က်န္းမာ‌‌ေရးအသိ

အပွင့်တိုင်း အသီးတင်စေမည့် ဆေးရည် အလွယ်ပြုလုပ်နည်း

(Unicode)

အပွင့်တိုင်း အသီးတင်စေမည့် ဆေးရည် အလွယ်ပြုလုပ်နည်း

(၁)အုန်းရည်အစို / အခြောက် ၁ လုံး

(၂)အချို မုန့် ၁ ဇွန်း

(၃)ကြက်ဥ ၁လုံး

ပြုလုပ်နည်း-

အုန်းရည်ကို ခွက်ထဲ ဖေါက်ထည့်ပါ။ ကြက်ဥကို ကြေအောင်ခေါက်ပါ။ အချိုမှုန့်ထပ်ထည့်ပြီး သမအောင် ကျေအောင် မွှေ ခေါက်ပါ။ အုန်းရည်ခွက်ထဲ ကြက်ဥအချိုမှုန့် သမအောင်ခေါက်ထားသော အရည်ထည့်ပြီး မွှေပါ။ အားလုံးကို ဘူးအလွတ်ထဲ ထည့်ပြီး အဖုံးပိတ်ကာ ထပ်မွှေပြီး အသင့်သုံးလို့ ရပါပြီ။ သုံးမကုန်သောဆေးကို ဘူးထဲထည့် အဖုံးလုံအောင်ပိတ်။ အရိပ်ထဲ ထားပါက ၁ လတိတိ ထားလို့ရပါတယ်။

ဆေးဖျန်းပုံး ၁ပုံးကို ဆေးရည် ၃ဇွန်း ရောဖျန်းပါ။ ၁ပတ်ကို ၂ ခါ ဖျန်းပေးရပါသည်။ ငရုပ်ပင် အတွက်တော့ လက်တွေ့ပါ။ ငရုပ်ပွင့်များဝေဆာပြီး အပွင့်တိုင်း အသီးတင် ကြီးထွားပါတယ်။

Credit-Original Uploader

(Zawgyi)

အပြင့္တိုင္း အသီးတင္ေစမည့္ ေဆးရည္ အလြယ္ျပဳလုပ္နည္း

(၁)အုန္းရည္အစို / အေျခာက္ ၁ လုံး

(၂)အခ်ိဳ မုန႔္ ၁ ဇြန္း

(၃)ၾကက္ဥ ၁လုံး

ျပဳလုပ္နည္း-

အုန္းရည္ကို ခြက္ထဲ ေဖါက္ထည့္ပါ။ ၾကက္ဥကို ေၾကေအာင္ေခါက္ပါ။ အခ်ိဳမႈန႔္ထပ္ထည့္ၿပီး သမေအာင္ ေက်ေအာင္ ေမႊ ေခါက္ပါ။ အုန္းရည္ခြက္ထဲ ၾကက္ဥအခ်ိဳမႈန႔္ သမေအာင္ေခါက္ထားေသာ အရည္ထည့္ၿပီး ေမႊပါ။ အားလုံးကို ဘူးအလြတ္ထဲ ထည့္ၿပီး အဖုံးပိတ္ကာ ထပ္ေမႊၿပီး အသင့္သုံးလို႔ ရပါၿပီ။ သုံးမကုန္ေသာေဆးကို ဘူးထဲထည့္ အဖုံးလုံေအာင္ပိတ္။ အရိပ္ထဲ ထားပါက ၁ လတိတိ ထားလို႔ရပါတယ္။

ေဆးဖ်န္းပုံး ၁ပုံးကို ေဆးရည္ ၃ဇြန္း ေရာဖ်န္းပါ။ ၁ပတ္ကို ၂ ခါ ဖ်န္းေပးရပါသည္။ င႐ုပ္ပင္ အတြက္ေတာ့ လက္ေတြ႕ပါ။ င႐ုပ္ပြင့္မ်ားေဝဆာၿပီး အပြင့္တိုင္း အသီးတင္ ႀကီးထြားပါတယ္။

Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *