တက္ကသိုလ်ဘွဲ့တွေထက် ပိုအသုံးတည့်မယ် ဆိုတာမျိုးပေါ့ဗျာ။

နောက်ပြီး ထိုင်းမှာ ဖားမွေးမြူရေး။ စားဖားတွေမွေးတာ။ နေရာမလိုဘူး ပညာပဲလိုတယ် တိုက်ခန်းနဲ့နေတဲ့ လူတွေလည်း စီးပွားဖြစ် မွေးလို့ရတယ်။

ပုဂံစင်လိုမျိုး အထပ်အထပ်နဲ့ ရေသန့်ဗူးတွေကိုစီပြီး အဲ့ဒီရေသန့်ဗူးတွေထဲမှာ ဖားတွေမွေးတာ အောင်မြင်တယ်။ ဈေးကောင်းရတယ်။

နောက်တစ်ခု မြန်မာပြည်မှာ ကျွန်တော်ရှိတုန်းက broiler ကြက် (အများအခေါ်/အိမ်ရှင်မတွေအခေါ် cp ကြက်) ပေါ့ဗျာ။ ကျွန်တော်မွေးတယ်။

အောင်မြင်အောင် မွေးနိုင်တဲ့နေရာမှာ cp company က ကောင်တွေလာခဲ့ဦး၊ ကျွန်တော်ဂရုမစိုက်ဘူး။ ကျွန်တော်ဆရာပဲ။

တခြားခြံတွေကတောင် ကျွန်တော့်ဆီမှာ အကြံဉာဏ်လာယူရတယ်။ နည်းစနစ် လာမေးရတယ်။ ရောဂါဝင်ရင်/တစ်ခုခုဖြစ်ရင် diagnosed ဘာမှန်းမသိလို့၊ ဘာရောဂါလဲ၊ ဘယ်လိုဆေးဝါးတွေနဲ့ Treatment လုပ်ရမလဲ၊ ကျွန်တော့်ဆီ အကူအညီတောင်းရတယ်။

ကျွန်တော်ထင်တာ ”ငါ ဆရာကြီးပဲ။ ငါ စောက်ရမ်းကျွမ်းတယ်”လို့ ဘဝင်မြင့်နေတာ။

ဒီ ဘွိုင်လာကြက်တွေရဲ့ နဂိုမူလဇာတိဟာ နယ်သာလန်/ဟော်လန် ပေါ့ဗျာ။ ဘိုင်ယန်မြူးနစ်က တောင်ပံကစားသမား အာဂျန်ရော်ဘင်တို့တိုင်းပြည်။

သူတို့ ဟော်လန်မှာ ဒီ (၄၅)ရက်ကြက် ဘွိုင်လာကြက်တွေကို ဘယ်လိုမွေးနေကြသလဲလို့ Google ကနေ ကျွန်တော်လေ့လာကြည့်တော့… ကျွန်တော်တို့ သိထားတာတွေ၊ ကျွန်တော်တို့ လုပ်နေတာတွေဟာ တအားအကုန်အကျများတယ်။ ထုတ်လုပ်မှုစရိတ် တအားကြီးတဲ့ မွဲဆေးပဲဆိုတာ သိလိုက်ရတယ်။

ကျွန်တော်တို့ သိထားတာက ဘွိုင်လာမွေးမယ်ဆို မြေပြင်ကနေပြီးတော့ ကြမ်းခင်းကို ငါးပေခွဲအမြင့်။ ကြမ်းခင်းကနေ လက်ခံတိုင်ကို ခြောက်ပေခွဲ/ခွန်နှစ်ပေအမြင့်။ ခေါင်အထိဆို ၁၆ ပေလောက်အမြင့်ရှိတဲ့ အဆောက်အဦးတစ်ခုကို မြန်မာငွေ သိန်းသုံးဆယ်၊ သုံးဆယ့်ငါးသိန်းလောက် အကုန်ခံဆောက်ပြီးမှ မွေးလို့ရတယ်ထင်ခဲ့တာ။ မြန်မာတစ်ပြည်လုံးလည်း အခု အဲ့အတိုင်းနဲ့ပဲ မွေးနေကြတာ။

