ဗဟုတုသ

ကားနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် သိထားသင့်သည်များ

(Unicode)

ကားနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ

၁။ကားစက် စနှိုးမယ် ဆိုရင် ၃ ခါထက်ပိုပြီး မရမချင်း တကျိကျိနဲ့ မနှိုးပါနဲ့ ။ ဘက်ထရီကြောင့်လား starter motor ကြောင့်လား ဆီကုန်နေတာလား သိတဲ့လူနဲ့ တိုင်ပင်ပါ။ အလွယ်နည်း လုပ်ကြတာတော့ ဟွန်းတီးကြည့်လို့ အသံကျယ်တယ်ဆိုရင် battery ကောင်းတယ်ပေါ့။ (ဟွန်းတော့ကောင်းရမယ်)

၂ ။ ကားစက်နှိုးပြီးတာနဲ့ ချက်ချင်း ဂီယာထိုးပြီး တန်းမထွက်ပါနဲ့ 10~15 sec (၁၀ မှ ၁၅ စက္ကန့်) လောက်စောင့်ပြီးမှ ဂီယာထိုး ထွက်ပါ။ အကြောင်းရင်းကတော့ အင်ဂျင်ဝိုင်တွေ အင်ဂျင်အထက်ထိ တက်အောင်စောင့်ခိုင်းတာပါ။ ပြီးရင်လည်း လီဗာ(accelerator) ကို တန်းပြီး တရှိန်ထိုးမနင်းပါနဲ့။ ဂီယာကို တစ်ဆင့်ခြင်း ပြောင်းသွားအောင် နင်းလိုက် လျှော့လိုက်နဲ့ အရှိန်တင်သွားပါ။

၃။ ဆီထည့်တဲ့ နေရာမှာလည်း ကိုယ့်ကားနဲ့ ကိုက်ညီတဲ့ octane number ကိုသုံးရပါမယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ ကားတစ်စီးဝယ်ပြီးရင် ထိုးမရပ်မချင်း စီးတော့တာပါပဲ။ owner manual / service manual စတဲ့ စာအုပ်လေးတွေ ကားမှာ ပါရင်ပါ မပါရင် online ကနေရှာ ဖတ်လို့ရပါတယ်။ ဒီမှာက ကိုက်ညီတဲ့ octane number သိတောင်မှ ရှိတဲ့ ဆီဆိုင်ကနေ ဟုတ်ဟုတ် မဟုတ်ဟုတ် 92 နဲ့ 95 ပဲထည့်ရတာပါပဲ။

၄။ အင်ဂျင်ဝိုင် လဲဖို့ကတော့ ယေဘူယျ အားဖြင့် 3000 km တစ်ခါလဲပါ။ အင်ဂျင်ဝိုင် အမျိုးအစား ကောင်းရင် ကောင်းသလို 5000 km ထိရတာလည်း ရှိပါတယ်။ အဓိက ကတော့ သတ်မှတ် level (lower limit နဲ့ upper limit) ကြားမှာရှိပြီး upper level အမှတ် အနား ကပ် ရပါမယ်။ workshop တော်တော်များများ က customer အကြိုက် အင်ဂျင်ဝိုင်ပုံး အကုန်လောင်း ထည့်ပေးတတ်ပါတယ်။ အင်ဂျင်ဝိုင်များခြင်းဟာ နည်းခြင်းနဲ့ ဆိုးကျိုးအတူတူပါပဲ။ အင်ဂျင်ဝိုင်ထဲမှာ bubble တွေဖြစ်ပြီး ပန့်ပျက်တတ်ပါတယ်။

၅။ ဂီယာဝိုင် (auto ဆီ) လည်းအတူတူပါပဲ။ over ဖြစ်လို့ ကျွန်တော် အမြဲ ပြန်စုပ်ထုတ်ရပါတယ်။ ကိုယ့်ဟာကို ဆီလျှော့ချင်ရင် ပိုက်သေးလေးနဲ့ dip stick ထုတ်ပြီး အဲ့အပေါက်ကနေ ပိုက်ထိုးပြီး (ဆိုက်ဖွန်) နည်းနဲ့ပဲ ထုတ်လို့ရပါတယ်။ အရေးကြီးတာ ကတော့ ATF နဲ့ CVTF မမှားဖို့ပါပဲ။ Theory အရ ATF ကို CVT မှားထည့်တာထက် CVT ကို ATF ထည့်မိတာ ပိုဆိုးပါတယ်။ ကိုယ့်ကား ဂီယာဘောက်စ်ကို လေ့လာဖို့ လိုပါတယ်။ ဥပမာ Honda GD1 ဆိုရင် HMMF CVT ပါ။ Mitsubishi Colt ဆိုရင် dip stick မှာ ATF (original) ရေးထားပေမယ့် CVT ဂီယာဘောက်စ် ပါ။

၆။ ကိုယ့် plug ကအကောင်းစားဖြစ်ပြီး အခြေအနေ ကောင်းသေးရင် ဆေးပြီးသုံးသင့်ပါတယ်။ဒါပေမယ့် engine oil တွေ ပုံးအကုန်လောင်းထည့်ပေးသလိုပါပဲ plug ဆေးတာမှာလည်း plug ကို ဓားနဲ့ အသားကုန်ခြစ်ခြင်းဟာ မှားပါတယ်။ plug ဆေးတဲ့ဆေးရည်သုံးပြီး သွားပွတ်တံ လေးနဲ့ပဲ ဆေးရမှာပါ။ ဒီကဆီတွေနဲ့က တော့ plug လဲလိုက်တာအကောင်းဆုံးပါ။

၇။ တစ်ပတ်တစ်ခါတော့ ကားစက်မနှိုးခင်လေး ကားရေတိုင်ကီ (radiator) လေးကို အဖုံးဖွင့်ကြည့်ပါ။ (ကားစက်နှိုးပြီး / မောင်းပြီးကာစ လုံးဝ မဖွင့်ပါနှင့်) အမြဲ ပြည့်နေရပါမယ်။ မပြည့်ရင် ရေသန့်လေးဖြည့်ကြည့်ပါ။ မောင်းပြီး အင်ဂျင်အေးရင် ပြန်ဖွင့်ကြည့်ပါ။ လျော့နေရင် leakage ဖြစ်နေတာပါ။ တစ်ပတ်တစ်ခါ ပြည့်နေရင်တော့ မလိုပါ။

၈။ တာယာလေပေါင်ကို driver door နောက်မှာ ကပ်ထားတဲ့ အတိုင်းဖြည့်ပါ။ ဖြစ်နိုင်ရင် ဘီးလေစစ်တဲ့ ကိရိယာလေး ဝယ်ထားပါ (၃၀၀၀ ကျပ်) တချို့ဆိုင်တွေက လေပေါင်တော်တော်များပါတယ်။ အကြောင်းက လေဆိုင်မှာ သုံးတဲ့ လေဖိအားချိန် ကိရိယာက အသုံးများတော့ ဂျီးကပ်ပြီး ဖိအား မတက်တာပါ။ သတိထားပါ။ တာယာတွေကတော့ Theory မှာ ၆ နှစ်ခံပါတယ်။ အသုံးပြုမှုအပေါ် မူတည်ပြီး ၄ နှစ်လောက်ထိ သက်တမ်းကျနိုင်ပါတယ်။ တာယာတွေရဲ့ သက်တမ်းဟာ ဝယ်ပြီးသိမ်းထားလည်း ၆ နှစ်ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးဝေးသွားတော့မယ်ဆို အောက်ပိုင်းစစ်ပြီး alignment ချိန်ပါ။

၁၀။ မီးစုံလင်းဖို့နဲ့ ဟွန်းကောင်းဖို့ ကတော့ ပြောဖို့ လိုမည်မထင်ပါ။ ကျန်တာတွေရှိပါသေးတယ်။ ဒီ ၁၀ ချက်ကတော့ ကားဝယ်စီးပြီး ဘောနပ်ဖုံး တစ်ခါမှ လှန်မကြည့်ဘူးတဲ့ သူများအတွက်ပါ။

တစ်ဆက်ထဲ အခေါ်အဝေါ် အမှားလေးတွေပါ ရေးပါရစေ။

Swift, Vitz, Fit, Ractis, Demio, Colt, Passo စတဲ့ တံခါး ၅ ပေါက်ပါတဲ့ ကားတွေက Hatchback အမျိုးအစားပါ။ Axio, Belta, Premio, Allion, Latio စတဲ့ တံခါး ၄ ပေါက်ပါတဲ့ကားတွေက Saloon (Sedan) ကားတွေပါ။ AD van, Mark II Blit တို့လိုက Station wagon (van) တွေပါ။ တံခါး ၅ပေါက်မှာမှ suzuki Rplus လို နောက်တံခါးက အဖြောင့်ဆိုရင် Wagon ပါ။ Wish တို့ Ipsum တို့ က MPV (Multipurpose vehicle) ပါ။ စကွိုင်လာ မဟုတ်ပါဘူး စပွိုင်လာ (spoiler) ပါ။ ဖောက်ကလပ်မီး မဟုတ်ပါ ဖောက်လိုက် (Fog light)ပါ။ Demio 2009 modelကစပြီး rpm ခွက်ပါတာပါ။2 rpm မဟုတ်ပါ။ Swift 2006 ထိ 1.3 များပြီး နောက်ပိုင်း model တွေက 1.2 များပါတယ်။ March, Latio, Note ပုံပြောင်းလေးတွေက 1.2 ပါ 1.3 မဟုတ်ပါ။ ကားစ မောင်းထွက်တဲ့အချိန် exhaust line ရဲ့အအေးကြောင့် စထွက်တဲ့ exhaust gas ထဲက ရေငွေ့ ဟာ ငွေ့ရည်ဖွဲ့ (condensation) ဖြစ်ပြီး exhaust ကနေ ကားတိုင်း ရေထွက်ပါတယ်။ Thermostat ကို မထုတ်ကြပါနဲ့။ Catalyst convertor ကို မဖြတ်ထုတ်ပါနဲ့။ လိုအပ်လို့ထည့်ပေးထားတာပါ။

Credit – Original Uploader

(Zawgyi)

ကားႏွင့္ပတ္သက္ၿပီး ေဆာင္ရန္၊ ေရွာင္ရန္မ်ား

၁။ကားစက္ စႏႈိးမယ္ ဆိုရင္ ၃ ခါထက္ပိုၿပီး မရမခ်င္း တက်ိက်ိနဲ႔ မႏႈိးပါနဲ႔ ။ ဘက္ထရီေၾကာင့္လား starter motor ေၾကာင့္လား ဆီကုန္ေနတာလား သိတဲ့လူနဲ႔ တိုင္ပင္ပါ။ အလြယ္နည္း လုပ္ၾကတာေတာ့ ဟြန္းတီးၾကည့္လို႔ အသံက်ယ္တယ္ဆိုရင္ battery ေကာင္းတယ္ေပါ့။ (ဟြန္းေတာ့ေကာင္းရမယ္)

၂ ။ ကားစက္ႏႈိးၿပီးတာနဲ႔ ခ်က္ခ်င္း ဂီယာထိုးၿပီး တန္းမထြက္ပါနဲ႔ 10~15 sec (၁၀ မွ ၁၅ စကၠန႔္) ေလာက္ေစာင့္ၿပီးမွ ဂီယာထိုး ထြက္ပါ။ အေၾကာင္းရင္းကေတာ့ အင္ဂ်င္ဝိုင္ေတြ အင္ဂ်င္အထက္ထိ တက္ေအာင္ေစာင့္ခိုင္းတာပါ။ ၿပီးရင္လည္း လီဗာ(accelerator) ကို တန္းၿပီး တရွိန္ထိုးမနင္းပါနဲ႔။ ဂီယာကို တစ္ဆင့္ျခင္း ေျပာင္းသြားေအာင္ နင္းလိုက္ ေလွ်ာ့လိုက္နဲ႔ အရွိန္တင္သြားပါ။

၃။ ဆီထည့္တဲ့ ေနရာမွာလည္း ကိုယ့္ကားနဲ႔ ကိုက္ညီတဲ့ octane number ကိုသုံးရပါမယ္။ ဒါေပမယ့္ ျမန္မာျပည္မွာေတာ့ ကားတစ္စီးဝယ္ၿပီးရင္ ထိုးမရပ္မခ်င္း စီးေတာ့တာပါပဲ။ owner manual / service manual စတဲ့ စာအုပ္ေလးေတြ ကားမွာ ပါရင္ပါ မပါရင္ online ကေနရွာ ဖတ္လို႔ရပါတယ္။ ဒီမွာက ကိုက္ညီတဲ့ octane number သိေတာင္မွ ရွိတဲ့ ဆီဆိုင္ကေန ဟုတ္ဟုတ္ မဟုတ္ဟုတ္ 92 နဲ႔ 95 ပဲထည့္ရတာပါပဲ။

၄။ အင္ဂ်င္ဝိုင္ လဲဖို႔ကေတာ့ ေယဘူယ် အားျဖင့္ 3000 km တစ္ခါလဲပါ။ အင္ဂ်င္ဝိုင္ အမ်ိဳးအစား ေကာင္းရင္ ေကာင္းသလို 5000 km ထိရတာလည္း ရွိပါတယ္။ အဓိက ကေတာ့ သတ္မွတ္ level (lower limit နဲ႔ upper limit) ၾကားမွာရွိၿပီး upper level အမွတ္ အနား ကပ္ ရပါမယ္။ workshop ေတာ္ေတာ္မ်ားမ်ား က customer အႀကိဳက္ အင္ဂ်င္ဝိုင္ပုံး အကုန္ေလာင္း ထည့္ေပးတတ္ပါတယ္။ အင္ဂ်င္ဝိုင္မ်ားျခင္းဟာ နည္းျခင္းနဲ႔ ဆိုးက်ိဳးအတူတူပါပဲ။ အင္ဂ်င္ဝိုင္ထဲမွာ bubble ေတြျဖစ္ၿပီး ပန႔္ပ်က္တတ္ပါတယ္။

၅။ ဂီယာဝိုင္ (auto ဆီ) လည္းအတူတူပါပဲ။ over ျဖစ္လို႔ ကြၽန္ေတာ္ အၿမဲ ျပန္စုပ္ထုတ္ရပါတယ္။ ကိုယ့္ဟာကို ဆီေလွ်ာ့ခ်င္ရင္ ပိုက္ေသးေလးနဲ႔ dip stick ထုတ္ၿပီး အဲ့အေပါက္ကေန ပိုက္ထိုးၿပီး (ဆိုက္ဖြန္) နည္းနဲ႔ပဲ ထုတ္လို႔ရပါတယ္။ အေရးႀကီးတာ ကေတာ့ ATF နဲ႔ CVTF မမွားဖို႔ပါပဲ။ Theory အရ ATF ကို CVT မွားထည့္တာထက္ CVT ကို ATF ထည့္မိတာ ပိုဆိုးပါတယ္။ ကိုယ့္ကား ဂီယာေဘာက္စ္ကို ေလ့လာဖို႔ လိုပါတယ္။ ဥပမာ Honda GD1 ဆိုရင္ HMMF CVT ပါ။ Mitsubishi Colt ဆိုရင္ dip stick မွာ ATF (original) ေရးထားေပမယ့္ CVT ဂီယာေဘာက္စ္ ပါ။

၆။ ကိုယ့္ plug ကအေကာင္းစားျဖစ္ၿပီး အေျခအေန ေကာင္းေသးရင္ ေဆးၿပီးသုံးသင့္ပါတယ္။ဒါေပမယ့္ engine oil ေတြ ပုံးအကုန္ေလာင္းထည့္ေပးသလိုပါပဲ plug ေဆးတာမွာလည္း plug ကို ဓားနဲ႔ အသားကုန္ျခစ္ျခင္းဟာ မွားပါတယ္။ plug ေဆးတဲ့ေဆးရည္သုံးၿပီး သြားပြတ္တံ ေလးနဲ႔ပဲ ေဆးရမွာပါ။ ဒီကဆီေတြနဲ႔က ေတာ့ plug လဲလိုက္တာအေကာင္းဆုံးပါ။

၇။ တစ္ပတ္တစ္ခါေတာ့ ကားစက္မႏႈိးခင္ေလး ကားေရတိုင္ကီ (radiator) ေလးကို အဖုံးဖြင့္ၾကည့္ပါ။ (ကားစက္ႏႈိးၿပီး / ေမာင္းၿပီးကာစ လုံးဝ မဖြင့္ပါႏွင့္) အၿမဲ ျပည့္ေနရပါမယ္။ မျပည့္ရင္ ေရသန႔္ေလးျဖည့္ၾကည့္ပါ။ ေမာင္းၿပီး အင္ဂ်င္ေအးရင္ ျပန္ဖြင့္ၾကည့္ပါ။ ေလ်ာ့ေနရင္ leakage ျဖစ္ေနတာပါ။ တစ္ပတ္တစ္ခါ ျပည့္ေနရင္ေတာ့ မလိုပါ။

၈။ တာယာေလေပါင္ကို driver door ေနာက္မွာ ကပ္ထားတဲ့ အတိုင္းျဖည့္ပါ။ ျဖစ္ႏိုင္ရင္ ဘီးေလစစ္တဲ့ ကိရိယာေလး ဝယ္ထားပါ (၃၀၀၀ က်ပ္) တခ်ိဳ႕ဆိုင္ေတြက ေလေပါင္ေတာ္ေတာ္မ်ားပါတယ္။ အေၾကာင္းက ေလဆိုင္မွာ သုံးတဲ့ ေလဖိအားခ်ိန္ ကိရိယာက အသုံးမ်ားေတာ့ ဂ်ီးကပ္ၿပီး ဖိအား မတက္တာပါ။ သတိထားပါ။ တာယာေတြကေတာ့ Theory မွာ ၆ ႏွစ္ခံပါတယ္။ အသုံးျပဳမႈအေပၚ မူတည္ၿပီး ၄ ႏွစ္ေလာက္ထိ သက္တမ္းက်ႏိုင္ပါတယ္။ တာယာေတြရဲ႕ သက္တမ္းဟာ ဝယ္ၿပီးသိမ္းထားလည္း ၆ ႏွစ္ပဲဆိုတာ သတိထားပါ။

၉။ ကားကို ခရီးေဝးသြားေတာ့မယ္ဆို ေအာက္ပိုင္းစစ္ၿပီး alignment ခ်ိန္ပါ။

၁၀။ မီးစုံလင္းဖို႔နဲ႔ ဟြန္းေကာင္းဖို႔ ကေတာ့ ေျပာဖို႔ လိုမည္မထင္ပါ။ က်န္တာေတြရွိပါေသးတယ္။ ဒီ ၁၀ ခ်က္ကေတာ့ ကားဝယ္စီးၿပီး ေဘာနပ္ဖုံး တစ္ခါမွ လွန္မၾကည့္ဘူးတဲ့ သူမ်ားအတြက္ပါ။

တစ္ဆက္ထဲ အေခၚအေဝၚ အမွားေလးေတြပါ ေရးပါရေစ။

Swift, Vitz, Fit, Ractis, Demio, Colt, Passo စတဲ့ တံခါး ၅ ေပါက္ပါတဲ့ ကားေတြက Hatchback အမ်ိဳးအစားပါ။ Axio, Belta, Premio, Allion, Latio စတဲ့ တံခါး ၄ ေပါက္ပါတဲ့ကားေတြက Saloon (Sedan) ကားေတြပါ။ AD van, Mark II Blit တို႔လိုက Station wagon (van) ေတြပါ။ တံခါး ၅ေပါက္မွာမွ suzuki Rplus လို ေနာက္တံခါးက အေျဖာင့္ဆိုရင္ Wagon ပါ။ Wish တို႔ Ipsum တို႔ က MPV (Multipurpose vehicle) ပါ။ စကြိဳင္လာ မဟုတ္ပါဘူး စပြိဳင္လာ (spoiler) ပါ။ ေဖာက္ကလပ္မီး မဟုတ္ပါ ေဖာက္လိုက္ (Fog light)ပါ။ Demio 2009 modelကစၿပီး rpm ခြက္ပါတာပါ။2 rpm မဟုတ္ပါ။ Swift 2006 ထိ 1.3 မ်ားၿပီး ေနာက္ပိုင္း model ေတြက 1.2 မ်ားပါတယ္။ March, Latio, Note ပုံေျပာင္းေလးေတြက 1.2 ပါ 1.3 မဟုတ္ပါ။ ကားစ ေမာင္းထြက္တဲ့အခ်ိန္ exhaust line ရဲ႕အေအးေၾကာင့္ စထြက္တဲ့ exhaust gas ထဲက ေရေငြ႕ ဟာ ေငြ႕ရည္ဖြဲ႕ (condensation) ျဖစ္ၿပီး exhaust ကေန ကားတိုင္း ေရထြက္ပါတယ္။ Thermostat ကို မထုတ္ၾကပါနဲ႔။ Catalyst convertor ကို မျဖတ္ထုတ္ပါနဲ႔။ လိုအပ္လို႔ထည့္ေပးထားတာပါ။

Credit – Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *