က်န္းမာ‌‌ေရးအသိ

မှိုနတိုပင်၏ အစွမ်းထက် ဆေးဘက်ဝင်အသုံးများ

(Unicode)

မှိုနတိုပင်သည် ရေစပ်စပ်ရှိသောနေရာများတွင် ပေါက်ရောက်ပြီး အရွက်ပုံစံ ထူးခြားသော အပင်လေးများအဖြစ် တွေ့မြင်နိုင်ပါ တယ်၊၊ သေးငယ်သော အရွက်လေးများသည် ရွက်လွာနှစ်ခု ကပ်လျက် မျက်နှာချင်းဆိုင် ထွက်နေတာ တွေ့ရတယ်၊၊ ပျော့ပြီးသေးငယ်သော ရိုးတံလေးများပေါ်တွင် အမြစ်မွားလေးများ ရှိပါတယ်၊၊ ရေတွင်တွားကာပေါက်သော အပင်မျိုး ဖြစ်ပြီး ပုံစံထင်ရှားပြီး လူတိုင်းသိနိူင်သော အပင်လေးများ ဖြစ်ပါတယ်။ မှိုနားတိုပင်ကို အချိုမျိုး နှင့် အချဉ်မျိုး ဆိုပြီး ၂ မျိုးခွဲခြားထားပေမယ့် အပင်ပုံစံမှာ အတူတူပင် ဖြစ်ကြောင်း တွေ့ရပါတယ်

မှိုနားတို အချိုပင်အား ဆေးဝါး အဖြစ်အသုံးပြုပုံများမှာ-

(၁) ချာချာလည်အောင် မူးဝေခြင်း

မှိုနားတို အချိုပင် အရွက်ကို ပြုတ်ကာ အကြမ်းပန်းကန်တလုံးစာတွင် သကြားကိုလက်ဖက်ရည်ဇွန်း တဇွန်းထည့်ပြီးသောက်ပါက လေကို အကြောင်းပြု၍ မူးဝေခြင်း ရောဂါကို ပျောက်ကင်းစေပါတယ်၊၊

(၂) သွေးပုပ်ကျန် ရောဂါ

မှိုနာတို အပင်ကလေးများ ၁၀ ကျပ်သားခန့်ကို ရှောက်ရည် အကြမ်းပန်းကန် တလုံးစာခန့်နှင့် စိမ်ထားပါ။ (၁)ရက် (၂)ရက် ထားပြီးမှ ဆယ်ယူကာ ကြက်သွန်ဖြူ၊ နှမ်းဆီချက်နှင့် လက်သုပ်သုပ် စားပါက အမျိုးသမီး များ ဓမ္မတာ သွေးပုပ်ကျန် ရောဂါကို သက်သာပျောက်ကင်းစေကြောင်း တွေ့ရပါတယ်၊၊

(၃) ကလေးများ လေဆန်နာ

မှိုနားတို အချိုပင်အရွက်ကို ပြုတ်ပြီး လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာတွင် ဆား ၂ပွင့်ခန့်ခပ်ပြီး တိုက်ကျွေးနိုင်ပါတယ် ။

(၄) ကလေးများ ရင်ပြည့်ရင်ကယ်ခြင်း

မှိုနားတိုပင် အချိုရွက်ကို ကွမ်းရွက်၊ နနွင်းမှုန့်တို့ဆတူရောကြိုတ်ကာ မိခင်နို့ရည်နှင့် ဆတူ ရော ပြီး လက်ဖက်ရည်ဇွန်ူး နှင့် (၁) ဇွန်း တိုက်ပေးနိုင်ပါတယ်။

မှိုနားတို အချဉ်ပင်ရဲ့ အာနိသင်နဲ့ အသုံးပြုပုံ

အချိုပင်ကဲ့သို့ ပုံစံတူပြီး အရသာမှာ ချဉ်သေ အရသာရှိသည်။ ဆေးဝါးအဖြစ် အသုံးများကြပြီး အဟာရအဖြစ် စားသုံးမှု နည်းပါးကြပါတယ်၊၊ အချဉ်ပင်သည် တိုင်းရင်ဆေးပညာ သဘောအရ ချဉ်သောအရသာရှိ ကာ အေးသည်၊ အပူကို ငြိမ်းစေသည်။ ဝမ်းမီးတောက်စေသည်၊ နှုတ် ခံတွင်း ကိုမြိန်စေသည်။ နှလုံးကို အားပေးသည်။ သွေးကို ချုပ်စေသည်။ အရွတ်ကို ညစ်သော အရည်(သတ္တူရည်)သည် အကြောများကို တွန့်ရှုံ့စေသည်၊။ ချဉ်ပြီး အေးသော သတ္တိရှိကာ စအိုကျခြင်း၊ ပဒိုင်းသီးစားမိကာ မူးဝေခြင်း၊ ရောင်ရမ်းခြင်း၊ အစာမကြေခြင်း၊ သွားဖုံးရောင်ခြင်း၊ ရင်ပတ်နာခြင်းတို့ကို ပျောက်ကင်းစေသည်။ အထူးသဖြင့် မျက်စိရောဂါကို ပိုမို အကျိုးပြုကြောင်း တွေ့ရပါတယ် ။

ရောဂါဝေဒနာ အလိုက်မှိုနားတို ချဉ်ကို အသုံးပြုပုံများ-

(၁) စအိုကျ- စအိုလျှော၊ စအိုထွက် ခြင်း

မှိုနားတို အချဉ်ရွက်ကို ထောင်းပြီး ညစ်သော အရည်ကို ထောပတ်နှင့် ချက်ပါ။ စအိုတွင်းမှ ထွက်ကျနေသော အူကို လိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်ပါတယ်၊၊

(၂) ပဒိုင်းသီးစားမိပြီး မူးဝေနေသော လူနာကို ပဒိုင်း အဆိပ်ပြေစေရန် ပေးခြင်း

မှိုနားတို အချဉ်ရွက်ကို ထောင်းပြီး ညစ်သောအရည်ကို တိုက်ပေးပါက ပဒိုင်း အဆိပ်ပြေစေပြီး မူးဝေနေမှု သက်သာပျောက်ကင်းစေပါတယ်။

(၃) ရောင်ရမ်းခြင်း

ထိခိုက်ဒဏ်ရာရကာ ရောင်ရမ်းခြင်း၊ အနာများ ငန်းမန်းလိုက်ကာ ရောင်ရမ်းခြင်းကို မှိုနားတို အချဉ်ရွက်ကို ကြိတ်ပြီး ရောင်သောနေရာကို အုံပေးလျင် အရောင်ကျပြီး သက်သာပျောက်ကင်းစေပါတယ်၊၊

(၄) အစာမကြေရောဂါနှင့် ဝမ်းကိုက်ရောဂါ

မှိုနားတို အချဉ်သည် ဝမ်းမီးကို တောက်စေသောကြောင့် ဝမ်းမီးနုံပြီး ဖြစ်တတ်သော အစာမကြေခြင်းနဲ့ ဝမ်းကိုက် ဝမ်းပျက်ခြင်း ရောဂါတွင် အရွက်ကို ကြက်သွန်ဖြူ၊ နှမ်းဆီနှင့် သုပ်စားပါက သက်သာပျောက်ကင်းစေသည်၊၊

(၅) မျက်စေ့ နာရောဂါ

မျက်စေ့နာပါက မှိုနားတိုအချဉ်အရွက်ကို ကြိတ်ပြီး ညစ်ရသော အရည်(သတ္တုရည်) ကို မျက်စဉ်းခပ်ပေးနိုင်ကြောင်း တွေ့ရတယ်၊၊ မျက်ကွင်းဆေး အနေနဲ့ဖော်စပ်အသုံးပြုလိုသူတို့အတွက် ဆေးနည်း လက်ဆောင်ပေးလိုက်ပါတယ်၊၊ (၁) ငါးကြင်းသည်းခြေ ။ (၂) ငရံ့သည်းခြေ (၃) မှိုနာတိုချဉ် (၄)နနွင်းစိမ်း အားလုံး ကို အလေးချိန် ဆတူ ရောစပ်ပြီး ကျောက်ချဉ်သွေးရည်နဲ့ကြိတ်ကာ အတောင့်ပြုလုပ် ထားပါ။ ဆေးတောင့်ကို သွေးကာ မျက်စေ့ ဘေးပတ်လည်ကို ကွင်းပေးနိုင်ပါတယ်၊။ မျက်စေ့နာ မျက်စေ့ရောင်ခြင်း ကိုက်ခြင်း အောင့်ခြင်းကို သက်သာပျောက်ကင်းစေသော ဆေးနည်း တခုပါ၊၊ ထိုဆေးတောင့်ကိုပင် အမှုန့်ပြုကာ မီးခဲတွင်ဖြူးပြီး အငွေ့ကို ရှုပေးပါက မျက်စေ့၊ မျက်ရိုး၊ နားထင်၊ ခေါင်းများ ကိုက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

(၆) သွားဖုံးရောင် ရောဂါ

မှိုနားတို အချဉ်အရွက်ကို ထောင်းပြီး အရည်ညစ်ကာ ငုံဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ အချိုနှင့်အချဉ် အရွက်များကို နေရိပ်တွင် လှမ်းကာ အမှုန့် ပြုပြီး ရောစပ်ကာ သွားဖုံးရောင်သောနေရာကို သိပ်ပေးပါကလဲ သက်သာပျောက်ကင်းစေနိုင်ပါတယ်၊၊

(၇) မန်းဆေးများတွင် ထည့်သွင်းအသုံးပြုခြင်း

မှိုနားတိုချဉ်သည် အနာငန်းမန်းကို နိုင်သဖြင့် မန်းဆေးများတွင် ထည့်သွင်း ဖော်စပ်ကြပါတယ်၊၊

(၈) အဆုတ်လေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း

အဆုတ်လေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း ရောဂါတွင်လည်း အသုံးပြုကြပါတယ်၊၊

(၉) ဆီးချို သွေးချို ရောဂါတွင် အသုံးပြုခြင်း

ဆီးချိုသွေးချို ရောဂါသည် တိုင်းရင်းဆေးပညာသဘောအရ ဝမ်းမီးပျက်ခြင်းမှ စတင်ကြောင်းတွေ့ရပါတယ်၊၊ မှိုနတိုချဉ်ရဲ့ ဝမ်းမီးတောက် အစာကြေခြင်း သတ္တိကြောင့် ဆီးချိုသွေးချို ဝေဒနာရှင်များကို ဓါတ်စာအဖြစ် ပေးနိုင်ပါတယ်။

အပင်ရဲ့ပုံစံ ထူးခြားသလို အစာအဟာရ အနေနဲ့သာမက ဆေးဝါးအဖြစ်ပါ သုံးစွဲနိုင်သော မှိုနားတိုပင်ရဲ့ အကြောင်းကို လက်လှမ်းမှီသမျှ စုဆောင်း ရေးသားပါတယ်။ နောက်ထပ်မံ သိရှိပါကလဲ ဖြည့်စွတ် တင်ပြပေးသွားမှာ ဖြစ်ပါတယ်၊၊

Credit-ဝင်းသူရညွန့်

(Zawgyi)

မႈိနတိုပင္ သည္ ေရစပ္စပ္ရွိေသာေနရာမ်ားတြင္ ေပါက္ေရာက္ၿပီး အ႐ြက္ပုံစံ ထူးျခားေသာ အပင္ေလးမ်ားအျဖစ္ ေတြ႕ျမင္ႏိုင္ပါ တယ္၊၊ ေသးငယ္ေသာ အ႐ြက္ေလးမ်ားသည္ ႐ြက္လြာႏွစ္ခု ကပ္လ်က္ မ်က္ႏွာခ်င္းဆိုင္ ထြက္ေနတာ ေတြ႕ရတယ္၊၊ ေပ်ာ့ၿပီးေသးငယ္ေသာ ႐ိုးတံေလးမ်ားေပၚတြင္ အျမစ္မြားေလးမ်ား ရွိပါတယ္၊၊ ေရတြင္တြားကာေပါက္ေသာ အပင္မ်ိဳး ျဖစ္ၿပီး ပုံစံထင္ရွားၿပီး လူတိုင္းသိႏိူင္ေသာ အပင္ေလးမ်ား ျဖစ္ပါတယ္။ မႈိနားတိုပင္ကို အခ်ိဳမ်ိဳး ႏွင့္ အခ်ဥ္မ်ိဳး ဆိုၿပီး ၂ မ်ိဳးခြဲျခားထားေပမယ့္ အပင္ပုံစံမွာ အတူတူပင္ ျဖစ္ေၾကာင္း ေတြ႕ရပါတယ္

မႈိနားတို အခ်ိဳပင္အား ေဆးဝါး အျဖစ္အသုံးျပဳပုံမ်ားမွာ-

(၁) ခ်ာခ်ာလည္ေအာင္ မူးေဝျခင္း

မႈိနားတို အခ်ိဳပင္ အ႐ြက္ကို ျပဳတ္ကာ အၾကမ္းပန္းကန္တလုံးစာတြင္ သၾကားကိုလက္ဖက္ရည္ဇြန္း တဇြန္းထည့္ၿပီးေသာက္ပါက ေလကို အေၾကာင္းျပဳ၍ မူးေဝျခင္း ေရာဂါကို ေပ်ာက္ကင္းေစပါတယ္၊၊

(၂) ေသြးပုပ္က်န္ ေရာဂါ

မႈိနာတို အပင္ကေလးမ်ား ၁၀ က်ပ္သားခန္႔ကို ေရွာက္ရည္ အၾကမ္းပန္းကန္ တလုံးစာခန္႔ႏွင့္ စိမ္ထားပါ။ (၁)ရက္ (၂)ရက္ ထားၿပီးမွ ဆယ္ယူကာ ၾကက္သြန္ျဖဴ၊ ႏွမ္းဆီခ်က္ႏွင့္ လက္သုပ္သုပ္ စားပါက အမ်ိဳးသမီး မ်ား ဓမၼတာ ေသြးပုပ္က်န္ ေရာဂါကို သက္သာေပ်ာက္ကင္းေစေၾကာင္း ေတြ႕ရပါတယ္၊၊

(၃) ကေလးမ်ား ေလဆန္နာ

မႈိနားတို အခ်ိဳပင္အ႐ြက္ကို ျပဳတ္ၿပီး လက္ဖက္ရည္ဇြန္း (၁) ဇြန္းစာတြင္ ဆား ၂ပြင့္ခန္႔ခပ္ၿပီး တိုက္ေကြၽးႏိုင္ပါတယ္ ။

(၄) ကေလးမ်ား ရင္ျပည့္ရင္ကယ္ျခင္း

မႈိနားတိုပင္ အခ်ိဳ႐ြက္ကို ကြမ္း႐ြက္၊ နႏြင္းမႈန္႔တို႔ဆတူေရာႀကိဳတ္ကာ မိခင္ႏို႔ရည္ႏွင့္ ဆတူ ေရာ ၿပီး လက္ဖက္ရည္ဇြႏ္ူး ႏွင့္ (၁) ဇြန္း တိုက္ေပးႏိုင္ပါတယ္။

မႈိနားတို အခ်ဥ္ပင္ရဲ႕ အာနိသင္နဲ႔ အသုံးျပဳပုံ

အခ်ိဳပင္ကဲ့သို႔ ပုံစံတူၿပီး အရသာမွာ ခ်ဥ္ေသ အရသာရွိသည္။ ေဆးဝါးအျဖစ္ အသုံးမ်ားၾကၿပီး အဟာရအျဖစ္ စားသုံးမႈ နည္းပါးၾကပါတယ္၊၊ အခ်ဥ္ပင္သည္ တိုင္းရင္ေဆးပညာ သေဘာအရ ခ်ဥ္ေသာအရသာရွိ ကာ ေအးသည္၊ အပူကို ၿငိမ္းေစသည္။ ဝမ္းမီးေတာက္ေစသည္၊ ႏႈတ္ ခံတြင္း ကိုၿမိန္ေစသည္။ ႏွလုံးကို အားေပးသည္။ ေသြးကို ခ်ဳပ္ေစသည္။ အ႐ြတ္ကို ညစ္ေသာ အရည္(သတၱဴရည္)သည္ အေၾကာမ်ားကို တြန္႔ရႈံ႕ေစသည္၊။ ခ်ဥ္ၿပီး ေအးေသာ သတၱိရွိကာ စအိုက်ျခင္း၊ ပဒိုင္းသီးစားမိကာ မူးေဝျခင္း၊ ေရာင္ရမ္းျခင္း၊ အစာမေၾကျခင္း၊ သြားဖုံးေရာင္ျခင္း၊ ရင္ပတ္နာျခင္းတို႔ကို ေပ်ာက္ကင္းေစသည္။ အထူးသျဖင့္ မ်က္စိေရာဂါကို ပိုမို အက်ိဳးျပဳေၾကာင္း ေတြ႕ရပါတယ္ ။

ေရာဂါေဝဒနာ အလိုက္မႈိနားတို ခ်ဥ္ကို အသုံးျပဳပုံမ်ား-

(၁) စအိုက်- စအိုေလွ်ာ၊ စအိုထြက္ ျခင္း

မႈိနားတို အခ်ဥ္႐ြက္ကို ေထာင္းၿပီး ညစ္ေသာ အရည္ကို ေထာပတ္ႏွင့္ ခ်က္ပါ။ စအိုတြင္းမွ ထြက္က်ေနေသာ အူကို လိမ္းေပးပါက သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္၊၊

(၂) ပဒိုင္းသီးစားမိၿပီး မူးေဝေနေသာ လူနာကို ပဒိုင္း အဆိပ္ေျပေစရန္ ေပးျခင္း

မႈိနားတို အခ်ဥ္႐ြက္ကို ေထာင္းၿပီး ညစ္ေသာအရည္ကို တိုက္ေပးပါက ပဒိုင္း အဆိပ္ေျပေစၿပီး မူးေဝေနမႈ သက္သာေပ်ာက္ကင္းေစပါတယ္။

(၃) ေရာင္ရမ္းျခင္း

ထိခိုက္ဒဏ္ရာရကာ ေရာင္ရမ္းျခင္း၊ အနာမ်ား ငန္းမန္းလိုက္ကာ ေရာင္ရမ္းျခင္းကို မႈိနားတို အခ်ဥ္႐ြက္ကို ႀကိတ္ၿပီး ေရာင္ေသာေနရာကို အုံေပးလ်င္ အေရာင္က်ၿပီး သက္သာေပ်ာက္ကင္းေစပါတယ္၊၊

(၄) အစာမေၾကေရာဂါႏွင့္ ဝမ္းကိုက္ေရာဂါ

မႈိနားတို အခ်ဥ္သည္ ဝမ္းမီးကို ေတာက္ေစေသာေၾကာင့္ ဝမ္းမီးႏုံၿပီး ျဖစ္တတ္ေသာ အစာမေၾကျခင္းနဲ႔ ဝမ္းကိုက္ ဝမ္းပ်က္ျခင္း ေရာဂါတြင္ အ႐ြက္ကို ၾကက္သြန္ျဖဴ၊ ႏွမ္းဆီႏွင့္ သုပ္စားပါက သက္သာေပ်ာက္ကင္းေစသည္၊၊

(၅) မ်က္ေစ့ နာေရာဂါ

မ်က္ေစ့နာပါက မႈိနားတိုအခ်ဥ္အ႐ြက္ကို ႀကိတ္ၿပီး ညစ္ရေသာ အရည္(သတၱဳရည္) ကို မ်က္စဥ္းခပ္ေပးႏိုင္ေၾကာင္း ေတြ႕ရတယ္၊၊ မ်က္ကြင္းေဆး အေနနဲ႔ေဖာ္စပ္အသုံးျပဳလိုသူတို႔အတြက္ ေဆးနည္း လက္ေဆာင္ေပးလိုက္ပါတယ္၊၊ (၁) ငါးၾကင္းသည္းေျခ ။ (၂) ငရံ႕သည္းေျခ (၃) မႈိနာတိုခ်ဥ္ (၄)နႏြင္းစိမ္း အားလုံး ကို အေလးခ်ိန္ ဆတူ ေရာစပ္ၿပီး ေက်ာက္ခ်ဥ္ေသြးရည္နဲ႔ႀကိတ္ကာ အေတာင့္ျပဳလုပ္ ထားပါ။ ေဆးေတာင့္ကို ေသြးကာ မ်က္ေစ့ ေဘးပတ္လည္ကို ကြင္းေပးႏိုင္ပါတယ္၊။ မ်က္ေစ့နာ မ်က္ေစ့ေရာင္ျခင္း ကိုက္ျခင္း ေအာင့္ျခင္းကို သက္သာေပ်ာက္ကင္းေစေသာ ေဆးနည္း တခုပါ၊၊ ထိုေဆးေတာင့္ကိုပင္ အမႈန္႔ျပဳကာ မီးခဲတြင္ျဖဴးၿပီး အေငြ႕ကို ရႈေပးပါက မ်က္ေစ့၊ မ်က္႐ိုး၊ နားထင္၊ ေခါင္းမ်ား ကိုက္ျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။

(၆) သြားဖုံးေရာင္ ေရာဂါ

မႈိနားတို အခ်ဥ္အ႐ြက္ကို ေထာင္းၿပီး အရည္ညစ္ကာ ငုံေဆးအျဖစ္ အသုံးျပဳႏိုင္ပါတယ္။ အခ်ိဳႏွင့္အခ်ဥ္ အ႐ြက္မ်ားကို ေနရိပ္တြင္ လွမ္းကာ အမႈန႔္ ျပဳၿပီး ေရာစပ္ကာ သြားဖုံးေရာင္ေသာေနရာကို သိပ္ေပးပါကလဲ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္၊၊

(၇) မန္းေဆးမ်ားတြင္ ထည့္သြင္းအသုံးျပဳျခင္း

မႈိနားတိုခ်ဥ္သည္ အနာငန္းမန္းကို ႏိုင္သျဖင့္ မန္းေဆးမ်ားတြင္ ထည့္သြင္း ေဖာ္စပ္ၾကပါတယ္၊၊

(၈) အဆုတ္ေလႁပြန္ေရာင္ၿပီး ေခ်ာင္းဆိုးျခင္း

အဆုတ္ေလႁပြန္ေရာင္ၿပီး ေခ်ာင္းဆိုးျခင္း ေရာဂါတြင္လည္း အသုံးျပဳၾကပါတယ္၊၊

(၉) ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါတြင္ အသုံးျပဳျခင္း

ဆီးခ်ိဳေသြးခ်ိဳ ေရာဂါသည္ တိုင္းရင္းေဆးပညာသေဘာအရ ဝမ္းမီးပ်က္ျခင္းမွ စတင္ေၾကာင္းေတြ႕ရပါတယ္၊၊ မႈိနတိုခ်ဥ္ရဲ႕ ဝမ္းမီးေတာက္ အစာေၾကျခင္း သတၱိေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳ ေဝဒနာရွင္မ်ားကို ဓါတ္စာအျဖစ္ ေပးႏိုင္ပါတယ္။

အပင္ရဲ႕ပုံစံ ထူးျခားသလို အစာအဟာရ အေနနဲ႔သာမက ေဆးဝါးအျဖစ္ပါ သုံးစြဲႏိုင္ေသာ မႈိနားတိုပင္ရဲ႕ အေၾကာင္းကို လက္လွမ္းမွီသမွ် စုေဆာင္း ေရးသားပါတယ္။ ေနာက္ထပ္မံ သိရွိပါကလဲ ျဖည့္စြတ္ တင္ျပေပးသြားမွာ ျဖစ္ပါတယ္၊၊

Credit-ဝင္းသူရၫြန္႔

Leave a Reply

Your email address will not be published. Required fields are marked *