က်န္းမာ‌‌ေရးအသိ

သွေးပျစ်၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအတွက် ဝိဇ္ဇာညီနောင်(ဆေးတော်ကြီး)ဟင်းရည်

(Unicode)

သွေးပျစ်၊ သွေးတိုး၊ ဆီးချို၊ သွေးချိုအတွက် ဝိဇ္ဇာညီနောင်ဟင်းရည်

သွေးတိုး၊ သွေးပြစ်၊ ဆီးချို၊ သွေးချိုအတွက် အမြဲသောက်သုံးသင့်သည့် ဆေးတော်ကြီး –

ဟင်းရည် –

၁။ တကယ်ကို ဆေးစွမ်းထက်တဲ့ ဟင်းရည်မလို့ ဆေးတော်ကြီးဟင်းရည်လို့ ခေါ်ပါတယ်။ ပါဝင်တဲ့ ဆေးအမယ်တွေက လယ်ကန်စွန်းရိုးနီနဲ့ ကင်ပွန်းချဉ်ရွက်ပဲဖြစ်ပါတယ်။ သူတို့ကို သမားတော်ကြီး နှစ်ဦးလို့ ဆိုသင့်ပါတယ်။ ကျွန်တော့်ဆရာတွေကတော့ ”ဝိဇ္ဇာညီနောင်”လို့ တင်စားခဲ့ကြပါတယ်။ ကန်စွန်းရိုးနီက သွေးအပြစ်ပြုတာတွေ ရှင်းလင်းကုသပေးပြီး ကင်ပွန်းချဉ်ကတော့ သွေးတွင်းပိတ်ဆို့တာကို ရှင်းပေးပြီး ဝမ်းကိုအကျိုးပြုတယ်လို့ အဓိကအကြောင်း ရင်းကို အတိုချုပ် ရှင်းပြဖူးပါတယ်။

ဆရာတွေ ပြောခဲ့သလို တင်စားပြီး ပြောပါ့မယ်။ ဒီဆေးဝိဇ္ဇာညီနောင်ဟင်းရည်ကို စားကောင်းသလို ချဉ်ရည်ဟင်းချက်ပြီး ထမင်းမစားမီ ဆယ့်ငါးမိနစ်ခန့် ကြိုတင်ပြီး ဟင်းရည်တစ်ပန်းကန်ကြို သောက်ထားရင် ဝမ်းထဲမှာ ပြည့်တင်းနေတဲ့လေတွေ ပြိုကွဲပြီး အစာစားခြင်းစိတ်ကို ဖြစ်ပေါ်စေပါတယ်။ ထမင်းစားနေစဉ်နဲ့ စားအပြီးမှာသောက်ရင်လည်း သွေးပြစ်၊ သွေးတိုးခြင်းနဲ့ ဆီးချို၊ သွေးချိုတက်ခြင်း ကင်းဝေးကာ စိတ်ကြည်လန်းဆန်းစေပါတယ်။

ဝမ်းချုပ် စမြင်းခံခြင်းကို ဖြစ်စေသည့် အစာစားနေစဉ်နှင့် စားပြီးပြီးခြင်း ရိုးရိုးရေအေး၊ ရေခဲရည် စသည်တို့ကို လုံးဝမသောက်ပဲ ရှောင်ကြဉ်ကြပါရန် အကြံပြုပါ၏။ အစားစားနေစဉ်ရေနွေးသင့်ရုံနှင့် ဟင်းရည်တဝသောက်၍ ရပါသည်။ အစာစားပြီးပါက အစာကြေစေရန် အညာထန်းလျက်အညို တစ်ခဲနှစ်ခဲကို ရေနွေးဖြင့် သောက်သုံးပေးကြပါ။ ရေအေးကိုမူ ထမင်းစားပြီးတစ်နာရီကျော်မှသာ နည်းနည်းခြင်းသာ သောက်ပါရန်။

၂။ ဤသို့ ဆင်ခြင်ညဏ် ရှေ့သွား စားသောက်နေထိုင်ပြီး ဝိဇ္ဇာညီနောင်ဟင်းရည်ကို မှီဝဲသောက်သုံး သွားပါက သွေးပြစ်၊ သွေးတိုး၊ ဆီးချို သွေးချိုဝေဒနာများနှင့် အဆစ်အမြစ် ကိုက်ခဲဝေဒနာများအတွက် ဆေးတိုးကာ ကျန်းမာလာနိုင်မည်ဖြစ်၍ လယ်ကန်စွန်းရိုးနီ ကင်ပွန်းချဉ်ဆေးတော်ကြီး ဟင်းရည်ခေါ် ဝိဇ္ဇာညီနောင်ဟင်းရည်ကို သောက်သုံးသင့်ကြောင်းပါဗျာ။

ကျန်းမာချမ်းသာကြပါစေ

Credit – Original Uploader

(Zawgyi)

ေသြးပ်စ္၊ ေသြးတိုး၊ ဆီးခ်ိဳ၊ ေသြးခ်ိဳအတြက္ ဝိဇၨာညီေနာင္ဟင္းရည္

ေသြးတိုး၊ ေသြးျပစ္၊ ဆီးခ်ိဳ၊ ေသြးခ်ိဳအတြက္ အၿမဲေသာက္သုံးသင့္သည့္ ေဆးေတာ္ႀကီး –

ဟင္းရည္ –

၁။ တကယ္ကို ေဆးစြမ္းထက္တဲ့ ဟင္းရည္မလို႔ ေဆးေတာ္ႀကီးဟင္းရည္လို႔ ေခၚပါတယ္။ ပါဝင္တဲ့ ေဆးအမယ္ေတြက လယ္ကန္စြန္း႐ိုးနီနဲ႔ ကင္ပြန္းခ်ဥ္႐ြက္ပဲျဖစ္ပါတယ္။ သူတို႔ကို သမားေတာ္ႀကီး ႏွစ္ဦးလို႔ ဆိုသင့္ပါတယ္။ ကြၽန္ေတာ့္ဆရာေတြကေတာ့ ”ဝိဇၨာညီေနာင္”လို႔ တင္စားခဲ့ၾကပါတယ္။ ကန္စြန္း႐ိုးနီက ေသြးအျပစ္ျပဳတာေတြ ရွင္းလင္းကုသေပးၿပီး ကင္ပြန္းခ်ဥ္ကေတာ့ ေသြးတြင္းပိတ္ဆို႔တာကို ရွင္းေပးၿပီး ဝမ္းကိုအက်ိဳးျပဳတယ္လို႔ အဓိကအေၾကာင္း ရင္းကို အတိုခ်ဳပ္ ရွင္းျပဖူးပါတယ္။

ဆရာေတြ ေျပာခဲ့သလို တင္စားၿပီး ေျပာပါ့မယ္။ ဒီေဆးဝိဇၨာညီေနာင္ဟင္းရည္ကို စားေကာင္းသလို ခ်ဥ္ရည္ဟင္းခ်က္ၿပီး ထမင္းမစားမီ ဆယ့္ငါးမိနစ္ခန႔္ ႀကိဳတင္ၿပီး ဟင္းရည္တစ္ပန္းကန္ႀကိဳ ေသာက္ထားရင္ ဝမ္းထဲမွာ ျပည့္တင္းေနတဲ့ေလေတြ ၿပိဳကြဲၿပီး အစာစားျခင္းစိတ္ကို ျဖစ္ေပၚေစပါတယ္။ ထမင္းစားေနစဥ္နဲ႔ စားအၿပီးမွာေသာက္ရင္လည္း ေသြးျပစ္၊ ေသြးတိုးျခင္းနဲ႔ ဆီးခ်ိဳ၊ ေသြးခ်ိဳတက္ျခင္း ကင္းေဝးကာ စိတ္ၾကည္လန္းဆန္းေစပါတယ္။

ဝမ္းခ်ဳပ္ စျမင္းခံျခင္းကို ျဖစ္ေစသည့္ အစာစားေနစဥ္ႏွင့္ စားၿပီးၿပီးျခင္း ႐ိုး႐ိုးေရေအး၊ ေရခဲရည္ စသည္တို႔ကို လုံးဝမေသာက္ပဲ ေရွာင္ၾကဥ္ၾကပါရန္ အႀကံျပဳပါ၏။ အစားစားေနစဥ္ေရေႏြးသင့္႐ုံႏွင့္ ဟင္းရည္တဝေသာက္၍ ရပါသည္။ အစာစားၿပီးပါက အစာေၾကေစရန္ အညာထန္းလ်က္အညိဳ တစ္ခဲႏွစ္ခဲကို ေရေႏြးျဖင့္ ေသာက္သုံးေပးၾကပါ။ ေရေအးကိုမူ ထမင္းစားၿပီးတစ္နာရီေက်ာ္မွသာ နည္းနည္းျခင္းသာ ေသာက္ပါရန္။

၂။ ဤသို႔ ဆင္ျခင္ညဏ္ ေရွ႕သြား စားေသာက္ေနထိုင္ၿပီး ဝိဇၨာညီေနာင္ဟင္းရည္ကို မွီဝဲေသာက္သုံး သြားပါက ေသြးျပစ္၊ ေသြးတိုး၊ ဆီးခ်ိဳ ေသြးခ်ိဳေဝဒနာမ်ားႏွင့္ အဆစ္အျမစ္ ကိုက္ခဲေဝဒနာမ်ားအတြက္ ေဆးတိုးကာ က်န္းမာလာႏိုင္မည္ျဖစ္၍ လယ္ကန္စြန္း႐ိုးနီ ကင္ပြန္းခ်ဥ္ေဆးေတာ္ႀကီး ဟင္းရည္ေခၚ ဝိဇၨာညီေနာင္ဟင္းရည္ကို ေသာက္သုံးသင့္ေၾကာင္းပါဗ်ာ။

က်န္းမာခ်မ္းသာၾကပါေစ

Credit – Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *