က်န္းမာ‌‌ေရးအသိ

ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ဖို့ ဒန့်သလွန်ကို စားကြစို့

(Unicode)

ကူးစက်တတ်သောရောဂါများ ကြိုတင်ကာကွယ်ဖို့ ဒန့်သလွန်ကို စားကြစို့

အရွက် – အရွက်ကို ဟင်းချိုချက်သောက်လျင် သွေးကျသည်။ အမူးအမော် ပြေစေသည်။ အရွက်ကို ကြက်သွန်ဖြူ ငရုတ်ကောင်းနှင့်ဟင်းချို ချက်သောက်ပါက ရာသီထိန်တတ်သောအမျိုးသမီးများ ဓမ္မတာမှန်စေသည်။ အပူလွန်ကဲသော ရောဂါများကိုနိုင်သည်။ ကျောပူရင်ပူ လည်ချောင်းပူ နှုတ်ခမ်းပူစသော အပူလွန်ကဲခြင်းကို ပျောက်ကင်းစေသည်။ အရွက်နုများကို ကြော်စားပါက ယားနာပျောက်သည်။ အရွက် သတ္တုရည်ကို နို့နှင့်ရောသောက်လျှင်ဆီးရွင်စေသည်။ အရွက်ကို ငါးကြင်း၊ ကြက်သွန်နီဖြင့် ကြော်စားလျှင် လေသက်စေသည်။ အရွက်ကို ပဒဲကော၊ ကြက်သွန်ဖြူ နှင့်ဟင်းချိုချက်သောက်ပါက ဓမ္မတာထိန်ခြင်းငုပ်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့် – ဒန့်သလွန်အပွင့်ကို ပုစွန်ခြောက်ဖြင့်သုပ်စားပါက အကြောဆိုင်းခြင်း၊ အကြောဆွဲခြင်း၊အကြောရမ်း၊ အကြောရောင်ခြင်းကို သက်သာပျောက်ကင်းစေသည်။ အပွင့်ကို ထောပတ်၊ကြက်ဥနှင့် ကြော်စားလျင် ခွန်အားတိုးစေသည်။ အပွင့်ကို ဆိတ်သားနှင့် ကြော်စားပါကလေမဖြတ်နိုင်ပါ။ အပွင့်ကို ပရန္နဝါဥထောပတ်နှင့် ကြော်စားလျင် ကာမအားကို တိုးပွားစေသည်။ အပွင့်ကို နို့နှင့်ပေါင်းစားလျှင် သုက်အားကိုပေး၏။ အပွင့်ကို အမှုန့်ပြု၍ ပျားရည်နှင့် စားလျှင် ရင်တုန်ခြင်းကို ပျောက်ကင်းစေသည်။ အပွင့်ကို အုန်းနို့နှင့်ကြော်စားပါက အားအင်ကုန်ခမ်းသူများ အားအင်ပြည့်ဖြိုးမည်။အဖူး – ဒန့်သလွန် အဖူးစားပါက ကလေးငယ်များ သန်ကျစေသည်။

အသီး – ဒန့်သလွန်သီးကို ထက်ခြမ်းခွဲ ဇွန်းဖြင့်ခြစ် ကြက်သားနှင့်ကြော်စားလျင် အစာကြေလွယ်သည်၊ အဆိပ်အတောက်ပြေစေသည်။ ခရမ်းချဉ်သီး ငါးနှင့်ချက်စားလျင် နှုတ်မြိန်စေသည်။ ငါးဥနှင့်ကြော်စားလျင် အားကောင်းစေသည်။ ဘဲဥနှင့်ကြော်စားလျင် အမောပြေသည်။ အသီးနုများ ချက်စားပါက အဆစ်အမြစ်ရောဂါ ပျောက်စေသည်။ အသီးကို အခြောက်လှန်း အမှုန့်ပြု သကြားနှင့်သောက်ပါက ဆီးလွန်ရောဂါပျောက်သည်။အမြစ် – ဒန့်သလွန်မြစ်ကို ထုထောင်း အရည်ကိုလဖက်စားဇွန်း တစ်ဇွန်းသောက်ပါက အသံဝင်၊အသံကွဲ၊ အသံအက်ခြင်းကို ပျောက်ကင်းစေသည်။ အမြစ်ကြိတ်ရည်နှင့် ဂျင်းရည်ရောသောက်ပါက ပန်းနာရောဂါ ပျောက်ကင်းချမ်းသာနိုင်သည်။ အမြစ် ကြိတ်ရည်ကို နို့နှင့်ရောသောက်ပါက ဆီးချို ရောဂါကို ပျောက်ကင်းချမ်းသာနိုင်သည်။ အမြစ်မှုန့်နှင့် ပရန္နဝါမြစ် မှုန့်ဆတူရောစပ်၍ အုန်းနို့ သကာရည်၊ ပျားရည်တို့ဖြင့် ကျိုချက်ပြီး နံက်ည စတီးလ်ဇွန်းတစ်ဇွန်းသောက်ပါက အားအင်ပြည့်ဖြိုး ခွန်အားတိုး၍ ကျန်းမာသက်ရှည်စေပါသည်။ အမြစ်ကို သုံးခွက်တစ်ခွက်တင် ကျိုပြီး စတီးလ်ဇွန်းတစ်ဇွန်း (7)ရက်သောက်ပေးက ဝမ်းတွင်းသက်တန့်နာ ပျောက်ကင်း၏။ ဒန့်သလွန် အစေ့ကို ပါးစပ်၌ငုံပေးခြင်းဖြင့် သွားပုပ်(အာပုပ်)ပျောက်၏။ ဒန့်သလွန်၏ ဂုဏ်သတ္တိကား နို့ရည်နှင့်သုက်ကို ပွားစေ၏။ ဒန့်သလွန်၏ အရွက်၊ အပွင့်၊ အသီး၊ အမြစ်ကိုဖြစ်စေ စားသုံးပေးပါက သံကောင်၊တုတ်ကောင် ဘီပိုး၊ စီပိုး ကင်းရှင်း၍ ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ကြောင်း တင်ပြ လိုက်ရပါသည်။

Credit – Original Uploader

(Zawgyi)

ကူးစက္တတ္ေသာေရာဂါမ်ား ႀကိဳတင္ကာကြယ္ဖို႔ ဒန႔္သလြန္ကို စားၾကစို႔

အ႐ြက္ – အ႐ြက္ကို ဟင္းခ်ိဳခ်က္ေသာက္လ်င္ ေသြးက်သည္။ အမူးအေမာ္ ေျပေစသည္။ အ႐ြက္ကို ၾကက္သြန္ျဖဴ င႐ုတ္ေကာင္းႏွင့္ဟင္းခ်ိဳ ခ်က္ေသာက္ပါက ရာသီထိန္တတ္ေသာအမ်ိဳးသမီးမ်ား ဓမၼတာမွန္ေစသည္။ အပူလြန္ကဲေသာ ေရာဂါမ်ားကိုႏိုင္သည္။ ေက်ာပူရင္ပူ လည္ေခ်ာင္းပူ ႏႈတ္ခမ္းပူစေသာ အပူလြန္ကဲျခင္းကို ေပ်ာက္ကင္းေစသည္။ အ႐ြက္ႏုမ်ားကို ေၾကာ္စားပါက ယားနာေပ်ာက္သည္။ အ႐ြက္ သတၱဳရည္ကို ႏို႔ႏွင့္ေရာေသာက္လွ်င္ဆီး႐ြင္ေစသည္။ အ႐ြက္ကို ငါးၾကင္း၊ ၾကက္သြန္နီျဖင့္ ေၾကာ္စားလွ်င္ ေလသက္ေစသည္။ အ႐ြက္ကို ပဒဲေကာ၊ ၾကက္သြန္ျဖဴ ႏွင့္ဟင္းခ်ိဳခ်က္ေသာက္ပါက ဓမၼတာထိန္ျခင္းငုပ္ျခင္းကို သက္သာေပ်ာက္ကင္းေစသည္။ အပြင့္ – ဒန႔္သလြန္အပြင့္ကို ပုစြန္ေျခာက္ျဖင့္သုပ္စားပါက အေၾကာဆိုင္းျခင္း၊ အေၾကာဆြဲျခင္း၊အေၾကာရမ္း၊ အေၾကာေရာင္ျခင္းကို သက္သာေပ်ာက္ကင္းေစသည္။ အပြင့္ကို ေထာပတ္၊ၾကက္ဥႏွင့္ ေၾကာ္စားလ်င္ ခြန္အားတိုးေစသည္။ အပြင့္ကို ဆိတ္သားႏွင့္ ေၾကာ္စားပါကေလမျဖတ္ႏိုင္ပါ။ အပြင့္ကို ပရႏၷဝါဥေထာပတ္ႏွင့္ ေၾကာ္စားလ်င္ ကာမအားကို တိုးပြားေစသည္။ အပြင့္ကို ႏို႔ႏွင့္ေပါင္းစားလွ်င္ သုက္အားကိုေပး၏။ အပြင့္ကို အမႈန႔္ျပဳ၍ ပ်ားရည္ႏွင့္ စားလွ်င္ ရင္တုန္ျခင္းကို ေပ်ာက္ကင္းေစသည္။ အပြင့္ကို အုန္းႏို႔ႏွင့္ေၾကာ္စားပါက အားအင္ကုန္ခမ္းသူမ်ား အားအင္ျပည့္ၿဖိဳးမည္။အဖူး – ဒန႔္သလြန္ အဖူးစားပါက ကေလးငယ္မ်ား သန္က်ေစသည္။

အသီး – ဒန႔္သလြန္သီးကို ထက္ျခမ္းခြဲ ဇြန္းျဖင့္ျခစ္ ၾကက္သားႏွင့္ေၾကာ္စားလ်င္ အစာေၾကလြယ္သည္၊ အဆိပ္အေတာက္ေျပေစသည္။ ခရမ္းခ်ဥ္သီး ငါးႏွင့္ခ်က္စားလ်င္ ႏႈတ္ၿမိန္ေစသည္။ ငါးဥႏွင့္ေၾကာ္စားလ်င္ အားေကာင္းေစသည္။ ဘဲဥႏွင့္ေၾကာ္စားလ်င္ အေမာေျပသည္။ အသီးႏုမ်ား ခ်က္စားပါက အဆစ္အျမစ္ေရာဂါ ေပ်ာက္ေစသည္။ အသီးကို အေျခာက္လွန္း အမႈန႔္ျပဳ သၾကားႏွင့္ေသာက္ပါက ဆီးလြန္ေရာဂါေပ်ာက္သည္။အျမစ္ – ဒန႔္သလြန္ျမစ္ကို ထုေထာင္း အရည္ကိုလဖက္စားဇြန္း တစ္ဇြန္းေသာက္ပါက အသံဝင္၊အသံကြဲ၊ အသံအက္ျခင္းကို ေပ်ာက္ကင္းေစသည္။ အျမစ္ႀကိတ္ရည္ႏွင့္ ဂ်င္းရည္ေရာေသာက္ပါက ပန္းနာေရာဂါ ေပ်ာက္ကင္းခ်မ္းသာႏိုင္သည္။ အျမစ္ ႀကိတ္ရည္ကို ႏို႔ႏွင့္ေရာေသာက္ပါက ဆီးခ်ိဳ ေရာဂါကို ေပ်ာက္ကင္းခ်မ္းသာႏိုင္သည္။ အျမစ္မႈန႔္ႏွင့္ ပရႏၷဝါျမစ္ မႈန႔္ဆတူေရာစပ္၍ အုန္းႏို႔ သကာရည္၊ ပ်ားရည္တို႔ျဖင့္ က်ိဳခ်က္ၿပီး နံက္ည စတီးလ္ဇြန္းတစ္ဇြန္းေသာက္ပါက အားအင္ျပည့္ၿဖိဳး ခြန္အားတိုး၍ က်န္းမာသက္ရွည္ေစပါသည္။ အျမစ္ကို သုံးခြက္တစ္ခြက္တင္ က်ိဳၿပီး စတီးလ္ဇြန္းတစ္ဇြန္း (7)ရက္ေသာက္ေပးက ဝမ္းတြင္းသက္တန႔္နာ ေပ်ာက္ကင္း၏။ ဒန႔္သလြန္ အေစ့ကို ပါးစပ္၌ငုံေပးျခင္းျဖင့္ သြားပုပ္(အာပုပ္)ေပ်ာက္၏။ ဒန႔္သလြန္၏ ဂုဏ္သတၱိကား ႏို႔ရည္ႏွင့္သုက္ကို ပြားေစ၏။ ဒန႔္သလြန္၏ အ႐ြက္၊ အပြင့္၊ အသီး၊ အျမစ္ကိုျဖစ္ေစ စားသုံးေပးပါက သံေကာင္၊တုတ္ေကာင္ ဘီပိုး၊ စီပိုး ကင္းရွင္း၍ ကူးစက္ေရာဂါမ်ားကို ႀကိဳတင္ကာကြယ္ႏိုင္ေၾကာင္း တင္ျပ လိုက္ရပါသည္။

Credit – Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *