ဗဟုတုသ

တစ်နှစ် သိန်း ၈၀ကျော် ရရှိနိုင်တဲ့ အုန်းပင်စိုက်နည်း

(Unicode)

တစ်နှစ် သိန်း၈၀ ကျော်ရရှိနိုင်တဲ့ အုန်းပင်စိုက်နည်း

အုန်းချိုမွှေးတစ်ဧက တစ်နှစ် သိန်း ၈၀ ကျော်ရရှိနိုင်တယ်။ တစ်လကို ၆ သိန်းကျော် ရပါလိမ့်မယ်။ အုန်းချိုမွှေးက အရည်သောက်အတွက် ဦးစားပေးစိုက်ပျိုးတာဖြစ်တယ်။ ၂နှစ်ခွဲ ၃နှစ်မှာ စသီးပါတယ်။ ၄နှစ် အထက်ဆိုရင် အသီးကောင်းပါမယ်။ အုန်းချိုမွှေးက အပင်အလုံးသေးပြီး အုန်းလက်က သိပ်မရှည်တာကြောင့် တစ်ပင်နဲ့တစ်ပင်ကို ခပ်စိပ်စိပ် စိုက်နိုင်တယ်။

အုန်းတစ်ပင်နဲ့တစ်ပင် ၅မီတာ(၁၆ပေကျော်) ကြားစိုက်မယ်ဆိုရင် တစ်ဧကမှာ အပင် ၁၆၀ စိုက်လို့ရတယ်။ အုန်းချိုမွှေးတစ်ခိုင်မှာအလုံး ၅ လုံးမှ ၂၀ လုံးအထိ သီးတယ်။ အုန်းချိုမွှေး အရည်သောက်အရွယ်ကို ရက် ၂၀ မှာ တစ်ခိုင် ခုတ်နိုင်တယ်။ တနှစ်မှာ ၁၈ ခိုင်ရတယ်။ တစ်ဧက အပင် ၁၆၀ x တစ်နှစ် ၁၈ ခိုင် = ၂၈၈၀ ခိုင်ရမယ်။ တစ်ခိုင်မှာဖျမ်းမျှ ၇ လုံး x တစ်နှစ် တစ်ဧက ၂၈၈၀ ခိုင် = ၂၀၁၆၀ လုံး။ ထိုင်းနိုင်ငံမှာ ခြံဈေးအကျဆုံးအချိန်က ကျပ်ငွေ ၄၀၀ ဖြစ်တယ်။ တစ်ဧက တစ်နှစ် ၂၀၁၆၀ လုံး x တစ်လုံး ၄၀၀ ကျပ် = ၈၀၆၄၀၀၀ကျပ်

အုန်းချိုမွှေးစိုက်နည်း—

ဖားခုံစနစ် စိုက်တာက ပိုကောင်းတယ်။ အရွက်တွေ မထပ်တော့ဘူး။ တစ်တန်းက ၁၆ပေခြား စိုက်ပြီး ဒုတိယအတန်းကို ချန်ထားပြီး။ တတိယအတန်းကို ပထမအတန်းနဲ့ အတည့်စိုက်ပါ။ ကြားခန်ချန်ထားတဲ့ ဒုတိယတန်းကို စိုက်တဲ့အခါ ပထမအတန်းနဲ့ တတိတန်းနဲ့ အပင်မတည့်အောင် အလည်ကြားမှာ စိုက်ရပါတယ်။ အုန်းချိုမွှေးကို ၉×၁၈ လက္မပျိုးအိတ်မှာ ၃လလောက် အရင်ပျိုးပြီးမှ စိုက်ခင်းမှာချစိုက်တာ ပိုကောင်းတယ်။

(၁)ပျိုးအိတ်မှာ နွားချေး၁ဆ၊ မြေပွ ၁ဆ၊ စပါးခွံ ၁ဆ၊ စပါးမီးသွေး ၁ဆ ရောစပ်ပြီးထည့်ရမယ်။

