က်န္းမာ‌‌ေရးအသိ

ခံတွင်းပျက်သူများ ခံတွင်းလိုက်စေပြီး သွားကျဉ်၊ သွားကိုက်၊ ပန်းနာ ဝေဒနာများအတွက် အစွမ်းထက် ခရမ်းကစော့ပင်

(Unicode)

ခံတွင်းပျက်သူများ ခံတွင်းလိုက်စေပြီး သွားကျဉ်၊ သွားကိုက်၊ ပန်းနာ ဝေဒနာများအတွက် အစွမ်းထက် ခရမ်းကစော့ပင်

အပင်အမြင့်မှာ တစ်တောင်မှ သုံးတောင်ခန့် မြင့်၏။ ခရမ်းသီးပင် နှင့်တူ၏။ အကိုင်း အခက်များတွင် မာသော ဆူးများရှိ၏။ အရွက်မှာ တစ်လက်မမှ ခြောက်လက်မအထိ ရှည်၍ တစ်လက်မမှ လေးလက်မ အထိကျယ်၏။ အသီးတွင် အဖြူစက်ကလေးများရှိ၍ အသီးမှာ ဆီးဖြူသီး အငယ်စား ခန့်ရှိ၏။ အရသာမှာ စပ်၊ ခါး၊ ပူဖြစ်၏။

ပိုးရောဂါ၊ သလိပ်နှင့် လေဒေါသကို နိုင်၏။ ယားနာ၊ နူနာတို့ကို ပျောက်ကင်းစေတတ်၏။ အပင်မှာ နှလုံးကို ကျေးဇူးပြု၏။ အများအားဖြင့် အသီးလုံးများကို ထမင်းဝိုင်းတွင် အတို့အမြှုပ် အဖြစ် စားသုံးကြသလို ချက်၍လည်းစားကြ၏။ သလိပ်ရောဂါ၊ လေရောဂါ၊ ပျို့အန်ခြင်း၊ ယားနာ၊ ပန်းနာ၊ ထိုးအောင့်သော ရောဂါတို့ကို ပျောက်ကင်း စေတတ်သည်။ ခံတွင်းပျက်သူများ ခံတွင်းလိုက်စေ၍ အစာလည်း ဆေး၊ ဆေးလည်းအစာ ဟူသော စကားပုံအတိုင်း ခရမ်းကစော့သီးကို စားသုံးခြင်းဖြင့် ဖော်ပြပါ ဝေဒနာများ ပျောက်ကင်းစေသည်။

သွားနာ၊ သွားကိုက်၊ သွားကျဉ်ခြင်း များအတွက် ခရမ်းကစော့ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ ၎င်းအမြစ်မှုန့်ကို မှိုင်းတိုက်၍ အခိုးကို ရှူပေးပါက သွားနှင့် ပတ်သက်သော ရောဂါများကို ပျောက်ကင်း စေသည်။ ။

Credit-Original Uploader

(Zawgyi)

ခံတြင္းပ်က္သူမ်ား ခံတြင္းလိုက္ေစၿပီး သြားက်ဥ္၊ သြားကိုက္၊ ပန္းနာ ေ၀ဒနာမ်ားအတြက္ အစြမ္းထက္ ခရမ္းကေစာ့ပင္

အပင္အျမင့္မွာ တစ္ေတာင္မွ သုံးေတာင္ခန႔္ ျမင့္၏။ ခရမ္းသီးပင္ ႏွင့္တူ၏။ အကိုင္း အခက္မ်ားတြင္ မာေသာ ဆူးမ်ားရွိ၏။ အ႐ြက္မွာ တစ္လက္မမွ ေျခာက္လက္မအထိ ရွည္၍ တစ္လက္မမွ ေလးလက္မ အထိက်ယ္၏။ အသီးတြင္ အျဖဴစက္ကေလးမ်ားရွိ၍ အသီးမွာ ဆီးျဖဴသီး အငယ္စား ခန႔္ရွိ၏။ အရသာမွာ စပ္၊ ခါး၊ ပူျဖစ္၏။

ပိုးေရာဂါ၊ သလိပ္ႏွင့္ ေလေဒါသကို ႏိုင္၏။ ယားနာ၊ ႏူနာတို႔ကို ေပ်ာက္ကင္းေစတတ္၏။ အပင္မွာ ႏွလုံးကို ေက်းဇူးျပဳ၏။ အမ်ားအားျဖင့္ အသီးလုံးမ်ားကို ထမင္းဝိုင္းတြင္ အတို႔အျမႇဳပ္ အျဖစ္ စားသုံးၾကသလို ခ်က္၍လည္းစားၾက၏။ သလိပ္ေရာဂါ၊ ေလေရာဂါ၊ ပ်ိဳ႕အန္ျခင္း၊ ယားနာ၊ ပန္းနာ၊ ထိုးေအာင့္ေသာ ေရာဂါတို႔ကို ေပ်ာက္ကင္း ေစတတ္သည္။ ခံတြင္းပ်က္သူမ်ား ခံတြင္းလိုက္ေစ၍ အစာလည္း ေဆး၊ ေဆးလည္းအစာ ဟူေသာ စကားပုံအတိုင္း ခရမ္းကေစာ့သီးကို စားသုံးျခင္းျဖင့္ ေဖာ္ျပပါ ေဝဒနာမ်ား ေပ်ာက္ကင္းေစသည္။

သြားနာ၊ သြားကိုက္၊ သြားက်ဥ္ျခင္း မ်ားအတြက္ ခရမ္းကေစာ့ အျမစ္ကို ေသြး၍ သိပ္ေပးျခင္း၊ ၎အျမစ္မႈန႔္ကို မႈိင္းတိုက္၍ အခိုးကို ရႉေပးပါက သြားႏွင့္ ပတ္သက္ေသာ ေရာဂါမ်ားကို ေပ်ာက္ကင္း ေစသည္။ ။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *