က်န္းမာ‌‌ေရးအသိ

ခြေထောက်တွေ ဖောနေရတဲ့ အကြောင်းရင်းများ

(Unicode)

ခြေထောက်တွေ ဖောနေရတဲ့ အကြောင်းရင်းများ

ခြေထောက်လေးတွေ ခဏတာဖောနေခြင်းဟာ ငန်တဲ့အစားအစာတွေစားခြင်းနှင့် အကြာကြီး မတ်တတ်ရပ်ခြင်းတို့ရဲ့ အကျိုးဆက်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ထိုအချက်တွေ မပြုလုပ်ထားဘဲ ဖောရောင်နေခြင်းကတော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

(၁)သွေးပြန်ကြော စွမ်းဆောင်ရည် ကျဆင်းခြင်း

ခြေထောက်ရှိ သွေးပြန်ကြောတွေ ကောင်းကောင်း အလုပ်မလုပ်နိုင်ပါက သွေးတွေ ကောင်းစွာ စီးဆင်းနိုင်တော့မှာ မဟုတ်တဲ့အတွက် ခြေထောက်နှင့် ခြေကျင်းဝတ်တွေမှာ စုပုံနေတတ်တာမို့ ခြေထောက်တွေ ဖောရောင်နေစေပါတယ်။

(၂)သွေးခဲခြင်း

သွေးပြန်ကြောများ ပိတ်ဆို့နေခြင်းဟာ သွေးတွေကို ပုံမှန်စီးဆင်းနေကျအတိုင်း ကောင်းစွာမစီးဆင်းစေပဲ စုပုံနေစေတဲ့အတွက်သွေးကြောအတွင်း ဖိအားတွေ ဖြစ်ပေါ်ပြီး သွေးကြောပတ်လည်ရှိ တစ်ရှူးတွေဆီသို့ အရည်တွေ တွန်းပို့သလို ဖြစ်စေပါတယ်။ခြေထောက်အတွင်းဘက်ရှိ သွေးပြန်ကြောတွင် သွေးထဲပိတ်ဆို့ခြင်းကို Deep Vein Thrombosis (DVT) လို့ခေါ်ပါတယ်။ ထို DVTဟာ သွေးခဲတွေ ပြုတ်ထွက်သွားပါက အဆုတ်ဆီသို့ ရောက်ရှိပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

(၃)နှလုံးပြဿနာများ

နှလုံးပြဿနာကြောင့် သွေးများကို ကောင်းစွာမညှစ်နိုင်တဲ့အခါတွင်လည်း ခြေထောက်နှင့် ခြေကျင်းဝတ်တွေဆီမှာ သွေးတွေစုပုံနေတတ်ပါတယ်။ ဒါကြောင့် သင့်ခြေထောက်တွေ ဖောရောင်နေတဲ့အပြင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမဝခြင်း၊ ချောင်းဆိုးနှာချေခြင်း၊ ရင်တုန်ခြင်းနှင့် မောပန်းခြင်းတို့ကိုပါ တွဲဖက်ခံစားနေရပြီဆိုပါက ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

(၄)ကိုယ်ဝန်ရှိခြင်း

သားအိမ်ထဲတွင် သန္ဒေသားလေး ရှိနေခြင်းကြောင့် ဝမ်းဗိုက်ရှိ သွေးပြန်ကြောတွေကို ဖိမိနေတတ်ပါတယ်။ ဒါကြောင့်လည်း သွေးတွေဟာ ခြေထောက်နှင့် ခြေကျင်းဝတ်များတွင် စုပုံနေတတ်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းကြောင့် ကိုယ်ဝန်ဆိပ်တက်သူ အမျိုးသမီးတွေမှာဆိုရင် ခြေထောက်တွေ အလွန်အမင်း ဖောနေတာကို တွေ့ရပါလိမ့်မယ်။

(၅)အသည်းနှင့်ကျောက်ကပ်ပြဿနာများ

နာတာရှည်အသည်းရောဂါရှိသူတွေမှာဆိုရင် အသားဝါခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း၊ လက်ဖဝါးများရဲနေခြင်းနှင့် ခြေထောက်များဖောခြင်းကို ကြုံတွေ့တတ်ပါတယ်။ အလားတူပဲ ကျောက်ကပ်မကောင်းသူတွေမှာဆိုလည်း ခြေထောက်တွေ ဖောရောင်နေတတ်ပါတယ်။

(၆)လူနေမှုပုံစံ

နေ့စဉ်အစားအစာတွင် အငန်ကြိုက်သူများအနေနှင့် ကိုယ်ခန္တာကနေ ရေများကို ပြန်လည်ဆွဲထားသောကြောင့် ခြေထောက်များဖောခြင်းရှိသလို အထိုင်များသူများ၊ အဝလွန်နေသူများတွင်လည်း သွေးလှည့်ပတ်မှု အားနည်းရာကနေ ခြေထောက်များ ဖောရောင်နိုင်ပါသေးတယ်။

Credit-လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com

(Zawgyi)

ေျခေထာက္ေတြ ေဖာေနရတဲ့ အေၾကာင္းရင္းမ်ား

ေျခေထာက္ေလးေတြ ခဏတာေဖာေနျခင္းဟာ ငန္တဲ့အစားအစာေတြစားျခင္းႏွင့္ အၾကာႀကီး မတ္တတ္ရပ္ျခင္းတို႔ရဲ႕ အက်ိဳးဆက္ျဖစ္ႏိုင္ပါတယ္။ သို႔ေသာ္လည္း ထိုအခ်က္ေတြ မျပဳလုပ္ထားဘဲ ေဖာေရာင္ေနျခင္းကေတာ့ ေအာက္ပါအခ်က္ေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

(၁)ေသြးျပန္ေၾကာ စြမ္းေဆာင္ရည္ က်ဆင္းျခင္း

ေျခေထာက္ရွိ ေသြးျပန္ေၾကာေတြ ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ပါက ေသြးေတြ ေကာင္းစြာ စီးဆင္းႏိုင္ေတာ့မွာ မဟုတ္တဲ့အတြက္ ေျခေထာက္ႏွင့္ ေျခက်င္းဝတ္ေတြမွာ စုပုံေနတတ္တာမို႔ ေျခေထာက္ေတြ ေဖာေရာင္ေနေစပါတယ္။

(၂)ေသြးခဲျခင္း

ေသြးျပန္ေၾကာမ်ား ပိတ္ဆို႔ေနျခင္းဟာ ေသြးေတြကို ပုံမွန္စီးဆင္းေနက်အတိုင္း ေကာင္းစြာမစီးဆင္းေစပဲ စုပုံေနေစတဲ့အတြက္ေသြးေၾကာအတြင္း ဖိအားေတြ ျဖစ္ေပၚၿပီး ေသြးေၾကာပတ္လည္ရွိ တစ္ရႉးေတြဆီသို႔ အရည္ေတြ တြန္းပို႔သလို ျဖစ္ေစပါတယ္။ေျခေထာက္အတြင္းဘက္ရွိ ေသြးျပန္ေၾကာတြင္ ေသြးထဲပိတ္ဆို႔ျခင္းကို Deep Vein Thrombosis (DVT) လို႔ေခၚပါတယ္။ ထို DVTဟာ ေသြးခဲေတြ ျပဳတ္ထြက္သြားပါက အဆုတ္ဆီသို႔ ေရာက္ရွိၿပီး အသက္အႏၲရာယ္ကိုပါ ၿခိမ္းေျခာက္ႏိုင္ပါတယ္။

(၃)ႏွလုံးျပႆနာမ်ား

ႏွလုံးျပႆနာေၾကာင့္ ေသြးမ်ားကို ေကာင္းစြာမညႇစ္ႏိုင္တဲ့အခါတြင္လည္း ေျခေထာက္ႏွင့္ ေျခက်င္းဝတ္ေတြဆီမွာ ေသြးေတြစုပုံေနတတ္ပါတယ္။ ဒါေၾကာင့္ သင့္ေျခေထာက္ေတြ ေဖာေရာင္ေနတဲ့အျပင္ ရင္ဘတ္ေအာင့္ျခင္း၊ အသက္ရႉမဝျခင္း၊ ေခ်ာင္းဆိုးႏွာေခ်ျခင္း၊ ရင္တုန္ျခင္းႏွင့္ ေမာပန္းျခင္းတို႔ကိုပါ တြဲဖက္ခံစားေနရၿပီဆိုပါက ဆရာဝန္ႏွင့္ အျမန္ဆုံးျပသပါ။

(၄)ကိုယ္ဝန္ရွိျခင္း

သားအိမ္ထဲတြင္ သေႏၵသားေလး ရွိေနျခင္းေၾကာင့္ ဝမ္းဗိုက္ရွိ ေသြးျပန္ေၾကာေတြကို ဖိမိေနတတ္ပါတယ္။ ဒါေၾကာင့္လည္း ေသြးေတြဟာ ေျခေထာက္ႏွင့္ ေျခက်င္းဝတ္မ်ားတြင္ စုပုံေနတတ္တာ ျဖစ္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္ ေသြးတိုးျခင္းေၾကာင့္ ကိုယ္ဝန္ဆိပ္တက္သူ အမ်ိဳးသမီးေတြမွာဆိုရင္ ေျခေထာက္ေတြ အလြန္အမင္း ေဖာေနတာကို ေတြ႕ရပါလိမ့္မယ္။

(၅)အသည္းႏွင့္ေက်ာက္ကပ္ျပႆနာမ်ား

နာတာရွည္အသည္းေရာဂါရွိသူေတြမွာဆိုရင္ အသားဝါျခင္း၊ ဝမ္းအေရာင္ေဖ်ာ့ျခင္း၊ လက္ဖဝါးမ်ားရဲေနျခင္းႏွင့္ ေျခေထာက္မ်ားေဖာျခင္းကို ႀကဳံေတြ႕တတ္ပါတယ္။ အလားတူပဲ ေက်ာက္ကပ္မေကာင္းသူေတြမွာဆိုလည္း ေျခေထာက္ေတြ ေဖာေရာင္ေနတတ္ပါတယ္။

(၆)လူေနမႈပုံစံ

ေန႔စဥ္အစားအစာတြင္ အငန္ႀကိဳက္သူမ်ားအေနႏွင့္ ကိုယ္ခႏၲာကေန ေရမ်ားကို ျပန္လည္ဆြဲထားေသာေၾကာင့္ ေျခေထာက္မ်ားေဖာျခင္းရွိသလို အထိုင္မ်ားသူမ်ား၊ အဝလြန္ေနသူမ်ားတြင္လည္း ေသြးလွည့္ပတ္မႈ အားနည္းရာကေန ေျခေထာက္မ်ား ေဖာေရာင္ႏိုင္ပါေသးတယ္။

Credit-ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com

Leave a Reply

Your email address will not be published. Required fields are marked *