(၂)အုန်းသီးပင်ပေါက်အလုံးဖင်ကို ပျိုးတဘက်ဘက်ကို ကပ်ရမယ်။ အမြစ်က အလည်မှာ ရှိအောင်ဖြစ်တယ်။ အုန်းပင်ကို ၄၅ ဒီဂရီစောင်းထည့်ရမယ်။အုန်းသီးအလုံးကို ၃ ပုံ ၁ ပုံ ဖေါ်ထားရမယ်။ အပင်အရင်းကို မမြှုပ်ရဘူး။

(၃)ပျိုးအိတ်မှာ ပျိုးထားတဲ့ အုန်းပင်တွေကို စီထားပြီး တစ်ရက်တစ်ခါရေလောင်းပေးရမယ်။

(၄)စိုက်ခင်းမှာ မြေကျဉ်းတူးတဲ့အခါ အုန်းပင်ချစိုက်လို့ရတဲ့ ကျဉ်းသာသာ အကျယ်တူးပါ။ စိုက်ပြီး အုန်းပင်မြေပြင်ပေါ် ရောက်နေမယ့် အနေအထား အနက်ပဲတူးပါ။

(၅)စိုက်ကျဉ်းနှုတ်ခမ်းမှာ အုန်းပျိုးပင်ကို ချပြီး ပျိုးအိတ်ဖင်ကို အရင်ဖွင့်ပါ။

(၆)မြေကျဉ်းမှာ ချတဲ့အခါ နေထွက်တဲ့ဘက်ကို ၄၅ ဒီဂရီ စောင်းချပါ။

(၇)ပျိုးအိတ်အစောင်းဘက် ပျိုးအိတ်ဘေးကို ဓါးနဲ့ခွဲပါ။

(၈)တူးထားတဲ့မြေကြီးပေါ်ကို နွားချေးခြောက်ဖြန့်ထည့်ပါ။

(၉)နွားချေးနဲ တူးမြေကိုဆွပြီး အုန်းပင်ကို ပတ်ပတ်လည်မှာ မြေဖြည့်ထည့်ပါ။ အပင်အရင်းကို မြေမအုပ်လိုက်ရဘူး။ အပင်အရင်း မြေမြှုပ်ရင် အပင်မတက်တော့ဘူး။

(၁၀)ရေဆွဲနေအောင် လောင်းပါ။

(၁၁)ပျိုးအိတ်ကို တဖြေးဖြေး ဆွဲထုပ်ပါ။ ဒီနည်းက အပင်အမြစ်ကို မနာစေဘူး။

(၁၂)အုန်းပင်ပတ်ပတ်လည်ကို ကောက်ရိုးနဲ့ အုပ်ထားပါ။ ရေအစိုဓါတ် ထိန်းပေးဖို့ဖြစ်တယ်။

(၁၃) ၃လတစ်ကြီး နွားချေး၊ ကြက်ချေး၊ သစ်ရွက်ခြောက်၊ စပါးမီးသွေး တစ်ဆစီရောပြီး အပင် အရင်းနဲ့ခွာပြီးမြေကိုတူးဆထည့်ပေးရမယ်။ ပင်ပတ်ပတ်လည် ကျဉ်းပေါက်တွေတူးပြီး မြေသြဇာ ထည့်ပေးရင်ပိုကောင်းတယ်။ အပင်ကြီးလာရင် ကြီးလာသလို မြေသြဇာကို ခွာပြီးပေးရမယ်။အပင်အမြစ်တွေ များများဖျာထွက်လေအပင်ကြီးနှုန်းကောင်းလေဖြစ်ပါတယ်။

(၁၄)ရေလောင်းနည်းကတော့ မြေကြီးက ရေစုပ်အားပေါ် မူတည်ပြီး ပေးရပါမယ်။ ပထမအကြိမ် ရေအဝလောင်းပါ။ ၁ ရက် ၂ ရက်တစ်ခါ မြေကြီးကို ကလှော်ကြည့်ပါ။ ရေအစိုဓါတ် ရှိနေရင် လောင်းစရာမလိုသေးဘူး။ ရေအစိုဓါတ် နည်းသွားတဲ့ ရက်အကြာကိုသတ်မှတ်ပြီး ဘယ်နှစ်ရက်တစ်ခါ ရေလောင်းမလဲဆိုတာကို သတ်မှတ်ရမယ်။

