က်န္းမာ‌‌ေရးအသိ

၀မ်းပျက်ဝမ်းကိုက် လေပွခြင်း၊ ကျောဗိုက်အောင့်၊ ဖောယောင်၊ ဆီးသွားရ ခက်ခြင်းများတွက် ကွမ်းသီးလည်း ဆေးဖက်ဝင်ပါ၏

(Unicode)

၀မ်းပျက်ဝမ်းကိုက် လေပွခြင်း၊ ကျောဗိုက်အောင့်၊ ဖောယောင်၊ ဆီးသွားရ ခက်ခြင်းများတွက် ကွမ်းသီးလည်း ဆေးဖက်ဝင်ပါ၏

အနာပေါက် ရောဂါများ၌ သွေး၍ လိမ်းနိုင်သည်။ အပူလောင် ပြည်ဖုများ၌ ကွမ်းသီး ကြက်ချေးကို သွေးလိမ်း လျှင် ပျောက်ကင်း စေနိုင်သည်။ ရှားစေးနှင့် တောင်ငူ ကွမ်းသီး ဆတူ ရော၍ တိုက်ကျွေးလျှင် မီးယပ် သွေး လွန်ခြင်းကို ပျောက်ကင်း စေနိုင်ပါသည် ။ လေပွခြင်း၊ အစာမကြေ၊ ကျောဗိုက်အောင့်၊ ဝမ်းပျက်ခြင်း၊ ဝမ်းရစ်နာခြင်း၊ အဖောရောဂါ၊ ဆီးသွားရ ခက်ခြင်း၊ ကိုယ်ဝန် ဆောင်စဉ် ခဏခဏ အန်ခြင်း အတွက် ပြုတ်ရည်ကို တစ်နေ့ ၆ ပဲမှ ၁၂ ပဲသား တိုက်ကျွေး နိုင်သည်။

ဝမ်းပျက် ဝမ်းကိုက် ရောဂါ၌ တစ်နေ့လျှင် ပဲဝက်မှ ၄ ပဲသားအထိ တိုက်ကျွေး နိုင်သည်။ ကွမ်းသီးတွင် ပါဝင်သော Arecoline ဓာတ်သည် သူငယ်အိမ် ညှစ်အားကို ကောင်းစေပြီး မျက်လုံးအိမ် တင်းအားကို လျော့ကျစေသည်။ ဘရင်ဂျီနာ ဖြူးလိမ်းဆေး အဖြစ် ပြောင်းချေး ၁ ပဲ၊ မန်ကျည်းစေ့ခွန် ၁ ပဲ၊ ဒုတ္တာ ၁ ပဲ၊ ကွမ်းသီးကြက်ချေး ၁ ပဲ၊ ၎င်း ဆေးတို့ကို မီးသင်း၍ ညက်အောင်ကြိတ်၊ အနာမှာ ထည့်ပါ။ ပျောက်ကင်းပါသည်။

Credit – Kyaw Yimon ( HTD)

(Zawgyi)

၀မ္းပ်က္ဝမ္းကိုက္ ေလပြျခင္း၊ ေက်ာဗိုက္ေအာင့္၊ ေဖာေယာင္၊ ဆီးသြားရ ခက္ျခင္းမ်ားတြက္ ကြမ္းသီးလည္း ေဆးဖက္ဝင္ပါ၏

အနာေပါက္ ေရာဂါမ်ား၌ ေသြး၍ လိမ္းႏိုင္သည္။ အပူေလာင္ ျပည္ဖုမ်ား၌ ကြမ္းသီး ၾကက္ေခ်းကို ေသြးလိမ္း လွ်င္ ေပ်ာက္ကင္း ေစႏိုင္သည္။ ရွားေစးႏွင့္ ေတာင္ငူ ကြမ္းသီး ဆတူ ေရာ၍ တိုက္ေကြၽးလွ်င္ မီးယပ္ ေသြး လြန္ျခင္းကို ေပ်ာက္ကင္း ေစႏိုင္ပါသည္ ။ ေလပြျခင္း၊ အစာမေၾက၊ ေက်ာဗိုက္ေအာင့္၊ ဝမ္းပ်က္ျခင္း၊ ဝမ္းရစ္နာျခင္း၊ အေဖာေရာဂါ၊ ဆီးသြားရ ခက္ျခင္း၊ ကိုယ္ဝန္ ေဆာင္စဥ္ ခဏခဏ အန္ျခင္း အတြက္ ျပဳတ္ရည္ကို တစ္ေန႔ ၆ ပဲမွ ၁၂ ပဲသား တိုက္ေကြၽး ႏိုင္သည္။

ဝမ္းပ်က္ ဝမ္းကိုက္ ေရာဂါ၌ တစ္ေန႔လွ်င္ ပဲဝက္မွ ၄ ပဲသားအထိ တိုက္ေကြၽး ႏိုင္သည္။ ကြမ္းသီးတြင္ ပါဝင္ေသာ Arecoline ဓာတ္သည္ သူငယ္အိမ္ ညႇစ္အားကို ေကာင္းေစၿပီး မ်က္လုံးအိမ္ တင္းအားကို ေလ်ာ့က်ေစသည္။ ဘရင္ဂ်ီနာ ျဖဴးလိမ္းေဆး အျဖစ္ ေျပာင္းေခ်း ၁ ပဲ၊ မန္က်ည္းေစ့ခြန္ ၁ ပဲ၊ ဒုတၱာ ၁ ပဲ၊ ကြမ္းသီးၾကက္ေခ်း ၁ ပဲ၊ ၎ ေဆးတို႔ကို မီးသင္း၍ ညက္ေအာင္ႀကိတ္၊ အနာမွာ ထည့္ပါ။ ေပ်ာက္ကင္းပါသည္။

Credit – Kyaw Yimon ( HTD)

Leave a Reply

Your email address will not be published. Required fields are marked *