ဗဟုတုသ

ဘယ်အရွယ်မှာ အိမ်ထောင်ပြုသင့်သလဲ

ဘယ်အရွယ်မှာ အိမ်ထောင်ပြုသင့်သလဲ

အသက် ၁၅နှစ် ဆိုတာ
မိဘရင်ခွင်ထဲက အပျံသင်ကာစပဲ ရှိသေးတယ်
ဘဝအတွက်လိုအပ်တဲ့ အတတ်ပညာ ၊ အသိပညာ ၊
ဘဝပညာတွေကို စသင်နေရတဲ့ ပညာရှာချိန်ပါ
တစ်ချို့က ကံတရားကြောင့်လား
ဆင်ခြင်တုံတရား နုသေးလို့လားမသိဘူး
အိမ်ထောင်ကျနေတတ်ကြတယ်။

ဗူးသီးနုနု မရင့်ခင် အမွေးသပ်လိုက်သလို ကြီးထွှားလာဖို့ဆိုတာထက်
အသီးမပုပ်အောင် အားတင်းရှင်သန်နေရတတ်တယ်
မရင့်ကျက်ခင် ၊ လောကကြီးအကြောင်းမသိခင်
မလေ့ကျင့်ရသေးသော စစ်သားကို စစ်မြေပြင်လွှတ်လိုက်ရသလို
ဘယ်ကစပစ်ရမှန်းမသိတဲ့ အချိန်ကာလတစ်ခုပါ
အသက် ၁၅နှစ်ဆိုတာ အိမ်ထောင်ပြုဖို့ အဆင်သင့်မဖြစ်သေးအရွယ်
တစ်ခုလို့ပြောလို့ရတယ်။

အသက် ၁၈နှစ် မှ ၂၀နှစ်ဆိုတာ
အရွယ်ရောက်ပီလို့ ပြောကြတယ် သက်တမ်းကအရွယ်ရောက်လာတာ
မှန်ပေမယ့် လူတော်တော်များများရဲ့ အသိကတော့
အရွယ်မရောက်သေးပါဘူး။ဘာလို့လဲဆိုတော့ ကျောင်းပညာမပီးဆုံးသေးတဲ့ အချိန်ကာလတစ်ခုဖြစ်သလို
ပိုက်ဆံကို ကိုယ်တိုင် လူတိုင်းမရှာကြသေးပါဘူး။
မိဘအရိပ်အောက်နေပီး တစ်ချို့ဆို ကလေးလုပ်နေကြတုန်းအရွယ်ပါ။

အသက် ၂၁နှစ်မှ ၂၅နှစ်ဆိုတာ
တစ်ချို့ဆို ကျောင်းပညာတွေ ပီးဆုံးပီး လုပ်ငန်းခွင်ထဲရောက်နေချိန်ပါ
ဘဝအတွေ့အကြုံ ၊ နှလုံသား အတွေ့အကြုံ ရသင့်သလောက်
ရလာပီး အမှားအမှန်ကို ခွဲခြားလာနိူင်ချိန်ပါ။ ရင့်ကျက်လာခြင်းရဲ့
ပထမအရွယ်လို့ဆိုလို့ရပီး မိဘကျေးဇူး ၊ မိဘတန်ဖိုး ၊
ငွေကြေးတန်ဖိုး ၊ အလုပ်တန်ဖိုး ၊ အချိန်တန်ဖိုး တို့ကို နားလည်လက်ခံ
လာကာ မိဘကျေးဇူးဆပ်နေချိန်လို့ပြောလို့ရတယ်။
အိမ်ထောင်ပြုမယ်ဆိုရင်လည်း အရမ်းကြီး မပင်ပန်းတော့ဘဲ
ဘဝအတွက် planချတတ်လာပီး ကိုယ့်ဘဝကို
ကိုယ်ကိုယ်တိုင် ထုဆစ်လာနိူင်တဲ့ အတောင်အလက်စုံချိန်လို့ပြောလို့ရပါတယ်။

မျိုးဆက်သစ်တွေ မွေးထုတ်ပေးမယ့် ပုခက်လွှဲသောလက်ပိုင်ရှင်တွေအတွက် အကောင်းဆုံးအရွယ်ဖြစ်သော်လည်း အိမ်ထောင်ဦးစီးတစ်ချို့ကတော့
မိသားစုအတွက် အဆင်သင့်မဖြစ်သေးတဲ့ အချိန်ဖြစ်နေတတ်တယ်
ယောက်ျားသားများအတွက် ကြားကာလတစ်ခုလို့ပြောလို့ရပါတယ်။

အသက် ၂၆နှစ်မှ ၃၀နှစ် အရွယ်ဆိုတာ
ဘဝသစ်တစ်ခုတည်ဆောက်ရန် ခိုင်မာသော ယုံကြည်ချက်များနှင့်
သက်လုံကောင်းသည့် ရင့်ကျက်တဲ့အရွယ်ပါ။အကောင်းအဆိုးကို
ခွဲခြားလာနိူင်သလို ပျော်ရွှင်ခြင်း ၊ စိတ်ညစ်ခြင်းစတဲ့
စိန်ခေါ်မှူတွေကို ပညာသားပါပါ ဖြတ်ကျော်နိူင်ချိန်ပါ။ ပညာရပ်တစ်ခုခုကို အောင်မြင်ကျွမ်းကျင်စွာတတ်ကျွမ်းနေပီး လုပ်ငန်းခွင်မှာ
အသားကျနေတဲ့ အချိန်ကာလပါ။ အိမ်ထောင်ရေးအတွက်လိုအပ်တဲ့
စိတ်တည်ငြိမ်မှူ ၊ ရင့်ကျက်မှူ ၊ နားလည်မှူ ၊ ယုံကြည်မှူ ၊
စိန်ခေါ်မှူတွေကို ဖြတ်ကျော်နိူင်မှူတွေ မြင့်မားနေချိန်ပါ။
ယောက်ျားလေးများနှင့် မိန်းကလေးများ အကုန်လုံး ဘဝသစ်တစ်ခု
တည်ဆောက်ဖို့ အကောင်းဆုံး အချိန်ဟု အကြံပေးပါရစေ။

အသက် ၃၁နှစ်မှ…….၄၀နှစ်ဆိုတာ
အိမ်ထောင်ပြုဖို့ ကောင်းသော်လည်း သားသမီးယူမယ်ဆိုရင်
မိဘနှင့် သားသမီး အသက် အရမ်းကွာခြားသွားတတ်သောကြောင့်
သားသမီးတွေဘဝကို ပြုစုပျိုးထောင်ရာမှာ ပင်ပန်းတတ်ပါတယ်။
ဥပမာ…..မိဘက အသက် ၃၀ကျော်မှ အိမ်ထောင်ပြုပီး ကလေးယူရင်
သားသမီး အသက် ၂၀မှာ မိဘတွေက အသက်၅၀နှစ် ကျော်နေပါပီ။
သားသမီးတွေအတက်နှင့် မိဘတွေ အရွယ်ကျဖြစ်နေတတ်ပါတယ်။

အိမ်ထောင်ပြုတယ်ဆိုတာက
စားဝတ်နေရေးက ပထမဆိုပေမယ့် ပျော်ရွှင်မှူက ဒုတိယပါ
ပျော်ရွှင်ရဖို့ဆိုတာက အဓိက ကျန်းမာသန်စွမ်းပီး
အပေးအယူမျှတဖို့ အရမ်းအရေးကြီးပါတယ်။အိမ်ထောင်ရေးမှာ
မေတ္တာတရားက အရေးပါတယ်ဆိုပေမယ့် နားလည်မှူနှင့်
ယုံကြည်မှူက နှစ်ဖက်စလုံး ညီမျှနေဖို့က ပိုအရေးကြီးပါတယ်။

ချစ်တိုင်းမညားတတ်ဘူးဆိုတာက ဖူးစာက ပထမဆိုရင်
အပေးအယူနှင့်အပြန်အလှန်တန်ဖိုးထားမှူတွေက ဒုတိယပါ။
ကိုယ်ရွေးချယ်ပီးသားဖြစ်တဲ့ အိမ်ထောင်ဖက်နဲ့ မယူခင်ကတည်းက
ပွင့်လင်းစွာဆွေးနွေးပီး စိတ်တူ ကိုယ်တူ အသွင်တူစွာ
သာယာအေးချမ်းသော စံပြအိမ်ထောင်ရေးတစ်ခု တည်ဆောက်နိူင်ကြပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ….။

လေးစားစွာဖြင့်
ဇင်းနစ် မကွေး

Leave a Reply

Your email address will not be published. Required fields are marked *