(၁၅)အရွက်တွေကို လုံးဝမဖြစ်ရဘူး။ အရွက်က မြေသြဇာ အစာချက်လုပ်ပေးတယ်။ အရွက်နည်းရင် အစာချက်နည်းပြီး အပင်မတက်နိုင်ဘူးဖြစ်မယ်။ အပင်အရင်က အလက်ခြောက်တွေကိုလည်း မဖယ်ဖြစ်ရဘူး။ အပင်ရဲ့အစိုဓါတ်ကို ထိန်းထားပေးတာ ဖြစ်တယ်။

(၁၆)ရေနဲ့မြေသြဇာကို ပုံမှန်ပေးမယ်ဆိုရင် ၂နှစ်ခွဲ ၃နှစ်မှာ စသီးပါမယ်။ အုန်းပင်က အုန်းသီး အုန်းလက် အုန်ခွံ အုန်းမှုတ် အုန်းပင်သစ်သားထုတ်နိုင်လို့ အကုန်ရောင်းလို့ရတဲ့ သီးနှံပင်ဖြစ်တယ်။ ထိုင်းနိုင်ငံက စိုက်ပျိုးရေးပညာရှင် ဦးထုံးချနရဲ့ စိုက်ပျိုးနည်းဖြစ်ပါတယ်။

Credit- IQwin Farm

(Zawgyi)

တစ္ႏွစ္ သိန္း ၈၀ ေက်ာ္ရရွိႏိုင္တဲ့ အုန္းပင္စိုက္နည္း

အုန္းခ်ိဳေမႊးတစ္ဧက တစ္ႏွစ္ သိန္း ၈၀ ေက်ာ္ရရွိႏိုင္တယ္။ တစ္လကို ၆ သိန္းေက်ာ္ ရပါလိမ့္မယ္။ အုန္းခ်ိဳေမႊးက အရည္ေသာက္အတြက္ ဦးစားေပးစိုက္ပ်ိဳးတာျဖစ္တယ္။ ၂ႏွစ္ခြဲ ၃ႏွစ္မွာ စသီးပါတယ္။ ၄ႏွစ္ အထက္ဆိုရင္ အသီးေကာင္းပါမယ္။ အုန္းခ်ိဳေမႊးက အပင္အလုံးေသးၿပီး အုန္းလက္က သိပ္မရွည္တာေၾကာင့္ တစ္ပင္နဲ႔တစ္ပင္ကို ခပ္စိပ္စိပ္ စိုက္ႏိုင္တယ္။

အုန္းတစ္ပင္နဲ႔တစ္ပင္ ၅မီတာ(၁၆ေပေက်ာ္) ၾကားစိုက္မယ္ဆိုရင္ တစ္ဧကမွာ အပင္ ၁၆၀ စိုက္လို႔ရတယ္။ အုန္းခ်ိဳေမႊးတစ္ခိုင္မွာအလုံး ၅ လုံးမွ ၂၀ လုံးအထိ သီးတယ္။ အုန္းခ်ိဳေမႊး အရည္ေသာက္အ႐ြယ္ကို ရက္ ၂၀ မွာ တစ္ခိုင္ ခုတ္ႏိုင္တယ္။ တႏွစ္မွာ ၁၈ ခိုင္ရတယ္။ တစ္ဧက အပင္ ၁၆၀ x တစ္ႏွစ္ ၁၈ ခိုင္ = ၂၈၈၀ ခိုင္ရမယ္။ တစ္ခိုင္မွာဖ်မ္းမွ် ၇ လုံး x တစ္ႏွစ္ တစ္ဧက ၂၈၈၀ ခိုင္ = ၂၀၁၆၀ လုံး။ ထိုင္းႏိုင္ငံမွာ ၿခံေဈးအက်ဆုံးအခ်ိန္က က်ပ္ေငြ ၄၀၀ ျဖစ္တယ္။ တစ္ဧက တစ္ႏွစ္ ၂၀၁၆၀ လုံး x တစ္လုံး ၄၀၀ က်ပ္ = ၈၀၆၄၀၀၀က်ပ္

