က်န္းမာ‌‌ေရးအသိ

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ သဘာဝရေနွေးကြမ်းတစ်ခွက် ပြုလုပ်နည်း

(Unicode)

ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတဲ့ သဘာဝရေနွေးကြမ်းတစ်ခွက်ပြုလုပ်နည်း

ကိုယ်ခံစွမ်းအားအတွက် ဂျင်း၊ ကြက်သွန်ဖြူ၊ လက်ဖက်ရည်ကြမ်း ဘယ်လိုနှပ်သလဲ..?

ကိုယ်ခံစွမ်းအား အထူးသဖြင့် အဆုပ်အတွက် ဆေးဘက်ဝင်တဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းတို့ကို ကိုယ်အလေးချိန် လျှော့ချနိုင်သည့် နည်းလမ်းတစ်မျိုး အဖြစ်ဖြင့်လည်း သောက်ကြတယ်။ ဂျင်းနဲ့ ကြက်သွန်ဖြူကို ရေနွေးကြမ်းလို့ ပြောကြတဲ့ လက်ဘက်ရည်ကြမ်းနဲ့ နှပ်လို့ ရတဲ့ ရှေးနည်းဟောင်းတစ်ခုကို တင်ပြလိုပါတယ်။

ဂျင်း၏ ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများ အာယုဗေဒကျမ်းများတွင် အကျယ် ဖော်ပြထားပါတယ်။ ယခု အကျဉ်းမျှ ရေးပါမယ်။ အဓိကအားဖြင့် အစာမကြေခြင်းကို ပြေပျောက်စေတယ်။ကြက်သွန်ဖြူက ရောင်ရမ်းခြင်းနှင့် ဗိုင်းရပ်စ်နှိမ်နင်းခြင်း ဂုဏ်သတ္တိများကြောင့် ကျော်ကြားသည်။ နှစ်ခုစလုံး အလွန်အစွမ်းထက်သော အပင်များဖြစ်တယ်ဆိုရာ အငြင်းပွားဖွယ်ရာ မဟုတ်ပါ။

အဲဒီနှစ်မျိုးကို ဆေးဘက်ဝင်တဲ့ လက်ဖက်ရည်ကြမ်းနဲ့ နှပ်လိုက်လိုက်တဲ့အခါ ရရှိလာတဲ့ ဂျင်းကြက်သွန်ဖြူ လက်ဖက်ရည်အနေဖြင့် ကိုယ်အလေးချိန် လျော့ကျစေခြင်းနှင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံးအရည် ဖြစ်ပါတယ်။ ဆေးဖက်ဝင် အပင်များဖြစ်ကြပြီး အအေးမိပြီးနောက် မကြာခဏ တရှောင်ရှောင်ဖြင့် အအေးမိခြင်း၊ နှာခေါင်းအတွင်း ပိတ်ခြင်း၊ လည်ချောင်းနာခြင်းများကြောင့် ဖြစ်ပေါ်သော အဆင်မပြေမှုများကို သက်သာစေရန် အလွန်ထိရောက်ပါတယ်။ သင် နေ့စဉ်ဆေးဖက်ဝင် အပင်များအရည်ကို သောက်နိုင်တယ်။ သို့သော် ရောဂါလက္ခဏာများ မြဲနေလျှင် ဆရာဝန်နှင့် တိုင်ပင်လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဂျင်း – ကြက်သွန်ဖြူလက်ဖက်ရည်လုပ်နည်း –

၁။ ဂျင်းကို အခွံနွှာ၊ ရေဖြင့် ဆေးကြော၊ အတုံးသေးသေးများ လှီး

၂။ ရေနွေးအိုးထဲ ရေခွက်တစ်ခွက်သာသာ ထည့်ပါ။ ဂျင်းအတုံးငယ်များကို ထည့်ပါ။

၃။ ကြက်သွန်ဖြူကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်ပါ။ ငရုတ်ကောင်းစေ့(အမည်း) လက်ဖက်ရည်ဇွန်းတစ်ဝက် ထည့်ပါ။

၄။ ၅မိနစ်ခန့် ပြုတ်ထားပါ။

၅။ အပူမှ ဖယ်ရှားပြီး ခွက်ထဲ ဇကာစစ်ထည့်။ လက်ဖက်ခြောက် ခတ်ပါ။ အရသာ ပိုကောင်းပြီး ဆေးဘက်ပိုဝင်ချင်ရင် လက်ဖက်ရည်ဇွန်းတစ်ဝက် ပျားရည်စစ်စစ် ထည့်မွှေပါ။ သင့် ကျန်းမာရေးအတွက် ကိုယ်ခံစွမ်းအားကောင်းစေမယ့် ဂျင်း – ကြက်သွန်ဖြူ လက်ဖက်ရည်ကြမ်း ရပါပြီ။

Credit – Original Uploader

(Zawgyi)

ကိုယ္ခံစြမ္းအားကိုျမႇင့္တင္ေပးတဲ့ သဘာဝေရေႏြးၾကမ္းတစ္ခြက္ျပဳလုပ္နည္း

ကိုယ္ခံစြမ္းအားအတြက္ ဂ်င္း၊ ၾကက္သြန္ျဖဴ၊ လက္ဖက္ရည္ၾကမ္း ဘယ္လိုႏွပ္သလဲ..?

ကိုယ္ခံစြမ္းအား အထူးသျဖင့္ အဆုပ္အတြက္ ေဆးဘက္ဝင္တဲ့ ၾကက္သြန္ျဖဴနဲ႔ ဂ်င္းတို႔ကို ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏိုင္သည့္ နည္းလမ္းတစ္မ်ိဳး အျဖစ္ျဖင့္လည္း ေသာက္ၾကတယ္။ ဂ်င္းနဲ႔ ၾကက္သြန္ျဖဴကို ေရေႏြးၾကမ္းလို႔ ေျပာၾကတဲ့ လက္ဘက္ရည္ၾကမ္းနဲ႔ ႏွပ္လို႔ ရတဲ့ ေရွးနည္းေဟာင္းတစ္ခုကို တင္ျပလိုပါတယ္။

ဂ်င္း၏ ေဆးဘက္ဆိုင္ရာဂုဏ္သတၱိမ်ား အာယုေဗဒက်မ္းမ်ားတြင္ အက်ယ္ ေဖာ္ျပထားပါတယ္။ ယခု အက်ဥ္းမွ် ေရးပါမယ္။ အဓိကအားျဖင့္ အစာမေၾကျခင္းကို ေျပေပ်ာက္ေစတယ္။ၾကက္သြန္ျဖဴက ေရာင္ရမ္းျခင္းႏွင့္ ဗိုင္းရပ္စ္ႏွိမ္နင္းျခင္း ဂုဏ္သတၱိမ်ားေၾကာင့္ ေက်ာ္ၾကားသည္။ ႏွစ္ခုစလုံး အလြန္အစြမ္းထက္ေသာ အပင္မ်ားျဖစ္တယ္ဆိုရာ အျငင္းပြားဖြယ္ရာ မဟုတ္ပါ။

အဲဒီႏွစ္မ်ိဳးကို ေဆးဘက္ဝင္တဲ့ လက္ဖက္ရည္ၾကမ္းနဲ႔ ႏွပ္လိုက္လိုက္တဲ့အခါ ရရွိလာတဲ့ ဂ်င္းၾကက္သြန္ျဖဴ လက္ဖက္ရည္အေနျဖင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစျခင္းႏွင့္ ကိုယ္ခံစြမ္းအားကို ျမႇင့္တင္ရန္ အေကာင္းဆုံးအရည္ ျဖစ္ပါတယ္။ ေဆးဖက္ဝင္ အပင္မ်ားျဖစ္ၾကၿပီး အေအးမိၿပီးေနာက္ မၾကာခဏ တေရွာင္ေရွာင္ျဖင့္ အေအးမိျခင္း၊ ႏွာေခါင္းအတြင္း ပိတ္ျခင္း၊ လည္ေခ်ာင္းနာျခင္းမ်ားေၾကာင့္ ျဖစ္ေပၚေသာ အဆင္မေျပမႈမ်ားကို သက္သာေစရန္ အလြန္ထိေရာက္ပါတယ္။ သင္ ေန႔စဥ္ေဆးဖက္ဝင္ အပင္မ်ားအရည္ကို ေသာက္ႏိုင္တယ္။ သို႔ေသာ္ ေရာဂါလကၡဏာမ်ား ၿမဲေနလွ်င္ ဆရာဝန္ႏွင့္ တိုင္ပင္လွ်င္ အေကာင္းဆုံးျဖစ္ပါလိမ့္မယ္။

ဂ်င္း – ၾကက္သြန္ျဖဴလက္ဖက္ရည္လုပ္နည္း –

၁။ ဂ်င္းကို အခြံႏႊာ၊ ေရျဖင့္ ေဆးေၾကာ၊ အတုံးေသးေသးမ်ား လွီး

၂။ ေရေႏြးအိုးထဲ ေရခြက္တစ္ခြက္သာသာ ထည့္ပါ။ ဂ်င္းအတုံးငယ္မ်ားကို ထည့္ပါ။

၃။ ၾကက္သြန္ျဖဴကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ ထည့္ပါ။ င႐ုတ္ေကာင္းေစ့(အမည္း) လက္ဖက္ရည္ဇြန္းတစ္ဝက္ ထည့္ပါ။

၄။ ၅မိနစ္ခန႔္ ျပဳတ္ထားပါ။

၅။ အပူမွ ဖယ္ရွားၿပီး ခြက္ထဲ ဇကာစစ္ထည့္။ လက္ဖက္ေျခာက္ ခတ္ပါ။ အရသာ ပိုေကာင္းၿပီး ေဆးဘက္ပိုဝင္ခ်င္ရင္ လက္ဖက္ရည္ဇြန္းတစ္ဝက္ ပ်ားရည္စစ္စစ္ ထည့္ေမႊပါ။ သင့္ က်န္းမာေရးအတြက္ ကိုယ္ခံစြမ္းအားေကာင္းေစမယ့္ ဂ်င္း – ၾကက္သြန္ျဖဴ လက္ဖက္ရည္ၾကမ္း ရပါၿပီ။

Credit – Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *