ဗဟုတုသ

မြေအိုးမြီးရှည်ကို ဆိုင်မှာအတိုင်း လုပ်စားချင်လျှင်

(Unicode)

မြေအိုးမြီးရှည်ကို ဆိုင်မှာအတိုင်း လုပ်စားချင်လျှင်

ရန်ကုန်မှာ ၂၀၀၀ခုနှစ် ဝန်းကျင်လောက် ဆိုဖီယာဆိုင်ဖွင့်ခါစက မြေအိုးမြီးရှည်ဆိုပြီး ရောင်းတာ မရှိသလောက် ရှားမယ်ထင်ပါတယ်။ ဆိုင်မှာလည်း ရိုးရိုးမြီးရှည်ဘဲ ရောင်းပါတယ်။၂၀၀၅နောက်ပိုင်းမှ တဖြေးဖြေးနာမည်ရလာတဲ့ မြေအိုးမြီးရှည်ကို ခုဆိုနေရာတိုင်း ဆိုင်တိုင်းလိုလိုမှာ ရနိုင်လောက်အောင် လူကြိုက်များတဲ့ အစားအစာတခု ဖြစ်နေပါပြီ။ အရသာနဲ့ ချက်နည်းတွေတော့ အနည်းငယ်ကွဲကြမှာပါ။ ဆိုင်မှာချက်ရောင်းခဲ့တဲ့ နည်းလေးအတိုင်း မျှဝေပေးလိုက်ပါတယ်။ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း-

မြီးရှည် တစ်ပွဲစာ

နှစ်သက်ရာအသီးအနှံ – တစ်ပန်းကန် (မုန်ညင်း၊ ဥနီ၊ ပြောင်းဖူး၊ ရွှေပဲ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်၊ကြက်သား လက်တဆုပ်၊ ငါးဖယ် ၅လုံး၊ ငုံးဥ ၅လုံး၊ ပဲပြား သေးသေးလေးတုံး။

ဟင်းစပ်ပစ္စည်း-

ကြက်သွန်ဖြူ ဆီချက် တစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နှမ်းဆီချက် တစ်ဇွန်း၊ မြေပဲထောင်း တစ်ဇွန်း၊ဟွားကျောင်းဆီချက် လ္ဘက်ဇွန်း တစ်ဇွန်း၊ ငရုပ်သီးဆီချက် လ္ဘက်ဇွန်း တစ်ဇွန်း၊ ပဲငံပြာရည် အကြည် တစ်ဇွန်း၊ ငရုပ်သီး ရှာလကာ စိမ် တစ်ဇွန်း၊ ကြက်သားမှုန့် တစ်ဇွန်း၊ ချဉ်စပ်ပဲငပိအနှစ် နှစ်ဇွန်း၊ ကြက်ပြုတ်ရည် တစ်ပန်းကန်စာ။

ပြင်ဆင်ပြုလုပ်နည်း-

ဟင်းစပ်ပစ္စည်းများနှင့် ကြက်သား၊ ငုံးဥ၊ ငါးဖယ်၊ ပဲပြား၊ သီးနှံ၊ မြီးရှည်ဖတ်အားလုံးကို မြေအိုးတခုတွင် ထည့်ပြီး တည်ထားပေးပါ။ ဟင်းရည်ဆူပွက်လာပြီး အရသာဝင်အောင် တည်ပေးပါ။ ပြီးလျှင် အရသာ အပေါ့ငံ မြည်း၍ သုံးဆောင် နိုင်ပါပြီ။

Credit-Sofia

(Zawgyi)

ေျမအိုးၿမီးရွည္ကို ဆိုင္မွာအတိုင္း လုပ္စားခ်င္လွ်င္

ရန္ကုန္မွာ ၂၀၀၀ခုႏွစ္ ဝန္းက်င္ေလာက္ ဆိုဖီယာဆိုင္ဖြင့္ခါစက ေျမအိုးၿမီးရွည္ဆိုၿပီး ေရာင္းတာ မရွိသေလာက္ ရွားမယ္ထင္ပါတယ္။ ဆိုင္မွာလည္း ႐ိုး႐ိုးၿမီးရွည္ဘဲ ေရာင္းပါတယ္။၂၀၀၅ေနာက္ပိုင္းမွ တေျဖးေျဖးနာမည္ရလာတဲ့ ေျမအိုးၿမီးရွည္ကို ခုဆိုေနရာတိုင္း ဆိုင္တိုင္းလိုလိုမွာ ရႏိုင္ေလာက္ေအာင္ လူႀကိဳက္မ်ားတဲ့ အစားအစာတခု ျဖစ္ေနပါၿပီ။ အရသာနဲ႔ ခ်က္နည္းေတြေတာ့ အနည္းငယ္ကြဲၾကမွာပါ။ ဆိုင္မွာခ်က္ေရာင္းခဲ့တဲ့ နည္းေလးအတိုင္း မွ်ေဝေပးလိုက္ပါတယ္။ ခ်က္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္း-

ၿမီးရွည္ တစ္ပြဲစာ

ႏွစ္သက္ရာအသီးအႏွံ – တစ္ပန္းကန္ (မုန္ညင္း၊ ဥနီ၊ ေျပာင္းဖူး၊ ေ႐ႊပဲ၊ ကန္စြန္း႐ြက္၊ ပဲပင္ေပါက္၊ၾကက္သား လက္တဆုပ္၊ ငါးဖယ္ ၅လုံး၊ ငုံးဥ ၅လုံး၊ ပဲျပား ေသးေသးေလးတုံး။

ဟင္းစပ္ပစၥည္း-

ၾကက္သြန္ျဖဴ ဆီခ်က္ တစ္ဇြန္း (စားပြဲတင္ဇြန္း)၊ ႏွမ္းဆီခ်က္ တစ္ဇြန္း၊ ေျမပဲေထာင္း တစ္ဇြန္း၊ဟြားေက်ာင္းဆီခ်က္ လၻက္ဇြန္း တစ္ဇြန္း၊ င႐ုပ္သီးဆီခ်က္ လၻက္ဇြန္း တစ္ဇြန္း၊ ပဲငံျပာရည္ အၾကည္ တစ္ဇြန္း၊ င႐ုပ္သီး ရွာလကာ စိမ္ တစ္ဇြန္း၊ ၾကက္သားမႈန႔္ တစ္ဇြန္း၊ ခ်ဥ္စပ္ပဲငပိအႏွစ္ ႏွစ္ဇြန္း၊ ၾကက္ျပဳတ္ရည္ တစ္ပန္းကန္စာ။

ျပင္ဆင္ျပဳလုပ္နည္း-

ဟင္းစပ္ပစၥည္းမ်ားႏွင့္ ၾကက္သား၊ ငုံးဥ၊ ငါးဖယ္၊ ပဲျပား၊ သီးႏွံ၊ ၿမီးရွည္ဖတ္အားလုံးကို ေျမအိုးတခုတြင္ ထည့္ၿပီး တည္ထားေပးပါ။ ဟင္းရည္ဆူပြက္လာၿပီး အရသာဝင္ေအာင္ တည္ေပးပါ။ ၿပီးလွ်င္ အရသာ အေပါ့ငံ ျမည္း၍ သုံးေဆာင္ ႏိုင္ပါၿပီ။

Credit-Sofia

Leave a Reply

Your email address will not be published. Required fields are marked *