က်န္းမာ‌‌ေရးအသိ

ကလေးငယ်လေးများ ချောင်းခြောက်ဆိုးခြင်းအတွက်

(Unicode)

ကလေးများနှင့် ကျန်းမာရေး

မွေးစကနေ ခြောက်လအတွင်း ချောင်းခြောက်ဆိုးနေပြီး နေရခက်နေတဲ့ သားသားမီးမီးအတွက် အကောင်းဆုံး ချောင်းဆိုးပျောက်ဆေးကတော့ မိခင်နို့ပါတဲ့။ မိခင်နို့လည်း တိုက်သလို ချစ်စရာ့အရွယ်လေးတွေရဲ့ အသက်အပိုင်းအခြားအလိုက် မိမိဘာသာ အလွယ်တကူဖော်စပ်လို့ရတဲ့ ချောင်းဆိုးပျောက် အစွမ်းထက် အိမ်တွင်းဆေးဝါးလေးတွေ အကြောင်းလည်း သိရလေအောင် ပြည့်ပြည့်စုံစုံလေး တင်ပြပေးလိုက်ပါတယ် မေမေ ဖေဖေတို့ရေ …။

-မိခင်နို့ပာာ မချိုလွန်း မပေါ့လွန်း အနေတော်ဖြစ်တဲ့အပြင် အာပာာရဓာတ်ပေါင်းစုံ ပြည့်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးပျောက်စေမယ့် ပဋိပစ္စည်းတွေ ကိုယ်ခံအားတက်စေမယ့်ဓာတ်တွေကလည်း အလျှံပယ်ပါတဲ့။ ဒီတော့ ချောင်းခြောက်ဆိုးနေလို့ မိခင်နို့တိုက်ကျွေးတာကို မရပ်တန့်လိုက်ပါနဲ့။ နှာခေါင်းထဲကို အစက်ချတဲ့ ဆလိုင်းပုလင်းငယ်လေးတွေကနေ အစက်ချပြီး နှာခေါင်းကို သန့်စင်အောင်၊ ပွင့်အောင် လုပ်လို့ရပါတယ်။ ရင်သွေးလေးအတွက် သင့်တော်ပါ့မလားတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါနော်။

-ကြက်သွန်ဖြူကို အခြောက်ခံ ညက်နေအောင် အမှုန့်ကြိတ်ပြီး မုန်ညင်းဆီ သန့်သန့်လေးနဲ့ ရောလိုက်ပါ။ ဆီကို ရင်သွေးလေးရဲ့ ရင်ဘတ်နဲ့ခြေဖဝါးတွေကို လိမ်းကျံပေးပါ။

-ပင်စမ်းရွက်ခြောက်လေးတွေကို အမှုန့်ကြိတ်ပါ။ အုန်းဆီထဲကို ရောမွှေလိုက်ပါ။ ချောင်းခြောက်ဆိုးနေတဲ့ လသားအရွယ် သားသားမီးမီးရဲ့ ရင်ဘတ်၊ ခြေဖဝါးနဲ့ လည်ပင်းလေးတွေကို အသာအယာ ပွတ်လိမ်းပေးလို့ရပါတယ်။

ခြောက်လကနေ ဆယ်လအတွင်း သားသားမီးမီးလေးတွေအတွက်ကတော့ –

-ဆနွင်းမှုန့်စစ်စစ်ကို ရေနွေးလေး အနည်းငယ်ရောပြီး အနှစ်ပြုလုပ်ပါ။ သူလေးရဲ့ ခြေဖဝါးနဲ့ နဖူးတွေကို ပါးပါးလေး လိမ်းကျံပေးပါ။

-မုန်လာဥနီဖျော်ရည်က ထူးခြားတဲ့ကိုယ်ခံအားပြည့်ဓာတ်တွေ ပြည့်ဝစွာ ပါဝင်တာကြောင့် လတ်လတ်ဆတ်ဆတ် ဖျော်စပ်ပြီးတာနဲ့ နေ့စဉ် အနည်းငယ်စီတိုက်ပေးရင် ချောင်းခြောက်ကို ပျောက်ကင်းစေပါတယ်။

-မြန်မာတွေအိမ်မှာ အမြဲရှိတတ်တဲ့ မုန်ညှင်းဆီကတော့ အရိုးရှင်းဆုံး အထိရောက်ဆုံးပါတဲ့။ ချောင်းခြောက်ဆိုးပြီး မသက်မသာဖြစ်နေတဲ့ ရင်သွေးလေးကို မုန်ညှင်းဆီနွေးလေးနဲ့ နှိပ်နယ်ပေးလိုက်ပါဦး။

-ဆယ်လကနေ တစ်နှစ်အောက် အရွယ်လေးတွေအတွက်

-ကွမ်းရွက်၊ ကြက်သွန်နီခြောက် ပင်စိမ်းရွက်ခြောက်လေးတွေကို ရောစပ်ပြီး မှုန့်ညက်နေအောင် ကြိတ်လိုက်ပါ။ အမှုန့်ကို အုန်းဆီစစ်စစ်နဲ့ ရောနှောပြီး ရင်ဘတ်နဲ့ ခြေဖဝါးလေးတွေကို လိမ်းကျံပေးပါ။

-ပရုတ်ဆီကလည်း ကောင်းမွန်တဲ့ဆေးတစ်လက်ပါတဲ့။ ပရုတ်ဆီလေးနည်းနည်းနဲ့ အုန်းဆီလေးကို ရောစပ်ပြီး သူလေးရဲ့ရင်ဘတ်လေးကို အသာအယာ သပ်ချပေးလိုက်ပါနော်။

-ရေများများတိုက်ပါ။ ရေမပူမအေး နွေးနွေးလေး မကြာခဏ တိုက်ကျွေးပါ။ ချွဲကြေရင်ချောင်စေပါတယ်နော်။

ချောင်းခြောက်ဆိုးပျောက်ဖို့အတွက် အခြေခံအကျဆုံး လိုက်နာသင့်တဲ့အချက်တွေကတော့ ဒီမှာပါ။

အမွှေးအမျှင်တွေ ထွက်တဲ့ မွေးပွအင်္ကျီတွေ၊ တဘက်တွေမသုံးဘဲ ချည်ထည်ကောင်းကောင်း ဝတ်ဆင်ပေးပါ။ အနံ့ပြင်းတဲ့ ပေါင်ဒါတွေ ရေချိုးဆီတွေ မသုံးပါနဲ့။ အိပ်ရာကို သက်သောင့်သက်သာဖြစ်ပါစေ။ ပါးပါးလျားလျား စောင်လေးတွေ သုံးပါ။ ကိုယ်ခံအားတက်အောင် များများအိပ်ပါစေ။ မိခင်နို့ ဆက်တိုက်ကျွေးပါ။ ချောင်းခြောက်ဆိုးတာ မသက်သာရင် ရက်ရှည်လာရင် ဆရာဝန်နဲ့ပြသဆွေးနွေးဖို့ စီစဉ်ရပါမယ် မေမေတို့ရေ။

Credit-ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Zawgyi)

ကေလးမ်ားႏွင့္က်န္းမာေရး

ေမြးစကေန ေျခာက္လအတြင္း ေခ်ာင္းေျခာက္ဆိုးေနၿပီး ေနရခက္ေနတဲ့ သားသားမီးမီးအတြက္ အေကာင္းဆုံး ေခ်ာင္းဆိုးေပ်ာက္ေဆးကေတာ့ မိခင္ႏို႔ပါတဲ့။ မိခင္ႏို႔လည္း တိုက္သလို ခ်စ္စရာ့အ႐ြယ္ေလးေတြရဲ႕ အသက္အပိုင္းအျခားအလိုက္ မိမိဘာသာ အလြယ္တကူေဖာ္စပ္လို႔ရတဲ့ ေခ်ာင္းဆိုးေပ်ာက္ အစြမ္းထက္ အိမ္တြင္းေဆးဝါးေလးေတြ အေၾကာင္းလည္း သိရေလေအာင္ ျပည့္ျပည့္စုံစုံေလး တင္ျပေပးလိုက္ပါတယ္ ေမေမ ေဖေဖတို႔ေရ …။

-မိခင္ႏို႔ပာာ မခ်ိဳလြန္း မေပါ့လြန္း အေနေတာ္ျဖစ္တဲ့အျပင္ အာပာာရဓာတ္ေပါင္းစုံ ျပည့္ဝစြာ ပါဝင္ပါတယ္။ ဒါ့အျပင္ ေခ်ာင္းဆိုးေပ်ာက္ေစမယ့္ ပဋိပစၥည္းေတြ ကိုယ္ခံအားတက္ေစမယ့္ဓာတ္ေတြကလည္း အလွ်ံပယ္ပါတဲ့။ ဒီေတာ့ ေခ်ာင္းေျခာက္ဆိုးေနလို႔ မိခင္ႏို႔တိုက္ေကြၽးတာကို မရပ္တန႔္လိုက္ပါနဲ႔။ ႏွာေခါင္းထဲကို အစက္ခ်တဲ့ ဆလိုင္းပုလင္းငယ္ေလးေတြကေန အစက္ခ်ၿပီး ႏွာေခါင္းကို သန႔္စင္ေအာင္၊ ပြင့္ေအာင္ လုပ္လို႔ရပါတယ္။ ရင္ေသြးေလးအတြက္ သင့္ေတာ္ပါ့မလားေတာ့ ဆရာဝန္နဲ႔ အရင္တိုင္ပင္ပါေနာ္။

-ၾကက္သြန္ျဖဴကို အေျခာက္ခံ ညက္ေနေအာင္ အမႈန႔္ႀကိတ္ၿပီး မုန္ညင္းဆီ သန႔္သန႔္ေလးနဲ႔ ေရာလိုက္ပါ။ ဆီကို ရင္ေသြးေလးရဲ႕ ရင္ဘတ္နဲ႔ေျခဖဝါးေတြကို လိမ္းက်ံေပးပါ။

-ပင္စမ္း႐ြက္ေျခာက္ေလးေတြကို အမႈန႔္ႀကိတ္ပါ။ အုန္းဆီထဲကို ေရာေမႊလိုက္ပါ။ ေခ်ာင္းေျခာက္ဆိုးေနတဲ့ လသားအ႐ြယ္ သားသားမီးမီးရဲ႕ ရင္ဘတ္၊ ေျခဖဝါးနဲ႔ လည္ပင္းေလးေတြကို အသာအယာ ပြတ္လိမ္းေပးလို႔ရပါတယ္။

ေျခာက္လကေန ဆယ္လအတြင္း သားသားမီးမီးေလးေတြအတြက္ကေတာ့ –

-ဆႏြင္းမႈန႔္စစ္စစ္ကို ေရေႏြးေလး အနည္းငယ္ေရာၿပီး အႏွစ္ျပဳလုပ္ပါ။ သူေလးရဲ႕ ေျခဖဝါးနဲ႔ နဖူးေတြကို ပါးပါးေလး လိမ္းက်ံေပးပါ။

-မုန္လာဥနီေဖ်ာ္ရည္က ထူးျခားတဲ့ကိုယ္ခံအားျပည့္ဓာတ္ေတြ ျပည့္ဝစြာ ပါဝင္တာေၾကာင့္ လတ္လတ္ဆတ္ဆတ္ ေဖ်ာ္စပ္ၿပီးတာနဲ႔ ေန႔စဥ္ အနည္းငယ္စီတိုက္ေပးရင္ ေခ်ာင္းေျခာက္ကို ေပ်ာက္ကင္းေစပါတယ္။

-ျမန္မာေတြအိမ္မွာ အၿမဲရွိတတ္တဲ့ မုန္ညႇင္းဆီကေတာ့ အ႐ိုးရွင္းဆုံး အထိေရာက္ဆုံးပါတဲ့။ ေခ်ာင္းေျခာက္ဆိုးၿပီး မသက္မသာျဖစ္ေနတဲ့ ရင္ေသြးေလးကို မုန္ညႇင္းဆီေႏြးေလးနဲ႔ ႏွိပ္နယ္ေပးလိုက္ပါဦး။

-ဆယ္လကေန တစ္ႏွစ္ေအာက္ အ႐ြယ္ေလးေတြအတြက္

-ကြမ္း႐ြက္၊ ၾကက္သြန္နီေျခာက္ ပင္စိမ္း႐ြက္ေျခာက္ေလးေတြကို ေရာစပ္ၿပီး မႈန႔္ညက္ေနေအာင္ ႀကိတ္လိုက္ပါ။ အမႈန႔္ကို အုန္းဆီစစ္စစ္နဲ႔ ေရာေႏွာၿပီး ရင္ဘတ္နဲ႔ ေျခဖဝါးေလးေတြကို လိမ္းက်ံေပးပါ။

-ပ႐ုတ္ဆီကလည္း ေကာင္းမြန္တဲ့ေဆးတစ္လက္ပါတဲ့။ ပ႐ုတ္ဆီေလးနည္းနည္းနဲ႔ အုန္းဆီေလးကို ေရာစပ္ၿပီး သူေလးရဲ႕ရင္ဘတ္ေလးကို အသာအယာ သပ္ခ်ေပးလိုက္ပါေနာ္။

-ေရမ်ားမ်ားတိုက္ပါ။ ေရမပူမေအး ေႏြးေႏြးေလး မၾကာခဏ တိုက္ေကြၽးပါ။ ခြၽဲေၾကရင္ေခ်ာင္ေစပါတယ္ေနာ္။

ေခ်ာင္းေျခာက္ဆိုးေပ်ာက္ဖို႔အတြက္ အေျခခံအက်ဆုံး လိုက္နာသင့္တဲ့အခ်က္ေတြကေတာ့ ဒီမွာပါ။

အေမႊးအမွ်င္ေတြ ထြက္တဲ့ ေမြးပြအက်ႌေတြ၊ တဘက္ေတြမသုံးဘဲ ခ်ည္ထည္ေကာင္းေကာင္း ဝတ္ဆင္ေပးပါ။ အနံ႔ျပင္းတဲ့ ေပါင္ဒါေတြ ေရခ်ိဳးဆီေတြ မသုံးပါနဲ႔။ အိပ္ရာကို သက္ေသာင့္သက္သာျဖစ္ပါေစ။ ပါးပါးလ်ားလ်ား ေစာင္ေလးေတြ သုံးပါ။ ကိုယ္ခံအားတက္ေအာင္ မ်ားမ်ားအိပ္ပါေစ။ မိခင္ႏို႔ ဆက္တိုက္ေကြၽးပါ။ ေခ်ာင္းေျခာက္ဆိုးတာ မသက္သာရင္ ရက္ရွည္လာရင္ ဆရာဝန္နဲ႔ျပသေဆြးေႏြးဖို႔ စီစဥ္ရပါမယ္ ေမေမတို႔ေရ။

Credit-ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)

Leave a Reply

Your email address will not be published. Required fields are marked *