ဗဟုတုသ

မိသားစုတစ်နိုင်တစ်ပိုင်နဲ့ စီးပွားဖြစ် ရောင်းချလို့ရတဲ့ ဆန်ချိုအေးပြုလုပ်နည်း

(Unicode)

မိသားစုတစ်နိုင်တစ်ပိုင်နဲ့ စီပွားဖြစ် ရောင်းချလို့ရတဲ့ ဆန်ချိုအေး ပြုလုပ်နည်း

ရင်ထဲကိုအေး ဆန်ချိုအေးအေးလေး ခံတွင်းရှင်းလို့ ထမင်းစားပြီး သောက်ကြစို့။

ပါဝင်ပစ္စည်းများမှာ-

ကောက်ညင်းဆန် နို့ဆီဘူး -၂ဘူး

ဆန်ချိုဆေးမှုန့် ၁ဇွန်း (စားပွဲတင်ဇွန်း) (ရန်ကုန်မှာဆိုရင် သံဈေးမှာ မေးဝယ်လို့ ရပါတယ် )

သကြား -၂၅ကျပ်သား

ပြုလုပ်နည်း-

ပထမ ကောက်ညင်းကို ရေစိမ်ထားပြီးပေါင်းပါ။ ခပ်တင်းတင်း အနေထား ပေါင်းရပါမယ်ပေါင်းပြီး အအေးခံကာ ရေဆေးချပါ။ သန့်ရှင်းသော ဆီကင်းသော အဝကျယ်ပုံး (သို့) ဘူးတစ်ခုတွင် ထည့်ပါ ။ ကောက်ညင်းနှစ်ဘူးလျှင် ရေ ၅လီတာခန့် ထည့်ပါ။

ဆန်ချိုဆေးကို ပိတ်စပါးတခုဖြင့် ထုတ်ပြီး ရေစိမ်ထားသော ကောက်ညှင်းဆန်အတွင်း ထည့်ကာ ဆေးအရည်ပျော်ရန် အနည်းငယ် ခြေပေးပြီး အထက်အောက် မွှေပါ။ အဖုံး လုံအောင်ပိတ်ပြီး ပူနွေးသောနေရာတွင် ဖောက်ထားပါ။ ရာသီဥတု ပူနွေးပါက ၁ရက်ခွဲခန့်တွင် ရပါပြီ။

ဖောက်ထားသော ကောက်ညင်းဆန်ဖတ်များ ရေပေါ် ပေါလောပေါ်လာပါက ဆန်ချိုအေးပြုလုပ်ရန် အသင့်ဖြစ်ပါပြီ။ ကောက်ညင်းဆန်ဖတ်လေးတွေ ဖျော်စပ်တဲ့အခါ ပိုပီး ပေါလောပေါ်စေချင်ရင်တော့ သကြားရည်နဲ့ အဆိုပါ ကောက်ညှင်းဆန်ဖတ်ကို ရောပီး ပေါင်းအိုးထဲ ထည့်၊ အနွေးခလုတ်ကို နှိပ်ပြီး ၁၀ နာရီလောက် ပစ်ထားလိုက်ပါ။ ဆန်ဖတ်လေးတွ ပေါလောပေါ်လာရင် ဆယ်ပြီး သကြားရည်၊ရေခဲ၊ သံပုရာသီး၊ ဂျင်း၊ သဖန်းသီးခြောက် နှစ်သက်ရာအရသာချိုချဉ် အနေထားဖျော်စပ်ပီး အမောပြေသောက်ကြစို့နော်။

အရသာပြင်းရှတဲ့ ဆန်ချိုအေးကိုမှ သောက်ချင်တယ်ဆိုရင်တော့ ဖျော်စပ်ပီးသား ဆန်ချိုအေးကို အပြင်မှာ တရက်ထားပါ။

Credit- Original Uploader

(Zawgyi)