သူတို့ နယ်သာလန်မှာ ဒီအတိုင်းမြေကြီးပြောင်ပေါ်မှာ ဆယ်ပေပတ်လည်ခြံ။ ခါးတိုက်လောက်အမြင့် တာလပတ်အမိုးလေးနဲ့ မွေးနေကြတာ။

ဒီနေရာမှာ ကြက်ချေးတွေ အညစ်အကြေးတွေနဲ့ ညစ်ပတ်သွားပြီဆိုရင် အဲ့ဒီ ဆယ်ပေပတ်လည်ခြံလေးကို မိန်းကလေးနှစ်ယောက် အသာလေး မ’ရွှေ့လိုက်တယ်။ တဖြည်းဖြည်းနဲ့ပေါ့ ကြက်တွေပါ ပါလာအောင်။ ပြီးရင် နေရာဟောင်းက ကြက်ချေးတွေ အညစ်အကြေးတွေကို သိမ်းလိုက်တယ်။

ဟိုနေရာက မြေကြီးညစ်ပတ်သွားရင် ဒီနေရာပြန်ရွှေ့။ ဒီနေရာကမြေကြီးညစ်ပတ်သွားရင် ဟိုနေရာပြန်ရွှေ့။ အဲ့လိုနဲ့ သူတို့မွေးနေတာ အောင်မြင်သလား, မအောင်မြင်ဘူးလားတော့ မမေးနဲ့ဗျာ။ ကြက်တစ်ကောင် နှစ်ပိဿငါးဆယ်/သုံးပိဿလောက်ရှိတယ်။ ဟဲဗီးကြီးတွေပဲ။

အဓိကအချက် ကျွန်တော်ပြောမယ်လေ ကျွန်တော်အပါအဝင် မြန်မာပြည်သားအများစုက သမရိုးကျအတွေးအခေါ်၊ သမရိုးကျအယူအဆတွေနဲ့ပဲ မတိုးတက်နိုင်ကြဘူးဖြစ်နေတာ။

ဆန်းဆန်းပြားပြားတွေးခေါ် မြင့်မြင့်မားမားကြံစည်တဲ့ လူတွေကျတော့ လှောင်ပြောင်ကြတယ်။ ရန်ကုန်မြစ် မြို့လည်ရွှေ့မယ်ဆိုတော့ ဝိုင်းဆဲတယ်။ လှောင်ပြောင်တယ်။

မြစ်ရဲ့ ဟိုဘက်ကမ်းကို ရန်ကုန်မြို့လိုစည်ကားအောင်၊ တိုးတက်အောင် လုပ်လိုက်ရင် ရန်ကုန်မြစ်ဟာ အလိုလို မြို့လည်ခေါင်ရောက်လာမယ်ဆိုတာ ဉာဏ်မမှီတော့ မတွေးခေါ်နိုင်ကြဘူး။

ဒါကြောင့်… ဦးနှောက်ကို ဘောင်ခတ်မထားကြနဲ့။ ဒီလိုလုပ်မှရတယ်လို့ တရားသေမတွေးနဲ့။ သူတပါးတွေရဲ့ ဆန်းသစ်တဲ့အတွေး၊ မြင့်မားတဲ့ အကြံအစည်ကို မလှောင်ပြောင်နဲ့။

ကျွန်တော်ကိုယ်တိုင်လည်း နားမလည်သေးတာတွေ၊ နားလည်ထားမှု လွဲမှားနေတာတွေ အများကြီးကို ပြုပြင်ရဦးမယ်။

Swan Htet
Edit Text & Shared _ အေအန်န်အမ်မ်တီ

မူရင်းရေးသားသူကို ကျေးဇူးတင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *