က်န္းမာ‌‌ေရးအသိ

ရေဖျဉ်းအတွက် ဆေးနည်း ၂ သွယ်။

(Unicode)

ရေဖျဉ်းအတွက် ဆေးနည်း ၂ သွယ်

ရေဖျဉ်းရောဂါ ပျောက်ဆေး

ရေဖျဉ်းရောဂါ နှင့်ပတ်သက်၍ဆေးနည်းအမျိုးမျိုး ကုနည်းအဖုံဖုံရှိကြပါသည်။ ရောဂါတစ်ခုကို ကုသမည်ဟု လေ့လာလိုက်လျှင် ရောဂါတစ်ခုအတွက် ဆေးနည်း(၁၀၀)မက ရှိနိုင်ပါသည်။

အကြောင်းမှာ လူတစ်ယောက်နှင့်တစ်ယောက် ရုပ်ခံဓာတ်ခံချင်း မတူသလို ရောဂါဖြစ်ပုံက အပူ၊အအေး၊ အပိန်၊ အဝ မှစပြီး ဓာတ်ချက်လက္ခဏာများ မတူခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့ကြောင့် ဆေးတစ်ခုကို သုံးကြည့်၍ ကိုယ်မပျောက်တိုင်း ဆေးမကောင်းပါဘူးကွာ။ အလကားပါကွာလို့ မယူဆအပ်။ ကိုယ်နှင့်မပျောက်ပေမယ့် သူနှင့်ပျောက်နိုင်ပါသည်။

ယခုဖော်ပြမည့်ဆေးနည်း၂ မျိုးမှာလည်း လူတိုင်းပျောက်ကင်းနိုင်မည်ဟု အာမခံ၍မရပါ။ သို့သော်— သို့သော် လက်တွေ့ သုံးကြည့်ဖူးသည်က တကြောင်း။ မိတ်ဆွေဆရာများ ကုသအောင်မြင်နေသည်ကိုလည်း လက်တွေ့မြင်ဖူး ကြုံဖူးသော ဆေးနည်းဖြစ်ခြင်းအတွက် တိုက်ဆိုင်သူများအတွက် ကယ်တင်ရာရောက်အောင် ဖော်ပြပေးလိုက်ပါသည်။ အနည်းဆုံးလူ ၁၀ ယောက်မှာ ရယောက်လောက်တော့ အဆင်ပြေသက်သာ ပျောက်ကင်းကြသည်ကိုတွေ့ရပါသည်။ (လက်တွေ့)

၁။ ပေပင်၏ အရွက်အခက် အရိုးတံပါ မကျန်ယူ၍ နာနာညှစ်သော် သတ္ထုရည်ရပါလိမ့်မည်။ပေရွက် သတ္ထုရည် ၁၀ သားတွင်။ ယမ်းစိမ်း ၅ မူးသား ထည့်ပါ။ ထိုဆေးနှစ်ခုကို ဖျော်၍ တစ်နေ့ ၃ကြိမ် ဟင်းစားဇွန်း ၁ ဇွန်းခန့်စီ သောက်ပေးပါ။ ၃ပါတ်အတွင်း လက်တွေ့သက်သာ လာပါလိမ့်မည်။ အမြစ်ပြတ်အောင် ဆက်လက်၍သောက်ပါ။ ယမ်းစိမ်းနေရာတွင် ယမ်းတေဇောငြိမ်း ထည့်နိုင်လျှင် သာ၍ထက်ပါသည်။

၂။ ဇော်ဂျီခါး ပုံစ (ခေါ်) သစ်ကပ်ပင်တစ်မျိူးအား ရေနွေးဖျော၍ မကျည်းသီး၊ ကြက်သွန်နီ၊ကြက်သွန်ဖြူတို့ဖြင့် သုပ်၍စားပါ။ ၃ပါတ်အတွင်း သက်သာလာပါလိမ့်မည်။(လက်တွေ့)

ဤ ၂ နည်းဖြင့် သုံးစွဲကြည့်ကြပါ။ လူတိုင်းမဟုတ်ရင်တောင် လူအများစု လက်တွေ့ သက်သာပျောက်ကင်း ကြပါလိမ့်မယ်။ အန္တရာယ်ကင်းရှင်းစွာ သုံးစွဲကြည့်ပါ။

အားလုံး ကျန်းမာကြပါစေ။

ဆရာဦးကျော်လင်းအောင် ဟင်္သာတ

09777903111

(Zawgyi)

ေရဖ်ဥ္းအတြက္ ေဆးနည္း ၂ သြယ္

ေရဖ်ဥ္းေရာဂါ ေပ်ာက္ေဆး

ေရဖ်ဥ္းေရာဂါ ႏွင့္ပတ္သက္၍ေဆးနည္းအမ်ိဳးမ်ိဳး ကုနည္းအဖုံဖုံရွိၾကပါသည္။ ေရာဂါတစ္ခုကို ကုသမည္ဟု ေလ့လာလိုက္လွ်င္ ေရာဂါတစ္ခုအတြက္ ေဆးနည္း(၁၀၀)မက ရွိႏိုင္ပါသည္။

အေၾကာင္းမွာ လူတစ္ေယာက္ႏွင့္တစ္ေယာက္ ႐ုပ္ခံဓာတ္ခံခ်င္း မတူသလို ေရာဂါျဖစ္ပုံက အပူ၊အေအး၊ အပိန္၊ အဝ မွစၿပီး ဓာတ္ခ်က္လကၡဏာမ်ား မတူျခင္းေၾကာင့္ျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိရသည္။ ထို႔ေၾကာင့္ ေဆးတစ္ခုကို သုံးၾကည့္၍ ကိုယ္မေပ်ာက္တိုင္း ေဆးမေကာင္းပါဘူးကြာ။ အလကားပါကြာလို႔ မယူဆအပ္။ ကိုယ္ႏွင့္မေပ်ာက္ေပမယ့္ သူႏွင့္ေပ်ာက္ႏိုင္ပါသည္။

ယခုေဖာ္ျပမည့္ေဆးနည္း၂ မ်ိဳးမွာလည္း လူတိုင္းေပ်ာက္ကင္းႏိုင္မည္ဟု အာမခံ၍မရပါ။ သို႔ေသာ္— သို႔ေသာ္ လက္ေတြ႕ သုံးၾကည့္ဖူးသည္က တေၾကာင္း။ မိတ္ေဆြဆရာမ်ား ကုသေအာင္ျမင္ေနသည္ကိုလည္း လက္ေတြ႕ျမင္ဖူး ႀကဳံဖူးေသာ ေဆးနည္းျဖစ္ျခင္းအတြက္ တိုက္ဆိုင္သူမ်ားအတြက္ ကယ္တင္ရာေရာက္ေအာင္ ေဖာ္ျပေပးလိုက္ပါသည္။ အနည္းဆုံးလူ ၁၀ ေယာက္မွာ ရေယာက္ေလာက္ေတာ့ အဆင္ေျပသက္သာ ေပ်ာက္ကင္းၾကသည္ကိုေတြ႕ရပါသည္။ (လက္ေတြ႕)

၁။ ေပပင္၏ အ႐ြက္အခက္ အ႐ိုးတံပါ မက်န္ယူ၍ နာနာညႇစ္ေသာ္ သတၳဳရည္ရပါလိမ့္မည္။ေပ႐ြက္ သတၳဳရည္ ၁၀ သားတြင္။ ယမ္းစိမ္း ၅ မူးသား ထည့္ပါ။ ထိုေဆးႏွစ္ခုကို ေဖ်ာ္၍ တစ္ေန႔ ၃ႀကိမ္ ဟင္းစားဇြန္း ၁ ဇြန္းခန႔္စီ ေသာက္ေပးပါ။ ၃ပါတ္အတြင္း လက္ေတြ႕သက္သာ လာပါလိမ့္မည္။ အျမစ္ျပတ္ေအာင္ ဆက္လက္၍ေသာက္ပါ။ ယမ္းစိမ္းေနရာတြင္ ယမ္းေတေဇာၿငိမ္း ထည့္ႏိုင္လွ်င္ သာ၍ထက္ပါသည္။

၂။ ေဇာ္ဂ်ီခါး ပုံစ (ေခၚ) သစ္ကပ္ပင္တစ္မ်ိဴးအား ေရေႏြးေဖ်ာ၍ မက်ည္းသီး၊ ၾကက္သြန္နီ၊ၾကက္သြန္ျဖဴတို႔ျဖင့္ သုပ္၍စားပါ။ ၃ပါတ္အတြင္း သက္သာလာပါလိမ့္မည္။(လက္ေတြ႕)

ဤ ၂ နည္းျဖင့္ သုံးစြဲၾကည့္ၾကပါ။ လူတိုင္းမဟုတ္ရင္ေတာင္ လူအမ်ားစု လက္ေတြ႕ သက္သာေပ်ာက္ကင္း ၾကပါလိမ့္မယ္။ အႏၲရာယ္ကင္းရွင္းစြာ သုံးစြဲၾကည့္ပါ။

အားလုံး က်န္းမာၾကပါေစ။

ဆရာဦးေက်ာ္လင္းေအာင္ ဟသၤာတ

09777903111

Leave a Reply

Your email address will not be published. Required fields are marked *