အုန္းခ်ိဳေမႊးစိုက္နည္း—

ဖားခုံစနစ္ စိုက္တာက ပိုေကာင္းတယ္။ အ႐ြက္ေတြ မထပ္ေတာ့ဘူး။ တစ္တန္းက ၁၆ေပျခား စိုက္ၿပီး ဒုတိယအတန္းကို ခ်န္ထားၿပီး။ တတိယအတန္းကို ပထမအတန္းနဲ႔ အတည့္စိုက္ပါ။ ၾကားခန္ခ်န္ထားတဲ့ ဒုတိယတန္းကို စိုက္တဲ့အခါ ပထမအတန္းနဲ႔ တတိတန္းနဲ႔ အပင္မတည့္ေအာင္ အလည္ၾကားမွာ စိုက္ရပါတယ္။ အုန္းခ်ိဳေမႊးကို ၉×၁၈ လကၼပ်ိဳးအိတ္မွာ ၃လေလာက္ အရင္ပ်ိဳးၿပီးမွ စိုက္ခင္းမွာခ်စိုက္တာ ပိုေကာင္းတယ္။

(၁)ပ်ိဳးအိတ္မွာ ႏြားေခ်း၁ဆ၊ ေျမပြ ၁ဆ၊ စပါးခြံ ၁ဆ၊ စပါးမီးေသြး ၁ဆ ေရာစပ္ၿပီးထည့္ရမယ္။

(၂)အုန္းသီးပင္ေပါက္အလုံးဖင္ကို ပ်ိဳးတဘက္ဘက္ကို ကပ္ရမယ္။ အျမစ္က အလည္မွာ ရွိေအာင္ျဖစ္တယ္။ အုန္းပင္ကို ၄၅ ဒီဂရီေစာင္းထည့္ရမယ္။အုန္းသီးအလုံးကို ၃ ပုံ ၁ ပုံ ေဖၚထားရမယ္။ အပင္အရင္းကို မျမႇဳပ္ရဘူး။

(၃)ပ်ိဳးအိတ္မွာ ပ်ိဳးထားတဲ့ အုန္းပင္ေတြကို စီထားၿပီး တစ္ရက္တစ္ခါေရေလာင္းေပးရမယ္။

(၄)စိုက္ခင္းမွာ ေျမက်ဥ္းတူးတဲ့အခါ အုန္းပင္ခ်စိုက္လို႔ရတဲ့ က်ဥ္းသာသာ အက်ယ္တူးပါ။ စိုက္ၿပီး အုန္းပင္ေျမျပင္ေပၚ ေရာက္ေနမယ့္ အေနအထား အနက္ပဲတူးပါ။

(၅)စိုက္က်ဥ္းႏႈတ္ခမ္းမွာ အုန္းပ်ိဳးပင္ကို ခ်ၿပီး ပ်ိဳးအိတ္ဖင္ကို အရင္ဖြင့္ပါ။

(၆)ေျမက်ဥ္းမွာ ခ်တဲ့အခါ ေနထြက္တဲ့ဘက္ကို ၄၅ ဒီဂရီ ေစာင္းခ်ပါ။

(၇)ပ်ိဳးအိတ္အေစာင္းဘက္ ပ်ိဳးအိတ္ေဘးကို ဓါးနဲ႔ခြဲပါ။

(၈)တူးထားတဲ့ေျမႀကီးေပၚကို ႏြားေခ်းေျခာက္ျဖန႔္ထည့္ပါ။

(၉)ႏြားေခ်းနဲ တူးေျမကိုဆြၿပီး အုန္းပင္ကို ပတ္ပတ္လည္မွာ ေျမျဖည့္ထည့္ပါ။ အပင္အရင္းကို ေျမမအုပ္လိုက္ရဘူး။ အပင္အရင္း ေျမျမႇဳပ္ရင္ အပင္မတက္ေတာ့ဘူး။

(၁၀)ေရဆြဲေနေအာင္ ေလာင္းပါ။

(၁၁)ပ်ိဳးအိတ္ကို တေျဖးေျဖး ဆြဲထုပ္ပါ။ ဒီနည္းက အပင္အျမစ္ကို မနာေစဘူး။

(၁၂)အုန္းပင္ပတ္ပတ္လည္ကို ေကာက္႐ိုးနဲ႔ အုပ္ထားပါ။ ေရအစိုဓါတ္ ထိန္းေပးဖို႔ျဖစ္တယ္။

(၁၃) ၃လတစ္ႀကီး ႏြားေခ်း၊ ၾကက္ေခ်း၊ သစ္႐ြက္ေျခာက္၊ စပါးမီးေသြး တစ္ဆစီေရာၿပီး အပင္ အရင္းနဲ႔ခြာၿပီးေျမကိုတူးဆထည့္ေပးရမယ္။ ပင္ပတ္ပတ္လည္ က်ဥ္းေပါက္ေတြတူးၿပီး ေျမၾသဇာ ထည့္ေပးရင္ပိုေကာင္းတယ္။ အပင္ႀကီးလာရင္ ႀကီးလာသလို ေျမၾသဇာကို ခြာၿပီးေပးရမယ္။အပင္အျမစ္ေတြ မ်ားမ်ားဖ်ာထြက္ေလအပင္ႀကီးႏႈန္းေကာင္းေလျဖစ္ပါတယ္။

(၁၄)ေရေလာင္းနည္းကေတာ့ ေျမႀကီးက ေရစုပ္အားေပၚ မူတည္ၿပီး ေပးရပါမယ္။ ပထမအႀကိမ္ ေရအဝေလာင္းပါ။ ၁ ရက္ ၂ ရက္တစ္ခါ ေျမႀကီးကို ကေလွာ္ၾကည့္ပါ။ ေရအစိုဓါတ္ ရွိေနရင္ ေလာင္းစရာမလိုေသးဘူး။ ေရအစိုဓါတ္ နည္းသြားတဲ့ ရက္အၾကာကိုသတ္မွတ္ၿပီး ဘယ္ႏွစ္ရက္တစ္ခါ ေရေလာင္းမလဲဆိုတာကို သတ္မွတ္ရမယ္။

(၁၅)အ႐ြက္ေတြကို လုံးဝမျဖစ္ရဘူး။ အ႐ြက္က ေျမၾသဇာ အစာခ်က္လုပ္ေပးတယ္။ အ႐ြက္နည္းရင္ အစာခ်က္နည္းၿပီး အပင္မတက္ႏိုင္ဘူးျဖစ္မယ္။ အပင္အရင္က အလက္ေျခာက္ေတြကိုလည္း မဖယ္ျဖစ္ရဘူး။ အပင္ရဲ႕အစိုဓါတ္ကို ထိန္းထားေပးတာ ျဖစ္တယ္။

(၁၆)ေရနဲ႔ေျမၾသဇာကို ပုံမွန္ေပးမယ္ဆိုရင္ ၂ႏွစ္ခြဲ ၃ႏွစ္မွာ စသီးပါမယ္။ အုန္းပင္က အုန္းသီး အုန္းလက္ အုန္ခြံ အုန္းမႈတ္ အုန္းပင္သစ္သားထုတ္ႏိုင္လို႔ အကုန္ေရာင္းလို႔ရတဲ့ သီးႏွံပင္ျဖစ္တယ္။ ထိုင္းႏိုင္ငံက စိုက္ပ်ိဳးေရးပညာရွင္ ဦးထုံးခ်နရဲ႕ စိုက္ပ်ိဳးနည္းျဖစ္ပါတယ္။

Credit- IQwin Farm

Leave a Reply

Your email address will not be published. Required fields are marked *