မိသားစုတစ္ႏိုင္တစ္ပိုင္နဲ႔ စီပြားျဖစ္ ေရာင္းခ်လို႔ရတဲ့ ဆန္ခ်ိဳေအး ျပဳလုပ္နည္း

ရင္ထဲကိုေအး ဆန္ခ်ိဳေအးေအးေလး ခံတြင္းရွင္းလို႔ ထမင္းစားၿပီး ေသာက္ၾကစို႔။

ပါဝင္ပစၥည္းမ်ားမွာ-

ေကာက္ညင္းဆန္ ႏို႔ဆီဘူး -၂ဘူး

ဆန္ခ်ိဳေဆးမႈန႔္ ၁ဇြန္း (စားပြဲတင္ဇြန္း) (ရန္ကုန္မွာဆိုရင္ သံေဈးမွာ ေမးဝယ္လို႔ ရပါတယ္ )

သၾကား -၂၅က်ပ္သား

ျပဳလုပ္နည္း-

ပထမ ေကာက္ညင္းကို ေရစိမ္ထားၿပီးေပါင္းပါ။ ခပ္တင္းတင္း အေနထား ေပါင္းရပါမယ္ေပါင္းၿပီး အေအးခံကာ ေရေဆးခ်ပါ။ သန႔္ရွင္းေသာ ဆီကင္းေသာ အဝက်ယ္ပုံး (သို႔) ဘူးတစ္ခုတြင္ ထည့္ပါ ။ ေကာက္ညင္းႏွစ္ဘူးလွ်င္ ေရ ၅လီတာခန႔္ ထည့္ပါ။

ဆန္ခ်ိဳေဆးကို ပိတ္စပါးတခုျဖင့္ ထုတ္ၿပီး ေရစိမ္ထားေသာ ေကာက္ညႇင္းဆန္အတြင္း ထည့္ကာ ေဆးအရည္ေပ်ာ္ရန္ အနည္းငယ္ ေျခေပးၿပီး အထက္ေအာက္ ေမႊပါ။ အဖုံး လုံေအာင္ပိတ္ၿပီး ပူေႏြးေသာေနရာတြင္ ေဖာက္ထားပါ။ ရာသီဥတု ပူေႏြးပါက ၁ရက္ခြဲခန႔္တြင္ ရပါၿပီ။

ေဖာက္ထားေသာ ေကာက္ညင္းဆန္ဖတ္မ်ား ေရေပၚ ေပါေလာေပၚလာပါက ဆန္ခ်ိဳေအးျပဳလုပ္ရန္ အသင့္ျဖစ္ပါၿပီ။ ေကာက္ညင္းဆန္ဖတ္ေလးေတြ ေဖ်ာ္စပ္တဲ့အခါ ပိုပီး ေပါေလာေပၚေစခ်င္ရင္ေတာ့ သၾကားရည္နဲ႔ အဆိုပါ ေကာက္ညႇင္းဆန္ဖတ္ကို ေရာပီး ေပါင္းအိုးထဲ ထည့္၊ အေႏြးခလုတ္ကို ႏွိပ္ၿပီး ၁၀ နာရီေလာက္ ပစ္ထားလိုက္ပါ။ ဆန္ဖတ္ေလးတြ ေပါေလာေပၚလာရင္ ဆယ္ၿပီး သၾကားရည္၊ေရခဲ၊ သံပုရာသီး၊ ဂ်င္း၊ သဖန္းသီးေျခာက္ ႏွစ္သက္ရာအရသာခ်ိဳခ်ဥ္ အေနထားေဖ်ာ္စပ္ပီး အေမာေျပေသာက္ၾကစို႔ေနာ္။

အရသာျပင္းရွတဲ့ ဆန္ခ်ိဳေအးကိုမွ ေသာက္ခ်င္တယ္ဆိုရင္ေတာ့ ေဖ်ာ္စပ္ပီးသား ဆန္ခ်ိဳေအးကို အျပင္မွာ တရက္ထားပါ။

Credit- Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *