က်န္းမာ‌‌ေရးအသိ

သည်းခြေကျောက်ရှိနေတယ်ဆိုရင် ကင်မလင်းရွက်ကိုသာသုံးပါ

(Unicode)

သည်းခြေကျောက်ရှိနေတယ်ဆိုရင် ကင်မလင်းရွက်ကိုသာသုံးပါ

ကင်မလင်းရွက်သည် သည်းခြေမှကျောက်ကို သန့်စင်ပေးနိုင်စွမ်းရှိသည့် ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်သည်။ ကျောက်ကပ်ကျောက်တည်းခြင်း နှင့် ဆီးအိမ်ကျောက်တည်ခြင်းတို့အတွက် သံမနိုင်ကျောက်မနိုင်အရွက်ကို စားသုံးခြင်းဖြင့် ကျောက်များကို ချေပစ်နိုင်သလို ကင်မလင်းရွက်ကို စားသုံးခြင်းဖြင့်လည်း သည်းခြေမှကျောက်ကို ဖယ်ရှားပေးနိုင်ပါသည်။

ကင်မလင်းပင်–

ကင်မလင်းရွက်သည် သပြေရွက်နှင့်တူ၍ အရောင်မှာ စိမ်းဝါရောနေသည်။ အစိမ်းရောင် ခပ်ဖျော့ဖျော့နှင့် အဝါရောင်သန်းနေသည်။ အရွက်၏အသားသည် နူးညံ့နေ၍ အရွက်ရင့်များသာလျှင် အနည်းငယ် ကြမ်းသည်။ မင်းကင်း၊ ရေဦး၊ ဒီပဲယင်း၊ ချင်းပြည်နယ်နှင့် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိကြသည်။

အသုံးပြုပုံ – ကင်မလင်းရွက် ခပ်သန့်သန့်ကို ချဉ်ရည်ချက်သောက်ခြင်း၊ ပြုတ်၍ သုပ်စားခြင်း၊ ရေနွေးဖျော၍ တို့စားခြင်း၊ အသား၊ ငါးတို့နှင့်အတူ ချက်စားခြင်း၊ အရွက်နုများကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ခတ်၍ သောက်သုံးခြင်းများ ပြုလုပ်နိုင်သည်။ သည်းခြေတွင် ကျောက်တည်နေသူများ အပြင် ရောဂါမရှိသူများလည်း ဟင်းအဖြစ် ချက်ပြုတ်စားသုံးပေးပါက သည်းခြေကျောက်သည်ခြင်းမှ ကင်းဝေးစေသည်။ လူသား တိုင်း ရောဂါကင်းဝေး၍ သက်ရှည်ကျန်းမာကြပါစေ။

Credit – စောနွဲ့နေဆိုင် (ပူတာအို)

(Zawgyi)

သည္းေျခေက်ာက္ရွိေနတယ္ဆိုရင္ ကင္မလင္း႐ြက္ကိုသာသုံးပါ

ကင္မလင္း႐ြက္သည္ သည္းေျခမွေက်ာက္ကို သန႔္စင္ေပးႏိုင္စြမ္းရွိသည့္ ေဆးဖက္ဝင္ အပင္တစ္မ်ိဳးျဖစ္သည္။ ေက်ာက္ကပ္ေက်ာက္တည္းျခင္း ႏွင့္ ဆီးအိမ္ေက်ာက္တည္ျခင္းတို႔အတြက္ သံမႏိုင္ေက်ာက္မႏိုင္အ႐ြက္ကို စားသုံးျခင္းျဖင့္ ေက်ာက္မ်ားကို ေခ်ပစ္ႏိုင္သလို ကင္မလင္း႐ြက္ကို စားသုံးျခင္းျဖင့္လည္း သည္းေျခမွေက်ာက္ကို ဖယ္ရွားေပးႏိုင္ပါသည္။

ကင္မလင္းပင္–

ကင္မလင္း႐ြက္သည္ သေျပ႐ြက္ႏွင့္တူ၍ အေရာင္မွာ စိမ္းဝါေရာေနသည္။ အစိမ္းေရာင္ ခပ္ေဖ်ာ့ေဖ်ာ့ႏွင့္ အဝါေရာင္သန္းေနသည္။ အ႐ြက္၏အသားသည္ ႏူးညံ့ေန၍ အ႐ြက္ရင့္မ်ားသာလွ်င္ အနည္းငယ္ ၾကမ္းသည္။ မင္းကင္း၊ ေရဦး၊ ဒီပဲယင္း၊ ခ်င္းျပည္နယ္ႏွင့္ ျမန္မာျပည္အႏွံ႔အျပားတြင္ ေပါက္ေရာက္ေလ့ရွိၾကသည္။

အသုံးျပဳပုံ – ကင္မလင္း႐ြက္ ခပ္သန႔္သန႔္ကို ခ်ဥ္ရည္ခ်က္ေသာက္ျခင္း၊ ျပဳတ္၍ သုပ္စားျခင္း၊ ေရေႏြးေဖ်ာ၍ တို႔စားျခင္း၊ အသား၊ ငါးတို႔ႏွင့္အတူ ခ်က္စားျခင္း၊ အ႐ြက္ႏုမ်ားကို အေျခာက္လွန္း၍ လက္ဖက္ေျခာက္ကဲ့သို႔ ခတ္၍ ေသာက္သုံးျခင္းမ်ား ျပဳလုပ္ႏိုင္သည္။ သည္းေျခတြင္ ေက်ာက္တည္ေနသူမ်ား အျပင္ ေရာဂါမရွိသူမ်ားလည္း ဟင္းအျဖစ္ ခ်က္ျပဳတ္စားသုံးေပးပါက သည္းေျခေက်ာက္သည္ျခင္းမွ ကင္းေဝးေစသည္။ လူသား တိုင္း ေရာဂါကင္းေဝး၍ သက္ရွည္က်န္းမာၾကပါေစ။

Credit – ေစာႏြဲ႕ေနဆိုင္ (ပူတာအို)

Leave a Reply

Your email address will not be published. Required fields are marked *